Monday, July 30, 2012

Burma (Myanmar) needs to draw rule for NGO

 
အရပ်ဖက်လူ့အဖွဲ့အစည်းများတွင်ပါဝင်သော NGO များအတွက် ခေတ်နှင့်လျော်ညီသော ဥပဒေပြဌာန်းပေးရန် ဦးသိန်းညွန့်အဆိုတင်သွင်း

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလတွင် နိုင်ငံတော်သမ္မတက အရပ်ဖက်လူမှုအဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်မိန့်ကြားခဲ့ပြီးဖြစ်၍ အရပ်ဘက်လူ့အဖွဲ့အစည်းတွင်ပါဝင်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ်ပြဌာန်းနိုင်ရန်ပြည်သူ့လွှတ်တော်မှ နိုင်ငံတော်အစိုးရသို့တိုက်တွန်းကြောင်းအဆို ကို သင်္ယန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကတင်သွင်းခဲ့ပြီး ယင်းအဆိုကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ ၀န်ကြီးက လက်ခံဆွေးနွေးရန်အတွက် မကန့်ကွက်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

"အရပ်ဘက်လူ့အဖွဲ့အစည်းတွေဆိုတာ ပရဟိတကိုခြေခံထားတာပါ။အမြတ်အစွန်းလဲမရကြပါဘူး။ ဒါကို မှတ်ပုံတင်ကြေးငါးသိန်းကောက်တာက သူတို့အတွက်အလွန်အခက်အခဲဖြစ်စေပါတယ်။ အရပ်ဖက်အဖွဲ့အစည်းလို့ပြောရင် အများစုက ရပ်ကွက်ထဲက သာရေးနာရေးအဖွဲ့လေးတွေပါ။ ဒါကိုပြန်လည် စိစစ်သင့်ပါတယ်။ ဥပမာပေးပြောရရင် ကျွန်တော်တို့ သင်္ယန်းကျွန်းက တစ်ချို့ရပ်ကွက်တွေမှာ ၀က်နေတဲ့ တဲသာသာရှိတဲ့ ထဲမှာ ဆင်းရဲသားတွေနေကြရပါတယ် လို့ ဂျာနယ်တစ်ခုထဲမှာ ဆောင်းပါးအနေနဲ့ရေးလိုက်တော့ လူမှုအဖွဲ့အစည်း တစ်ခုကရောက်လာပြီး သွပ်ပြားတွေ လာလှုသွားလို့ လူလိုနေနိုင်အောင်လုပ်ပေးသွားတာဟာ အရပ်ဖက်လူ့အဖွဲ့အစည်း ရဲ့အားသာချက်ပါပဲ" ဟု ဦးသိန်းညွန့် က ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းဝေးတွင်ပြောကြားသွားခဲ့သည်

Daw Aung San Suu Kyi denies the CPI invitation

 
မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းသို့ လာရောက်လေ့လာ ရန် CPI ကုမ္ပဏီ၏ ဖိတ်ခေါ် ချက်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ငြင်းပယ်လိုက် ကြောင်း CPI ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ် ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ၏ အကျိုးရလဒ်များအား မြန်မာနိုင်ငံရှိ ပြည်သူများ သဘောကျ နှစ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား၍ ရှင်းလင်း တင်ပြသွားရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဆက်သွယ် အကြောင်းကြားခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ယခု နှစ်အတွင်း ပြည်ပခရီးစဉ်များနှင့် လွှတ်တော်တက်ရန် အစီအစဉ်များ ရှိနေသည့်အတွက် လာရောက်လေ့ လာခြင်း မပြုနိုင်ဟု အကြောင်းပြန် ခဲ့ကြောင်း CPI ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Mr. Wang Quiye ကပြောသည်။
''ကျွန်တော်တို့ အနေနဲ့ ဒေါ် အောင်ဆန်းစုကြည်ကို မြစ်ဆုံစီမံ ကိန်း အကြောင်း လာရောက်လေ့ လာဖို့အတွက် ဖိတ်ခေါ်ခဲ့ပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြန် ကြားရေးမှူး ဦးဥာဏ်ဝင်းက တစ်ဆင့် ဒေါ်စုက ဒီနှစ်အတွင်းမှာ ပြည်ပခရီးစဉ်တွေနဲ့ လွှတ်တော် အစီအစဉ်တွေရှိတဲ့အတွက် မလာ နိုင်ဘူးလို့ ပြောတယ်'' ဟု ၄င်းက ဆိုသည်။
CPI ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ကော့ကိမ်းလျှောင်က ၄င်းတို့ အနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်း၏ အကျိုး ရလဒ်များနှင့် ပတ်သက်၍ မြန်မာ ပြည်သူများ သိရှိနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ကြိုးပမ်းရာတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြစ်ဆုံ စီမံကိန်းသို့ ဖိတ်ကြား၍ စီမံကိန်း၏ အကျိုးတရားများအား ရှင်းပြရန်အတွက်လည်း ပါဝင် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုစီမံကိန်း၏ အကျိုးကျေးဇူး များအား သိရှိပါက ပြည်သူများအား နားလည် သဘောပေါက်အောင် ပြန်လည်ပြောကြားနိုင်မည်ဟု ယူဆသည့်အတွက်ဖြစ်ကြောင်း ပြောသည်။
CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံ အပါအဝင် ဧရာဝတီ မြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်း ၇ ခု အား ၂ဝဝ၆ ခုနှစ်တွင် တိုင်းတာ စစ်ဆေးမှုများ ပြုလုပ် ၍ ၂ဝ၁ဝ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ သော်လည်း ၂ဝ၁၁ ခုနှစ် မေလ ၁၉ ရက်တွင် ပြည်သူများ၏ တောင်းဆိုချက် အရ မြစ်ဆုံစီမံကိန်းအား နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် ရပ်ဆိုင်းလိုက် ရခြင်း ဖြစ်သည်။
 Daw Aung San Suu Kyi denies the CPI invitation

Demonstration and demeand to move out downtown gas station in Tharsi

(၃၀.၇.၂၀၁၂)

မိတ္ထီလာခရိုင် သာစည်မြို့တွင် ယနေ့(၃၀.၇.၂၀၁၂)ရက်နေ့ တွင် သာစည်မြို့သူ/သားများဘဝ မီးဘေးအန္တရာယ်လုံ ခြုံမှုနှင့် အေးချမ်းစွာ နေနိုင်ရေးအတွက် သာစည်မြို့နေ ပြည်သူများက သာစည်မြို့ပေါ်တွင် တရားဝင် စီတန်းလှည့်လည်ပြီး ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သည်။ သာစည်မြို့နေပြည်သူများက စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မှုကို နံနက်(၉း၀၀)နာရီမှ(၁၀း၀၀)ထိ တောင်းဆိုမှု ပြုလုပ်သွားခဲ့သည်။ သာစည်မြို့နေပြည်သူများက သာစည်မြို့လယ်ခေါင်တွင် ဖွင့်လှစ် ရောင်းချနေသော ကောင်းဇော်ဟိန်း(K Z H)စက်သုံးဆီ ဆိုင်ကို မြို့ပေါ်တွင်ဖွင့်လှစ် ရောင်းချခြင်းမပြုရန် စီတန်း လှည့်လည်၍ လူထုဆန္ဒဖြင့် တောင်းဆိုရခြင်းဖြစ်သည်။

ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင်တွင် ဂါလံ(၁၀၀၀၀)ဆန့် ဆီ သိုလှောင်ကန်တစ်ကန်နှင့် ဂါလံ(၁၅၀၀)ဆန့် ဆီတိုင်ကီကြီး(၆)လုံးကို သိုလှောင်ပြီးရောင်းချနေသည်။ဆီသိုလှောင်မှု ပမာဏများမှုက သာစည်မြို့ပေါ်နေ အိမ်ခြေပေါင်း(၄၂၀၀၀)တွင် နေထိုင်နေသော လူဦးရေ (၁၈၀၀၀၀)ကျော်တို့၏ ဘဝလုံခြုံမှုကို ခြိမ်းခြောက် နေသည့်အတွက် သာစည်မြို့နေလူထုက ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် ပြောင်းရွှေ့ပေးရေး ကို တောင်းဆိုရခြင်းဖြစ်သည်။ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မှုကို သာစည်မြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ဒေါ်နွဲ့ယဉ်၊ ကိုတေဇာလင်းတို့က ဦးဆောင်ပြီး လှုပ်ရှားဆောင်ရွက်ခဲ့သည်။သာစည်မြို့တွင် စီတန်းလှည့်လည် ဆန္ဒဖော် ထုတ်မှုကို မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ဒေါ်မြင့်မြင့်အေးနှင့် ရန်ကုန်မြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ကိုအောင်စိုး၊မမိုး တို့ ကလည်း ပါဝင်ပြီး ပူးပေါင်းဆောင်ရွက် လှုပ်ရှားခဲ့သည်။ 

စီတန်းလှည့်လည် ဆန္ဒဖော် ထုတ်မှုတွင် ကြွေးကျော်ခဲ့သော ကြွေးကျော်သံများမှာ
(၁)သာစည်မြို့ သာယာလှပရေး '' ဒို့အရေး ''
(၂)ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် ရွှေ့ပြောင်းရေး '' ဒို့အရေး ''
(၃)သာစည်မြို့ ပြာမကျရေး '' ဒို့အရေး ''
(၄)လူထုဆန္ဒ ဖြည့်ဆည်းပေးရေး '' ဒို့အရေး ''
(၅)ကောင်းဇော်ဟိန်း ဆီဆိုင်ရွှေ့ပြောင်းရေး လှုပ်ရှားမှု '' အောင်ရမည် အောင်ရမည် ''
တို့ဖြစ်သည်။


မှတ်ချက်။     ။ သာစည်မြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက် မိသားစုများနှင့် ပြည်သူလူထုကြီးက ပေးပို့လာသော
                     သတင်းများကို တစ်ဆင့်ဖြန့်ဝေလိုက်ပါသည်။
သာစည်မြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက်
သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ
(၃၀.၇.၂၀၁၂)
 

Demonstration in Kaingdan market in Mandalay



မန္တလေး မြို့  ၂၉ လမ်းရှိ ကိုင်းတန်းဈေး ရှိ ဈေးသူ ဈေးသားများ သည် နေရာသစ်ဖြစ်သော ကမ်းနားလမ်းကေ ဈးသစ်ကို မပြောင်းချင်၍ ယနေ့  ည နေ တွင် ဆန္ဒပြ ခဲ့ ကြသည်။ ကိုင်းတန်းဈေး နေရာ စတင် ချိန် က စလျှင် အဆို ပါဈေး သည် နှစ်ရာ ချီ သက်တမ်း ရှိ ပြီဟု သိရသည်။

Photo by Mg Ba Oo

Railway Transport Ministry rejects black sun shade glass cars from foreign


NLD People representative U Win Htain and Vice-ministry of RT U Thura
Thaung Lwin



ပြည်ပမှ တင်သွင်းလာသည့် ကားများအနက် Original မှန်အနက် ရောင် အသုံးပြုခြင်းကို ခွင့်မပြုဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီးသူရဦးသောင်းလွင်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။
(ဓါတ်ပုံ- ပြည်ထောင်စုဒုတိယ၀န်ကြီး နှင့် NlD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းထိန် ကိုလွှတ်တော်အစည်းအဝေး ခေတ္တနားချိန်တွင် တွေ့ရစဉ် )


''ပြည်ပက တင်သွင်းလာတဲ့ ကားတွေကို ကျွန်တော်တို့ က.ည. န ကနေပြီးတော့ Thick Meter နဲ့ တိုင်ထားပါတယ်။ ဖောက်ထွင်းမြင်နိုင်မှု အား ၆ဝ ရာခိုင်နှုန်းအထက်ကိုပဲ လက်ခံပါတယ်။ ၁ ကနေ ၅၉ အထိ ကိုတော့ လက်မခံပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ မြင်ကွင်းမသဲကွဲတာတွေ၊ ဒီကာလာမှန်ကို အသုံးပြုပြီး မသမာမှုတွေ၊ ဒုစရိုက်မှုတွေ ပြုလုပ်နိုင်တဲ့ အတွက် တားမြစ်ထားခြင်းဖြစ်ပါတယ်။ နိုင်ငံတစ်ကာမှာလည်း ဖောက်ထွင်းမြင်နိုင်မှု အား ၆ဝ ရာခိုင်နှုန်းအောက်ကို လက်မခံပါဘူး။ ယာဉ်စည်ကမ်းတွေ ချမှတ်တာက က.ည.န ကပါ။ ဒါပေမဲ့ ဖမ်းဆီးအရေးယူတာကိုတော့ က.ည.န က မလုပ်ပါဘူး။ အရေးယူတဲ့အပိုင်းကိုတော့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေကပဲ လုပ်ပါ တယ်'' ဟု သူရဦးသောင်းလွင်ကဆက်ပြောသည်။
Notes
Saw Khon Naung ဒါပေမယ့် ဖမ်းတဲ့သူနဲ့ ကညန က ပုလင်းတူဘူးဆို့ ပါလို့ ထည့်ပြောအုန်းလေ နေပြည်တော်မှာ ကညန နဲ့ ယာဉ်ထိန်းပေါင်းစားနေတာ မသိတာကျနေတာဘဲ
7 hours ago · LikeUnlike · 3
Sa Eddiegaret Karen မှန်အနက်ကို သမ္မတ၊ ၀န်ကြီး၊ အမတ်၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်၊ အရာရှိ၊ အစိုးရ၀န်ထန်းတွေလဲမသုံးနဲ့။ဒီကာလာမှန်ကို အသုံးပြုပြီး မသမာမှုတွေ၊ ဒုစရိုက်မှုတွေ ပြုလုပ်တယ်လို့ထင်မှာစိုးလို့ပါ။
7 hours ago · LikeUnlike · 15
Naing Lin အပြောနဲ.လက်တွေ. ........
7 hours ago · LikeUnlike · 2
Saw Khon Naung အပြင်လူတွေတော့ ဘယ်ခွင့်ပြုမလဲ ငါ့သားသမီးတွေ တော့ ခွင့်ပြုမှာပေါ့ ဟုတ်လား ဟုတ်တယ်နော် ဟုတ်တယ် ဟုတ်
7 hours ago · LikeUnlike · 3
Anonta Mon ဟုတ်ကဲ့ ကျနော်သားသမီး ကောင်းစားရေးပဲ လုပ်ပါတယ်ဗျား
7 hours ago · LikeUnlike
Anonta Mon ကျနော်ထက်မှာ မိုးတိမ်ပဲရှိတယ် ခိခိခိခိခိ
7 hours ago · LikeUnlike
Nyunt Aung So, except H.E U THein Sein's vehicles, all cars should not have black-window.? Be careful U Thaung Lwin, we all thought u r most honest Deputy Minister and now we should be thinking u r with "Glass Dealers". It will be a huge sum of sales if this matter is implemented. You'll get the nick-name "Mr.Glass".
7 hours ago · LikeUnlike · 1
Min Thein Maw လူတွေ စီးတဲ့ ကားတွေမှာ ခွင့်မပြုနိုင်ပါဘူး

Thaung Naing တကယ်လုပ်လေ..တပြေးညီဖြစ်ပါစေ..လေကတော့အပ်ကြောင်းထပ်နေပြီ
7 hours ago · LikeUnlike · 2

Plowing Revolution continues


န္တလေးတိုင်းမိထ္ထီလာမြို.နယ်အပါအ၀င်သာစည်မြို.နယ်မလှိုင်မြို.နယ်ဝမ်းတွင်းမြို.နယ်ကျောက်ပန်းတောင်းမြို.နယ်များတွင်သစ်တောဦးစီးဌါနမှ၁၉၉၂ခုနှစ်တွင်အဓမ္မသိမ်းယူထားသောလယ်မြေများကိုပြန်လည်လုပ်ကိုင်ခွင်.ရယူနိုင်ရေးအတွက်လယ်သမားများမှကြိုးပန်းခဲ.ကြပါသည်။အခုလိုလယ်သမားများမှာ(၁၁.ရ.၂၀၁၂)နေ.တွင်စတင်လှုပ်ရှားမှုပြုလုပ်ခဲ.ကြပါသည်။ယနေ.လိုတိုင်ြး့ပည်ပြောင်းလွဲမှုတွေလုပ်နေသည်ဆိုသည်.သမတဦးသိန်းစိန်အစိုးရလက်ထက်တွင်လယ်မြေသိမ်းမှုများမျာလျှော.ကျမျုမရှိသည်.အပြင်ပိုမိုများပြားလာနေသည်ကိုလည်းတွေ.မြင်နေကြရပါသည်။



မိမိတို.အနေနှင်.အဓ္ဒမသိမ်းယူခံခဲ.ရသည်.အတွက်နစ်နာမှူ.များစွာအပေါ်နိုင်ငံတော်သမ္မတကြိးထံကိုလည်းစာေ၇းသားတင်ပြလိုက်ပြီဖြစ်ပြီးဖြစ်သလိုလယ်သမားများပြန်လည်လုပ်ကိုင်ခွင်.ရရှိအောင်ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်းလယ်သမားကြိးများမှပြောပြပါသည်။မိမိတို.အနေနှင်.မိသားစုစားဝတ်နေရေးများများစွာအခကအခဲများနှင်.ရင်ဆိုင်ကြုံတွေ.နေရကြောင်းကိုလည်းထည်.သွင်းပြေဆိုသွားပါသည်။

အခုလှုပ်ရှားမှုကိုသာစည်မြို.နယ်အရှေ.ဘက်ကျွှဲတပ်ဆုံရွာမှာလယ်မြေဧက(၄၀)ပိုင်ဆိုင်သူဦးရဲ.တင်သည်လည်းအလားတူအဓမအသိမ်းခံထားကြောင်းအတည်ပြုပြောဆိုပါသည်။အခုမိမိတို.ဘို.ဖွားပိုင်လယ်မြေများဖြစ်သည်.အတွက်ယနေ.(၁၁.၇.၂၀၁၂)နေ.မှစတင်ပြိးထွန်တုံးတိုက်ပွဲကိုဆင်နွဲနေတာဖြစ်ပါတယ်။

လယ်သမားခေါင်းဆောင်ဖြစ်သူဦးရဲတင်.မှဆက်လက်ပြေဆိုရာတွင်”ကျွှန်တော်တို.အနေနှင်.မိမိတို.ပိုင်ဆိုင်သောလယ်မြေများကိုပြန်လည်ရရှိနိုင်ရေးလုပ်ကိုင်စားသောက်ခွင်.ရရှိရေးအတွက်သက်ဆိုင်ရာအာဏာပိုင်များကိုတင်ပြခဲ.ပါသော်လည်းတာဝန်ယူဖြေရှင်းပေးခြင်းမရှိခဲ.သည်.အတွက်ထွန်တုံးတိုက်ပွဲကိုအရှိန်မြှင်.ဆောင်ရွက်သွားမည်”ဟုပြောဆိုသွားပါတယ်။

ယုခုကဲ.သို.မိမိတို.စတင်လှုပ်ရှားလိုက်သောကြောင်.၀မ်းတွင်းမြို.နှင်.မလှိုင်မြို.နယ်များတွင်မြို.နယ်ရဲတပ်ဖွဲ.များနှင်.မြို.နယ်မယကဥက္ကဌတို.မှတောင်သူလယ်သမားများအပေါ်မကျေမနပ်နှင်.ရင်.သီးသောပြောဆိုမှုများပြသခဲ.သည်ဟုလည်းဒေသခံလယ်သမားများမှပြောဆိုပါသည်။

ထွန်တုံးတိုက်ပွဲကိုကိစ္စပြေလည်အောင်ဖြေရှင်းင်းနိုင်ရေးအတွက်ကိုလည်းသက်ဆိုင်ရာအာဏာပိုင်များဖြစ်သောခရိုင်
အုပ်ချုပ်ရေးမှုးနှင်.အတူမြို.နယ်အာဏာပိုင်များမြေစာရင်းဦးစီးဌါနအာဏာပိုင်များ၊ဆယ်မြောင်းဦးစီးဌါနတာဝန်ခံများနှင်.ဆွေးနွေးမှု.များပြုလုပ်ခဲ.ပါသော်လည်းအာဏာပိုင်များဘက်မှကတိက၀တ်ပျက်ကွပ်မှုများရှိခဲ.သောကြောင်.လယ်သမားအများစုမှာမကြေနပ်မှုများဖြစ်ပေါ်လာနေပါသည်။၎င်းအပြင်(၁၈.ရ.၂၀၁၂)နေ.ကအာဏာပိုင်များဘက်မှတောင်သူလယ်သမား(၁၉)ဦးအားတရားဆိုဆွဲမှုများစတင်လုပ်ဆောင်လုပ်ခဲ.ပါသည်။ထိုကဲ.သို.သောမတရားမျုများနှင်.ပက်သက်ပြိးသမတဦးသိန်းစိန်ထံစာရေးသားတိုင်ြ့တိုင်ကြားထားသော်လည်းအောက်ခြေအာဏာပိုင်လူတစုမှာငွေရှင်
ကုမ္ပဏီများနှင်.ပူးပေါင်းပြိးလယ်သမားများအားခြိမ်းခြောက်မှုမျာြးု့လုပ်နေသည်.အတွက်တောင်သူလယ်သမားများအနေနှင်.ထွန်တုံးတိုက်ပွဲကိုအရှိန်အဟုတ်နှင်.ဆက်လက်တိုက်ဝင်တော.မည်ဖြစ်ပါကြောင်းလယ်သမားများမှကျွှန်မတို.မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်(မိထ္ထီလာ)သို.တောင်သူများမှပြောဆိုထားသည်ကိုရေးသားတင်ပြလိုက်ပါသည်။





                                                                                                          မိထ္ထီလာ(BDN)

KICK HIM OUT


ယနေ့ ဇူလိုင်လ ၃0

ဦးအောင်သိန်းလင်း၏ Southern Weekend China သတင်းစာသို့ ဖြေဆိုခဲ့သည့် စကားများနှင့် ပတ်သက်ပြီး ဒေါသ ထွက်နေသော ဒေသခံ အချို့က ၎င်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ရန် ကြိုးစားလာခြင်း ဖြစ်သည်ဟု တနင်္ဂနွေနေ့မှ စတင်ခဲ့သော လက်မှတ်ရေးထိုးမှုကို ဦးဆောင်သူ တောင်ဥက္ကလာပမြို့နယ် ၅ ရပ်ကွက်မှ ဦးမင်းအောင် က ဆိုသည်။

သဘောတူ လက်မှတ်ထိုးသူ ၂ဝဝ ခန့် ရှိပြီဖြစ်ပြီး ၂ဝဝဝ ခန့် ကောက်ခံရန် ရှိနေသည်ဟုလည်း သိရသည်။

တောင်ဥက္ကလာပ မဲဆန္ဒနယ်တွင် ၂ဝ၁ဝ ခုနှစ်၊ ရွေးကောက်ပွဲအတွင်း မဲပေးခွင့်ရှိသူ ၈ဝ,ဝဝဝ ကျော်ရှိသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၉၆ ပုဒ်မခွဲ (ခ)အရ လွှတ်တော် ကိုယ်စားလှယ်တဦးကို တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုပါက သက်ဆိုင်ရာ မဲဆန္ဒနယ်မှ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း လက်မှတ်ရေးထိုးရမည် ဖြစ်သည်။

အခြေခံဥပဒေ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ နိုင်ငံတော် ကျေးဇူးသစ္စာ ဖောက်ဖျက်ခြင်း၊ ကိုယ်ကျင့်သိက္ခာ ပျက်ပြားခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းနှင့် အမတ်ဖြစ်ထိုက်သော အရည် အချင်း ပျက်ယွင်းခြင်းတို့သည် လွှတ်တော်အမတ်တဦးကို တာဝန်မှ ပြန်လည်ရုတ်သိမ်းနိုင်သော အကြောင်းတရားများ
ဖြစ်သည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဦးအောင်သိန်းလင်း၏ ပြောကြားချက်များအား သတင်းစာက တရုတ်ဘာသာဖြင့် ဖော်ပြချက်ကို Burmanet က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားချက်အရ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းခြင်းကို သူ့အနေဖြင့် သဘောမတူဘဲ သမ္မတ တဦးတည်းကသာ ဆုံးဖြတ် လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD သို့ မဲပေးခဲ့
သော မဲဆန္ဒရှင်များကို "They are crazy" ဟု အပြစ်ဖို့ ပြောကြားချက်များ ပါရှိသည်။

တရုတ်နိုင်ငံပိုင် CPI ကုမ္ဗဏီက တည်ဆောက်ခဲ့သော အငြင်းပွားဖွယ်ရာ မြစ်ဆုံဆည် စီမံကိန်းကို ပြည်သူအများက အုတ်အော်သောင်းတင်း ကန့်ကွက်ခဲ့ကြသည်။

လက်မှတ်ထိုးရေး နှိုးဆော်သူတဦးဖြစ်သော တောင်ဥက္ကလာဒေသခံ ဦးမင်းအောင် က “ဦးတို့ရဲ့ ကိုယ်စားလှယ်အဖြစ် ဦးတို့က သူတို့ကို တင်ပေးထားပြီးပြီ။ တင်ပေးထားတဲ့ အချိန်မှာ ကိုယ်စားလှယ်တွေက ဦးတို့ကိုယ်စား ကောင်းရာ
ကောင်းကြောင်းတွေ ပြောရမယ် ဆိုရမယ်၊ လုပ်ရမယ်လေ။ အဲတော့ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီးတော့ လုပ်တယ်ဆိုတာကတော့ ဒါတို့ ကိုယ်စားလှယ် မဖြစ်ထိုက်တော့ဘူးပေါ့။ ပုဂ္ဂိုလ်ရေးအရ မုန်းတီးလို့လုပ်တာ မဟုတ်ဘူး” ဟု ပြောသည်။

၂ဝ၁ဝ ခုနှစ်၊ ရွေးကောက်ပွဲတွင် ဦးအောင်သိန်းလင်းကို မဲပေးခဲ့သူ တောင်ဥက္ကလာပ ၁ဝ ရပ်ကွက်မှ ဦးနိုင်ကိုလင်း ကလည်း “ကိုယ့်ပြည်သူကို ကာကွယ်ရမယ့်နေရာမှာ မကာကွယ်ဘဲနဲ့ ဒီလိုမျိုးကြီး ပြောတယ်ဆိုတော့ ခေါင်းဆောင်က အဲလိုမျိုးကြီးလားဆိုတဲ့ အတွေးမျိုး ဝင်လာတဲ့အခါ ဘယ်လိုမှ မခံစားနိုင်ဘူး” ဟု ပြောသည်။

ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ဦးအောင်သိန်းလင်းက တရုတ်သတင်းစာအား သူ၏ ဖြေကြားမှုများမှာ ဘာသာပြန် မှားယွင်းကြောင်း ပြည်တွင်းဂျာနယ်များသို့ ပြန်လည် ဖြေရှင်းခဲ့သည်။ သို့သော်လည်း မယုံကြည်နိုင်ကြသူများကလည်း ရှိနေသေးသည်။

တောင်ဥက္ကလာပမြို့နယ် ၇ ရပ်ကွက်မှ မဲဆန္ဒရှင်တဦးဖြစ်သူ ဒေါက်တာစောနိုင်က “Cat ဆိုတာ ကြောင်ကို ခွေးလို့မှ ဘာသာပြန်လို့ မရတာ။ တခုတော့ ရှိတာပေါ့ တောကြောင် ဖြစ်ရင် ဖြစ်မယ်။ အိမ်မှာနေတဲ့ကြောင် ဖြစ်ချင်ဖြစ်မယ်ပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ဦးအောင်သိန်းလင်း၏ ဖြေကြားမှုများနှင့် ပတ်သက်၍ ၎င်း၏ပါတီ ကြံ့ခိုင်ရေးပါတီက စိစစ်လျက်ရှိနေပြီး သူ၏
ဖြေကြားမှုများ မှန်ကန်ပါက ပါတီ၏ စည်းမျဉ်းစည်းကမ်းများအရ အရေးယူ ဆောင်ရွက်သွားမည်ဟု ဇူလိုင်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

“ဦးအောင်သိန်းလင်း အမှန်တကယ် ပြောကြားခဲ့မှုများဖြစ်ပါက ဦးအောင်သိန်းလင်း၏ ပုဂ္ဂလိက ပြောဆိုချက်များသာ
ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားများ မဟုတ်ပါ” ဟုလည်း ကြေညာချက်ထဲတွင်
ဖေါ်ပြထားသည်

88 Generation Students and UN HR meet


ယနေ့ ဇူလိုင်လ ၃၀ ရက် ညနေ ၄း၄၀ နာရီတွင် ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းရှိ UNDP ရုံး၊ ဦးသန့်ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဂျေ ကန်တာနာ (Tomas Ojay Quintana) နှင့် ၈၈မျိုးဆက်ကျောင်းသားများ တစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံ ဆွေးနွေးကြရာတွင် ၈၈ မျိုးဆက်ကျောင်းသားများမှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်၊ ပြုံးချို၊ မြအေးနှင့် ဂျင်မီ တို့က ရခိုင်ပြည်နယ် နှင့် ကချင်ပြည်နယ်အတွင်း ယခင်ဖြစ်ပျက်ခဲ့မှုများနှင့် လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများ၊ နိုင်ငံအတွင်း ဖြစ်ပေါ်နေသော လယ်ယာမြေပြဿနာ၊ အလုပ်သမားပြဿနာ အစရှိသည့် လက်ရှိမြန်မာနိုင်ငံတွင်း အခြေအနေများနှင့် နိုင်ငံရေးအကျဉ်းသား ကိစ္စရပ်များကို လူ့အခွင့်အရေးဆိုင်ရာ ဆက်စပ်မှုများနှင့် ပတ်သက်ပြီး ပွင့်လင်းစွာ ပြောဆိုဆွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံ ဆွေးနွေးမှုအပြီး ညနေ ၆း၂၀ နာရီတွင် သောမတ်စ် အိုဂျေ ကန်တာနာ သည် ၈၈မျိုးဆက်ကျောင်းသားများမှ မနီလာသိန်းနှင့် မမီးမီးတို့ကို ရခိုင်အရေးကိစ္စများနှင့်ပတ်သက်ပြီး သီးခြားထပ်မံ တွေ့ဆုံ၊ မေးမြန်း၊ ဆွေးနွေးခဲ့သည်။ (ဓာတ်ပုံ - UNDP)

Friday, July 27, 2012

Free education by former political prisoners


ပည်မြို့က မိဘမဲ့ကလေး ငယ်တွေအတွက် ပညာသင်ပေး တဲ့ အစီအစဉ်ကို လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေတွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက မြ ကွမ်းတောင်ဘုန်းတော်ကြီးကျောင်း မှာ ဇူလိုင်လ ၂၆ရက်နေ့က စပြီး ဖွင့်လှစ်လိုက်ကြောင်းသိရသည်။
မြို့ပေါ်မှာ တောင်းရမ်းစား သောက်နေရတဲ့ ကလေးတွေ၊ပ လတ်စတစ် လိုက်ကောက်နေတဲ့ ကလေးတွေကို ခေါ်ယူပြီး လူ့အ ခွင့်အရေးလှုပ်ရှားသူရှေ့နေ ဦးမြင့်အေးရဲ့ နေအိမ်မှာလွန်ခဲ့တဲ့ တစ်လလောက်ကတည်းက စပြီး စာသင်ပေးနေခဲ့ရာ ကနေ ဒီ နောက်ပိုင်း ကလေးဦးရေများလာ တဲ့အတွက် မြကွမ်းတောင် ဘုန်း တော်ကြီးကျောင်းမှာသင်ပေးဖို့ လျှောက်ထားခဲ့ရာမှာဆရာတော် က ခွင့်ပြုခဲ့တယ်လို့ ကိုသန်းထိုက် မှပြောပြသည်။
““တချို့က ပလပ်စတစ်ကောက် တယ်၊တချို့က တောင်းစားတယ်။ ဒီကလေးတွေရဲ့ ရှေ့ရေးကိုမြင်ပြီး တော့ ကျွန်တော်တို့အုပ်စုက ဒီ ကလေးတွေကို တစ်ခုခုလုပ်ပေး ကြမယ်ဆိုပြီးတော့၊စဉ်းစားပြီးတော့ ရှေ့နေ ကိုမြင့်အေးအိမ်မှာ ကလေး တွေကိုစုတယ်။စုပြီးတော့ စာသင် ပေးတယ်။သူတို့စာသင်ချင်အောင် လို့ သူတို့ကို မက်လုံးလေးတွေပေး ရတယ်ပေါ့နော်။တချို့မုန့်ဝယ် ကျွေးတာတို့၊အ၀တ်အစားလေး တွေ ၀ယ်ပေးတာတို့ ဒါမျိုးလေး တွေ လုပ်ရတယ်။ဒါပေမဲ့ ကျွန်တော်တို့ တရားဝင် င်္ကညိ တော့မရှိဘူး။ နီးစပ်ရာပဲ။ဟိုလူပေးဒီလူပေးပေါ့ နော်။ မနက်ထမင်းကျွေးတဲ့ အ ချိန်ကျရင် ကျွန်တော်တို့က အသုတ် လိုဟာမျိုး တစ်ထုပ် ၁၀၀တန်တို့ တစ်ထုပ်စီလောက်ဝယ်လိုက် တယ်။ ထမင်းဖြူ ၁၀၀ဖိုးလောက် စီဝယ်တယ်။ဝယ်ပြီးတော့တစ် ယောက်ကို တစ်ကိုတာစီပေါ့နော်။ ကျွန်တော်တို့လည်း ဒီလောက်ပဲ တတ်နိုင်တယ်လေ။အဲဒီလိုလုပ် ပေးပြီးတော့ ခုန ဘုန်းကြီးကျောင်း ထဲမှာ ဘုန်းကြီးကို လျှောက်ပြီး အဲဒီကျောင်းထဲမှာ တစ်နေကုန် ကျွန်တော်တို့စာသင်ခန်းထဲမှာ ထားတဲ့ ပုံစံမျိုးနဲ့လုပ်လိုက်တယ်”” အခုလောလောဆယ် ကလေး၃၀ ကျော်လောက်ကို စာသင်ပေးနေ ပြီး သူတို့ကို ရှေ့နေဦးမြင့်အေးရဲ့ ရုံးအဖွဲ့ဝင်ရှေ့နေ အမျိုးသမီးတွေ က ဆရာ ဆရာတွေအဖြစ်ဆောင် ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လာမယ့် စာသင်နှစ်မှာ ဒီကလေးတွေထဲက ၄ယောက်ကို အစိုးရကျောင်းမှာ ထားပေးဖို့စီ စဉ်နေတယ်လို့လည်းသိရပါတယ်။
Hot News


Thursday, July 26, 2012

Daw Myint Myint Aye has to lead the downtown demostration in Tharsi



သာစည်မြို့လယ်ခေါင်ရှိ စက်သုံးဆီ အရောင်းဆိုင်အား
မြို့ပြင်ထုတ်ရေး ငြိမ်းချမ်းစွာစီတန်းလှည့်လည်
ခွင့်ကို သက်ဆိုင်ရာမှ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။



သာစည်မြို့ အမှတ် (၄)ရပ်ကွက်ရှိ ကောင်းဇော်ဟိန်း စက်သုံးဆီအရောင်းဆိုင်အား မြို့တွင်းမီးဘေး
အန္တရာယ်ကြောင့် မြို့ပြင်သို့ ထုတ်ပေးပါရန်အတွက် ဒေသခံများမှ ဆန္ဒထုတ်ဖော်ပြသမည်ဖြစ်ပြီး အဆိုပါ
ဆန္ဒပြုခြင်းကို ယခင် မိတ္ထီလာ NLD ပါတီဝင်ဟောင်း ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ်ရွေး
ချယ်ခံခဲ့ရသော ဒေါ်မြင့်မြင့်အေးနှင့် သာစည်မြို့နေ ဒေါ်နွဲ့ယဉ်တို့မှ ဦးဆောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ဆန္ဒဖော်ထုတ်မှုကိုဇူလိုင်လ ၃၀ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။

ကောင်းဇော်ဟိန်းစက်သုံးဆီဆိုင်သည် ၂၀၁၀ခုနှစ်တွင် အစိုးရမှ
ပုဂ္ဂလိကသို့ လွှဲပြောင်းပေးသော
စက်သုံးဆီဆိုင်အဟောင်းဖြစ်ပြီး အစိုးရလက်ထက်တွင် ထားရှိသော မြေအောက်သိုလှောင်ခန်း၊ ဓါတ်ဆီဂါလံ
၂၀၀၀ ဆန့် တစ်လုံး၊ ဒီဇယ်ဆီ ဂါလန် ၁၀၀၀ ဆန့် တစ်လုံးအပြင် ပုဂ္ဂလိကလက်ထက်တွင် မြေအောက်
သိုလှောင်ကန် ဂါလန် ၄၀၀၀ ဆန့် နှစ်လုံး ထပ်မံတိုးချဲ့ ဆောက်လုပ်လိုက်ခြင်းကြောင့် ဒေသခံပြည်သူများမှ
မီးဘေးအန္တရာယ် စိုးရိမ်၍ မြို့ပြင်ထုတ်ရေး ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။

ကောင်းဇော်ဟိန်းကုမ္ပဏီအနေဖြင့် မီးဘေးကိစ္စရပ်များအတွက် မြေအောက် ရေသိုလှောင်ကန်
ဂါလန် ၁၀၀၀၀ ဆန့်အပါအ၀င် မြေပေါ်ကန်လေးကန် ထားရှိပြီး မီးသတ်ဆေးဘူးများ ၊ စက်သုံးဆီမီးငြှိမ်းသည့်
ဆေးရည်များကို မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်များအတိုင်း ထားရှိထားကြောင်း ကုမ္ပဏီတာဝန်ရှိသူများထံမှသိရသည်။

PMN

PLOUGHING REVOLUTION


ထွန်စက်အောက်သို့ ၀င်ရောက်၍လယ်ယာမြေအတွက်အသက်ပေးထွန်တုံးတိုက်ပွဲဝင်သော လယ်သမားသုံးဦး


မိတ္ထီလာမြို့



ပြည်သူ့အကျိုးဆောင်ကွန်ရက်

သတင်းထုတ်ပြန်ကြေငြာချက်

၁၃၇၄ ခုနှစ် ၊ ဒုတိယ၀ါဆိုလဆန်း (၇) ရက်နေ့

၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်

(၂၅.၇.၂၀၁၂)

မိတ္ထီလာခရိုင်အတွင်း အတင်းအဓမ္မလယ်ယာမြေ အသိမ်းခံထားရသောတောင်သူများ

ယနေ့ ထွန်တုံးတိုက်ပွဲ ဆက်လက်ဆင်နွှဲနေခြင်း



မြန်မာပြည်အလယ်ပိုင်းဒေသ မိတ္ထီလာခရိုင်မှာ လယ်ယာမြေဆုံးရှုံးမှုတွေနဲ့ပါတ်သက်ပြီး အငြင်းပွားမှုတွေ ၊ ပြဿနာဖြေရှင်းမှုတွေဖြစ်နေတယ်။ ဖြစ်နေတာတွေက သိရသလောက်ဆိုရင် လယ်သမားတွေဟာ သူတို့ရဲ့ ဘိုးဘွားပိုင်မြေ ၊ ဓါးမဦးချပိုင်မြေ ၊ မူလလက်ငုတ်လက်ရင်းပိုင်မြေ ဆိုတာတွေနဲ့ သူတို့လယ်ယာမြေတွေကို သူတို့ရပိုင်ခွင့်အတွက် သက်ဆိုင်ရာသို့ ၇-လပိုင်းမှာ စာတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတိုင်ကြားမှုတွေကို သက်ဆိုင် ရာက အကြောင်းပြန်မှု ဖြေရှင်းပေးမှုမရှိတဲ့အတွက် မိတ္ထီလာ ၊ သာစည် ၊ ၀မ်းတွင်း ၊ မလှိုင် လေးမြို့နယ်စလုံး ပူးပေါင်းပြီးတော့ လယ်သမားများသည် သူတို့ရဲ့လယ်ယာမြေများကို တရားမျှတစွာနဲ့ ပြန်လည်ရရှိရေးအတွက်

၁၁.၇.၂၀၁၂. ရက်နေ့မှာ စပြီးတော့ ထွန်တုံးတိုက်ပွဲ စတင်ခဲ့ပါတယ်။

လယ်သမားတွေဟာ သူတို့ရဲ့လယ်ယာမြေပြန်လည်ရရှိရေးအတွက် ကူညီဖြေရှင်းပေးဖို့ လယ်သမား ၅၀-ကျော် က လက်မှတ်ရေးထိုးပြီး ကျွန်ုပ်တို့ မိတ္ထီလာပြည်သူ့အကျိုးဆောင်ကွန်ယက်ကို မေတ္တာရပ်ခံပြီး အကူ အညီတောင်း ခဲ့ပါတယ်။ မိမိတို့အနေနဲ့ ဒီလယ်ယာမြေပြဿနာ ဟာ ရေရှည်သဘောဆောင်ပြီး ငြိမ်းချမ်းစွာဖြင့် တရားနည်းလမ်းကျကျ ဖြေရှင်းရမယ်ဆိုတဲ့ ပြဿနာဖြစ်တယ် ဆိုတာကို တွေ့ရှိရပါတယ်။



ထွန်တုံးတိုက်ပွဲကို ဆင်နွှဲနေတဲ့အချိန် - ၁၄.၇.၂၀၁၂. ရက်နေ့မှာ မိတ္ထီလာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်အုပ် အပါအ၀င် ခရိုင်အဆင့် မြေစာရင်း ၊ သစ်တော ၊ ဆည်မြောင်း စတဲ့ အရာရှိအစုံအလင်နဲ့ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင်တွေကို ခေါ်ယူဆွေးနွေးပါတယ်။ ၎င်းဆွေးနွေးမှုရဲ့အဖြေက ၄၅-ရက်အတွင်းကိုတော့ ဒီလိုမျိုး အင်နဲ့အားနဲ့ ထွန်တုံးတိုက်ပွဲ မလုပ်ပါနဲ့။ ပြေလည်ရာပြေလည်ကြောင်း အဖြေရှာဖို့ စေ့စပ်ဆွေးနွေးနေတဲ့ကာလမှာ ပြဿနာ မတက်ရအောင် ၂ဖက်လုံးကညှိနှိုင်းပြီးသွားဖို့ပြောခဲ့ပါတယ်။ လယ်သမားတွေဖက်က လူကြီးတွေရဲ့ကတိစကား ကို လေးစားသောအားဖြင့် သူတို့ရဲ့လှုပ်ရှားမှုကို ရပ်တန့်လိုက်ပါတယ်။ ဒါပေမယ့် တဖက်က သိမ်းပိုက်ထား တယ်ဆိုတဲ့ ကုမ္ပဏီ ၊ ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနနဲ့ လူတဦးတယာက်ချင်းစီတို့က လက်ဦးမှုရယူတာတွေ လုပ်ပါတယ်။ ၁၈.၇.၂၀၁၂. ရက်နေ့က တောင်သူ ၁၉-ဦးကို ပုဒ်မ ၄၂၇ ၊ ၄၄၇ ဖြင့် တရားစွဲခြင်း ၊ ၂၁.၇.၂၀၁၂. ရက်နေ့မှာ ကံကောင်းရွာမှ ထွန်တုံးတိုက်ပွဲမှာပါဝင်တဲ့ တောင်သူတွေကို သက်ဆိုင်ရာရဲက ၅ဦးစီခေါ်ပြီး ချိန်းခြောက်မှုများပြုခြင်း ၊၂၄.၇.၂၀၁၂.ရက်နေ့မှာတော့ ဆောက်လုပ်ရေးက ပြန်မပေးဘဲ သိမ်းထားတဲ့ မြေ ၁၀ဧကကို ခြံစည်းရိုးသံဇကာ ကာရံခြင်း ၊ ကောင်းကင်ကုမ္ပဏီက သူတို့သိမ်းထားတဲ့အကွက်ကို ထွန်စက်နဲ့ တက်ထွန်တာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

လူကြီးလူကောင်းဆန်ဆန်ထားရှိခဲ့တဲ့ ကတိစကားအရ ၄၅-ရက်အတွင်းမှာ တဖက်နဲ့တဖက် ပြဿနာဖြစ် စေမယ့် ထိပ်တိုက်ရင်ဆိုင်မှုတွေ မလုပ်ဘဲနဲ့ ပြေလည်ရေးကိုဘဲဆွေးနွေးမယ်ဆိုတဲ့ စကားကို လယ်သ္မားတွေ ဘက်က တာဝန်ယူခဲ့ပေမယ့် တဖက်က သိမ်းပိုက်ထားတဲ့သူတွေကတော့ အတင့်ရဲစွာနဲ့ချိုးဖောက်ပြီး လုပ်လာ ပါတယ်။ ဒါတွေကို သက်ဆိုင်ရာ တာဝန်ရှိသူများက ၀င်ရောက်ပြီး ဟန့်တားပေးခြင်း ၊ ခင်ဗျားတို့ မလုပ်နဲ့ဦးလို့ ဆွေးနွေးပေးခြင်း မရှိခဲ့ပါ။ လယ်သ္မားတွေဖက်က ဒီ၄၅-ရက်ကြားကာလမှာ သူတို့ ပိုင်ဆိုင်သင့်ပါတယ်ဆိုတဲ့ အထောက်အထားစာရွက်စာတမ်းများဖြင့် သက်ဆိုင်ရာကို စာတင်ဖို့လုပ်ရာမှာ ၂၀.၇.၂၀၁၂. ရက်နေ့မှာ ဗိုလ်ချုပ်ပြည့်စုံသိမ်းထားတဲ့ မလှိုင်ကလယ်သမားတွေက စာတင်ခဲ့ပါတယ်။ တောင်သူတွေဖက်က ဒီလိုမျိုးလုပ်နေတဲ့အချိန်မှာ သိမ်းပိုက်ထားသူတွေဖက်က မတရားလုပ်လာတာကိုတော့ တာဝန်ရှိသူတွေက ထိန်းသိမ်းပေးဖို့လိုပါတယ်။



လယ်ယာမြေပြဿနာဆိုတာ နှစ်ရှည်လများဖြစ်ခဲ့တဲပြဿနာ။ ကြီးလေးတယ် ၊ နက်ရှိုင်းတယ် ၊ သိမ်းပိုက်ခံရမှု ပုံသဏ္ဍန် အမျိုးမျိုးရှိတယ် ၊ ဆုံးရှုံးနစ်နာမှု အမျိုးမျိုးရှိနေပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ဆိုရင် စိတ်ရှည်ဖို့ ၊ သီးခံဖို့ တရားနည်းလမ်းကျကျဖြေရှင်းဖို့ လိုပါတယ်။ ဥပမာအားဖြင့် - မြေလွတ် မြေလပ် နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ဆိုတာ ပေါ်ထွက်လာပါပြီ။ ၎င်းဥပဒေ၏ အခန်း(၈) ပုဒ်မ ၂၅ ပိုဒ်ခွဲ က.ခ.ဂ ဆိုပြီးရှိရာမှာ

အပိုဒ်(ခ)အရဆိုလျှင်



မြေလွတ် မြေလပ် နှင့် မြေရိုင်းများလုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့်ပေးထားသော မြေဧရိယာပေါ်တွင် ယခင်ကတည်း က လက်ရှိစိုက်ပျိုးလုပ်ကိုင်နေသော ဒေသခံတောင်သူလယ်သ္မားများ၏ စိုက်ပျိုးမြေများပါဝင်နေပါက တရားဝင် လုပ်ကိုင်ခွင့် ရရှိထားခြင်းမရှိသည့်တိုင် နစ်နာမှုမရှိစေရန် ယင်းတို့၏ဆန္ဒအပေါ် ညှိနှိုင်းဆောင်ရွက်ပေးရမည်။



စသည့် ညှိနှိုင်းရေးဆိုင်ရာ အချက်များပြဌာန်းထားသော်လည်း ညှိနှိုင်းရေးအတွက် စောင့်ဆိုင်းနေတဲ့ကာလမှာ သိမ်းပိုက်သူများက တဖက်သတ်လုပ်လာတဲ့အတွက် လယ်သ္မားများသည် မခံမရပ်နိုင်ဖြစ်လာပြီး ၊ မိုးကလည်း ကျလာပြီဖြစ်တဲ့အတွက် သူတို့လယ်ကွက်များကို ပြန်လည်ထွန်ယက်မှု ဒီကနေ့မှာဘဲ စတင်ခဲ့ကြ ပါတယ်။ ကောင်းကင်ကုမ္ပဏီကသိမ်းထားသော ၀မ်းတွင်းမြို့နယ် အိုးပြွန်ကန်ကျေးရွာမှ တောင်သူဦးကျော်ဝင်းရဲ့ အကွက်မှာ ကုမ္ပဏီက မနေ့ကတည်းက ထွန်စက်နဲ့ထွန်နေတာဖြစ်ပြီး ဒီမနက်မှာလည်းထွန်စက်နဲ့ထွန်နေတာ ကို ဦးကျော်ဝင်းနဲ့ ဦးသိန်းအောင်တို့သည် ထွန်စက်ရှေ့မှာ လှဲအိပ်ပြီးအသေခံတိုက်မယ်ဆိုတာထိဖြစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ ကုမ္ပဏီဘက်က တာဝန်ရှိသူ ကိုဋ္ဌေးလွင်ဆိုသူက ထွန်စက်ကို ဆက်မောင်းဖို့ပြောခဲ့ပေမဲ့ ထွန်စက်မောင်းသူက မမောင်းရဲလို့ ထွန်စက်ကိုရပ်လိုက်ပါတယ်။



ဒီလို လယ်သ္မားတွေ ထွန်နေတာဟာလည်း အုံကြွဆူပူနေတာ မဟုတ်ပါဘူး။ သူတို့အခွင့်အရေးအတွက် လုပ်တတ်သလို ဆောင်ရွက်နေတာဖြစ်ပါတယ်။ တရားနည်းလမ်းတကျ ပြေလည်ရေးလမ်း ကြောင်းဖြစ်ဖို့ဆိုရင် နှစ်ဖက်ညှိနှိုင်းရေးဆောင်ရွက်ကာလဖြစ်တဲ့ ၄၅-ရက်အတွင်းမှာ အပြန်အလှန် သဘော တူညီချက်များဖြစ်တဲ့အတိုင်း ညှိနှိုင်းရေး ၊ စာရင်းဇယားတွေပြုစုရေး ၊ လေ့လာရေးတွေနဲ့ ညှိနှိုင်းမှသာ အဆင် ပြေမှာဖြစ်ပါတယ်။ အဲဒီလိုမလုပ်ဘဲ သိမ်းပိုက်ထားတဲ့ ပုဂ္ဂိုလ်များရဲ့ အတင်းအဓမ္မ လှုပ်ရှားဆောင်ရွက်မှုတွေ လုပ်လာမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် ပြဿနာအရပ်ရပ်သည် ဆုံးရှုံးနစ်နာသူ တောင်သူလယ်သ္မားတွေအပေါ်မှာ တာဝန်ရှိတာမဟုတ်ဘဲ ညှိနှိုင်းဆောင်ရွက်ဖို့အတွက် ကတိစကားတွေပေးထားတဲ့ တာဝန်ရှိသူတွေနဲ့ သိမ်းပိုက်ထားတယ် ဆိုတဲ့ ပုဂ္ဂိုလ်များရဲ့ အတင်းအဓမ္မ ဆောင်ရွက်မှုကြောင့်သာဖြစ်ပေါ်လာတဲ့ အကျိုးဆက်များဖြစ်တယ်လို့ ကျွန်ုပ်တို့ ကွန်ရက်က သဘောထားပါတယ်။ တောင်သူလယ်သ္မားတွေရဲ့ဘ၀ လုံခြုံမှုမရှိဘဲ တိုင်းပြည်ဟာ မငြိမ်းချမ်းနိုင်တဲ့အတွက် စာနာထောက်ထားစွာဖြင့် ၀ိုင်းဝန်းကူညီကြဖို့ တိုက်တွန်းအပ်ပါသည်။


မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်

သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ

(၂၅.၇.၂၀၁၂)

PLUGHING REVOLUTION

USDP KILLS NLD MEMBER

Photo: လက်ရှိ အာဏာရ ပါတီ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့  ဖြိုးရေး ပါတီ မှ မကွေးတိုင်းပွင့်ဖြူ မြို့ နယ် အဖွဲ့  ၀င် ဦးဝင်းမော် နှင့် နောက် လိုက် နောက်ပါ များ သည်

သတင်း အကျယ် ဖတ်ရှု န်:  http://wp.me/pozkf-79q

လက်ရှိ အာဏာရ ပါတီ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့  ဖြိုးရေး ပါတီ မှ မကွေးတိုင်း
ပွင့်ဖြူ မြို့ နယ် အဖွဲ့  ၀င် ဦးဝင်းမော် နှင့် နောက် လိုက် နောက်ပါ များ သည် ဇူလိုင် လ ၂၅
ရက်နေ့  က အမျိုးသား ဒီမိုက ရေစီ အဖွဲ့ ချုပ် မှ စည်းရုံးရေး မှုး တစ်ဦး ဖြစ်သူ ဦးရဲဝင်း ကို
ဓားနှင့် ခုတ် သတ်မှု ဖြစ်ပွားခဲ့ သည်။

ဦးဝင်းမော်နှင့် အဖွဲ့  ၀င် များ သည် သမန်းရင်း ကျေးရွာ မှ အထွက် ရွာ ဦး ကျောင်း အနီး သို့ 
ရောက်ရှိ စဉ် ဦးရဲဝင်း နှင့် အဖွဲ့  က ဓားဖြင့် ခုတ် သတ် ခြင်း ဖြစ်သည် ဟု ပွင့်ဖြူမြို့ နယ် NLD
ပါတီဝင် ဥက္ကဌ ဦးအောင်ဝင်း က ပြောသည်။

၂၀၁၂ ခုနှစ် ရွေးကောက် ပွဲ အကြိုကလည်း ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့  ဖြိုးရေး ပါတီ မှ
အဖွဲ့  ၀င်များ သည် NLD ပါတီ ၀င်များ ကို ကိုယ်ထိ လက်ရောက် တိုက်ခိုက်မှု များ ရှိခဲ့ ရာ
မကွေး တိုင်း ဉ် အများ ဆုံးဖြစ်သည်။

မကွေးတိုင်း ပွင့်ဖြူ မြို့ နယ် အတွင်း ဉ်ပင် ယခင်ကလည်း ကြံ့ဖွတ် ပါတီ ၀င်များ က NLD ပါတီ ၀င်
များ ကို ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုများ ရှိသည် ဟု မြို့ ခံ တစ်ဦး က ပြောသည်။

Wednesday, July 25, 2012

BUDGET CARTON

Anti-corrruption Law



ယခုထွက်ပေါ်လာမည့် ဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင်
ဝန်ကြီးများ၏ပိုင်ဆိုင်မှုများကြေညာရန် ထည့်သွင်းထား
ယခုလွှတ်တော်အစည်းအဝေးအတွင်းအတည်ပြုနိုင်ဖွယ်ရှိသည့်အဂတိ
လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွင်ဝန်ကြီးများ၏ပိုင်ဆိုင်မှုများကြေညာရန်
ထည့်သွင်းရေးဆွဲထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ပြော
ကြားချက်အရသိရသည်။
“အခုပြဌာန်းမယ့်anti-corrruption Law အဂတိလိုက်စားမှုတားမြစ်ရေး
ဥပဒေကိုပြည်သူ့လွှတ်တော်မှာတင်ထားတယ်ပြည်ထောင်စုမှာ တင်တာတော့
လာဘ်ပေးလာဘ်ယူဥပဒေပေါ့ ဒီဥပဒေနှစ်ခုမှာပစ္စည်းပိုင်ဆိုင်မှုနဲ့ပတ်သက်
ပြီးသက်ဆိုင်ရာက လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးအတွက်တာဝန်ရှိတဲ့
ညွှန်ကြားရေးမူးချုပ်က notic စာပေးနိုင်တယ်ဆိုပြီးပါတယ်။အဲဒီ nitic ပေး
တဲ့အပိုင်းကို ဥပဒေပြဌာန်းပြီးဆောင်ရွက်လိုက်ရင် တစ်လောက ၀န်ကြီးဦးစိုးသိန်းပြောတဲ့ ပိုင်ဆိုင်မှုတွေကြေညာနိုင်ဖို့ကတော့ဖြစ်လာမှာပါ” ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကြမ်းတင်သွင်းထားသူ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။
နေပြည်တော်တွင်ပြုလုပ်သော သတင်းမီးဒီယာ တွေ့ဆုံပွဲတစ်ခုတွင် စက်မှုဝန်ကြီး ဦးစိုးသိန်း က မိမိအနေဖြင့်လာဘ်ပေးလာဘ်ယူကိစ္စများတွင်
ပါဝင်ပတ်သက်မိပါက ရာထုးမှ နှုတ်ထွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး
ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၏ ပိုင်ဆိုင်မှုများ ဖော်ပြရန်မူ အချိန်ယူဆောင်ရွက်ရမည်ဟု ၄င်းကပြောကြားခဲ့သည်။ ထိုကဲ့သို့
ဝန်ကြီးများ၏ပိုင်ဆိုင်မှုစာရင်းဇယား များထုတ်ပြန်လာနိုင်မှုအပေါ်
နိုင်ငံရေးလေ့လာသူတစ်ဦးက
“လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတစ်ခုပါ ဒါဟာ နိုင်ငံတစ်ကာမှာလည်းရှိပါတယ်။ ကျွန်တော်တို့ဆီမှာ လုပ်နိုင်ရင်တော့ ဘာပဲပြောပြော မရှိတာထက်ရှိတာက
ပိုကောင်းပါတယ်။ အဲဒီရှိတာတွေကို လိုက်နာဖို့လည်းလိုအပ်ပါတယ် ကျွန်တော်သိသလောက်တော့ အဂတိလိုက်စားမှုလို့ဆိုရာမှာ ပေးသူရော ယူသူကိုပါ အရေးယူနိုင်လောက်တဲ့ ခိုင်မာတဲ့ဥပဒေတွေရှိဖို့လိုပါတယ်” ဟု
ပြောကြားခဲ့သည်။
အဂတိလိုက်စာမှုတိုက်ဖျက်ရေးဥပဒေ၌၀န်ကြီးများ၏ပိုင်ဆိုင်မှု များကြေညာ
ကြရာတွင် အစိုးရသစ်စတင်တာဝန်ယူသော မတ်လ ၃၁ ရက်နေ့နောက်ပိုင်း ရရှိသောငွေများကို ကိုသာဆိုလိုခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဦးသိန်းညွန့်က
“ အရင်ကဟာတွေကိုတော့ ပြန်ပြောနေလို့မရတော့ဘူးပေါ့။ အခုအစိုးရသစ်
တက်လာပြီးနောက်ပိုင်း ကိစ္စတွေပဲအကျုံးဝင်မှာပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကိစ္စက တစ်နေရာတည်းကွက်လုပ်နေလို့
ရတဲ့ ကိစ္စမဟုတ်ပါဘူး။ လွှတ်တော်မှာတောင်ဆွေးနွေးနေပြီပဲ။ ၀န်ကြီးတွေတင်မကပါဘူး။အစိုးရ၀န်ထမ်းတိုင်းနဲ့ဆိုင်တဲ့ကိစ္စ၊တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စပါ” ဟုပြောကြားခဲ့သည်။
စင်္ကာပူနိုင်ငံ သည်အရှေ့တောင်အာရှနိုင်ငံများထဲတွင်အဂတိလိုက်စား
မှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍အကောင်းဆုံးစံပြနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင်
ယခင်ကတည်းကအဆိုပါဥပဒေအားပြဌာန်းထားပြီးသားဖြစ်ကြောင်းကို ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်ရေးကော်မရှင်အဖွဲ့ဝင်
တစ်ဦးက
"ကျွန်တော်တို့ဆီမှာ ဥပဒေလေးရာကျော်ရှိပါတယ်။ ဒီဥပဒေ အပါအ၀င်
ဖြစ်ပါတယ်။ ရှိပြီးသားကိုပြန်ဖြည့်စွက်တာပါ။ဒီထဲမှာမှဝန်ကြီးတွေရဲ့ပိုင်ဆိုင်မှု
ကိုပါဖော်ပြရမယ်ဆိုရင် ပိုပြီးတော့ပွင့်လင်းမြင်သာမှုရှိတာပေါ့။ တစ်ချို့က
ဒီဥပဒေကို အသစ်လို့ထင်ကြတယ်။ ဒါကဟိုးအရင်ကတည်းကရှိပြီး
သားပါ”ဟုပြောကြားသည်။

Return to home ယနေ.(၂၄ရက်ရလ၂၀၁၂)နေ.မြန်မာနိုင်ငံလွှတ်တော်ပုံမှန်အစဉ်းဝေးမှာပြည်ပရောက်မြန်မာနိုင်ငံသားများ


              
  ပြည်ပရောက်မြန်မာနိုင်ငံသားအခွင်.အရေးလွှတ်တော်မှာတင်ပြ
 ယနေ.(၂၄ရက်ရလ၂၀၁၂)နေ.မြန်မာနိုင်ငံလွှတ်တော်ပုံမှန
အစဉ်းဝေးမှာပြည်ပရောက်မြန်မာနိုင်ငံသားများ
ပြန်လည်ဝင်ရောက်လာနိုင်ရေးအတွက်
ဥပဒေထုတ်ပြန်ရန်ရှိမရှိဆွေးနွေးတင်ပြရာတွငပြည်ထဲရေး
ဝန်ကြိးဌါန၀န်ကြီးမှလက်ရှိသက်ဆိုင်ရာနိုင်ငံအသီးသီးတွင်နေထိုင်နေသောပြည်ပရောက်
မြန်မာနိုင်ငံသားများအနေနှင်.ယခင်ထုတ်ပြန်ထားသည်.ဥပဒေရှိနေသည်.အတိုင်းပြည်ဝင်ခွင်.ဘီစာလျှောက်ထားရမှာဖြစ်ကြောင်းလျှင်မြန်လွယ်ကူစွာဖြင်.လျှောက်ထားမှုအဆင်ပြေစေရန
ဆောင်ရွက်ထားပြိးဖြစ်ပါကြောင်း
လုပ်ထုံးလုပ်နည်းဥပဒေများရှိပြိးသားဖြစ်ပါသောကြောင်.ထပ်မံပြိးဥပဒေထုတ်ပြန်ရန
အစီအစဉ်မရှိပါကြောင်း၎င်းတို.နေထိုင်ရာနိုင်ငံအသီးသီးတွင်မြန်မာသံရုံးများသို.သွားရောက်ပြိးလျှောက်လွှာပါအချက်အလက်များကိုဖြည်.စွပ်လျှောက်ထားနိုင်ပါကြောင်း
ဖင်.ပြည်ထဲရေးဝန်ကြိးဌါနဒုတိယ၀န်ကြိးမှပြောဆိုသွားသည်ကိုတွေ.မြင်ရပါသည်။သို.ပါသောကြောင်.ပြည်ပရောက်မြန်မာများအနေနှင်.တိုင်းပြည်တွင်းသို.ပြန်လည်
ဝင်ရောက်လာမည်ဆိုပါကယခင်ထုတ်ပြန်ထားသောဥပဒေများအတီုင်းလျှောက်ထားရမှာ
ဖြစ်သောကြောင်.မြန်မာနိုင်ငံဖွားအမေရိကန်နိုင်ငံသားခံယူထားသောကိုညီညီအောင်ဖြစ်စဉ်များအား
ဥပမာယူပြီးအသေအချာစဉ်းစားသင်.ပါကြောင်းမြန်မာပြည်ဖွံ့ဖြိုးတိုးတက်ေ၇းကွန်ယက်မှပြည်ပရောက်မြန်မာများသိရှိနိုင်စေရန်အတွက်ေ၇းသားတင်ပြလိုက်ပါသည်။
မြန်မာပြည်ဖွံ့ဖြိုးတို.တက်ရေးကွန်ယက်
  မှတ်ချက်၊
ကျနော်တို့တင်ပြသောဓါတ်ပုံနှင့်စာသားများကိုအသုံးပြုလိုပါကကျနော်တို့ကွန်ယက်မှ ခွင့်ပြုချက်ကိုတောင်းခံရမည်။ 
ဆက်သွယ်ရန်                           
ကိုအောင်နိုင်ထွေး  630 456 6517 (အမေရိကန်ပြည်ထောင်စု)
ကိုလှဌေးနိုင်         09401600821 (မြန်မာပြည် ၊ ရန်ကုန်မြို.  )
burmadevelopmentnet@gmail.com                                          
               

အင်အား(၁၀၀) ဖြင့် ဆန္ဒပြ Hundred people on the road in Myint Thar Town


မြစ်သားမြို့တွင်တရားဝင်ဆန္ဒပြ ခြင်း အဖြစ် (၂၅-၇-၁၂) နေ့ နံနက် (၉)နာရီမှ (၁၀) ထိ မြစ်သားမြို့ခံများ ၊ တောင်သူများ အင်အား(၁၀၀) ဖြင့် ဆန္ဒပြကြသည်။

တရားဝင်စာတင်ရာတွင် အင်အား(၅၀၀) အချိန်(၄)နာရီ တင်ပြခဲ့ရာ ခွင့်ပြူအင်အား(၁၀၀) ခွင့်ပြုချိန်(၁) နာရီသာ ရရှိခဲ့သည်။

ပန်းလောင်မြစ်ကို ပိတ်၍ စမာရေလွဲဆည်သို့ လွဲပြောင်းရန် စီစဉ်မှုကြောင့် ရေကြီးမှုများ ကြူံတွေ့ခဲ့ရသဖြင့် မြစ်သားမြို့ခံများ၊ ရေနစ်မြုတ်ရာဒေသ မှ တောင်သူလယ်သမားများ မှ စာတင် ခွင့်တောင်း၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ-
ကိုဝိုင်ဝိုင်ကေ
၂၅-၇-၁၂
ခေတ္တ- မြစ်သား

Monday, July 23, 2012

Daw Aung San Suu Kyi as Cleopatra in India long ago


 
ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အသက် 18နှစ်အရွယ်လောက်က အန္ဒိယနိုင်ငံ ကလက္ကတားမြို့တွင် ကျောင်းတက်ခဲ့စဉ်က ကလက္ကတား နေရူးကောလိပ်တွင် ကျင်းပသော နိုင်ငံတကာများနေ့အတွက် ၄င်းကောလိပ်မှ ကျင်းပခဲ့စဉ်က ကဇာတ်တခုအဖြစ်ဖျော်ဖြေတင်ဆက်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ကလီယိုပါထရာမင်းသမီးအဖြစ် ပီပီပြင်ပြင် ကပြ တင်ဆက်ခဲ့ကြောင်း သူမနှင့်အတူ ပါဝင်ကပြခဲ့သော သူငယ်ချင်းဟောင်း နာရာတာ လပ်ခ်ျမီးက ပြန်ပြောပြသည်။
ကလီယိုပါထရာမင်းသမီးသည် အီ၈ျစ် ဘုရင်မကြီးဖြစ်ခဲ့ပြီး တိုင်းပြည်လုံခြုံရေးအတွက် ဂရိတို့နှင့် အင်ပါယာချဲထွင်မှုများပြိုင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းတွင် သူမ၏ရန်သူဂရိများကို မိတ်ဖွဲ့ဆက်ဆံခဲ့ပြီး ဂရိစစ်သူကြီး အလက်ဇာန်းဌားနှင့်ပင် သားသမီး ထွန်းကားအောင်ပေါင်းသင်းခဲ့ရသည်။ သိုရာတွင် ကံအကြောင်းမလှစွာပင် ဂရိဘက်မှ အခြားသော စစ်သူကြီးများက စစ်ဘက်ပြိုင်နေရာလုမှုများ ဖြစ်လာပြီး နောက်ဆုံးတွင် သူမကိုယ်ကို သူမ ထွက်ပေါက်အဖြစ် သတ်သေသွားခဲ့သည်။
BDN

အချိုရည်စက်ရုံတွင်လုပ်ကိုင်နေကြသော အလုပ်သမားများ၏ တောင်းဆိုချက်

labour
VeVe အချိုရည်စက်ရုံသည် မြန်မာနိုင်ငံတွင် နာမည်ကြီး အချိုရည်စက်ရုံတစ်ခုဖြစ်ပါသည် အလုပ်သမားဝန်ကြီးမှ စက်ရုံ ၀န်ထမ်းမျာအား အခြေခံမူရင်း လစာ ၅၆၇၀၀ဟုသတ်မှတ်ထား သော်လည်း ဤစက်ရုံတွင်လုပ် ကိုင်နေကြသောအလုပ်သမားများ မှ မူရင်းအခြေခံလစာ ၁၅၀၀၀ (သို့) ၁၈၀၀၀ကျပ်သာရရှိခြင်း၊ တစ်လလုံးရက်မှန်ကြေးကို၁၃၀၀၀ ဟုသတ်မှတ်ပြီး တစ်ပတ်အတွင်း ၌တနင်္ဂနွေနေ့ တစ်ရက်ပျက်လျှင် (၈၀၀၀)ကျပ်ပြုတ်၍ ကြားရက် ပျက်လျှင်(တစ်ပြားမှ)မရပါ ကုန် ဈေးနှုန်းမြင့်မားနေချိန်တွင် အလုပ် သမားတို့မှာခံစားခွင့်အနေဖြင့် ၃၀၀၀ကျပ်သာရရှိရပါသည်။ဖူလုံ ကြေးအနေဖြင့် စုစုပေါင်းရရှိငွေ မှာ ငွေ ၃၀၀ကျပ်ကို လစဉ်ဖြတ် တောက်ခြင်းခံရပါသည်။တစ်လ လုံး အလုပ်ပိတ်ရက်(၁)ရက်မှ မရှိ ဘဲ အလုပ်ဆင်းရချိန်မှာလည်း ၁ရက်လျှင်(၁၂)နာရီ ဆင်းရပြီး တနင်္ဂနွေနေ့တွင် (၂၄)နာရီဆင်း ရပါသည်။အလုပ်သမားအများစု သည် တစ်လလုံး ၀င်ငွေ စုစုပေါင်း ၆၀၀၀၀ကျပ်ပြည့်မီအောင် ရရှိသူ မရှိသလောက်ပါ ယနေ့ ကုန်ဈေး နှုန်းအခြေအနေအရ လုံးဝကို လည်း မလုံလောက်သလို အလုပ် သမားဥပဒေမှာပါသည့် အလုပ် ဆင်းချိန်ခံစားခွင့်၊မူရင်းလစာတို့ သည်လည်း လုံးဝလုံးဝကို ကိုက် ညီမှု၊ညီမျှမှုမျှတမှုတို့မရှိပါ၍ စက် ရုံပိုင်ရှင်မှ အလုပ်သမားဥပဒေမှာ ပါသည့်အတိုင်း စက်ရုံတွင်တာဝန် ထမ်းဆောင်နေသော အလုပ်သမား များကို-လက်ရှိရနေသော အခြေ ခံမူရင်းလစာကို အလုပ်သမားဝန် ကြီးမှထုတ်ပြန်ထားသည့်အတိုင်း ၅၆၇၀၀ထက်မနည်းသော ၇၀၀၀၀ကျပ်တိုးမြှင့်သတ်မှတ်ပေး ရန်၊နိုင်ငံတော်သတ်မှတ်ထားသော အလုပ်ပိတ်ရက်များအတိုင်း အလုပ်ပိတ်ပေးရန်၊အလုပ်ချိန်ကို နိုင်ငံတကာသတ်မှတ်ချိန်အတိုင်း (၁)ရက်ကို(၈)နာရီသာ အလုပ်ဆင်း ရန်နှင့်သတ်မှတ်ထားချိန်ကျော် လွန်ပါက (OT)အချိန်ပိုကြေးလုံး ၀ပေးဆောင်ရန်။ခံစားခွင့် ၃၀၀၀ ကျပ်ကို ၁၀၀၀၀ကျပ်တိုးမြှင့်ပေး ရန်။ ရက်မှန်အထူးကြေးကို ၂၀၀၀၀ကျပ်အထိတိုးမြှင့်သတ်မှတ် ပေးရန်နှင့်(၁)ရက်ပျက်လျှင်(၁) ရက်ကြေးသာဖြတ်တောက်ရန်၊ခွင့် တိုင်ပျက်ကွက်ခြင်းများနှင့်သတ် မှတ် အလုပ်ပိတ်ရက်များအတွက် လုပ်အားခ ဖြတ်တောက်ခြင်းမပြု ရန်။ယနေ့ ကုန်ဈေးနှုန်းအတိုင်း အတာအရ ရှားပါးစရိတ် ၃၀၀၀ ကျပ်ကို ၁၀၀၀၀အထိတိုးပေးရန်။ ပါကင်ကြေးကို မူလနှုန်းထားထက် တိုးမြှင့်ပေးရန်။ကျန်းမာရေးစောင့် ရှောက်မှုအနေဖြင့် လက်အိတ် များကိုလုံလောက်စွာထုတ်ပေးရန် နှင့်မိန်းကလေးသန့်စင်ခန်းများအား သန့်ရှင်းသပ်ရပ်စွာ တိုးချဲ့ပေးရန် နှင့် ကိုယ်လက်အင်္ဂါထိခိုက်မှု၊အ သက်ဘေးအန္တရာယ်ကာကွယ်ပေး မှုများကိုပြုလုပ်ပေးရန်။ဖူလုံရေး ကြေးကောက်ခံခြင်းပယ်ဖျက်၍ အလုပ်သမားဝန်ထမ်းအားလုံးအ တွက် စက်ရုံပိုင်ရှင်မှ ဖူလုံကြေးကို တာဝန်ယူရန်။မတရားဒဏ်ကြေး များကို လုံးဝပယ်ဖျက်ရန်။အလုပ် သမားတို့၏တရားဝင်ရသင့်ရထိုက် သော အခွင့်အရေးများကို လျစ် လျူရှု၍ စက်ရုံတွင် တဖက်သတ် သတ်မှတ်ထားသော စည်းကမ်း များကို ပယ်ဖျက်ရန်နှင့်စည်းကမ်း ချက်အချက်အလက်တို့ကိုသာ ထုတ်ပြန်ရန်တို့ဖြစ်သည်။
အလုပ်သမားအဖွဲ့ ဖွဲ့စည်း ခြင်းကိုလွတ်လပ်စွာ ဖွဲ့စည်းခွင့် ပြုရန်၊ဆန္ဒပြအလုပ်သမားများအပါ အ၀င် အခြားမည်သည့်ဝန်ထမ်း တစ်ဦးတစ်ယောက်ကိုမှအကြောင်း မဲ့အလုပ်ထုတ်ခြင်း ဌာနပြောင်း ရွှေ့ခြင်း၊လက်ရှိလုပ်ကိုင်နေသော ဆိုင်များတွင် ၀န်ထမ်းဦးရေကို လျော့ချခြင်းမပြုလုပ်ရန်။ ဇူလိုင် လ(၂၂)ရက်နေ့က တောင်းဆို လိုက်ကြောင်းသတင်းရရှိသည်။
HOT NEWS


Friday, July 20, 2012

သမ္မတဆုံးဖြတ်ချက်ကို အောင်သိန်းလင်း စိန်ခေါ်


ဧရာဝတီ အနာဂတ်အတွက် စိတ်မချရသေး၊ မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း ပြောကြား



သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထား မည်ဟု ဆိုသော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည် စတင် တည်ဆောက်သွားရမည် ဖြစ်ကြောင်း အာဏာရ USDP ပါတီ ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ် နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်း တွင် ဖြေကြား ပြောဆို သွားခဲ့ ပါသည်။
မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေး အဖွဲ့အစည်းများ သဘာဝပတ်ဝန်းကျင် ဆိုင် ရာ ပညာရှင်များနှင့် လူထုလူ တန်း စား အဖွဲ့အစည်းများ မီဒီယာ များနှင့် ပြည်သူအများအပြားက ဆန့်ကျင် ဝေဖန်မှုများ ပြုလုပ်အပြီး ပြည်သူ့ အသံကို နားထောင်ကာ သမ္မတက ၄င်း စီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သော သမ္မတ၏ ဆုံးဖြတ် ချက်အား ယခင် ရန်ကုန် မြို့တော်ဝန်ဟောင်းအငြိမ်းစားဗိုလ်မှူးချုပ်အောင်သိန်းလင်းကတွေ့ဆုံမေးမြန်းရာတွင်စိန်ခေါ်သွား ခဲ့ခြင်းဖြစ် ပါသည်။

ဦးအောင်သိန်းလင်းက "ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ် ချက် မ ဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ် ပါ ဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်" ဟု ဖြေကြားသွားပြီး

ယခု မြစ် ဆုံဆည်အား ပြန်တည်ဆောက်သင့်သလားဟု မေးမြန်းရာတွင် "ဆောက်ကို ဆောက်ရမှာပေါ့၊ ကျွန်တော်တို့ လျှပ်စစ် ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ " ဟု ဖြေကြားခဲ့သည်။

USDPပါတီ၏အဓိကအလုပ်အမှုဆောင်တစ်ဦးဖြစ်သောဦးအောင်သိန်းလင်းသည်NLDပါတီနှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်းပြင်ထန်ထန်ဝေဖန်သွားခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်အားလည်း " ကျွန်တော်သူ့ကို မယုံဘူး။ ကုလသမဂ္ဂ ကိုလည်းမယုံဘူး " ဟုဖြေကြား သွား ခဲ့ သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခြင်းမှာ " ကျွန်တော်တို့ပြည် သူတွေ အတွက်ကျွန်တော်တို့နိုင်ငံအတွက်လာတာမဟုတ်ဘူး။ဒီအမျိုးသမီး(ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်း သည် ) အတွက်လာတာ" ဟုဖြေကြားခဲ့ပါသည်။ ဦးအောင်သိန်းလင်းက EU နှင့် US အား " သူတို့ကို မယုံ ဘူး။ သူတို့က သူတို့လိုချင်တဲ့ ရုပ်သေးအစိုးရတင်ဖို့ ဂိုဏ်းဖွဲ့နေကြတာ " ဟုဆိုပါသည်။
ဒ်ါအောင်ဆန်းစုကြည်နှင့်NLDအပေါ်လူအများအပြားကလှိုက်လှဲစွာ ထောက်ခံနေကြခြင်း အပေါ် မေးမြန်း ရာ သူက" လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ် ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့ပါ " ဟု ပြောကြားခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရခြင်းနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းက " ကျွန်တော်တို့ သင်ခန်း စာတွေ ရတယ်။ လူထုနဲ့ အများကြီးဆက်ဆံရမယ်။ လူထုလိုအပ်ချက် ဆန္ဒတွေကိုသိရမယ် " ဟုဆိုပါ သည်။

သို့ရာတွင်မြန်မာနိုင်ငံရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်က မြစ်ဆုံဆည်တည်ဆောက်ရေးကို လိုလားခြင်း မရှိကြောင်းကို ဦးအောင်သိန်းလင်းအနေဖြင့်မသိကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦး က သုံးသပ်ပါသည်။ အဆိုပါသုံးသပ်သူက"သူတို့ထပ်နိုင်ရင် ဒီမြစ်ဆုံဆည်ကိုမဖြစ်မနေ ဆောက်မယ်လို့ဦးအောင် သိန်း လင်က ဆိုရင် ၂၀၁၅ အတွက် အဖြေက ထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင် မလိုတော့ပါ ဘူး" ဟု မှတ်ချက်ပြု ပါသည်။
USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဖြစ်သော ဦးအောင်သိန်းလင်း သည် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင် ခဲ့သူ ဖြစ်ပြီး အငြင်းပွားဖွယ်ရာ မဲရလဒ်ဖြင့် အနိုင်ရခဲ့သူဖြစ်ပါသည်။ အဆိုပါ အငြင်းပွားမှုမှာ ကြိုတင်မဲ အများအပြားဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ကာ လအတွင်း မဲဆွယ်စည်းရုံးရေးအတွက် လမ်းခင်းခြင်းများပြုလုပ်ရာ၌ ၄င်းသည် ပါတီငွေကြေးနှင့် ရန် ကုန်မြို့တော် စည်ပင်ငွေကြေးများကို ရောထွေးသုံးစွဲခဲ့သည်ဟု စွပ်စွဲဝေဖန်ခြင်းများကိုလည်း ခံခဲ့ရသူဖြစ် သည်။

Force relocation













ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ် ( ၅ ) ရပ်ကွက်အတွင်းရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပိုင်မြေအတွင်း လွန်ခဲ့သောငါးနှစ်ခန့်မှစ၍ ၀င်ရောက်နေထိုင်ကြသည့် ကျူးကျော်နေအိမ်တစ်ရာခန့်ကို ဇူလိုင်လ ၂၀ ရက်နေ့အပြီး ဖယ်ရှားရန် ညွှန်ကြားထား၍ ယနေ့နံနက်ပိုင်းက စတင်ဖျက်သိမ်းနေသည်ကို တွေ့ရစဉ်။

နင်းပြားတို့အတွက် ကျောတစ်ခင်းစာ

ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုန် အပိုင်း (၄) ရန်ကုန်-ပုသိမ် လမ်းမကြီးဘေး တစ်နေရာ။
ဦးမောင်ကြီးကဲ့သို့ မိသားစုအိမ်ခြေ တစ်ထောင်နီးပါး ယင်းနေရာတွင် နေထိုင်ကြသည်။
ယင်းမိသားစုတစ်ထောင်နီးပါး အတွက် ကံကြမ္မာဆိုးတစ်ခု ၂၀၁၂ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ရောက်လာခဲ့ပြီ ဖြစ်သည်။






ဦးသိန်းစိန်ကို ထိုင်းသတင်းစာက ပြင်းထန်စွာ ဝေဖန်'Only solution' unacceptable

မြန်မာသမ္မတ ဦးသိန်းစိန်သည် ဇွန်လ အတွင်းက သူ၏ ထိုင်းနိုင်ငံ ခရီးစဉ်ကို နှစ်ကြိမ် တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပြီးနောက် လာမည့် တနင်္ဂနွေနေ့တွင် သုံးရက်ကြာ ထိုင်းနိုင်ငံ ခရီးစဉ်ကို စတင်မည် ဖြစ်သည်။ ထိုစဉ်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်၏ မကြာသေးခင်က မှတ်ချက်များကို
သောကြာနေ့ထုတ် ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာ့ အာဘော်က ပြင်းပြင်းထန်ထန်
ဝေဖန်ခြင်းဖြင့် မြန်မာသမ္မတ ခရီးစဉ်အား ကြိုဆိုလိုက်သည်။

မူလက ဇွန်လ ၄ ရက်နေ့တွင် ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ် စတင်ရန် သတ်မှတ်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အရှေ့အာရှ ကမ္ဘာ့စီးပွါးရေးဖိုရမ် တွင်လည်း မိန့်ခွန်းပြောရန် စီစဉ်ခဲ့သေးသည်။ သို့ရာတွင် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ရန်နှင့် ထိုကွန်ဖရင့်တွင် မိန့်ခွန်းပြောကြားရန် အားတက်သရော ဖိတ်ကြားခဲ့ကြပြီးသည့် နောက်တွင်မူ သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြ ပြီး သမ္မတ ဦးသိန်းစိန်အနေဖြင့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါအောက်တွင် လွှမ်းမိုးခံရမည်ကို မလိုလားသဖြင့် ခရီးစဉ် ဖျက်သိမ်းလိုက်ကြခြင်း ဖြစ်ကြောင်း ထင်ကြေးများလည်း ထွက်ပေါ်ခဲ့သည်။

မြန်မာအစိုးရကမူ နိုင်ငံအတွင်းတွင် ထမ်းဆောင်ရန် တာဝန်များ ရှိနေခြင်းကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရခြင်း
ဖြစ်သည်ဟု ဆိုခဲ့သည်။ နောက်ပိုင်းတွင်လည်း နောက်ထပ် ခရီးစဉ် တခုကို ဖျက်သိမ်းခဲ့ပြန်သည်။

သမ္မတဦးသိန်းစိန် အနေဖြင့် ထိုင်းဝန်ကြီးချုပ် ယင်လပ် နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကာ ခေါင်းဆောင်နှစ်ဦးသည် လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ၂ဝ၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ နေရာကို မြန်မာနိုင်ငံက လက်ခံဆောင်ရွက်မည် ဖြစ်သည့် အတွက် ကြိုတင် ပြင်ဆင်ရေးများ အပါအဝင် မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးရေးများတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာတရပ် လက်မှတ်ရေးထိုးပွဲသို့လည်း တက်ရောက် ကြမည်ဖြစ်သည်ဟု ထိုင်းအရာရှိများက အစောပိုင်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အရာရှိတဦးသို့ ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန် မကြာသေးခင်က ပြောကြားခဲ့သည့် မှတ်ချက်ကို ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာ့ အာဘော်က သောကြာနေ့တွင် ပြင်းပြင်းထန်ထန် စိန်ခေါ် ထားခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ မှတ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ သိန်းနှင့်ချီသည့် ရိုဟင်ဂျာများအား ကုလသမဂ္ဂက လက်ခံရန် အကြံပေးခြင်း ဖြစ်သည်။ ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွါးကာ လူပေါင်း ၇ဝ ကျော် အသက် ဆုံးရှုံးခဲ့ရသည့် အပြင် အိုးအိမ်များနှင့် ပိုင်ဆိုင်မှုများ များစွာ ပျက်စီး ဆုံးရှုံးခဲ့ရပြီး နောက်တွင် သမ္မတက ကုလသမဂ္ဂ အရာရှိအား အကြံပေးခဲ့ခြင်း ဖြစ်သည်။

ဘန်ကောက်ပို့စ် အယ်ဒီတာ့ အာဘော်တွင် “မြန်မာနိုင်ငံနဲ့ သူတို့အစိုးရဟာ ၄၈ နှစ်လုံးလုံး ရက်စက် ကြမ်းတမ်းလှတဲ့ စစ်အာဏာရှင်စနစ် အပြီးမှာ ပြန်လည် အမီလိုက်ဖို့အတွက် သွားစရာခရီးတွေ အများကြီး ရှိနေသေးပါတယ်။ မကြာခင် က မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေဟာ အပြင်ပန်း စည်းလုံးညီညွတ်မှု မျက်နှာစာကြီး ကို ပြိုကျစေခဲ့ပါတယ်” ဟု ဆိုထားသည်။

“သမ္မတ ဦးသိန်းစိန်ရဲ့ မှတ်ချက်ဟာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ အစိုးရ တရပ်ဆီက ကြားရတဲ့ ခုတလောအတွင်း စိတ်ပျက်စရာ အကောင်းဆုံး မှတ်ချက်ပါပဲ” ဟု အယ်ဒီတာ့ အာဘော်က ဆိုသည်။

ဘန်ကောက်ပို့စ် အယ်ဒီတာ့ အာဘော်က ဆက်လက်၍ ဆိုထားသည်မှာ “သူ [သမ္မတ ဦးသိန်းစိန်] က ကုလသမဂ္ဂကို လွန်ခဲ့တဲ့ အပါတ်က ပြောခဲ့ရာမှာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ တသန်းနီးပါးရှိတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက လက်ခံ ကြိုဆိုမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ သူတို့ကို ဒုက္ခသည် စခန်းတွေမှာ နေရာချထားဖို့နဲ့ ပိုကောင်းတာကတော့
မြန်မာနိုင်ငံကနေ နှင်ထုတ်ဖို့ပါပဲလို့ ဆိုခဲ့ပါတယ်။ သူတို့ဟာ လူမျိုးအရလည်း အများစု ဗမာတွေနဲ့ ခြားနားနေပြီး ဘာသာရေးအရလည်း မူစလင်တွေ ဖြစ်ကြတယ်လို့ သမ္မတက ပြောခဲ့ပါတယ်။ တခုတည်းသော အဖြေကတော့ သူတို့ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို လွှဲပြောင်းပေးဖို့ ဒါမှမဟုတ် သူတို့ကို လက်ခံချင်တဲ့ တတိယ နိုင်ငံတွေမှာ သူတို့ကို အခြေချစေဖို့ပါပဲ လို့ သူက ဆိုပါတယ်” ဟု ရေးသားထားသည်။

ဘန်ကောက်ပို့စ် သတင်းစာက မြန်မာသမ္မတ ဦးသိန်းစိန်၏ အမြင်အား ထိုင်းအစိုးရက စောဒက တက်ပါရန် တိုက်တွန်း ထားသည်။

“ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှုနဲ့တကွ ပြဿနာတွေကို ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ ဆွေးနွေးသင့်ပါတယ်။ ထိုင်းနိုင်ငံ နဲ့ တခြားအိမ်နီးချင်း နိုင်ငံတွေဟာ ဒီလူတွေရဲ့ အတိဒုက္ခတွေကို သေသေချာချာ သတိထားမိပါတယ်” ဟု သတင်းစာက ဆိုသည်။

“မြန်မာ သမ္မတရဲ့ အံ့သြထိတ်လန့်စရာ ကောင်းတဲ့ မှတ်ချက်ကို မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ သေနတ်အောက်မှာ တကယ့်ကမ္ဘာနဲ့ နှစ်ပေါင်းများစွာ အဆက်ပြတ် အထီးကျန်နေခဲ့ရတဲ့အတွက် ခုလို ပြောမိတာလို့ ဆင်ခြေပေးလို့တော့ ရနိုင်ပါတယ်” ဟု ဘန်ကောက်ပို့စ်က ရေးသားထားသည်။

သမ္မတ ဦးသိန်းစိန် အနေဖြင့် သူပြောခဲ့သည့် စကားအတိုင်း အကောင်အထည်ဖော် လုပ်ဆောင်လာခဲ့လျှင်လည်း လက်ခံနိုင်စရာမရှိဟု အယ်ဒီတာ့ အာဘော်က ဆိုထားသေးသည်။

“မြန်မာနိုင်ငံဟာ ရှည်လျားပြီး အမှောင်ဖုံးလွှမ်းနေတဲ့ အကြမ်းဖက်မှု သမိုင်းကြောင်းကနေ ရုန်းကန်ပေါ်ထွက်လာနေ
တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅ဝ က စံနှုန်းတွေနဲ့ အလွန် ကွဲပြားခြားနားတဲ့ စံနှုန်းတွေနဲ့ ကမ္ဘာသစ်ထဲကို ဝင်ရောက်နေ တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ဦးသိန်းစိန်ရဲ့ မှတ်ချက်တွေကတော့ လူမျိုးရေးခွဲခြားမှု၊ မလိုမုန်းထားမှု၊ ခြိမ်းခြောက်မှု ဆန်နေပါတယ်။ သူတို့ကို စောဒကတက် ဝေဖန်မှုတွေ ရှိသင့်ပါတယ်” ဟု ထိုင်းနိုင်ငံထုတ်ဘန်ကောက်ပို့စ်
သတင်းစာ အယ်ဒီတာ့အာဘော်က ရေးသားထားသည်။


Myanmar President Thein Sein has finally fixed the dates of his first official visit to Thailand. The country will welcome the leader of our western neighbour for three days beginning on Sunday.
The lead-up to Thein Sein's trip was confusing, to say the least. Twice, he was supposedly coming, and twice he did not arrive.

The delays to the trip were curious, made even more so because of the unconvincing effort by both nations to claim that nothing was wrong. Clearly, the delays in Thein Sein's trip had a reason. Because of the official secrecy, there has been intense speculation that the warm welcome given to the unofficial and popular opposition leader Aung San Suu Kyi was the reason.

Whatever the recent past, Thein Sein comes to Thailand as the head of a government which has made impressive reforms in the past eight months. The world's biggest companies now are lining up to look over investment opportunities. Last week, the giant General Electric re-opened US business in Myanmar with the sale of X-ray machines.

But the country and its leader still have a long way to travel to catch up on its 48 years as a cruel, violent military dictatorship. The recent ethnic clashes in western Myanmar have thrown off the facade of a united country. President Thein Sein uttered some of the most distressing statements heard from a reform government in recent memory.

He told the United Nations last week that the million Rohingya people in Rakhine (formerly known as Arakhan) state are simply not welcome in Myanmar. They would be placed in camps or, preferably, deported. They are ethnically different from the Burman majority, and they are religiously Muslim, he said. The "only solution" is to hand them over to the United Nations High Commissioner for Refugees or resettle them in third countries that are willing to take them.

"Burma will take responsibility for its ethnic nationalities but it is not at all possible to recognise the illegal border-crossing Rohingyas who are not an ethnic [group] in Burma," said Thein Sein according to his office's website.

These are not tough words, but unacceptable ones. The Rohingya _ the word itself was invented and introduced during the military regimes _ have rights, too. They may have migrated into Myanmar at one time, but most were born in the western provinces of the country. Thein Sein may consider them as a nuisance, but the solution is for Myanmar to adapt to its circumstances.

The existence and problem of Rohingya should be raised during Thein Sein's visit. Thailand and other neighbours are all too aware of the plight of these people. Many have fled their homeland in Myanmar, and used Thailand as a stepping stone to travel further abroad. They have found no welcome in Thailand _ to the occasional shame of our officials _ but the root of the problem lies in Myanmar.

The shocking language of the Myanmar president may be excused briefly after his country's long isolation from the real world, enforced at the army's gunpoint. But Thein Sein must be disabused of the notion that he will find sympathy, let alone help as he seeks a solution to his problem with Myanmar people. If his words are disagreeable, he must know that any action to back them up will be unacceptable.

Myanmar is emerging from a long, dark history of violence. It is entering a new world, with norms that are quite different from 50 years ago. Thein Sein's statements about the Rohingya appear racist, malicious and threatening. They must not stand unchallenged.


BANGKOK POST