Friday, June 29, 2012

Return home and problem later for NLD



 
ဥရောပခရီးစဉ်မှပြန်လည်ရောက်ရှိလာမည့် ပြည်သူခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား လူပေါင်းများစွာမှ မင်္ဂလာဒုံလေဆိပ်နှင့် သူမ၏ အိမ်သို့ သွားရာလမ်းတဖက်တချက်တွက် စောင့်ဆိုင်းကြိုဆိုနေကြသည်။ 
 
သို့သော်သူမအဖို့ ဥရောပခရီးစဉ်တလျောက်တွင် မြန်မာ ဟု သုံးနှံန်းပြောဆိုရမည့်အစား ဘားမာ ခေါ် ဗမာဟု သုံးနှံန်းခဲ့သည့်အတွက် ရွေးကောက်ပွဲကော်မရှင်မှ တရားစွဲဆိုရန် အဆင်သင့်ဖြစ်နေပြီဟု နေပြည်တော်မှ သတင်းရရှိသည်။ သမ္မတ၏ အကြံပေး ဦးကိုကိုလှိုင်ကတော့ ကျနော်တို့ သမ္မတရုံးသို့ ရွေးကောက်ပွဲကော်မရှင်မှ ဒေါ်အောင်ဆန်စုကြည်အား ဥရောပခရီးစဉ်တွင် တိုင်းပြည်၏ နာမည်ကို လွဲမှားစွာ အသုံးပြုခဲ့သည့်ကိစ္စနှင့် ပတ်သက်သော ကန့်ကွက်သည့် စာတစောင်ပေးပို့ခဲ့ပြီး သမ္မတရုံး ပြောေ၇းဆိုခွင့်ရှိသူ ဦးရဲထွတ်မှာ ဘီဒီအန်သို့ အတည်ပြုပြောကြားသည်။

Thursday, June 28, 2012

Losing lands more than 12,000 Acares


ပြင်ဦးလွင်မြို့နယ်မှ လယ်ယာမြေများအား ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအား နိုင်ငံတော်က သီးစားချထားပေးခြင်းကြောင့် ထိုမြေများတွင်စိုက်ပျိုးလျက်ရှိသော တောင်သူလယ်သမားများ အနေဖြင့်လုပ်ကွက်များ ပျောက်ဆုံးလျက်ရှိကြောင်း လယ်သမားအရေးဆောင်ရွက်ပေးသူများထံက သိရသည်။



ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မီးသွေးဖို၊ ပိန္နဲကုန်း၊ ညောင်ကန်၊ အောင်ချမ်းသာ၊ရေကျန်စသည့် ကျေးရွာများ အပါအ၀င်ကျေးရွာ(၃၀)၀န်းကျင်မှ လယ်သမား (၂၀၀၀)ကျော်က စိုက်ပျိုးမြေဧက (၁၂၀၀၀)ကျော်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။



“ဒီပြင်ဦးလွင်မြို့နယ်ထဲမှာကို ရွာသုံးဆယ်ဝန်းကျင်လောက်ရှိပါတယ် မြေတွေဆုံးရှုံးတာ၊ ကျွန်တော်တို့ကလည်း
သူတို့ကို သင်တန်းတွေပို့ချတယ် ကိုယ့်မြေကို ဘယ်နည်းလမ်းနဲ့ပြန်ယူရင်ရမလဲ ဆိုတာတွေ လမ်းကြောင်းပေး
တယ်” ဟု ပြင်ဦးလွင်စိမ်းလန်းမှ ကိုစည်သူကပြောသည်။



တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရန်ဆုံးရှုံးသွားသော မြေဧကများမှာ အများဆုံး ဧက(၆၀၀) မှ အနည်းဆုံး ဧက (၂၀) အထိရှိပြီးပါဝင်ကြောင်းကိုလည်း သိရှိရသည်။

“သူတို့အနေနဲ့ ဒီလိုဆုံးရှုံးသွား တဲ့မြေတွေကို ပြန်ရနိုင်ပါတယ်၊ မြေခွန်ဆောင်ထားတာတို့ ၊ လုပ်ကိုင်ခွင့်ပြန်လည်လျှောက်ထားတာတို့ပေါ့၊ ဒီမှာအဲ့လိုနစ်နာတဲ့မြေတွေက ကုမ္ပဏီတို့ တစ်သီးပုဂ္ဂလတို့ စီမံကိန်းတို့ကြောင့်ပါ” ဟု လယ်ယာမြေကိစ္စများအားဆောင်ရွက်ပေးလျက်ရှိသည့် အထက်တန်းရှေ့နေတစ်ဦးဖြစ်သူ ဦးမြင့်ဆွေကပြောသည်။



တောင်သူများအနေဖြင့် ထိုကဲ့သို့ မြေယာများနစ်နာခြင်းကြောင့် အချို့ရွာများတွင် လာမည့်နှစ်အတွက် စပါး
စိုက်ပျိုးရန် နောက်ကျမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းကိုလည်း သိရသည်။



“တောင်သူတွေရဲ့မြေတွေက အသိမ်းခံရတာတို့၊ နိုင်ငံတော်ကနေ ကုမ္ပဏီကို ချပေးတာတွေနဲ့ စီမံကိန်း
တွေ အဲ့ဒါတွေပါ၊ သီးစားအခွန်ရှိတဲ့လူတွေလည်း ရှိတယ် ကျွန်တော်တို့အနေနဲ့အဲ့ဒါတွေကို တရားသူကြီးတို့
ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ စီစဉ်တင်ပြတော့ ပြန်ရတဲ့လူတွေလည်း ရကြပါတယ်” ဟု
ပြင်ဦးလွင်မြို့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟ ကပြောသည်။



တောင်သူများအရေးကိစ္စနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးများသို့ တင်ပြရာ၌ ကျေးရွာအနည်းငယ်မှ တောင်သူအချို့သာ နားလည်မှုဖြင့် လယ်စိုက်ခွင့် ပြန်လည်ရရှိခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

ထိုကဲ့သို့ ပြင်ဦးလွင်မြို့နယ်တွင်းတွင် လယ်ယာမြေအသိမ်းခံရခြင်းမှာ ၂၀ရာစုနှောင်းပိုင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ ဖြစ်ပေါ်လျက်ရှိကြောင်းကိုလည်း ဒေသခံများကဆိုသည်။


သမိုင်းချောင်း စံချိန်တင်ရေကြီးတိုက်စားမှု ဖြစ်ပေါ် ၊ လူနေတိုက်ခန်း(၄) ခန်း ပြိုလဲ

သမိုင်းချောင်း စံချိန်တင်ရေကြီးတိုက်စားမှု ဖြစ်ပေါ် ၊ လူနေတိုက်ခန်း(၄) ခန်း ပြိုလဲ


မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နှစ်ပေါင်း ၅၀ အတွင်း သမိုင်းချောင်း စံချိန်တင်ရေကြီးတိုက်စားမှု ဖြစ်ပေါ်ခဲ့ပြီး ဇွန်လ ၂၈ ရက် နံနက် ၂ နာရီခန့်က အနီးအနားရှိ လူနေတိုက်ခန်း(၄) ခန်း ပြိုလဲကာ သက်ကြီး ရွယ်အို ဒုက္ခိတများအား ဘေးလွတ်ရာသို့ အရေးပေါ်ရွေ့ပြောင်းခဲ့ရကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ အရပ်သို့ ကယ်ဆယ်ရေးကျွမ်းကျင်သူများသည် အချိန်မီရောက်ရှိ လာခဲ့ကြပြီး လူတစ်ဦးတစ်ယောက်မျှ ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိသော်လည်း ပြိုလဲသွားသည့် တိုက်ခန်းများနှင့် စပ်လျဉ်း၍ တန်ဖိုးငွေကျပ် သိန်း(၉၀)ကျော် ဆုံးရှုံးခဲ့ကြောင်း ယင်းတိုက်တွင်နေထိုင်သူ ကိုကျော် ၀ဏ္ဏ ကပြောသည်။

မရမ်းကုန်း လူသတ်မှုဖြစ်ပွား Murder in Mayangone Township, Yangoon


ဖြစ်ပွားခဲ့သည့်နေရာမှာ မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက် မိသားစုလမ်း အိမ်အမှတ် ၂၅ဘီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နယ်မြေခံရဲတပ်ဖွဲ့အပါအ၀င် ရန်ကုန်တိုင်းဒေသကြီး ဒုစရိုက် နှိမ်နင်းရေးအဖွဲ့မှ တရားခံကိုဖမ်းမိနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ် တိုက်ပြိုကျမှုဖြစ်ပွားရာ ရပ်ကွက်အနီးတွင် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ် ခံရမှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။ အသတ်ခံရသူမှာ မပိုးပိုးမွန် ဖြစ်ပြီး ၀မ်းဗိုက် လည်ပင်းနှင့်ပေါင်တို့တွင် ထိုးသွင်း ဒဏ်ရာ များဖြင့်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ကလေးမလေးက ဒီနေ့ မနက် ၉ နာရီခွဲလောက်က အိမ်ကို တစ်ယေက်တည်း စက်ဘီးစီးပြီးတော့ပြန်လာ တာပါ။ နောက်၄၅မိနစ်လောက်ကြာတော့ သူရဲ့အမေ၊အဖေတွေ ပြန်လာပြီး သူတို့သမီးလေး ဒီလိုဖြစ်တာ ကိုတွေ့ရတာပါ " ဟု ယင်းပတ်ဝန်းကျင် အနီးတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ရန်ကုန်တိုင်း(မ်) ဂျာနယ် သို့ ပြောကြား သည်။

သေဆုံးသူ စီးနင်းလာသော စက်ဘီး ၊ ဆွဲကြိုး နှင့် နားကပ် တစ်ဖက်မှာမူ ပျောက်ဆုံးလျက်ရှိကြောင်း သေဆုံးသူ၏ အဒေါ်ဖြစ်သူက ပြောသည်။ အခင်းဖြစ်ပွားချိန်တွင် မိုးသည်းထန်စွာရွာသွန်းနေသဖြင့် ပတ်ဝန်းကျင်မှ လူအများမှာ အဆိုပါဖြစ်ရပ်ကို သိရှိခြင်း မရှိခဲ့ကြောင်း သိရသည်။
Note

§  တရားဥပဒေ စိုးမိုးမှု မရှိသေးတာ ကြောက်စရာပဲ။ ကိုယ့်အိမ်တောင်ရဲရဲမနေရဲ လောက်အောင်ပါပဲ မြို့လယ်ခေါင်ကြီးမှာ...

Wednesday, June 27, 2012

5000 ktats worth phone carton

ဒေသတွင်းစစ်ပွဲများကြောင်ဘိန်းစိုက်ပျိုးမှုမြင့်တက်လာ Poppy plantation business is going up because of civil war







“ဇစ်မြစ်ကို သွားရှာလိုက်လို့ရှိရင် နိုင်ငံရေးကိုပဲ ကျွန်တော်တို့ တွေ့ရမှာပေါ့နော်။ ကျွန်တော်တို့ တိုင်းပြည်မှာကြတော့ အမြင်မတူရင် ရန်သူဆိုတဲ့အမြင်က ရှိနေတဲ့အခါကြတော့ အဲ့ဒီအမြင်နဲ့ သူတို့ရဲ့ နိုင်ငံရေးရန်သူတွေကို သူတို့တိုက်ဖျက်ဖို့ ဒါကို ပိုပြီးတော့ အလေးထားလာတယ်၊ဒီလိုမျိုး အလေးထားလာတဲ့အခါကြတော့ မူးယစ်ဆေးဝါးက သူတို့ကအရင်ဦးစားပေးပြသာနာ မဟုတ်တော့ဘူး တတိယ စတ္တုထ ဦးစားပေးလောက်ပဲဖြစ်နေတယ်၊ အဲ့ဒါကြောင့်မိုလို့ အခုထိ မဖြေရှင်းနိုင်ဘူးဖြစ်တယ်”ဟု ဦးခွန်ဆိုင်းက လက်ရှိအစိုးရသစ်အနေနှင့်လည်း ဘိန်းစိုက်ပျိုးမှု ပပျောက်ရန် နိုင်ငံရေးဖြေရှင်းမှုများအမြန်ဆုံးလုပ်ဆောင်ကာ ပထမ ဦးစားပေးအနေဖြင့်ဖြေရှင်း သင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။



လက်ရှိအစိုးရသစ်အနေနှင့်လည်း ဘိန်းစိုက်ပျိုးမှုတွေ လုံးဝပပျောက်စေရန် လက်နက်ကိုင်တစ်ဖက် နှင့်တစ်ဖက်ရန်သူလို သဘောမထားကြပဲ နိုင်ငံရေးဖြေရှင်းမှုများအမြန်းဆုံးလုပ်ဆောင်၍ မူးယစ်ဆေး
ဝါးပပျောက်ရေးအား ပထမ ဦးစားပေးအနေဖြင့် လုပ်ဆောင်သင့်ကြောင်းကိုလည်း ဦးခွန်ဆိုင်းက ပြောသည်။
ဦးခွန်ဆိုင်သည် ရှမ်းပြည်နယ်အတွင်းက မူးယစ်ဆေးဝါးအရေးကို နှစ်ပေါင်း (၃၀)ကျော်လေ့လာ မှတ်တမ်းပြုစုခဲ့သူ တစ်ဦးဖြစ်ပြီး နှစ်စဉ် စစ်တမ်းကောက်ယူ၍အစီရင်ခံစာထုတ်ပြန်ခဲ့သူဖြစ်သည်။
မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့မှ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်သျှမ်းပြည်နယ်အတွင်းစစ်တမ်းကောက် ချက်အရအစိုးရ၏ (၁၅)နှစ် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးစီမံကိန်းသည် အောင်မြင်မှုမရှိကြောင်း ကိုလည်း အစီရင်ခံစာတွင် ဖော်ပြရေးသားထားသည်။


Car market in Myanmar


လက်ရှိ အချက်အလက်များကို ကြည့်ရှုခြင်းဖြင့် ကားမူဝါဒများ မကြာခဏ ပြောင်းလဲမှုမှာ အများပြည်သူအတွက်ဟု ခေါင်းစဉ်တပ်ထားသော်လည်း အမှန်တကယ်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးထက် လူတစ်ဦးချင်း အသုံးပြုနိုင်မှုကိုသာ လွယ်ကူစေရန် ပြောင်းလဲ ပေးခဲ့သည့် ပုံစံမျိုးဖြစ်ပေါ်နေသည်ဟုလည်း သုံးသပ်ကြသည်။

ကားတင်သွင်းခွင့်ပြုခဲ့သည်မှ ယနေ့အထိ ကိုးလတာကာလအတွင်း ဘတ်စ်ကားသစ်၊ တက္ကစီအသစ်များ တင်သွင်းအသုံးပြုနိုင်မှု နည်းပါးသည့်ဒဏ်ကို ရန်ကုန်မြို့နေပြည်သူများ နေ့စဉ်ခံစားနေရပြီဟုလည်း ထောက်ပြခဲ့ကြသည်။


ပြောင်းလဲပြင်ဆင်ထားသည့် မူဝါဒများအရ ကားတင်သွင်းရာတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကားအမျိုးအစား တင်သွင်းနိုင်မှု မရှိသလောက်နည်းပါး တင်သွင်းမှု စုစုပေါင်း၏ ၉၂ ရာခိုင်နှုန်းမှာ အိမ်စီးကားများသာဖြစ်ပြီး ဘတ်စ်၊ တက္ကစီ တင်သွင်းမှု ၃ ရာခိုင်နှုန်းပင် မပြည့်

ကားဟောင်းအပ်ကာ ကားသစ် အစားထိုး တင်သွင်းခွင့်ပြုသည့် အချိန်မှစ၍ ယခု ဇွန်လနောက်ဆုံးပတ်ထိ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည့် ကားအစီးရေ ၅၀၀၀၀ ၀န်းကျင်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အသုံးပြုမည့် ကားအမျိုးအစား တင်သွင်းနိုင်မှုမှာ မရှိသလောက် နည်းပါးကြောင်း သတင်းရရှိပါသည်။


Tuesday, June 26, 2012

Cooking oil industries in Myanmar will end soon


·         မန်မာနိုင်ငံ ရှိ ဆီစက်များအားလုံး မကြာမီ ထုတ်လုပ်မှု ရပ်ဆိုင်းသွားဖွယ်ရှိ

ရန်ကုန်၊

မြန်မာနိုင်ငံ ရှိဆီစက်များ အားလုံး လာမည့် ဇူလိုင်လအတွင်း ကုန်ကြမ်းအခက်အခဲကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းသွားဖွယ်ရာရှိကြောင်း အထက်မြန်မာပြည် ဆီကုန်သည်များအသင်း ဥက္ကဌ ဦးကိုကြီး က ပြောကြားသည်။

မြေပဲဆန်ကုန်ကြမ်းပြတ်လပ်သွားသည့် အတွက် မြေပဲဆန်ကုန်ကြမ်းအဓိကထွက်ရှိရာ ဈေးကွက်တစ်ခုဖြစ်သော မန္တလေးတိုင်းဒေသကြီး အပါအ၀င် မြန်မာတစ်ပြည်လုံးရှိ ဆီစက်လုပ်ငန်း ၉၀ရာခိုင်နှုန်းခန့် လုပ်ငန်းရပ်ဆိုင်းလျက်ရှိကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။

မြေပဲဆန် တရားဝင် တင်ပို့ခွင့် ပြုပြီးနောက်ပိုင်း တရုတ်စီးပွားရေးလုပ်ငန်းရှင်များ သည် မြန်မာမြေပဲဆန်များကို ပြည်တွင်း ဆီစက် လုပ်ငန်းရှင်များ မလိုက်နိုင်သည့် ဈေးများပေးကာ အပြိုင် ၀ယ်ယူခဲ့ကြောင်း ၊ တရုတ် လုပ်ငန်းရှင်များသည် ပထမပိုင်းတွင် မြေပဲလုံးဆန်များကိုသာ ရွေးချယ် ၀ယ်ယူခဲ့သော်လည်း နောက်ပိုင်း၌ ဆီစက်လုပ်ငန်းများ ၏ အဓိက ကုန်ကြမ်း မြေပဲဆီဆန်များကိုပါ လိုက်လံ ၀ယ်ယူခဲ့ရာ ဈေးကွက် အတွင်း ၌ မြေပဲကုန်ကြမ်း လုံးဝ ပြတ်လပ်သွားပြီ ဖြစ်သည့်အတွက် မန္တလေးတိုင်း ဒေသကြီး ၌ ပန်းနှမ်း နှင့် နှမ်းဆီကြိတ်သည့် စက်များသာ လည်ပတ်မှု ရှိတော့ကြောင်း ဦးကိုကြီး က ပြောကြားသည်။

သူတို့ လုံးဆန်ဝယ်တဲ့အချိန်မှာ ပြည်တွင်း က ပထမတန်းစားစက်တွေ က သူတို့ နဲ့ အပြိုင် လိုက်ဝယ်လိုက်သေးတယ်။ ကျန်တဲ့ စက်တွေကတော့ သူတို့မ၀ယ်တဲ့ ရွေးကျ နဲ့ ဆီဆန်ကိုပဲ ၀ယ်သုံးရတာပေါ့။ နောက်ပိုင်း ဆီဆန်တွေပါ လိုက်ဝယ်လာတော့ ရွေးကျတောင် ထွက်မလာတော့ဘူး။ မန္တလေး လို ကုန်ကြမ်း အဓိက ထွက်တဲ့နေရာတောင် လွန်ခဲ့ တဲ့ တစ်လလောက်ကတည်းက စက်တွေ ရပ်သွားတာ ။ နောက်လ ဆိုရင်တော့ ဆီစက်အားလုံး ရပ်ပြီ။ ဟု ဦးကိုကြီး က ဆိုသည်။

မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင်လည်း ဆီစက်အားလုံး နီးပါးခန့် လည်ပတ်မှု ရပ်ဆိုင်းလျက်ရှိရာ စက်ငယ်ပြီး ကုန်ကြမ်းသိုလှောင်မှု အားကောင်းသည့် လုပ်ငန်းငယ်အချို့သာ စက်လည်ပတ်မှုရှိတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် ဧရာဝတီမြေပဲဆီစက်လုပ်ငန်းရှင် ဦးခင်စိုး က ပြောကြားသည်။

ပြည်တွင်းပဲဈေးကွက်များအတွင်း မြေပဲဆန် ကုန်ကြမ်းပြတ်လပ်သွားသည့်အတွက် ဆီဈေးကွက် ၌ မြေပဲဆီပေါက်ဈေးသည် မေလ ဒုတိယပတ်ခန့် က တစ်ပိဿာ ကျပ် ၄,၀၀၀ကျပ်ခန့် ဈေးပေါက်ခဲ့ရာ မှ တဖြည်းဖြည်းမြင့်တက်လာရာ ဇွန်လ တတိယပတ် ခန့် က မြေပဲဆီ တစ်ပိဿာ ပေါက်ဈေးသည် ၄,၇၀၀ ကျပ် ခန့်ထိ ဈေးမြင့်တက်လာကြောင်း ၊ လက်ရှိကြုံတွေ့နေရသည့် ကုန်ကြမ်းအခက်အခဲများသည် လာမည့် သြဂုတ်လပိုင်း မြေပဲသစ်ပေါ်ချိန်ရောက် မှသာ ပြေလည်သွားနိုင်ကြောင်း ဦးခင်စိုးကပြောကြားသည်။

မြန်မာ နိုင်ငံ တစ်ဝှမ်းလုံးတွင် ပိဿာ ၁၁၀ ပါ ဆီ ၂ ပီပါ မှ ပီပါ ၂၀၀ ကျ ဆီစက်ပေါင်း ၃,၀၀၀ခန့်ရှိကြောင်း ဆီစက်လုပ်ငန်းရှင်များ ထံမှစုံစမ်းသိရှိရသည်။

မြေပဲဆန် အပါအ၀င် ဆီထွက်သီးနှံ အချို့ ကို ပြီးခဲ့သည့် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ် အတွင်း က ပြည်ပသို့ တရားဝင် တင်ပို့ခွင့်ပြုခဲ့ကြောင်း ၊ မြန်မာနိုင်ငံ ၏ တစ်လ စားသုံးဆီ လိုအပ်ချက်သည် တန်ချိန် ငါးသောင်းခန့် လိုအပ်မှုရှိရာ ပြည်ပ မှ စားအုန်းဆီ တန်ချိန် သုံးသောင်းခန့် တင်သွင်းပြီး ကျန် တန်နှစ်သာင်းကို ပြည်တွင်း မြေပဲဆီ ၊ နှမ်းဆီ နှင့် တရားမ၀င် ၀င်ရောက်လာသည့် ဆီများကို သုံးစွဲရလျက် ရှိကြောင်း ပြည်တွင်း ဆီဈေးကွက် အတွင်း မှ စုံစမ်း သိရှိရသည်။

Top of Form



Monday, June 25, 2012

News from facebook


.
သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ တထောင်တန် ပါးရိုက်မှု ငြိမ်သွားချိန်မှာ အခုတခါ အဆိုတော် မျိုးကျော့မြိုင်ရဲ့ လက်ရောက် ကျူးလွန်မှု ဆိုပြီး facebook စာမျက်နှာတွေပေါ် တက်လာပြန်ပါပြီ။
ကင်ဂျုံအီးလ် ဝတ်စုံနဲ့ မျိုးကျော့မြိုင် (ဓာတ်ပုံ - ဧရာဝတီ)၊ မျိုးကျော့မြိုင်ရဲ့ ထိုးနှက်ချက်ကို ခံခဲ့ရတဲ့ မောင်ဟိန်းမင်းသူ (ဓာတ်ပုံ - RFA)
မျိုးကျော့မြိုင်ရဲ့ ဒီအမှုက ဘယ်လောက်တန် မှန်းတော့မသိရ သေးပါဘူး။ မောင်ဟိန်းမင်းသူလို့ အမည်ရတဲ့ ၁၅ နှစ်အရွယ် အိမ်အကူ အလုပ်သမား ယောက်ျားလေးတဦးကို မျိုးကျော့မြိုင်က ပိုက်ဆံခိုးတယ်လို့ စွပ်စွဲပြီး ထိုးကြိတ်ခဲ့တယ်လို့ သိရပါတယ်။
မောင်ဟိန်းမင်းသူကို RFA သတင်းဌာနက မေးမြန်းထားတဲ့ မေးမြန်းချက်နဲ့ ထိုးကြိတ်ခံထားရလို့ ဒဏ်ရာရထားတဲ့ ဒီလူငယ်လေးရဲ့ ဓာတ်ပုံဟာ ဖေ့ဘုတ် စာမျက်နှာထက်မှာ ပျံ့နှံ့နေတာပါ။
ထိုးကြိတ်ခံရတဲ့ အလုပ်သမား ဘက်က မရမ်းကုန်းမြို့နယ်တရားရုံးမှာ တရားစွဲဆို အမှုဖွင့်ထားတယ် လို့လည်း သိရပါတယ်။
မျိုးကျော့မြိုင်က RFA  သတင်းဌာနကို ဒီကိစ္စ မမှန်ကန်ကြောင်း ပြန်လည်ငြင်းဆန် ဖြေဆိုထားပါတယ်။

Uncertainty still rules in Myanmarမြန်မာပြည်အား မသေခြာမရေရာသေးသည့် အနေထားဖြင့် အုပ်ချုပ်နေဆဲဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ဖေါ်ပြထား


Thais and foreign investors should prepare for uncertainty in Myanmar over the next couple of years, although some positive outcomes can be expected from the ongoing reforms, say Myanmar and international analysts.

Legislation in the works includes a new banking bill that will allow full branches of foreign banks in the next year or two, plus a new labour law.

A new foreign investment law coming next month will extend the period for tax holidays.

"We have lots to do within a few years," said Soe Win, managing director of the Yangon-based consultancy Myanmar Vigour Co.

The ongoing reforms, which are aimed at upgrading procedures and cutting the time for business procedures in Myanmar, will benefit foreign investors.

Soe Win spoke to members of the American Chamber of Commerce in Thailand on Friday. The half-day programme discussed strategies for investing in Myanmar.

Michael McGee, the commercial counsellor at the US embassy in Bangkok, said rules will change constantly there over the next four or five years.

"It is important to know whom you do business with and how," he said, adding that inadequate infrastructure in Myanmar is a problem for doing business there.

"Make sure you've got a good lawyer and get good advice," said Mr McGee, encouraging US companies to start "cautiously" by exploring business opportunities and building contacts.

US Secretary of State Hillary Clinton announced in mid-May the suspension of bans on US financial transactions and investment in Myanmar. As of last year, US trade with Myanmar amounted to US$48 million, said Mr McGee.

James Finch, a partner in the law firm DFDL, said having the right partner is important to deal with the risks of doing business in Myanmar.

Foreign direct investment in Myanmar totalled $40 million last year, 85% of which involves power, oil and gas.

The US-based Chevron has operated in Myanmar, partly under Unocal, for 20 years as a partner in the Yadana offshore gas field, with France's Total the operator.

The new foreign investment law will extend the tax holiday period to five years from three, said Mr Finch.

By reforming its sanctions against Myanmar, Washington took a significant step to normalising relations with Myanmar. The US Treasury Department will license certain types of investment in financial services for US businesses in Myanmar.

Bad roads for nation တိုင်းပြည်အတွက် လမ်းဆိုးများ





ဒေသခံတွေအနေနဲ့ လမ်းမကောင်းတော့ သီးနှံတွေစိုက်ပြီး ဈေးကွက်တင်ပို့ဖို့အတွက် ခက်ခဲ နေကြတယ်၊ ။ ဒေသတွင်း စိုက်ထားတဲ့ ဆိုင်းဘုတ်တွေမှာ “ထွက်ကုန်သီးနှံသယ်ပို့ရန် မြို့ရွာတို့ ရောက်လမ်းတွေ ဖောက်”ဆိုတာနဲ့တော့ တော်တော်လေး မကိုက်ညီ သလိုဖြစ်နေတယ်။ လမ်းပဲဖောက်တာ လမ်းခင်းဖို့ ပြုပြင်ပေးဖို့ လုပ်ပေးတာတော့ မတွေ့ရသေးဘူး”ဟု မင်းလှမြို့မှ ကိုမင်းခန့်က ပြောသည်။



“လမ်းတွေ မကောင်းတာနဲ့ တင်ပို့လို့မရတော့ ဒေသမှာ ဆန်အ၀င် နည်းလာတယ်။ ဆန်ဈေးကလည်း တစ်ဗူး ကို ကျပ် ၅၀၀ဖြစ်လာတော့ ၀ယ်မစားနိုင်တဲ့သူတွေလဲ ရှိနေတယ်”ဟု ကချင်ပြည်နယ် နောင်မွန်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

·         လက်ရှိတွင် ပူတာအိုအထက် နောင်မွန်းမြို့နယ်၌ ဒေသထွက် ဆန်တစ်ဗူးလျှင် ကျပ် (၅၀၀) အထိမြင့်တက် နေပြီး ၂၄ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျပ် (၉)သောင်းကျော်ထိ ဈေးရှိပြီး ပူတာအိုမြို့တွင်လည်း လက်ရှိ ဆန် နို့ဆီဗူး(၃)ဗူးလျှင် ကျပ် (၁၀၀၀) ထိ ဈေးရှိသည်။

·         အဆိုပါဒေသများ၌ မေလပိုင်းတွင် ဒေသထွက်ဆန်တစ်အိတ်လျှင် ကျပ် (၅)သောင်းရှိခဲ့ရာမှ ယခုဇွန်လကုန်ပိုင်း တွင် ကျပ် (၉)သောင်းကျော်သို့ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

·         “အခုလမ်းကလည်း မကောင်းဘူး၊ ကုန်တင်ပို့ရတာ အဆင်မပြေတော့ ကုန်ကားတွေလဲ မဆွဲတော့ဘူး။ အဲဒါ ကြောင့် ဒေသတွင်းမှာရှိတဲ့ စားသောက်ကုန်တွေ ပြတ်လပ်ပြီး အ၀င်မရှိတော့ဘူး။ ဒေသထွက် ဆန်တွေက လည်း မလုံလောက်တော့ ဒေသခံတွေအနေနဲ့ စားသောက်ဖို့အတွက်ကို စိုးရိမ်နေရတဲ့ အနေအထားထိဖြစ်လာတယ်။ အခုဆိုရင် ဘိလပ်မြေလည်း တစ်အိတ်ကို ကျပ် ၅သောင်းလောက် ပေးနေရတယ်”ဟု ပူတာအိုမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူက ပြောသည်။

·         ပူတာအိုခရိုင်ဖြစ်သည့် ခေါ်ဘူဒဲမြို့နယ်၊ ဆွမ်ပရာဘွမ်၊ နောင်မွန်းမြို့နယ်၊ ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့နယ် တို့တွင် မြစ်ကြီးနားမြို့နယ်မှ မော်တော်ယာဉ်လမ်းကြောင်းနှင့် လေကြောင်းလိုင်းများဖြင့်သာ သွားလာနိုင်သည်။

·         ယခု မိုးတွင်းတွင်မူ မော်တော်ယာဉ်လိုင်းများ သွားလာနိုင်ခြင်းမရှိတော့သဖြင့် လေကြောင်း တစ်ခုတည်းကိုသာ အားကိုးနေရသည့်အတွက် ယခုကဲ့သို့ ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

·         အဆိုပါဒေသများတွင် ဆန်ဈေးကွက်မြင့်တက်လာခြင်းမှာ သွားလာမူအခက်အခဲများကြောင့် ကုန်စည်တင်ပို့ရာ တွင်လေယာဉ်များ အား ပြောင်းလဲအသုံးပြုရခြင်းကြောင့် ဆန်ဈေးနူန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ပူတာအိုမြို့ခံတစ်ဦးကဆိုသည်။

·         “ကျွန်မတို့ဆီမှာ အခုမိုးရာသီမှာ စပါးကလည်း စိုက်လို့မရဘူးဆိုတော့ စပါးအထွက်လည်း နည်းမယ်။ နောက်ဒေသခံတွေ စားဖို့အတွက် တော်တော်လေး အခက်အခဲဖြစ်နိုင်တယ်။ အခုလဲ လမ်းတွေမကောင်းတော့ ဈေးကွက်တွင်း ဆန်အ၀င်နည်းတယ်။ လှောင်ထားတဲ့ ဆန်တွေ ထုတ်ရောင်းနေရတော့ အ၀င်မရှိဘူးဆိုရင် ဒေသခံတွေအတွက် ဆန်မလုံလောက်နိုင်တော့ဘူး” ဟု ပူတာအိုမြို့ ကောင်းကတောင်ရပ်ကွက်မှ ဒေသခံ တစ်ဦးပြောသည်။

·         ပူတာအို ဒေသခံများအနေဖြင့် မိုးစပါးမစိုက်ပျိုးနိုင်ခြင်းကြောင့် ဆန်ရှားပါးမှုနှင့် ဆန်ဈေးနှုန်းများ ဆက်တိုက် မြင့်တက်နေမည်ကို စိုးရိမ်လျက်ရှိပြီး လက်ရှိတွင် ဒေသခံအချို့မှာ ဆန်ဈေးမြင့်တက်နေခြင်းကြောင့် ထမင်း အစား ဆန်ပြုတ်များကို ပြောင်းလဲ စားသုံးနေရကြောင်း သိရသည်။ ပူတာအိုခရိုင်အတွင်းတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် စားသောက်ကုန် ပစ္စည်းများနှင့် အခြား အသုံးပစ္စည်းများမှာ ယခင် ၂၀၁၁ခုနှစ် ကထက် ယခုနှစ် ဇွန်လတွင် ကုန်ဈေးနူန်း (၄)ဆကျော် မြင့်တက်လာခဲ့သည်။


Bottom of Form


Top of Form


Bottom of Form




Burma's Whitehouse must be shared: Court says (မြန်မာ့ အိမ်ဖြူတော် နှစ်ချမ်းခွဲပြီး ယူရမည်ဟု တရားရုံးက ဆုံးဖြတ်)


နေအိမ်ခြံမြေ ပိုင်ဆိုင်မှု အမိန့်အား အဆုံးထိ အယူခံတက်သွားမည်

ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှ ချမှတ်လိုက်သည့် နေအိမ်ခြံမြေ ပိုင်ဆိုင်မှုအား အညီအမျှ ရယူရန် အမိန့်အား ဥပဒေကြောင်းအရ အဆုံးထိ အယူခံတင်သွားမည်ဖြစ်ကြောင်း ဒီချုပ်ရှေ့နေ ဦးဥာဏ်ဝင်းကပြောသည်။

““ ပထမတင်မယ့် တိုင်းတရားလွှတ်တော်ကပယ်ရင်လည်း ဥပဒေကြောင်းအရ အဆုံးထိရည်ရွယ်ထားပါတယ်”” ၄င်းကပြောသည်။

ဗိုလ်ချုပ်အောင်းဆန်း၏ သားအကြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သည့် ဦးအောင်ဆန်းဦးမှ တရားစွဲဆိုထားသည့် နေအိမ်ခြံမြေ ပိုင်ဆိုင်မှု အမှုတွင် သားသမီး နှစ်ဦင်္းစလုံးအညီအမျှခွဲဝေယူရန် တရားရုံးမှ အမိန့်ချမှတ်မှုအပေါ် ဦးဥာဏ်ဝင်းက ယခုလိုပြောကြားခြင်းဖြစ်သည်

““ တရားရုံးရဲ့ အမိန့်က လိုအပ်ချက်ရှိပြီး မပြည့်စုံဘူးလို့ ထင်ပါတယ်”” ဟု ၄င်းကပြောသည်။

အယူခံတင်ရန် ကိစ္စရပ်အပေါ် ကာယကံရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးတိုင်ပင်မှုမလုပ်ရသေးကြောင်း ၊ အယူခံတင်ရန် ချမှတ်သည့် အမိန့် မိတ္တူစောင့်ဆိုင်းလျှက်ရှိကြောင်း ၄င်းကပြောသည်။

ပိုင်ဆိုင်မှုကို အညီအမျှခွဲယူရန် တရားရုံးမှ ဇွန်လ ၂၂ ရက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမှုအားရင်ဆိုင်နေရသည်မှာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကျခံနေရစဉ်ကာလ ကတည်းကပင်ဖြစ်သည်။

အမွေဆိုင်မှု ရင်ဆိုင်နေရသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄/ ၅၆ နေအိမ်သည် ၀န်ကြီးချုပ်ဦးနုမှ ဒေါ်ခင်ကြည်အား ၁၉၆၀ ခုနှစ်က ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
AFM

Myanmar opposition leader Aung San Suu Kyi will appeal a court ruling in favor of her estranged American brother's claim to half-ownership of the two-story lakeside villa she has lived in for almost a quarter century, her lawyer said Monday.
The property, perched on a prime spot on Yangon's Inya Lake, has been at the center of a bitter legal dispute between the two siblings since 2000.
A district court in the city issued its verdict Friday, confirming that Aung San Oo had inheritance rights to the property, Suu Kyi's lawyer Nyan Win said.
It was not clear, however, whether the verdict would have any impact on the estate's fate or whether Aung San Oo would be able to benefit from it. Foreigners are legally forbidden from owning or selling property in the Southeast Asian nation, and Suu Kyi's brother is a U.S. citizen currently residing in California.
The 0.8-hectare (2-acre) strip of land was given by the government to Suu Kyi's mother Khin Kyi after her husband, independence hero Gen. Aung San, was assassinated in 1947. Khin Kyi died in 1988.
The roots of the dispute between Suu Kyi and her brother are the subject of widespread speculation, though some say Aung San Oo has disagreed with Suu Kyi's political views and many believe he may have been influenced by the brutal former military junta, which ceded power last year.
Suu Kyi spent 15 of the last two decades confined to the disputed Yangon property, but Aung San Oo never visited her there during those years despite making almost annual trips home.
The family's quarrel became public in 2000 when Aung San Oo sued for partial ownership of the estate. A Yangon court threw out the case in 2001 citing procedural errors. But Suu Kyi's brother filed a new suit again claiming joint-ownership.
Civil cases can take years to work their way through Myanmar's court system.

မန်မာ.ဆက်သွယ်ရေးလုပ်ငန်းမှဆက်သွယ်ရေးတယ်လီဖုန်းများအခက်တေ Myanmar telecommunication business in trouble


မြန်မာနိုင်ငံဆက်သွယ်ရေး၊စာတိုက်၊နှင်.ကြေးနန်းဝန်ကြီးဌါနမှတဆင်.ပုကလိကလုပ်ငန်းရှင်များအားအများ
လုပ်ငန်းလုပ်ကိုင်ခွင်.ပါမစ်ချမှတ်ပေခဲ.ပြိးအများပြည်သူများအဆင်ပြေချောမွေ.စေရန်အတွက်GSMအမျိုးအစားနှင်.WCDMAအမျိုးအစားတယ်လီဖုန်းလိုင်းသစ်များကိုတို.ချဲ.လုပ်ကိုင်နေလျှပ်ရှိပါသည်။ထိုကဲ.သို.လုပ်ကိုင်ခွင်.ချမှတ်ပေးသည်.အတွက်အများပြည်သူများလိုအပ်သလိုဝယ်ယူသုံးစွဲခွင်.ရရှိပါသော်လည်းအများပြည်သူများမှာစိတ်အနှောက
အ၇ှက်များဖြစ်နေကြရပါသည်။တယ်လီဖုန်းတစ်လုံးနှင်.တစ်လုံးဆက်သွယ်ရာတွင်ခေါ်ဆိုမ၇ခြင်း၊စင်းကဒ်ခနခနပျက်စီးခြင်း၊
ငွေဖြည်.ကဒ်သုံးစနစ်နှင်.အသုံးပြုရာတွင်ငွေအပြည်.အ၀ထည်းသွင်.ပါသော်လည်းငွေအပြည်အ၀မ၀င်ခြင်းစသည်တိုဖြစ်ပေါ်နေသည်ကိုတွေ.မြင်နေကြရပါသည်။

ထိုကဲ.သို.သောပြသနာအကြောင်းအရာများဖြစ်ပေါ်လာသောအခါမြန်မာ.ဆက်သွယ်ေ၇းအင်္ဂျနီယာရုံးသို.သွားေ၇ာက်ပြောဆိုပါသော်လည်းတာဝန်ရှိလူအချို.မှမိမိတို.တွင်တာဝန်မရှိပါကြောင်းဝယ်ယူသည်.ကုပ္မဏီတွင်သာသွားရောက်စုံစမ်းပါရန်လက်လွလြိုက်ခြင်းများကိုပြည်သူမှားမှခံစားနေရပါသည်။
ရောင်းချထားသောကုပ္မဏီများမှလည်းတာဝန်ယူလုပ်ဆောင်နိုင်ခြင်းဖြေရှင်းပေးနိုင်ခြင်းများမ၇ှိသည်ကိုတွေ.မြင်နေကြရပါသည်။ယခုလိုခေတ်မှီနေသောခေတ်ကာလအချိန်တွင်မြန်မာ.ဆက်သွယ်ရေးစနစ်သည်.အဆင်.အနှိမ်.ဆုံးနေရာသို.ပင်ရောက်၇ှိနေပေသည်။ထိုကဲ.သို.သောအဆင်မပြေမှုများကိုပြည်သူများအနေနှင်.နေ.စဉ်ကြုံတွေ.နေကြရသည်ကိုသက်ဆိုင်ရာဝန်ကြိးဌါနနှင်.အတူနိုင်ငံတော်အကြီးအကဲများသိ၇ှိနိုင်စေရန်အတွက်ကျွှန်မတို.မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှေ၇းသားတင်ပြလိုက်ရပါသည်။
Written by Lamin Lay

Friday, June 22, 2012

Father & Daughter


ဖေ့ဘုတ်ခ်မှာတွေ့ရတဲ့ ပန်းချီ – ငြိမ်းလတ်အောင်ရဲ့ လက်ရာလေးပါ။ ထူးခြားလှတဲ့လက်ရာလေးဖြစ်တဲ့အတွက် စာဖတ်ပရိတ်သတ်များအတွက် ထပ်ဆင့်ဝေငှလိုက်ပါတယ်။

Educational Report Concerning Myanmar


                      မြန်မာနိုင်ငံပညာရေးနှင်.ပက်သက်ပြီးရေးသားတင်ပြချက်”

မြန်မာပညာရေးနှင်.ပက်သက်ပြိးမျက်မြင်တွေ.ရှိနေကြရသည်မှာကျောင်းအပ်နှံရာမှာ မူလတန်းအဆင့် ကျောင်းသားများအတွက် အခမဲ့ဖြစ်တယ်၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားများကျောင်း အပ်နှံမှုအတွက်မူ သက်ဆိုင်ရာ အတန်းအလိုက် မိဘဆရာအသင်းကြေးတို့သာ ကောက်ခံသွားမှာ ဖြစ်ပြီး မည့်သည့်အလှူငွေမှ ကောက်ခံခွင့် မရှိကြောင်းပညာရေးဝန်ကြိးဌါနမှ အမိန့်တွေ ထုတ်ပြန်ထားပါတယ်။ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ပြည်နယ်အဆင့် မြို့နယ်အဆင့် ပညာရေးမှူးတွေကလည်း သက်ဆိုင်ရာ အခြေခံပညာ ကျောင်းအုပ်ကြီးတွေကို ငွေလုံးဝ မကောက်ဖို့၊ ကောက်ရင် အရေးယူခံရမယ် ဆိုတာသိရှိကြောင်း ၀န်ခံကတိတွေ ထိုးနေရတဲ့နေရာတွေလည်း တွေ.မြင်ကြရပါတယ်။အစိုးရ ပညာရေးဌာနတာဝန်ရှိသူတွေက မူလတန်းအခမဲ့ အလယ်တန်းအထက်တန်း မိဘဆရာအသင်းကြေးသာ ကောက်ရမယ်လို့ ဆိုပါတယ်။ မိဘဆရာအသင်းကြေးဆိုတာကလည်း ၅တန်း ၅၀၀ ၊ ၆တန်း ၆၀၀ ၊ ၇တန်း ၇၀၀ ၊ ၈တန်း ၈၀၀ ၊ ၉တန်း ၉၀၀ ၊ ၁၀တန်း ၁၀၀၀ ကျပ်မျှသာကော်ခံရမည် ဖြစ်ပါတယ်။

ဒါကလွဲရင်ဘာမှမကောက်ရဘူးလို့အစိုးရကအမိန့်ထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ကြေငြာချက်များအတိုင်းဆ၇ာဆရာမများအနေနှင်.လုပ်ဆောင်နေပါသော်လည်းနိုင်ငံတော်အပိုင်းမှပညာရေးအသု့းစရိတ်အတွက်သုံးငွေမှာအင်မတန်မှနဲပါးလွန်းနေသောအခါပညာ
ရေးနှင်.အသက်မွေးဝမ်းကျောင်းနေကြရသောဆ၇ာဆရာမများအနေနှင်.ပြင်ပစီးပွားေ၇းလုပ်ငန်းများကိုဦးစားပေးလုပ်ဆောင်ရန်နည်းလမ်းများရှာကြံနေကြရသည်ကိုတွေ.မြင်နေကြရပါတယ်။ပညာေ၇းဝန်ကြီးဌါနမှချမှတ်ထားသောစည်းမျဉ်းမှာအကတိလိုက်စားမှုပပျောက်စေရန်ရည်ရွယ်ပါသော်လည်းပညာသင်ကလေးများအတွက
်နိုင်ငံတော်အစိုးရကသုံးစွဲငွေပမာနမှာမဖြစ်စလောက်သာသုံးစွဲနေသော

ကြောင်.ပညာေ၇းစနစ်မှာညံဖြင်းသောပညာေ၇းစနစ်အဆင်.သို.ရောက်ရှိနေကြရပါသည်။ကျောင်းဖွင့်ပြီဆိုတာနဲ့ ကျောင်းအပ်ခံနိုင်ဘို့ ကျောင်းဝင်ခွင့်လျှောက်လွှာများ၊ မိဘဆရာအသင်းကြေးများ လက်ခံရရှိကြောင်း ငွေပြေစာများပုံနှိပ်ခြင်း(ကျောင်းသားမိဘပေးရန်၊ကျောင်းလက်ခံ၊စာရင်းအစစ်ခံရန်အတွက်)၊ကျောင်းအပ်နှံရေးနေ့လှုပ်ရှားမှုဆိုင်းဘုတ်များပြုလုပ်ခြင်းအချို့တိုင်းများတွင် တိုင်းပညာရေးမှူးရုံးက ဗီနိုင်းများ ပုံနှိပ်၍ရောင်းတာ၊ မ၀ယ်လို့လဲမရပါ)၊ ကျောင်းအပ်နှံရေးနေ့အတွက် ငွေကောက်မကောက် လာစစ်ကြကုန်သော အမျိုးမျိုးသော စစ်ဆေးရေးအဖွဲ့များ ဧည့်ခံခြင်း၊ ပုံနှိပ်စာအုပ်များကို သတ်မှတ်နေရာများမှ ကျောင်းအရောက် အကြိမ်ကြိမ် ကားဖြင့်သယ်ယူခြင်း (တစ်ကြိမ်တည်းနှင့် အကုန်အပြည့်အစုံမရပါ ကျောင်းဖွင့်ပြီး ၂ လလောက်အထိ အကြိမ်ကြိမ် ထုတ်ယူရပါတယ်) အစရှိသော ကိစ္စအ၀၀များ အတွက် မြန်မာငွေ ၃သိန်း မရှိလျှင် မရပါ။
ထိုကဲ.သို.သောကုန်ကျမှုများကိုနိုင်ငံတော်အစိုးရပညာေ၇းဝန်ကြီးဌါနအနေနှင်.ငွေကြေးဆိုက်ထုတ်အသုံးပြုခြင်းမရှိပါ။အခြေခံမူလတန်းအလယ်တန်းကျောင်းတစ်ကျောင်းကိုအစိုးရကတရာဝင်ခွင့်ပြုလို့ရတဲ့ကောက်ခံ

ငွေစုစုပေါင်းဟာတစ်နှစ်စာ၎သိန်း၆သောင်းပဲရှိပါသည်။ယနေ.ခေတ်ကာလကုန်ဈေးနှုန်းကြိးမြင်.ချိန်တွင်ပညာေ၇းအတွက်မိဘများအနေနှင်.မိမိတို.သားသမီးများအတွက်ပညာသင်ကြားပေးချင်ပါသော်နိုင်ငံတော်မှဖွင်.လှစ်သင်ကြားပေးနေသောပညာေ၇းစနစ်မှာအားနဲလှသောကြောင်.ဆရာဆရာမများအားအပြစ်ပုံမချဘဲမိမိတို.ဧနီးစပ်ရာပညာဒါနစာသင်ကျောင်းမှာတွင်သာပညာရေးကိုသင်ကြားပေးနေသည်ကိုလက်တွေ.မြင်.တွေ.နေကြရပါသည်။ဆရာဆရာမများအနေနှင်.ပညာသင်ကြားပေးရာတွင်လည်းကျောင်းသားဦးရေများပြားနေသောစာသင်ခန်းတွင်သင်ထောက်ကူပစ္စည်းများလု့လောက်စွာမရရှိသည်.အတွက်များစွာအခက်တွေ.နေရပါသည်။ပညာရေးဝန်

ကြိးဌါနမှပညာရေးအသုံးစရိတ်သည်မဖြစ်စလောက်သာသုံးစွဲနေသောကြောင်.မြန်မာနိုင်ငံပညာရေးစနစ်မှာမည်သည်.နိုင်ငံနှင်.မှမတူညီဘဲနိပ်.ကျနေသည်မှာပကတိအမှန်ပင်ဖြစ်ပါသည်။စစ်မှန်သောဒီမိုကရေစီခေတ်သို.

လျှောက်လှမ်းရာတွင်ပညာတက်မြောက်သူအင်မတန်မှလိုအပ်မည်ဖြစ်ပါသည်။ပညာမတက်သောအခါတွင်နိုင်ငံအကျိုးပြုလုပ်
ငန်းအမျိုးဘာသာသာသနာအကျိုးအများအကျိုးစသည်အကျိုးအမျိုးမျိုးကိုဆောင်ကျင်းနိုင်မည်မဟုတ်ပါ။နိုင်ငံတကာနှင်.နှိင်းယှဉ်ကြည်.မည်ဆိုပါက

မြန်မာပညာရေးအားအင်နှင်.အားနှင်.တိုးတက်ေ၇းလုပ်ဆောင်၇န်များစွာလိုအပ်နေပါသေးသည်။မြန်မာနိုင်ငံအတွင်းပညာတက်များစွာလိုအပ်ပါသည်။ပညာတက်ဆိုရာတွင်နည်းပညာအစိတ်
အပိုင်းများပါသင်ကြားနိုင်ေ၇းအတွက်လိုအပ်မှုများရှိနေပါသည်။ပညာရေးဝန်ကြိးဌါနမှပညာရေးအသုံးစရိတ်နဲပါးစွာသုံးစွဲနေမှုမှာအခြားသောအသုံးစရိတ်များနှင်.နှိုင်းယှဉ်ကြည်.ပါကအင်မတန်နဲပါးနေသောကြောင်.ပညာတက်ကလေးသူငယ်မှားမရှိတော.သလောက်ဟုဆိုရမည်ဖြစ်ပါသည်။
ထိုကဲ.သို.သောပညာရေးများကြောင်.သာသနာအကျိုးဆောင်ကျင်းနေသောဘုရားသားတော်သံဃာတော်အရှင်သူမြတ်များမှအမျော်အမြင်ကြိးစွာဖြင်.ပညာဒါနစာသင်ကျောင်းများကိုတက်အားသမျှဖွင်.လှစ်ပြိးသင်ကြားပေးနေကြပါသည်။အလှူရှင်များလိုက်လံရှာဖွေပြီးလျှင်မိဘမဲ.ကလေးငယ်များဆင်းရဲချို.တဲ.သောကလေးငယ်များစသည်.ကလေးငယ်လေးများဧပညာေ၇းဆုံးရှုံးမှုမဖြစ်စေရန်သံဃာတော်များအနေနှင်.ကြိုးစားနေကြသည်ကိုတွေ.မြင်နေရပါသည်။ထိုကဲ.သို.သောပညာေ၇းများအားနိုင်ငံတော်အစိုးရအပိုင်းအနေနှင်.အားပေးကူညီမှုများထောက်ပံ့မှုများလုံလောက်စွာပေးရန်အတွက်များစွာလိုအပ်ပါသည်။ထိုကဲ.သို.ဆောင်ကူညီထောက်ပံ့ဆောင်ရွက်နိုင်မှသာလျှင်ပညာရေးစနစ်ကောင်းများရရှိနိုင်မည်ဖြစ်ပါကြောင်းရေးသားတင်

ပြလိုက်ပါသည်။
TAWWIN (Chauk)_


အစိုးရ အနေဖြင့် ယခု ရခိုင်အရေးတွင် ဒိုင်လူကြီး လုပ်မည်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးတွင်ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဒု ၀န်ကြီး ဘုန်းဆွေက အစိုးရ အနေဖြင့် ယခု ရခိုင်အရေးတွင် ဒိုင်လူကြီး လုပ်မည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။
စစ်တွေမြို့ ရခိုင်ပြည်နယ် လွှတ်တော်ရုံးခန်းမတွင် ဇွန်လ ၁၉ ရက် နေ့လည် (၁) နာရီတွင် ပြုလုပ်သော မြို့တော် သန့်ရှင်းရေးနှင့် လှပရေး အစည်းအဝေး ပြုလုပ်စဉ် ထိုသို့ ဒုဝန်ကြီး ဘုန်းဆွေက ပြောကြားလိုက်ခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ရခိုင် ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် ပြည်နယ် အဆင့် တာဝန်ရှိသူများ၊ ရတပ ပါတီမှ တာဝန် ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့သည်ဟု သိရသည်။
ထိုသို့ပြောကြားလိုက်ခြင်းမှာ အစိုးရအဖွဲ့ဝင် ၀န်ကြီး တစ်ဦး အနေဖြင့် မပြောသင့် မပြောထိုက်သော စကားဖြစ်ပြီး တာဝန်မဲ့ရာ ကျလွန်းသည်ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ လွှတ်တော်ကိုယ်စား လှယ် တစ်ဦးက ပြောသည်။
၎င်းပြင် အစည်းအဝေးတွင်လည်း ရခိုင်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးရွှေထွန်းအောင်မှ အစိုးရ အနေဖြင့် ဒိုင်လူကြီး မလုပ်ဘဲ ပြည်ထောင်စု အရေးနှင့် အချုပ်အချာ ပိုင်စိုးမူအတွက် အသေအချာ စဉ်းစား လုပ်ဆောင်ရန် လိုအပ်ကြောင်း အကြံပြု ပြောကြားခဲ့သည်ဟု ဆိုသည်။
“ ဦးရွှေထွန်းအောင်က ဘယ်လိုတင်ပြသလဲဆိုရင် ယခုအချိန်တွင် တိုင်းရင်းသား၊ နိုင်ငံခြားသားကို ခွဲခြားရမည့် အချိန်ဖြစ်ပါကြောင်း၊ အစိုးရ အနေဖြင့် ဒိုင်လူကြီးမလုပ်ဘဲ ပြည်ထောင်စုကြီးနဲ့ အချုပ် အချာ ပိုင်စိုးမူ အတွက် ပြတ်သားစွာ ဆုံးဖြတ်ရမည့် အချိန်အခါကောင်းဖြစ်ကြောင်း၊ တိုင်းရင်းသား များမှာ အမိမဲ့သား ရေနည်းငါး ပမာ အားကိုးရာမဲ့ ဖြစ်နေကြရသည်ကို စဉ်းစားပေးရန် သင့်ပါကြောင်း တင်ပြခဲ့ပါတယ်” ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။
နောက်ပိုင်းတွင် ဒုဝန်ကြီး ဦးဘုန်းဆွေ မိမိက ထိုသို့ ပြောလိုခြင်းမဟုတ်ကြောင်း ပြန်လည် ပြောဆို ခဲ့သည်ဟု ဆိုသည်။
ယခုအခါ ဒုဝန်ကြီး ဘုန်းဆွေ၏ ပြောစကားမှာ လူထုအတွင်း ကျယ်ပြန့်စွာ ရောက်ရှိသွားပြီး ယခု ရခိုင် ဆူပူအကြမ်းဖက်မူ အရေးအခင်းတွင် အစိုးရမှ ဒိုင်လူကြီးလုပ်မည်ဟု ပြောဆိုသဖြင့် အစိုး ရကိုယ်တိုင်က ဒိုင်လုပ်လို၍ ယခုအရေးအခင်းကို ဖန်တီးသလားဟု ဆိုကာ မေးခွန်းများလည်း ထွက်ပေါ်နေကြောင်း သိရသည်။
ယခုကဲ့သို့ အစိုးရ ထိပ်တန်း တာဝန်ရှိသူ တစ်ဦးဖြစ်ပါလျှက် တာဝန်မဲ့ စကားပြောကြားသော ကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဒုဝန်ကြီး ဘုန်းဆွေကို အစိုးရမှ အနီကပ်ပြကာ တာဝန်မှ ထုတ်ပယ်သင့်ကြောင်း လူအများက ပြောဆို ဝေဖန်လျှက် ရှိကြောင်း သတင်း ရရှိသည်။
From Narinjara News


Two Rohingyas are under questioning for counterfeiting money.

Police have detained two Rohingyas because of counterfeiting notes at Naw Yar Pa Ra Village, Ka Yu Chaung Township, Pha Laung Chade District on June 19, 2012. The first criminal is Hinsana. He is 30 years old, son of Eisu who live at Room No.6, Sheet No.695, H Block , Muslim Camp of Refugee. The another one is called Begun Khatija, 15 years old. Her Father's name is Iliyachera who live at the same Camp , Room No.4 ,Sheet No. 694 ,H Block. Now, they are accused by the Law of Bengal Money Laundering. Rohingya made hundreds of fake money. These activities pretend to make more and more crimes radically.One of the Police Officers said that these victims, Rohingyas often do various crimes.

Bengali Rohingyar uses forgery Myanmar Passport

Bengali was arrested at Bahan Immigration Office when he was submitting his application for passport using forged national registration card (NRC). On 12 June 2012, around 3pm, a Bengali named Kyaw Khin@Abdul Hashin, aged 30, who lives in 123 St, Tha-byay-gone Ward, Minglar Taung Nyunt Township was found using a forged national registration card to apply a passport. This was found out by U Win Hlaing, an officer at the immigration office of Bahan Township.

Kyaw Khin was handed over to the Bahan Policepost and the police assured
'We must find out where he got the forged identification document and who made it for him. We must make sure those who commit such offense meet stiff sentences.'

Another officer from immigration department also gave comment
'It is interesting how a Bengali is able to hold a forged NRC and apply for passport.

62 death already in Rakhaing State



ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းများ၌ သေဆုံးသူအရေအတွက် ၆၂ ဦးရှိခဲ့ပြီ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများ၌ သေဆုံးသူ အရေအတွက်မှာ ဇွန်လ ၂၁ ရက်နေ့ အထိ ၆၂ ဦးရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။
ယင်းနှင့် ပတ်သက်ပြီး "ဘယ်သူဘယ်နှစ်ဦး သေတယ်ဆိုတာ ပြောဖို့ ခက်တယ်။ နိုင်ငံပိုင် သတင်းစာထဲမှာလည်း ပါပြီးသား ဖြစ်တဲ့အတွက် သတင်းစာမှာပါတာ အတည်ဖြစ်ပါတယ်။ အရင်က သတင်းစာမှာ ပါပြီးတာက ၅၀ ဦးဆိုတော့ အခု ၁၂ ယောက်ထပ် တိုးတယ်ဆိုတော့ ၆၂ ဦးဖြစ်သွားပြီးလို့ ပြောလို့ရပါတယ်'' ဟုလည်း ရခိုင်ပြည်နယ် ဥပဒေအရာရှိချုပ် ဦးလှသိန်းက သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။

ဘူးသီးတောင် ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေသူတစ်ချို့ကို မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ၄င်းတို့သည် ဘူးသီးတောင်မြို့နယ်အတွင်းတွင် မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများမရှိသော်လည်း ဘင်္ဂလီများ၏ အကြမ်းဖက်မှု့ကို စိုးရိမ်သဖြင့် ရွာကို စွန့်ခွာပြီး ဘူးသီးတောင်မြို့သို့ ရောက်လာကြသူများ ဖြစ်ကြောင်းသိရသည်။
"အခု ကယ်ဆယ်ရေးစခန်းတွေကို ရောက်လာသူတွေထဲက ရွာဖျက်မခံရတဲ့သူတွေကို ဦးစွာပြန်လည် ပို့ဆောင်တာဖြစ်ပါတယ်။ ရွာဖျက်ခံရတဲ့သူတွေကိုတော့ နေအိမ်ဆောက်လုပ်ပေးပြီးမှ ပြန်လည်နေရာ ချထားနိုင်မှာဖြစ်ပါတယ်။ ဘူးသီးတောင်မြို့နယ်မှာတော့ ရွာကို စွန့်ခွာလာသူတွေများပြီးတော့ မောင်တောမြို့နယ်အတွင်းမှာတော့ ရွာကို မီးရှို့ဖျက်ဆီးခံရသူတွေ များပါတယ်။" ဟု ဘူးသီးတောင်မြို့မှ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသူတစ်ဦးကပြောသည်။

ရွေးကောက်ပွဲကော်မရှင်မှ ရခိုင်ပြည်နယ်ရှိ အချို့သောဒေသများတွင် ဆူပူအကြမ်းဖက်မှုများကြောင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်း ဖြစ်စဉ်များနှင့် နိုင်ငံတော်၌ လျပ်စစ်မီး ပြတ်တောက်မှုအတွက် ဆန္ဒပြပွဲများ၊ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများကြောင့် သပိတ်မှောက်ဆန္ဒပြမှု ဖြစ်စဉ်များတွင် နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီဝင်အချို့တို့က လူထုနှင့် ထိတွေ့ဟောပြောခြင်း မီဒီယာများနှင့် တွေ့ဆုံပြောကြားခြင်း၊ ပါတီသဘောထား ထုတ်ပြန်ကြေညာခြင်း စသည့် လုပ်ဆောင်မှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီများသို့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၈ ရက် နေ့စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြောင်းကြားစာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ အရ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး၊ လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့်သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှုမပြုလုပ်ရေး၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုလုပ်ရေး၊ နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေး အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့ အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူ သုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ သြဇာခံယူခြင်း မပြုရေး ဟူသော အချက်များကို နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် လျောက်ထားစဉ်ကပင် စောင့်ထိန်းလိုက်နာမည် ဖြစ်ကြောင်း ၀န်ခံချက်ပြုထားပြီးဖြစ် သည်ဟု ဖော်ပြထားသည်။

Wednesday, June 20, 2012

His Holiness,Dalailama warmly meets Daw Su


London, England, 19 June 2012 - As His Holiness received Burmese leader and fellow Nobel Peace Prize Laureate, Aung San Suu Kyi, who had come to visit him privately this morning, he told her, “I have real admiration for your courage. I am very happy we’ve been able to meet”


After more than half an hour’s close conversation, during which His Holiness told her that just as her late father had shown great dedication, he was confident that she too would be of great service to humanity, he wished her every success in fulfilling her life’s goals. He also said he looked forward to meeting her again.


COUNTRY (POEM)


တိုင်းပြည်

အရှေ့တောင်အာရှရဲ့
အညိုရောင် ညနေခင်းမှာပေါ့…
ဧရာဝတီဟာ
သူ့ ဣဒြေ္ဒကို ပြသရင်း
အသံမဲ့ စီးဆင်းလို့…
အဲသလို
အမှောင်ရောင်တွေထဲ
မြို့ပျက်ကြီး ပုဂံဟာလည်း
သင်္ခါရ အခင်းအကျင်းတွေကို ပြသလို့…
တိုင်းပြည်ဟာ
တမိုးချူပ်ဖို့ ပြင်ဆင်ပြီ။


တိုင်းပြည်ဟာ…
ဒီညနေညိုညိုမှာ
သူ့ဆံပင်အိုတွေကို ဖားလျားချ
သူ့ခန္ဓာကိုယ်ပေါ်က
ခေတ်ဆိုးတွေ ရေးထိုးသွားတဲ့
ဆေးမင်ကြောင်အမာရွတ်တွေကို ပွတ်သပ်ရင်း
သူဆိုနေကျ အလွမ်းသီချင်းကို
ဘယ်သူမှ မကြားအောင် ဆိုလိုက်တယ်…။


တိုင်းပြည်ဟာ…
သူ့ချွေးခံအိင်္ကျီဟောင်းကြီးထဲ
ဝမ်းနည်းဖွယ်ရနံ့တွေနဲ့
တွန့်တွန့်ကျေ ရာဇဝင်တွေကို
လူမြင်မခံရဲတာမို့
သက်ပြင်းတွေချလို့
နေ့တဓူဝ…။


တိုင်းပြည်ဟာ…
ဘဝတလျှောက်လုံး
ခပ်ညံ့ညံ့အစိုးရတွေနဲ့သာ
အလိုမတူပဲ ပေါင်းဖက်ခဲ့ရသမို့
ခပ်ညံ့ညံ့တိုင်းပြည်လို့
အခေါ်ခံရတာကို
ရှက်ပေမယ့်လည်း
သူ့ခမျာ
မရှက်နိုင်တော့ဘူးတဲ့…။


တိုင်းပြည်ဟာ…
အာရှမှာကျားတွေ
တကောင်ပြီးတကောင်
ပေါက်ဖွားကြီးမားလာခဲ့ပေမယ့်
သု့မှာက…
ခွေးအဆင့်သာသာ ရှိတာမို့
တပါးတိုင်းသားတို့
သူ့မြေပေါ် အလည်လာတဲ့အခါ
မျက်နှာကိုဝှက်ပြီး
အိပ်ချင်ယောင် ဆောင်ရသတဲ့…။


တိုင်းပြည်ဟာ…
လကမ္ဘာပေါ်ကို
ခဏခဏတက်တဲ့ တိုင်းပြည်လို့
မထင်ပေါ်ချင်ပေမယ့်
ပြဿနာတွေ
ခဏခဏတက်တဲ့ တိုင်းပြည်လို့
ကျော်စောမှာတော့
ရှက်လှသတဲ့…။


တိုင်းပြည်ဟာ…
ဖွားကာစ ကတည်းက
မွေးရာပါ အလှတွေနဲ့
ပြီးပြည့်စုံပါရက်ကနဲ့
ဒီလူတွေ လုပ်ကာမှ
နဂိုရှိသော်လည်း
နဂိုင်းမထွက်ရရှာလို့
ဝဋ်နာကံနာလို့ပဲ
မှတ်ယူထားပါသတဲ့…။


တိုင်းပြည်ဟာ…
အကျဉ်းစခန်းတွေထဲ
အစိုးရလုပ်မယ့်သူတွေကို
ထောင်ချပြီး…
ထောင်ကျရမယ့်သူတွေက
အစိုးရလုပ်နေကြတာကိုလည်း
နည်းနည်းမှ မကျေနပ်ဘူးတဲ့…။


တိုင်းပြည်ဟာ…
မြန်မြန်သေရမယ့် သူတွေက
ကြာကြာနေရပြီး…
ကြာကြာနေရမယ့် သူတွေက
မြန်မြန်သေနေကြတာလည်း
နားမလည်နိုင်ဘူးတဲ့…။


တိုင်းပြည်ဟာ…
သူ့ရင်ဘက် လက်ပွေ့အိတ်ထဲက
အတွင်းကြေကြေနေတဲ့
ကလေးတွေရဲ့ အနာဂတ်ကို
လူတွေ့တိုင်း ထုတ်ထုတ်ပြ
ဒီလူတွေ ကိုယ်၌က
တဘဝလုံး ကြေမွနေတော့ကာ
သူ့ခမျာ ငိုရသတဲ့…။


ဒီလိုနဲ့…
တိုင်းပြည်ဟာ
အခုတလော
ရင်တမောမောနဲ့
အဝေးပျံ ခွပ်ဒေါင်းတို့ရဲ့
သပြေခင်းလေး
ပျိုးထားသတဲ့…။


ဒီလိုနဲ့…
တိုင်းပြည်ဟာ
အိုမင်းလွန်းလှပေါ့…။



(၂)

မြန်မာပြည်မှာက
ငှက်ဖျားပေါတယ်…။


ခွေးလေခွေးလွင့်
သူတောင်းစားနဲ့
ဆင်းရဲသားပေါတယ်…။


ခြင်
ယင်ကောင်
ဖာ
သူခိုးနဲ့
အလှူခံလည်းပေါတယ်…။


ဘုန်းကြီး
စစ်သား
ဘိန်းသမားနဲ့
ကပ်ဖားယပ်ဖား
အချောင်သမားလည်းပေါ…
အရည်အချင်း မရှိပဲ
ခေါင်းဆောင်လုပ်ချင်သူလည်းပေါ…။


မရယ်ရတဲ့ လူပြက်တွေနဲ့
အသုံးမကျတဲ့
အကယ်ဒမီတွေလည်းပေါ…
ခါတော်မှီ
ကော်ပီသီချင်းတွေနဲ့
ထောက်လှမ်းရေးတွေလည်း ပေါတယ်ပေါ့…။


ဒီမိုကရေစီသမားတွေလည်း ပေါသလို
ကြံ့ဖွတ်တွေလည်းပေါ…
ဗိုလ်ချူပ်ကြီးတွေပေါသလို
ထောင်သားတွေလည်း ပေါတယ်ပေါ့…။


ဆေးအတု
ဆီအတု
ရွေးကောက်ပွဲအတု
အမဲခြောက်အတုနဲ့
နိုင်ငံရေးသမား အတုတွေလည်းပေါ…။


ဥပဒေအတု
အစိုးရအတု
ပညာတတ်အတုနဲ့
ရဲရဲတောက် အတုတွေလည်းပေါ…။


တကယ်တော့
မြန်မာပြည်ဆိုတာ…
လူ့အခွင့်အရေး
ရှားပါးလွန်းတာကလွဲလို့
ကျန်တာတွေ အကုန်ပေါတဲ့
အရပ်ဆိုပါတော့…။


(၃)

ဆင်းရဲခြင်းသမုဒ္ဒရာရဲ့ ကြမ်းပြင်
ရာဇဝင်မတွင်တဲ့ သဘောင်္ပျက်တွေထဲ
သံချေးတက် ယဉ်ကျေးမှုများနဲ့ သောင်တင်
ငုပ်လျှိုးနေသူများရဲ့ ဘဝဟာ
အသံမမြည်တဲ့ အိပ်မက်တွေနဲ့
ပုပ်ပွ…။


ဖြစ်ရပုံက…
ဒီနိုင်ငံငယ်လေးထဲ
ကုသလို့ မရတဲ့
နိုင်ငံရေးရောဂါတွေက ထူပြော
ခေတ်အဆက်ဆက်
ခပ်ချာချာ ဒဏ္ဋာရီတွေနဲ့ရင်ခုန်
လူညံ့တွေသာ စုပြုံလာခဲ့တယ်…။


ဒီအရပ်မှာပေါ့…
အုပ်ချုပ်သူဆိုတာက
ဖိနှိပ်သူလို့ အဓိပ္ပါယ်ရသတဲ့…
ဖိနှိပ်သူဆိုတာကို
ရက်စက်သူလို့တော့ ဘာသာမပြန်လိုက်ကြနဲ့
သူတို့ဟာ
မွေးရာပါ ယုတ်မာသူများသာ ဖြစ်ကြလေတယ်…။


လူယုတ်မာတွေလေ…
တဗိုလ်ကျ တဗိုလ်တက်နဲ့
တိုင်းပြည်ကို နှိပ်စက်လာ
ပညာမဲ့သူတို့ ပွားများ
ဆင်းရဲခြင်းတို့ ကြွယ်ဝခမ်းနား
အဓမ္မတရား ထွန်းကားရာ
အန္တရာယ်တို့ ကြွထရာ
အမှားသာလျှင် အမှန်ဖြစ်ရာ
ကံကြမ္မာတို့ မြုံအရာ
ဒီအရပ်ဟာလေ…
စုတ်ပြက်သတ်ခဲ့ပေါ့…။


ဒီလိုနဲ့…
အမှည့်လွန်နေတဲ့ ခေတ်တွေဟာ
ဆောင်းဦးပေါက်ရာသီလို
ဒိှု့ဆီကို အရောက်နောက်ကျခဲ့
ဒီလိုနဲ့…
ဒုက္ခဆိုတဲ့ မာကျောကျောအမွေးတွေနဲ့
တော်လှန်ရေးကို ထုဆစ်ခဲ့
ရံဖန်ရံခါ…။ ။


မာရု
(ပန်းစကား)



Rector kicks two tech students out



DSC01750ဗန်းမော်ကွန်ပြူတာ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား မောင်နိုင်မျိုးကျော်နှင့် မောင်ရှိုင်း ဇာနည်မောင်တို့ နှစ်ဦးအား ကွန်ပြူတာတက္ကသိုလ် ကျောင်း အုပ် ကြီး ဒေါ်ဆင့်ဆင့်အောင်မှ ရာသက်ပန်ကျောင်းထုတ်လိုက်သည့် ဖြစ်ရပ်တစ်ခု ၁၃-၆-၂၀၁၂နေ့က ပေါ်ပေါက်ခဲ့သည်။ ကျောင်း ထုတ်အမိန့်စာကို ၁၁-၆-၂၀၁၂Back Date နှင့် ဖော်ပြထားပြီး ၁၃-၆-၂၀၁၂နေ့တွင်မှ ကြော်ငြာ ဘုတ်တွင်ကြော်ငြာကပ်ကြောင်း ကျောင်းသူတစ်ဦးမှပြောပါသည်။
၆-၆-၂၀၁၂နေ့တွင်လည်း မိလ္လာအခန်း(၅)တွင် မောင်ရှိုင်း ဇာနည်မောင် ဆေးလိပ်ခိုးသောက် စဉ် ဗိုလ်ထိုင်ခွက်နှင့် အဖုံးကြားမှ ပလပ်စတစ် အခံပြား အက်သွား သည်ဆိုပြီး အတင်းအကြပ်ဝင်ခံ ခိုင်းကြောင်း၊ ထိုအက်ကြောင်း ရှိ နေခဲ့သည်မှာ လချီပြီး ကြာခဲ့ပြီ ဆိုတာကို ကျောင်းသားတိုင်းသိ ကြသည်။ သန့်ရှင်းရေးဝန်ထမ်း များမှလည်း သိကြကြောင်း ကျောင်းသားအများစုကပြောပြ ကြသည်။ ထိုဖြစ်ရပ်နှစ်ခုကို အခြေခံပြီး မောင်နေမျိုးကျော် ဒုတိယနှစ် ကွန်ပျူတာတက္ကသိုလ် (မိုင်းနောင်ရွာ၊ အင်းတော်ကြီး ဒေသ)နှင့် မောင်ရှိုင်းဇာနည်မောင် ဒုတိယနှစ်ကွန်ပျူတာတက္ကသိုလ် (ဆိုင်းတောင်၊ ဖားကန့်) တို့နှစ် ဦးအား ပထမဆင့်၊ ဒုတိယအဆင့်၊ သတိပေးခြင်း၊ ပညာပေးခြင်း တို့ မပြုလုပ်ဘဲ ရာသက်ပန် ကျောင်း ထုတ်လိုက်သည့်ကိစ္စသည် ဤမျှ အထိ ကြီးမားသည့် ပြစ်ဒဏ်ပေး ခြင်းသည် ပြစ်မှုနှင့် ပြစ်ဒဏ် မမျှ မတဖြစ်ကြောင်း ကြီးသည့်အမှု ငယ်စေ၊ ငယ်သည့်အမှု ပပျောက် စေ ဆိုသကဲ့သို့ မဟုတ်တော့ဘဲ ရေနှင့်ငြှိမ်းသတ်ရမည့်မီးတောက် ကို ဓာတ်ဆီနှင့် ပက်ဖြန်းသကဲ့သို့ ဖြစ်ရကြောင်း အနာဂတ်၏ ခေါင်းဆောင်ဖြစ်လာနိုင်သော ကွန်ပျူတာတက္ကသိုလ် ကျောင်း သားတစ်ယောက်၏ ကျောင်းစ ရိတ်သည် တစ်နှစ်လျှင် ဆယ်သိန်း ခန့် ကုန်ကျကြောင်း၊ ဗိုလ်ထိုင် မိလ္လာအဖုံးတစ်ခုသည် တက္ကသိုလ် ဒုတိယနှစ် ကျောင်းသားတစ် ယောက်ထက်ပင် တန်ဖိုးကြီးမား ပါသလား။ ၎င်းတန်ဖိုးနှင့်တွက် ကာ ကျောင်းထုတ်ပစ်လိုက်ခြင်း မှာ လုံးဝမဖြစ်သင့်ကြောင်း၊ တက္က သိုလ် ဒုတိယနှစ်ရောက်သည် အထိ ကုန်ကျခံ၊ ပင်ပန်းခံကာ ရှာဖွေဆုဆောင်းပြီး ကျောင်းထား ပေးခဲ့ရသည့် မိဘများ၏ ရည်မှန်း ချက်၊ ရည်ရွယ်ချက်များနှင့် ကျောင်းသားလေးများ၏အနာဂတ် ကို မဆင်မခြင်ရိုက်ချိုးပစ် လိုက် သလို ဖြစ်ရကြောင်း၊ ဤမျှ သေးငယ်သည့် ကိစ္စလေးအတွက် ကျောင်းအုပ်ချုပ်သူများ၏ အရေး ယူပြစ်ဒဏ်သည် အင်မတန်ပြင်း ထန်ကြောင်း ကျောင်းသားကျောင်း များ မြို့ခံကျောင်းသားမိဘများ နှင့် ဒေသခံပြည်သူအများစုက နေရာတိုင်းတွင် အမျိုးမျိုးဝေဖန် ပြောဆိုနေကြတာကို ကြားသိရ ပါတယ်။
၁၄-၆-၂၀၁၂ နေ့က ဗမာ နို်င်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ်္ဂ (ဗန်းမော်ခရိုင်)မှ ကွန်ပျူ တာ တက္ကသိုလ် ကျောင်းအုပ်ကြီး ထံသို့ အပြင်းအထန် ကန့်ကွက် ရှုံ့ချကြောင်း၊ စာတစ်စောင်ပေး ပို့ခဲ့ကြောင်း သိရပါသည်။
ကချင်ပြည်နယ်၊ ပဋိပက္ခ တိုက်ပွဲကြီးတွေ ပြီးဆုံးအောင် ထာဝရငြိမ်းချမ်းရေးရရန်၊ ငြိမ်းချမ်း ရေးဖော်ဆောင်ရေး အဖွဲ့သစ်မှ ကြိုးပမ်းနေချိန် မအေးချမ်းသေး သည့် ကချင်ပြည်နယ်ဗန်းမော်မြို့ မှာ ထာဝရငြိမ်းချမ်းရေးလိုလား သူများအဖွဲ့တွေက လက်မှတ်ရေး ထိုးမှု စုဆောင်းကြိုးစားနေကြချိန်၊ ရခိုင်ပြည်နယ်တွင် ဆိုးဆိုးဝါးဝါး ဆူပူအကြမ်းဖက်မှုများဖြစ်ပွားနေ ချိန်မျိုးမှာ အမှိုက်ကစ ပြဿဒ် မီးလောင်ဆိုတာမျိုး၊ ကျောင်း ထုတ်လိုက်သည့်အဖြစ်မျိုးဆီ မ ရောက်စေလိုကြောင်း ပုံကြီးချဲ့ ကားကာ အခြားဒေသများသို့ မကူးစက်၊ မကျယ်ပြန့်စေဘဲ ငြိမ်း ငြိမ်းချမ်းချမ်းနှင့် ဖြေရှင်းသွားကြ ရန် လိုလားကြောင်း၊ အားလုံး ၀ိုင်းဝန်းပြီး တိုင်ပင်ညှိနှိုင်းကူညီ ဖြေရှင်းပေးကြရန် အရေးကြီး ကြောင်း စစ်ဘေးစစ်ဒဏ်သင့် ဗန်းမော်မြို့ခံပြည်သူအချို့ထံမှ ကြားသိရပါသည်။
ဗန်းမော်နှင့်မိုးမောက်မြို့များ တွင် မူးယစ်ဆေးဝါးအလွယ်တကူ ၀ယ်လို့ရကြောင်းဆိုတာ လူတိုင်း သိကြောင်း၊ တချို့ကျောင်းသား လေးများသည် ရံဖန်ရံခါ ဆော့က သစားတတ်သည်ဟုကြားသိရ ကြောင်း၊ နေရာတိုင်းတွင် စည်း ကမ်းဆိုတာရှိကြောင်း၊ ကျောင်း သားဆိုတာ ကျောင်းဝင်းအတွင်း ရောက်ရှိပါက မည်သို့သော ပုဂ်္ဂိုလ်၏ သားသမီးပင်ဖြစ်နေပါ စေ၊ ကျောင်းအုပ်ရေးကော်မတီမှ ထုတ်ပြန်ချမှတ်ထားသော စည်း ကမ်းများကို လိုက်နာကြရမှာဖြစ် ကြောင်း၊ ကျောင်းတာဝန်ရှိသူ များမှလဲ အထောက်အထားခိုင် ခိုင်လုံလုံရှိကြောင်း၊ ၀န်ကြီးဌာန မှ ကျောင်းသားများ ကျောင်းမှန် မှန်ကန်ကန်တက်ကြဖို့၊ ကျောင်း စာမှန်မှန်လုပ်ကြဖို့၊ ကျောင်းစာ မှန်မှန်လုပ်ကြဖို့၊ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းရရှိဖို့ လိုအပ်ကြောင်း ညွှန်ကြားစာ ၅-၆-၂၀၁၂ နေ့က လက်ခံရရှိခဲ့ကြောင်း၊ မတ်၊ဧပြီ နှစ်လ ကျောင်းခေါ်ချိန် (Rollcall) ၇၅ရာခိုင်နှုန်းမပြည့်သူ ၈၀ကျော် ကို မိဘအုပ်ထိန်းသူများထံသို့ အသိပေး၊ အကြောင်းကြားထား ပြီး ဖြစ်ကြောင်း၊ မိဘအုပ်ထိန်းသူ များမှ အကြောင်းကြောင်းကြောင့် မလာရောက်နိုင်ခဲ့ပါက တာဝန်ခံ သူ၊ အုပ်ချုပ်နေသူတစ်ယောက် (ဘော်ဒါဆောင်မှူးဖြစ်စေ)အာမခံ ပေးရင်လည်း နားလည်ခွင့်လွှတ် လက်ခံပေးပါကြောင်း၊ ကျောင်း တာဝန်ရှိသူတချို့မှ စိတ်ရှည်လက် ရှည်ရှင်းပြပြီး ပြဿနာဖြစ်သည့် မိလ္လာခန်းများကို လှည့်လည်ကာ ရှင်းပြခဲ့ပါသည်။
ပြဿနာကို သွေးထိုးလှုံဆော် လိုကြသူ၊ ဆူပူအုံကြွရန် မြှောက် ပင့်ပေးသူ၊ မီးလောင်ရာလေပင့် လုပ်ကြသူတွေ ရှိတတ်တာမို့ အေးချမ်းမှုကို လိုလားကြသူများ၊ အသိအမြင်ကြွယ်ဝပြီး အတွေ့ အကြုံရှိကြတဲ့ ဗန်းမော်မြို့ခံပြည် သူအများစုကတော့ အသိတရား နှင့် သတိထားကာ စောင့်ကြည့် နေကြကြောင်း သတင်းရရှိပါ သည်။

HOT NEWS

Letter for Aung San Suu Kyi

အောက်စ်ဖို့ဒ်အိမ်မှာ တွေ့ရသည့် ဒေါ်အောင်ဆန်း စုကြည် မိသားစု(၁၉၈ဝ)
အခန်း ၁။ အောက်စ်ဖို့ဒ်က စု (၁၉၇၄-၁၉၈၄)

(၁) အောက်စ်ဖို့ဒ်က စုနဲ့မိုက်ကယ်

ကျွန်မက မိုက်ကယ်အဲရစ်ကို လွန်ခဲ့တဲ့ ၃၇ နှစ်က စတွေ့ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် နွေဦးမှာ ကျွန်မက ဗြိတိသျှပြတိုက်ကြီး နောက် ကပ်လျှက်က အရှေ့တိုင်းနဲ့အာဖရိက လေ့လာရေးဌာန (လန်ဒန် တက္ကသိုလ်)မှာ တိဘက်ဘာသာကို လေ့လာခဲ့တဲ့အချိန်ပေါ့။ အဲဒီအချိန်က ကျွန်မရဲ့ ကျန်နေသေးတဲ့ ဘဝအချိန်တွေကို တိဘက်ကျောင်းလေးမှာပဲ ကုန်ဆုံးနေချင်ခဲ့တာပါ။ မိုက်ကယ်နဲ့ ပထမဆုံး စတင်တွေ့ရတဲ့ အခိုက်အတန့်ကတော့ ကျွန်မတို့ရဲ့ စာသင်ခန်းထဲမှာပါပဲ။ တိဘက်ဘာသာကို ကောင်းကောင်း သင်ကြားတတ်တဲ့ မိုက်ကယ့်ကို အဲဒီအချိန်က သူ့နိုင်ငံကို ပိုလွတ်လပ်ခေတ်မီဖို့ တက်ကြွနေတဲ့ အသက် ၂၆ နှစ် အရွယ် ဘူတန်ဘုရင်ကလေးက သီးသန့်ဆရာအဖြစ် ဖိတ်ခံရတဲ့အထိ မိုက်ကယ်က တိဘက်စာ သင်တာ ကောင်းလှပါတယ်။

ကျွန်မက မိုက်ကယ့်ကို မြင်မြင်ချင်းမှာပဲ သဘောကျခဲ့ပါတယ်။ သူက ဆံပင်ရှုပ်ပွပွ၊ ခပ်ကြမ်းကြမ်းတမ်းတမ်းပုံ ဖြစ်နေတဲ့ ဟိမဝန္တာက လူကြီးတစ်ယောက်နဲ့ တူနေခဲ့ပါတယ်။ သူ့ကို တွေ့ရင် ဘယ်သူကမှ ရုပ်ရည်ချောမောသူလို့ မပြောနိုင်ကြပေမယ့် သူ့ရဲ့ သားငယ်လေး ကတော့ “ဒယ်ဒီက ရုပ်ချောတယ်”လို့ အော်အော်ပြီး မိုက်ကယ့်ကို ကာကွယ်ပေးတတ်ပါရဲ့။ တကယ်တော့ သူက စိတ်ထားမကျဉ်းမြောင်းဘဲ မေတ္တာထားတတ်သူမို့ လူတွေက သူနဲ့ ဆက်ဆံရတာ သိပ်စိတ်အေးချမ်းရပါတယ်။ သူဟာ ဝိနည်းကို လိုက်နာလွန်းတဲ့ လူဖြူ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးနဲ့ တူနေတာပါ။ သူက ဘောင်းဘီမှာ ချည်ကျော် အပေါက်လေးဖြစ်ပြီး ပေါင်သားအချို့ပေါ်ကာ အေးနေရင်တောင် ဂရုမစိုက်တဲ့အထိ ရုပ်ဝတ္ထုအပေါ် မခင်တွယ်သူပေါ့။ ကျွန်မကို တွေ့တွေ့ချင်း နှုတ်ဆက်တော့ “ကျွန်တော့်ဇနီးက မြန်မာပါ”လို့ မျက်လုံးတွေ အရောင်လက်စွာ ပြောခဲ့ပါတယ်။ အဲဒီတိုတောင်းတဲ့ တွေ့ဆုံမှုကလေး ဟာ နောင်နှစ်ပေါင်းသုံးဆယ်ကျော် အဓွန့်ရှည်လိမ့်မယ်လို့တော့ ကျွန်မ က မမျှော်လင့်ခဲ့ပါဘူး။

၁၉၇၅ ခုနှစ် နွေရာသီရောက်တော့ ကျွန်မအမျိုးသားက လန်ဒန် စီးပွားရေးတက္ကသိုလ်ရဲ့ သုတေသနဌာနကနေ အောက်စ်ဖို့ဒ်က စိန့်အန်ထော်နီကောလိပ်ကို ပြောင်းရတဲ့အတွက် ကျွန်မတို့လည်း လန်ဒန်ကနေ အောက်စ်ဖို့ဒ်ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ ကျွန်မတို့က ဝုဒ် စတော့ခ်လမ်းမှာ ရှိတဲ့ အိမ်တစ်အိမ်ရဲ့ အပေါ်ထပ်မှာ ငှားနေခဲ့ပါတယ်။ ကျွန်မကတော့ လန်ဒန်ကို အောက်စ်ဖို့ဒ်ကနေ ရထားနဲ့ မြေအောက်ရ ထားတွေ စီးပြီး ကျောင်းတက်ဆဲပါပဲ။

အောက်စ်ဖို့ဒ်က ပြောင်းဖူးဈေးလမ်းနဲ့ သဘောင်္လမ်း ဆုံရာ ထောင့်မှာ ပုံပြင်ထဲမှာ တွေ့ရတတ်တဲ့ သစ်သားအိမ်ကလေး တစ်လုံး ရှိပါတယ်။ အဲဒီအိမ်ကလေးက ငွေအကြွေစေ့ သုံးရတဲ့ အဝတ်လျှော်စက်တွေ ရှိရာနေရာပေါ့။ အဲဒီကနေ လျှော်ပြီးသားအဝတ်ထုပ်ကြီး ပခုံးပေါ်တင်ပြီး ထွက်လာတတ်တာကတော့ မိုက်ကယ်ပါပဲ။ အဲဒီမှာ ကျွန်မနဲ့မိုက်ကယ် ဒုတိယအကြိမ် ပြန်တွေ့တာပါ။ ခဏလောက် နှုတ်ဆက်ပြီးတော့ နောင်မှာ တွေ့ကြရအောင်လို့ဆိုကာ လမ်းခွဲခဲ့ကြတာပါ။

နောက်အပတ်မှာတော့ ကျွန်မတို့ဇနီးမောင်နှံက ဟာလီဖစ်စ်အိမ်ရှိရာ ကလပ်ကို လာဖို့ မိုက်ကယ်နဲ့သူ့မိသားကို ဖိတ်ခဲ့ပါတယ်။ နက်မှောင်တဲ့ ဆံပင်အထူကြီးကို စည်းနှောင်ထားတဲ့ အမျိုးသမီးတစ်ယောက်က ကလေးထိုင် လက်တွန်းလှည်းလေးကို တွန်းပြီး ကလပ်ထဲကို ဝင်လာပါတယ်။ သူ့ရဲ့အလှအပနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတဲ့အသွင် ခါးမတ်မတ်ကို သတိထားမိတဲ့ အဲဒီခဏ မှာပဲ ကျွန်မက အသက်မရှုမိခဲ့ပါဘူး။ သူ့နောက်မှာတော့ ကျွန်မနဲ့ ဆုံခဲ့ ဖူးတုန်းက ပါလာတဲ့ အဝတ်အိတ်ကြီးကို အရင်ကလိုပဲ ပခုံးပေါ်တင်ကာ လျှောက်လာတဲ့၊ ဂျပန်သူကြွယ် နတ်ဘုရားတစ်ပါးလို ပြုံးနေတဲ့ မိုက် ကယ်ပေါ့။

ဖြစ်ချင်တော့ မိုက်ကယ်ကလည်း သူ့မိသားစုနဲ့အတူ အောက်စ် ဖို့ဒ်ကို ပြောင်းလာခဲ့ပါပြီ။ သူတို့က အောက်စ်ဖို့ဒ်ရဲ့ အရှေ့တောင်ပိုင်းက ဆန်းနင်းဝဲလ်ရွာလေးက လယ်တောအိမ်လေးတစ်လုံးမှာ ငှားနေကြပါ တယ်။ အဲဒီမှာ တခြားလယ်တောအိမ်လေး နည်းနည်းပါးပါးနဲ့ ဆိုင်လေး တစ်ဆိုင် ရှိပါတယ်။ ဒီတော့ သူတို့က အောက်စ် ဖို့ဒ်မြို့လည်ကို ဈေး ဝယ်ဖို့နဲ့ အဝတ်လျှော်ဖို့ သွားကြရတာပေါ့။ သူတို့ရဲ့ အိမ်နီးနားချင်းတွေ မှာ ကားရှိကြပေမယ့် စုနဲ့မိုက်ကယ်က သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်း လိုသူတွေ ဖြစ်ကြသလို မိုက်ကယ်က စက်နဲ့ ပတ်သက်ရင် ဘာမှ မကျွမ်းကျင်သူလေ။ ဒီတော့ သူတို့ရဲ့ တစ်ခုတည်းသော အားကိုးရာ လမ်းပန်းဆက်သွယ်ရေးယာဉ်ကတော့ နေ့စဉ်ပြေးဆွဲပေးနေတဲ့ ဘတ်စ်ကားတွေပါပဲ။

နေ့စဉ်လိုသမျှတွေ ဝယ်ခြမ်းဖို့အတွက် မြို့လယ်ကို သွားရတာက ထုံးစံပါ။ ဒါပေမယ့် ဘာလို့ အဝတ်လျှော်ဖို့ မြို့လယ်အထိ သွားရမှာပါလိမ့်။ အင်္ဂလိပ်အိမ်တွေဟာ ဒေသတစ်ခုလုံးအတွက် စီမံကိန်းကြီး ချပြီးမှ ဆောက်ထားတာဆိုတော့ ရှေးဟောင်းသမိုင်းဝင်အိမ်တွေအဖြစ် ကြည့်လို့တော့ ကောင်းပါရဲ့။ ဒါပေမယ့် နေတဲ့လူတွေအတွက် ကတော့ အဆင်မပြေလှပါဘူး။ အိမ်အများစုမှာ အိမ်သာနဲ့ ရေချိုးခန်းဆိုတာ အပေါ်ထပ်မှာပဲ ရှိနေပြီး ရေဆိုးထုတ်စနစ် ပြသနာကြောင့် မိသားစုသုံး အဝတ်လျှော်စက်တွေအတွက် ထားစရာနေရာ ခက်ခဲပါတယ်။ အဲဒီအချိန်က ကမ္ဘာ့နိုင်ငံ အတော်များများမှာ မိသားစုသုံး အဝတ်လျှော်စက်တွေ က တွင်ကျယ်နေပြီးသားပါ။ အိမ်ရှင်မတွေအတွက်လည်း အဝတ်လျှော်စက်ဆိုတာ အဖိုးတန်လွန်းတဲ့ ရတနာတစ်ပါးလို ဖြစ်ပါရဲ့။ ခက်တာက ငွေအကြွေသုံး အဝတ်လျှော်စက်လုပ်ငန်းကိုလည်း ရည်ရွယ်ချက်ရှိရှိ ထူထောင်ထားတာကိုး။ (အခုဆို ဒီလုပ်ငန်းက စီးပွားဖြစ်လုပ်ငန်းကြီးကို ဖြစ်လို့ပါပဲ) ဒီလိုနဲ့ မြို့လယ်လမ်းထောင့် တစ်နေရာရာမှာ ရှိနေမှာ သေချာတဲ့ ငွေအကြွေသုံး အဝတ်လျှော်စက်တွေကို အားကိုးခဲ့ရပါတယ်။ အခုတော့ အဲဒီဆိုင်လေးက မျက်မှန်ဆိုင် ဖြစ်ခဲ့သလို နောက်ဆုံးတော့ အိုင်ဖုန်းအရောင်းဆိုင် ဖြစ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် မိုက်ကယ်နဲ့ တွေ့ဆုံဖြစ်တဲ့အတွက် အဲဒီအဝတ်လျှော်ဆိုင်လေးက အမှတ်တရပါပဲ။ အဲဒီတွေ့ဆုံမှုလေးကနေ အခုအချိန်ထိ မိုက်ကယ်၊ စုနဲ့သားနှစ်ယောက်ကို စိတ်ဝိဥာဉ်ချင်း ထိတွေ့နေဖြစ်တာ မဟုတ်ပါလား။

မသီတာ(စမ်းချောင်း)