Tuesday, July 3, 2012

Few political prisoners release

Myanmar President U Thein Sein signed an amnesty which is granted 80 prisoners to be released today. Among 80 prisoners , 46 prisoners were local and 34 were foreigners who will be deported soon.

Some political prisoners who released today morning seen with 88 generation students leaders : (Photo :YPI)


Intention of today amnesty govt defined as '' with a view to ensuring the stability of the State and making eternal peace, national reconciliation, enabling all to participate in political process; on humanitarian grounds; and turning them into citizens who could participate in nation-building endeavours in whatever way they can after realizing the
magnanimity of the State"

According to 88 generation students and a group of Former Political Prisoners ,they
could confirmed around 25 persons were political prisoners out of 46 prisoners.

Over 300 political prisoners still in prisons across the country by recently lists released by Former Political Prisoners.

Political prisoner issues is a major issue for former military regime and current civil government too. Last January , the most prominent political prisoners were released among 659 prisoners granted amnesty.

Political Prisoner, Ko Aye Aung takes interview


ယနေ့နံနက်ပိုင်း(ဇူလိုင် ၃ရက်နေ့) တွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ကလေးအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော ကိုအေးအောင်အား ကလေးမြို့ရှိ တည်းခိုရာ နေအိမ်၌ တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ကိုအေးအောင်သည် ၁၉၉၈ ခုနှစ်တွင် ထိန်းသိမ်းခံရပြီး ၁၉၉၉ ခုနှစ်တွင် ပုဒ်မ ၅(ည)၊ ၁၇/၁ နှင့် ၁၇/၂၀ တို့ဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါသည်။
Ref:EMG


မေး။ ။ဒီနေ့ ထောင်ကနေ လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ကိုအေးအောင်ရဲ့ စိတ်ခံစားမှုကို ပြောပြပါ ။

ဖြေ။ ။လွတ်မြောက်တယ်ဆိုတာကဗျာ ထောင်ထဲကနေပြီး ပေငါးရာပတ်လည်တော့ ထွက်လာပြီပေါ့။ လွတ်မြောက်မှု ဆိုတာကို နားလည်တာက လုံခြုံမှုဆိုတာရှိမှ လွတ်မြောက်တယ်လို့ နားလည်ပါတယ်။ လုံခြုံမှု ဆိုတာက ဒေါ်အောင်ဆန်းစုကြည်တို့ အားလုံးပြောကြသလို တရားဥပဒေစိုးမိုးမှု အပေါ်မှာ မူတည်တာပါ။ အဲလိုဆိုတော့ တရားဥပဒေက ကျွန်တော့်ကို အကာအကွယ်ပေးပြီလားပေါ့။ ဆိုလိုတာကဗျာ ကျွန်တော် ကြားရတယ်၊ ကျွန်တော့်သူငယ်ချင်းတွေ ပတ်စ်ပို့ မရဘူး။ တချို့တွေ ကျောင်းပြန်တက်ခွင့် မရဘူး ။ တရားဥပဒေက သူတို့ကို အကာအကွယ်ပေးသလား မပေးဘူးလား။ ဥပဒေက အကာအကွယ်ပေးမှ လုံခြုံမယ် ၊ လုံခြုံမှ လွတ်လပ်မယ်လို့ ဒီလိုပဲ နားလည်ပါတယ်။

မေး။ ။ထောင်ကနေ ထွက်လာပြီး ဘာဆက်လုပ်မယ်လို့ စိတ်ကူးထားသလဲ။

ဖြေ။ ။ လောလောဆယ်တော့ လေ့လာရေး လုပ်ရမှာပေါ့ ။ အရင်တုန်းက ကျွန်တော်တို့ နိုင်ငံရေး လုပ်ခဲ့တယ် ဆိုတာက ၊ ဖြိုဖျက်တဲ့ အပိုင်းပေါ့။ ဖြိုဖျက်တဲ့ အပိုင်းမှာက သတ္တိက အဓိက ၊ ပညာက ဒုတိယ။ အခုဟာက တည်ဆောက်ရေး အပိုင်းဆိုတော့ ပညာက အဓိက ၊ သတ္တိက ဒုတိယဖြစ်သွားမှာပေါ့။ ပညာမရှိဘဲနဲ့လုပ်မယ်ဆိုရင် ဘာမှ အဓိပ္ပါယ် မရှိဘူး။ ဒါ့ကြောင့် လေ့လာရေးတွေ အများကြီး လုပ်ကြရအုန်းမှာဘဲ ။


မေး။ ။ ထောင်မကျခင်က ကျောင်းသားဘ၀ အနေနဲ့ ဖြတ်သန်းခဲ့တယ်ဆိုတော့ ဘယ်အတန်း အထိ ပညာသင်ကြားခဲ့ပါသလဲ။

ဖြေ။ ။ တတိယနှစ် ရူပဗေဒ အဓိက နဲ့ အဝေးသင်ကျောင်းသား တစ်ဦးပါ။


မေး။ ။ လေ့လာရေး လုပ်မယ်ဆိုတော့ နိုင်ငံရေးထဲကို လေ့လာသွားမှာလား ၊ ပညာရေးကိုပဲ သီးသန့် လေ့လာသွားမှာလား။

ဖြေ။ ။ ကျွန်တော် ဆိုလိုတဲ့ လေ့လာရေးက နိုင်ငံရေးပညာ လေ့လာရေးပါ။ ကျောင်းပြန်တက်တယ် မတက်ဖူးဆိုတာက ကျွန်တော့ အသက်မွေးဝမ်းကျောင်း အတွက် ဖြစ်မှာပေါ့။ နိုင်ငံရေးဆက်လုပ်ဖို့ ဆိုရင် နိုင်ငံရေးပညာကို ဆက်လက်လေ့လာဖို့ လိုအပ်မှာပါ။

မေး။ ။ နိုင်ငံရေး ဆက်လုပ်မယ်ဆိုရင် ကိုအေးအောင်အနေနဲ့ ပါတီတစ်ခုခုနဲ့ ချိတ်ဆက်လုပ်မလား။ ကိုယ့်ဘာသာကိုယ် တစ်သီးတစ်သန့်ပဲ လုပ်မလား ၊ ဘယ်လို အဖွဲ့အစည်းနဲ့များ ချိတ်ဆက်လုပ်သွားမလဲ။

ဖြေ။ ။ အဲဒါက စဉ်းစားဖို့ အချိန်ယူရအုန်းမှာပါ။

မေး။ ။ လက်ရှိ နိုင်ငံတော်မှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်နေတယ်လို့ ပြောနေပါတယ်။ အပြောင်းအလဲကာလ ကိုသွားနေပါတယ်လို့ နိုင်ငံတကာကလည်း သတ်မှတ်နေတဲ့အချိန် ကာလမှာ အကိုရဲ့ အမြင်လေးကို ပြောပြပါ။

ဖြေ။ ။ အပြောင်းအလဲ ဖြစ်တယ်ဆိုတော့ စာတွေထဲမှာ ဖတ်ရတယ်ပေါ့။ အပြောင်းအလဲဖြစ်ပြီ၊ ဟီလာရီ ကလင်တန်တောင် လာပြီပေါ့။ စသဖြင့်ပေါ့။ ကျွန်တော်က ထောင်ထဲမှာ ရက်စွဲတော့ မမှတ်မိဘူးပေါ့။ ဦးသိန်းစိန် ကျမ်းသစ္စာကျိန်ဆိုပြီပေါ့။ နောက်နေ့ ဆိုတော့ ဒီမိုကရေစီ နိုင်ငံတော်ပေါ့ ၊ ဒါနဲ့အဲဒီနေ့ မနက်မှာ ထောင်ထဲမှာ ကျွေးတဲ့ တာလဘောကို စောင့်ကြည့်ပါတယ်။ ထောင်ထဲက “တာလဘော” ဆိုတာက ဟင်းသီးဟင်းရွက်ပြုတ် ကျွေးတာပေါ့ ။ အာဏာရှင်စနစ်က တာလဘောနဲ့ ဒီမိုကရေစီစနစ်က“တာလဘော” ဘာကွာမလဲလို့ သိချင်လို့ စောင့်ကြည့်တယ်။ လာကျွေးတဲ့ “တာလဘော” က အတူတူပါပဲ။ အခု ကျွန်တော် ဂျာနယ်တွေထဲမှာ ဖတ်ရတဲ့အခါ ကြတော့လည်း ကာတွန်းတွေ စသဖြင့် အကုန်လုံးမှာ ဖတ်ရတယ်။ အပေါ်မှာ ပြောင်းနေပြီ အောက်ခြေမှာ မပြောင်းသေးဘူး တဲ့ ၊ များသောအားဖြင့် ဒီလို ပြောကြတယ်။ ကျွန်တော်ကတော့ အပြင်လောကနဲ့ ရင်မဆိုင်ရသေးပါဘူး။ ကျွန်တော် ဖတ်ရသလောက်ကတော့ အပေါ်မှာတော့ ပြောင်းသွားပြီ အောက်ခြေမှာတော့ မပြောင်းသေးဘူးပေါ့။ ဒဲရစ်မစ်ချဲ ကလည်း change in the air လို့ ပြောတယ်လို့ ဖတ်လိုက်ရတယ်။ လေထဲမှာတော့ ပြောင်းနေပြီပေါ့ ။ ကျွန်တော်တို့ ထောင်ထဲမှာ ကျွေးတဲ့ “တာလဘော” ကတော့ မပြောင်းသေးပါဘူး။


မေး။ ။ ကိုအေးအောင်တို့ ထောင်ထဲမှာ ဂျာနယ်တွေ၊သတင်းစာတွေ ဖတ်ရတယ် လို့ သိရတယ်။ ဒီလို ဖတ်ရှု့ခွင့်ရတဲ့ အပေါ်ကနေပြီး သိခွင့် ရတဲ့ အတိုင်းအတာထဲကနေ ပြီး အစိုးရအသစ် အပေါ်မှာ အမြင်ကို ကျွန်တော့ကို ပြောပြပါ။

ဖြေ ။ ။ ကျွန်တော်တို့က ဂျာနယ်တွေကိုပဲ အများဆုံး ဖတ်ခဲ့ရတယ်လေ။ ဂျာနယ်ထဲမှာ ဘာတစ်ခုဖတ်ရလဲ ဆိုတော့ ဒေါ်သန်းမြင့်အောင် ပြောတာ။ ဒေါ်သန်းမြင့်အောင်က ဘာပြောလဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က အကောင်းမြင်ရင် ကျွန်မတို့ကလည်း အကောင်းမြင်မယ်။ အခု သမ္မတကြီး ဦးသိန်းစိန်က အပြောင်းအလဲကို တကယ် လိုလားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ယုံကြည် တယ်ဆိုတော့၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရရော ၊ ပုဂ္ဂိုလ်ရေး အရ ကော ကျွန်တော်တို့က ယုံကြည်တယ်၊ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အကောင်းမြင်ရင် ကျွန်တော်တို့လည်း အကောင်းမြင်မယ်။ အပေါ်မှာတော့ ပြောင်းလဲမှု ရှိတယ်လို့ ယူဆပါတယ်။ ဒါပေမယ့် ကျွန်တော် ဆိုလိုတာက အဲဒီအပြောင်းအလဲဟာ အောက်ခြေတော့ မရောက်သေးပါဘူး။

မေး။ ။ထောင်ကနေ ထွက်ပြီးတော့ နိုင်ငံရေးထဲကို ပြန်လည် လုပ်ဆောင်မယ်လို့ ပြောပါတယ်။ နိုင်ငံရေး ကို ပြန်လည် လုပ်ဆောင် သွားတဲ့ အခါ ကြတော့ ဘယ်လိုပုံစံနဲ့ သွားမလဲ။ ဘယ်လို ခံယူချက်မျိုးနဲ့ သွားမလဲ။

ဖြေ။ ။ ကျွန်တော်တို့ လူငယ်ဘ၀ မှာ နိုင်ငံရေးကို နားမလည်ဘဲ နဲ့ ထောင်ကျခဲ့တာပါ။ ဒါပေမယ့် ထောင်ထဲမှာ လေ့လာတယ်၊ တိုင်းပြည်အတွက် နိုင်ငံရေး လုပ်ဖို့ လိုအပ်ပါလား ဆိုတာ သိလာရတယ်။ ကျွန်တော် နိုင်ငံရေးလုပ်ချင်တယ်။ ဒီလိုဆိုတော့ လူကြီးတွေဆီမှာ နိုင်ငံရေးဆည်းပူးတယ်။ စာတွေ ဖတ်တယ်။ ဒါပေမယ့် ကျွန်တော် နားလည်တာက နိုင်ငံရေးထဲမှာ ပါဝင် ဆောင်ရွက်ချင် ပါတယ်လို့ ဖြေပေမယ့် ပါဝင်ဆောင်ရွက်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်တော် လုပ်ချင်တဲ့ နိုင်ငံရေးပညာ လေ့လာချင်တယ် ဆိုတာက ကျွန်တော့် ဦးတည်ချက်ပါ ။ ၉၈-ခုနှစ် ကျွန်တော် ထောင်ကျတဲ့ အချိန်တုန်းက အိုင်တီ နည်းပညာတွေ နဲ့ မထိတွေ့လိုက်ရဘူး။ အိုင်တီနည်းပညာတွေ လေ့လာဖို့ လိုအပ်နေတယ်။ ဒါကတော့ မလွဲမရှောင်သာ ဘာအလုပ် လုပ်လုပ် လေ့လာ ရမယ့်ဟာ တစ်ခုပေါ့။ ဒီနှစ်ခုကို ဇောင်းပေးလုပ်မယ်။ နောက်စားဝတ်နေရေး လုပ်ရမှာပေါ့။ ဒါတွေ အားလုံး အဆင်ပြေခဲ့ရင် ပညာရေး တပိုင်းတစဟာကို ဆက်လက် သင်ကြားဖို့ ဆောင်ရွက်နိုင်ရင် ဆက်လုပ်မယ်။ မလုပ်နိုင်ရင်လည်း မလုပ်ဘူးပေါ့ ။ ဒါပေမယ့် နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နိုင်သူ ဖြစ်ဖို့ အတွက် နိုင်ငံရေးပညာကို လေ့လာဖို့ အတွက်ကတော့ ဦးစားပေး ဆုံးဖြတ်သွားမှာပါ ။ ဘယ်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုဆောင်ရွက်မလဲ ဆိုတာကတော့ အချိန်ပေး စဉ်းစားရမှာပါ။ လေ့လာရအုန်းမှာပါ။

မေး။ ။ အခု အချိန်မှာ လူငယ်တွေ နိုင်ငံရေးမှာ စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက် နေကြပါပြီ။ အဲဒီလို လုပ်နေကြတဲ့ လူငယ်တွေ အပေါ်မှာ နိုင်ငံရေးနဲ့ ပါတ်သက်လို့ ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ နိုင်ငံရေး ဆိုတာက ပညာတစ်ခုပါပဲ ၊ စိတ်ဓါတ်ရှိရုံနဲ့ တိုင်းပြည်ကောင်းစေချင်တဲ့ စေတနာရှိရုံ နဲ့ စွန့်စား အနစ်နာခံရုံ သတ္တိရှိရုံနဲ့ ၊ လုပ်လို့ မရတဲ့ အရာတစ်ခုပါ ။ ပညာလိုပါတယ်။ အဲတော့ လူငယ်တွေ အနေနဲ့ လေ့လာရမယ်။ လူကြီးတွေဆီက သမိုင်းထဲက အတွေ့အကြုံတွေကို လေ့လာရပါ့မယ်။ လူငယ်တွေအနေနဲ့ လေ့လာဖို့ တိုက်တွန်းလိုပါတယ်။ စာများများ ဖတ်ကြပါ။

မေး။ ။ ထောင်ထဲမှာ နေထိုင်ခဲ့ရတဲ့ (၁၄)နှစ်နီးပါး ကာလအတွင်းမှာ စစ်အစိုးရ လက်ထဲမှာရှိတဲ့ ထောင်တွင်း အခြေအနေ နဲ့ အစိုးရ အသစ် ပြောင်းလဲလာပြီး ကာလ နောက်ပိုင်းနဲ့ ထောင်တွင်း အခြေအနေ ကွာခြားမှုလေး ကိုပြောပြပါ။

ဖြေ။ ။ ထူးခြားကွာခြားမှုတွေ ရှိပါတယ်။ ဒါပေယ့် အဲဒီ ထူးခြားမှုတွေက ပုဂ္ဂိုလ် အပေါ်မှာပဲ မူတည်နေပါတယ်။ ဆိုလိုတာက ဒီထောင်ပိုင်ကောင်းရင် ကောင်းတယ်။ ဒီဆရာဝန်ကောင်းရင် ကျန်းမာရေး စောင့်ရှောက်မှုတွေ ကောင်းမယ်။ ဒါပေမယ့် ဒီဆရာဝန် မဟုတ်ဘဲ နောက်ဆရာဝန် ဆိုရင် တစ်မျိုးဖြစ်သွား ပြန်ရော။ ဆိုလိုတာက ဥပဒေ စိုးမိုးမှုပေါ့ ၊ ဥပဒေစိုးမိုးမှု မရှိလို့ ပေါ့။ Rule မရှိလို့ ပေါ့ ၊ စနစ်မရှိလို့ပေါ့ ၊ အဲဒါကမမှန်ဘူး။ ဒါပေမယ့် မပြောင်းလဲဘူးလား ဆိုတော့ ပြောင်းလဲပါတယ်။ အဲဒါက ပုဂ္ဂိုလ်ပေါ်မှာပဲ မူတည်နေတယ်။ တပြေးညီ အားလုံးပြောင်းလဲအောင် လုပ်တာ မတွေ့ရဘူး။ ဒီထောင်မှာ ဗွီဒီယိုကြည့်ရတယ် ဟိုထောင်မှာ မကြည့်ရဘူး ၊ ဟိုထောင်မှာ ပန်းချီတွေ ဘာတွေဆွဲပြီး တောင်ပို့တယ်။ ဒီထောင်မှာ စာရေးဖို့တောင် ခက်နေတယ်။ ကျွန်တော်တို့ ထောင်မှာ တော့ ပြောင်းလဲ တိုးတက်မှုတွေ ရှိသင့်သလောက် ရှိနေတယ်။ တခြားထောင်တွေမှာ ကိုယ့်ထက်ပိုပြီး ရနေတဲ့ အခွင့်အရေးတွေ မရတာတွေလဲ ရှိနေပါတယ်။ ညီမျှတဲ့ ဥပဒေ တစ်ခု မရှိဘူးလို့ ထင်ပါတယ် ။ ဒါပေမယ့် အခုပြောနေတာက ဂျေးမင်နယူနယ် ကိစ္စကို ပြောနေတာ။ နေမှု၊ ထိုင်မှု တိုးတက်လား၊ မတိုးတက်ဘူးလား၊ ရပိုင်ခွင့်တွေ အကုန်ရသလား မရသလား၊ ကျွန်တော်တို့ အဓိက ထားသင့်တာက အကျဉ်းထောင်ပေါ်လစီပဲ ၊ အကျဉ်းထောင် လက်စွဲ ဥပဒေထက်ပိုပြီး အဓိကထားသင့်တယ်။ ကျွန်တော်ကတော့ အကျဉ်းထောင်ပေါ်လစီ မရှိဘူးလို့ ခံစားရတယ်။ ဘာလို့လဲဆိုတော့ အခု ကိုလိုနီစရိုက်ကိုဖျောက်၊ အမျိုးသားရေးဖြင့် တည်ဆောက်ဆိုပြီး အရင်တုန်းက ဆိုင်းဘုတ် ကပ်ထားတယ် ၊အခု မကပ်တော့ ပြန်ဘူး၊ ကိုလိုနီစရိုက်ဖျောက်ဖို့ မလိုတော့လို့ ဆိုင်းဘုတ် မရှိတော့တာလား ဖျောက်ပြီးသွားလို့ မရှိတော့လို့ လားတော့ မသိဘူး။ ကိုလိုနီစရိုက်ကို ကျွန်တော်တို့ နားလည်တာက ပထွေးဆိုးပေါ့ ၊ သားက ဟင်းခိုးစားတဲ့ အခါမှာ ဒေါသနဲ့ ရိုက်လိုက်တာ၊ ဟင်းကုန်သွားလို့ ရိုက်လိုက်တာ၊ သူစားစရာမရှိတော့လို့ ရိုက်လိုက်တာ ။ ဒီကောင်ကောင်းလာဖို့ မကောင်းလာဖို့ မရှိဘူး ၊ မိဘကလည်း ဟင်းခိုးစားလို့ ရိုက်တာပဲ ၊ ဒါပေမယ့် လိမ္မာစေချင်လို့ ရိုက်တာ ၊ ရိုက်တာခြင်း မတူဘူး။ ဆိုလိုတာက အခုထောင်ထဲကို လူတွေရောက်လာတယ် ဖမ်းထည့်လိုက်တယ်။ ခိုးမှုနဲ့ရောက်လာတယ်။ သူ့ကို ဘာကြောင့် မခိုးသင့်တယ်ဆိုပြီး ဘာပြုပြင်ရေး မှ မရှိဘူး။ အကျဉ်းထောင် ပေါ်လစီသည် အမျိုးသားရေးဖြင့် တည်ဆောက်ဆိုရင် ၊ ကျွန်တော်တို့ ရဲ့ သားသမီးတွေ ကျွန်တော်တို့ ကိုယ်ချင်းစာရမယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ကျွန်တော်တို့ အချင်းချင်းတွေ ၊ ကိုလိုနီအစိုးရ မဟုတ်ဘူး ၊ အင်္ဂလိပ်အစိုးရ မဟုတ်ဘူး ၊ ဒီလူတွေဟာ လူ့အဖွဲ့အစည်းကို ပြန်သွားအုန်းမှာ ၊ ပြန်သွားတဲ့ အခါမှာ လူ့အဖွဲ့အစည်းရဲ့ အသုံးဝင်တဲ့သူတွေ ဖြစ်အောင် ကျွန်တော်တို့ အကျဉ်းထောင်က ဘာတွေ လုပ်ပေးလဲ ၊ ဘာမှ လုပ်မပေးဘူး၊ အလုပ်ထွက်ခိုင်းတာပဲ ရှိတယ် ဒါပေမယ့် သက်မွေးဝမ်းကျောင်းသင်တန်း သင်ပေးတာ မဟုတ်ဘူး ၊ ထောင်မှာသူတို့ကို ပြုပြင် ပြောင်းလဲတဲ့ လုပ်ငန်း ဘာမှ မရှိဘူး ၊ ပြောစရာ တစ်ခုတော့ ရှိတယ်။ မနက်နဲ့ ညတန်းပိတ်ခါနီးရင် ၃၈ဖြာ မင်္ဂလာ ဆိုရတယ်။ ဒါကိုလည်း ၃၈ ဖြာမင်္ဂလာကို ဆိုဖို့ အတွက် နှိုးဆော်တဲ့ ၀န်ထမ်းက သူနှိုးဆော်တဲ့ စကားလုံးက “ ကဲ မိုက်မယ်ဟေ့ ၊ မိုက်မယ်ဟေ့” တဲ့ ဗျာ ၊ အဲဒီကျမှ အားလုံးက တစ်ညီတစ်ညွတ်ထဲ “လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ .....” စသဖြင့် ဆိုတာပေါ့ဗျာ။ အကျဉ်းထောင် ပေါ်လစီကို အမျိုးသားရေးဖြင့် တည်ဆောက်ဆိုတဲ့ စကားလုံးကို တကယ် အသက်ဝင် စေချင်ပါတယ်။


ဆရာ ဦးရွှေထူး လွတ်မြောက်ရေး


ဆရာ ဦးရွှေထူး လွတ်မြောက်ရေး အတွက် အထောက်အကူဖြစ်စေရန်
ရည်ရွယ်ချက်ဖြင့် မျှဝေလိုက်သည်။

အမှုတွဲ(၂၆)ဦး နှင့် အတူအကျဉ်းကျခံခဲ့ရပြီးအမှုတွဲ(၂၅)ဦးမှာ ပြန်လည်လွတ်မြောက်လာသော်လည်း တစ်ဦးတည်း ကျန်ရှိနေသော ဆရာဦးရွှေထူး (မန္တလေး) ပြန်လည်လွတ်မြောက်လာရေးအတွက် မိသားစု ဝင်များ၊ အမှုတွဲများ၊လုပ်ဖော်ကိုင်ဖက်များ တွေ့ဆုံဆွေးနွေးတိုင်ပင်သည့် အခမ်းအနားကို ဆရာဦးရွှေထူးဧ။် နေအိမ်တွင် ကျင်းပခဲ့သည်။

ဦးရွှေထူး (ခ) ဦးအောင်ဇေယျ ကိုယ်ရေး အကျဉ်း ။

မြန်မာ့တပ်မတော် တပ်မဟာ(၁၃) တပ်မင်းကြီး ဇေယျ ကျော်ထင် ဗိုလ်မှူးကြီး ဘဖြူ
(ငြိမ်း) နိုင်ငံ့ဂုဏ်၇ည် ပထမအဆင့် နှင့် ဒေါ်မြသွေးတို့မှ (၂၀)ရက် နိုဝင်ဘာ
၁၉၄၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ မွေးချင်းငါးယောက်အနက်
ဒုတိယမြောက်သားဖြစ်သည်။ ၁၉၆၄ ခုနှစ် မန္တလေး တက္ကသိုလ်မှ မဟာဝိဇ္ဖ္ဖာ (မြန်မာစာ)
ဘွဲ့ ဖြင့် ကျောင်းပြီးခဲ့သည်။ (၁၉၆၅)ခုနှစ် အသက် (၂၀) အရွယ်တွင်
ပညာရေးဝန်ထမ်းဘ၀ဖြင့် အ.ထ.က (၁) ကျောက်မဲမြို့ ၇ှမ်းပြည်နယ်မြောက်ပိုင်းတွင်
စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ဒေါ်ခင်ဆွေရီနှင့်
အိမ်ထောင်ပြုခဲ့သည်။ သားတစ်ယောက်ဖွားမြင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် အ.ထ.က (၁)
မန္တလေးမြို့ မန္တလေးတိုင်းအတွင်း အထက်တန်းပြဆရာအဖြစ် ပြောင်းရွှေ
့တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ပညာရေးဝန်ထမ်းဘ၀မှ
အငြိမ်းစားယူခဲ့သည်။ ၁၉၈၈ ပြည်လုံးကျွတ် အရေးးအခင်းတွင်
နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၉၃ တွင် တပ်မတော်
ထောက်လှမ်းရေး ၁၆ မှ စွဲချက်တင်ပြီး အထူးတရားရုံးမှ ပုဒ်မ(၅)(ည)(၁၇/၁) အရ
၃နှစ်ချမှတ်ပြီး တစ်ပေါင်းတည်း အပြစ်ဒဏ်အဖြစ် (၃) နှစ်ကျခံစေရန် ချမှတ်ခဲ့သည်။
အပြစ်ဒဏ်သတ်မှတ်ချက်နှစ်စေ့ရျွ် ပြန်လွတ်ခဲ့သည်။ ၁၉၉၈ ခုနှစ်မေလထဲတွင်
တပ်မတော် ထောက်လှမ်းရေး (၁) မှ ဖမ်းဆီးပြီး ၁၂၄၉က)အရ အနှစ်(၂၀)ဖောက်ခွဲ (၅)အရ
ထောင်ဒဏ် ၁၄နှစ်၊ ပုဒ်မ ၁၇ (၂)အရ ထောင်ဒဏ် (၅)နှစ်၊ ပုဒ်မ ၁၉(စ) အရ ထောင်ဒဏ်
(၃)နှစ် ချမှတ်ခဲ့သည်။ ပြစ်ဒဏ်ချမှတ်သည့်ကာလအစပိုင်းတွင် အိုးဘိုအကျဉ်းထောင်
(မန္တလေး) မှာ အကျဉ်းကျခံခဲ့ရသည်။ အကျဉ်းကျခံစဉ် ကာလအတွက်း (၃၀) ရက်မေလ ၂၀၀၀
ခုနှစ်တွင် တောင်လေးလုံး အကျဉ်းထောင် (တောင်ကြီး) ရှမ်းပြည်နယ်သို့ ရွှေ
့ပြောင်းခံခဲ့ရသည်။ အကျဉ်းကျခံရစဉ်ကာလမှ ယခုအချိန်ထိ ၁၄ နှစ်နီးပါး
တောင်လေးလုံး အကျဉ်းထောင်တွင်ကျခံနေ၇ဆဲဖြစ်သည်။ ၁၉၉၈ ခုနှစ် မေလ (၂၉) ရက်တွင်
ဦးရွှေထူး (ခ) ဦးအောင်ဇေယျ အပါအ၀င် ၁၉၈၈ ခုနှစ် အရေးအခင်းကဲ့သို့ ဖန်တီးရန်
နှိုးဆော်ရန် ကြံရွယ်သည်ဟု စွပ်စွဲပြီး တပ်မတော်ထောက်လှမ်းရေး (၁) မှ
ဖမ်းဆီးပြီး ပြစ်ဒဏ်ချမှတ်ခဲ့ရာတွင် အောက်ပါပုဒ်မများဖြင့် စွဲချက်တင်ခဲ့သည်။
ယင်းပုဒ်မများအနက် ၁။ ပုဒ်မ ၁၂၄(က) အရ ခုနှစ်ဦးအား အနျစ်(၂၀) ချမှတ်ခဲ့ရာတွင်
ခြောက်ဦးပြန်လည်လွတ်မြောက်လာပြီး ဦးရွှေထူးတစ်ယောက်သာ ကျန်ရစ်ရျွ် အပြစ်ဒဏ်
ကျခံနေရဆဲဖြစ်သည်။ ၂။ ပုဒ်မ ဖောက်ခွဲ (၅) အရ ဦးရွှေထူးနှင့် အခြားတစ်ဦးအား
ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့ရာ ကျန်တစ်ဦးမှာ ပြန်လည် လွတ်မြောက်လာပြီး
ဦးရွှေထူးသည ကျန်ရစ်ခဲ့ပါသည်။ ကျွ်ဖြစ်စဉ်တွင် ဖောက်ခွဲရေးပစ္စည်း
တစ်စုံတစ်ရာသော်လည်းကောင်း၊ ဖောက်ခွဲဖျက်ဆီးမှုသော်လည်းကောင်း
တင်ပြနိုင်ခြင်းမရှိပါ။ ၃။ ၁၉ (စ) အရ ဦးရွှေထူးတစ်ဦးအား ထောင်ဒဏ် (၃)နှစ်
ချမှတ်ခဲ့သည်။ ကျွ်ဖြစ်စဉ်တွင် ၄င်းလေသေနတ်နံပါတ် (၁) မှာ ဦးရွှေထူး
ကျောင်းသားဘ၀ (ခြောက်တန်း၊ ၁၉၅၉) တွင် ဘခင်ဖြစ်သူ ဗိုလ်မှူးကြီးဘဖြူ
(ထိုအချိန်တွင် ဗမာ့တပ်မတော် တပ်မဟာမှူး ၁၃ဦး အနက်မှ တပ်မဟာ၁၃ဧ။်
တပ်မင်းကြီး) က သားဖြစ်သူဧ။် ပညာရေးထူးချွန်မှုကို လက်ဆောင်ပေးခဲ့ခြင်းသာဖြစ်သည်။
ထိုခေတ်က ကျွ်လေသေနတ် နံပါတ်(၁) (air Diana) အမျိုးအစားမှာ ဥပဒေအရ
လိုင်စင်ပြုလုပ်ရန်မလိုပါ။ ဖမ်းဆီးစဉ်ကာလကလဲ ၄င်းလေသေနတ်မှာ အသုံးပြုရျွ်
လုံးဝမရဘဲ ကျိုးပဲ့ ပျက်ဆီးနေပြီ ဖြစ်ပါသည်။ ဖခင်ဧ။်အမှတ်တရ
လက်ဆောင်ပစ္စည်းအဖြစ် ဦးရွှေထူးက သိမ်းဆည်းထားခြင်းသာဖြစ်ပါသည်။ ၄။ ပုဒ်မ ၁၇(၂)
အရ ဦးရွှေထူးနှင့်ကိုမောင်မောင်တို့အား ပြစ်ဒဏ်ငါးနှစ်ချမှတ်ခဲ့ရာ
ကိုမောင်မောင်သည် ၂၀၁၁ ခုနှစ် အောက်တိုဘာလက လွတ်မြောက်လာသော်လည်း ဦးရွှေထူးမှာ
ပြစ်ဒဏ်ကျခံနေရဆဲဖြစ်ပါသည်။ အထက်ပါဖြစ်စဉ်တွင် ပုဒ်မ ၁၂၄ (က)အ၇ (၇)ဦး၊ ပုဒ်မ
၅ (ည) အရ (၁၇)ဦး၊ ပုဒ်မ ၁၇(၂) အရ တစ်ဦး စုစုပေါင်း ၂၆ဦးအနက် ၂၅ဦးမှာ
လုံးဝလွတ်မြောက်လာသော်လည်း ဦးရွှေထူးတစ်ဦးထဲသာ ကျန်ရစ်နေခဲ့ခြင်းဖြစ်ပါသည်
ဦးရွှေထူးအားစွဲဆိုထားသော ဖောက်ခွဲ (၅)၊ ပုဒ်မ ၁၂၄ (က)၊ ပုဒ်မ ၁၉(စ)
တို့သည်လည်း အမှန်အားဖြင့် ပြစ်မှုမမြောက်ဘဲ သံသယဖြင့်စွပ်စွဲကာ
ပြစ်ဒဏ်ချမှတ်ထားခြင်းသာ ဖြစ်သည်။။

ဓါတ်ပုံ -တောင်ကြီးထောင်အတွင်းကတဦးတည်းနိုင်ငံရေးအကျဉ်းသားဆရာဦးရွှေထူး။(သတင်း-ကိုအောင်ပန်)

Monday, July 2, 2012

လယ်သိမ်းခံ လယ်သမားများ အိုးအိမ်ရုံးရှေ့ ညအိပ်ဆန္ဒပြ

လှိုင်သာယာ မြို့နယ် အတွင်းပဒန်၊ ကျွန်းကြီး ၊ ကျွန်းလေး၊ ကပြို ကျေးရွာများမှ လယ်ယာမြေ ဧက ၆၀၀ ၀န်းကျင် သိမ်းဆည်းခံရသည့်ကိစ္စကို ကန့်ကွက်ဆန္ဒပြသည့် အနေဖြင့် လယ်သမား ၅၀ ၀န်းကျင် ရန်ကုန်မြို့ အိုးအိမ်ဦးစီးဋ္ဌာနရုံးရှေ့တွင် ယနေ့နေ့ခင်းပိုင်းမှစတင်ကာ ဆန္ဒပြလျှက်ရှိရာ တောင်းဆိုချက်မရမချင်း ယင်းရုံးရှေ့တွင် ညအိပ်ဆန္ဒပြရန် စီစဉ်ထားသည်ဟု သိရသည်။

ယနေ့ည ၁၀ နာရီကျော်တွင်မူ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး မြင့်အေးနှင့် အဖွဲ့က ရောက်ရှိလာပြီး ဆန္ဒပြလယ်သမားများအား နေရာမှ ဖယ်ရှားပေးရန် မေတ္တာရပ်ခံသဖြင့် လယ်သမား အရေးဆောင်ရွက်ပေးသူ ဦးဝင်းချို၊ ကိုဟန်ဝင်းအောင်တို့နှင့် ညှိနှိုင်းလျှက်ရှိကြသည်။

ဆန္ဒပြ လယ်သမားများအား ရန်ကုန်မြို့ အိုးအိမ်ဦးစီးဋ္ဌာနရုံးရှေ့တွင် ယနေ့ည ၁၀နာရီခွဲဝန်းကျင် ကတွေ့မြင်ရစဉ်
 

Battle bresks out KNU and Burma's military trop although peace aggrement sets up

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်ရှိ ၀ါးစိုးရွာအနီး ရှဲလိုဒေါခိုတွင် ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံတပ်နှင့် မြန်မာအစိုး ရတပ်တို့အကြား ပြီးခဲ့သည့် ဇွန်လ ၂၇ရက်နေ့က တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု သိရသည်။
KNLA-flag
အဆိုပါဒေသရှိ မြန်မာအစိုးရတပ် တပ်မ(၆၆)လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ(၁)သည် KNU ထိန်းချုပ်ထားသည့် သတ်မှတ်နယ် မြေအတွင်း ၀င်ရောက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု KNU တောင်ငူခရိုင်မှ ခရိုင်တာဝန်ခံ စောအယ်ဝါးက ကေအိုင်စီသို့ ယခု လို ပြောသည်။

“သူတို့(အစိုးရတပ်)က အပစ်ရပ်ကာလမှာ ကြိုတင်အကြောင်းမကြားဘဲ ကျနော်တို့ သတ်မှတ်နယ်မြေ အတွင်းမှာ ၀င်လာတော့ တိုက်ပွဲ ဖြစ်တာပေါ့။ တိုက်ပွဲဖြစ်တာက ကျနော်တို့ရဲ့ တပ်စုတစ်စုပါပဲ။ သူတို့ဘက်က အရင်ပစ်လို့ ဖြစ်တာ။ မိနစ်ပိုင်းလောက်ဖြစ်ပြီး ကျနော်တို့ ဘက်က ပြန်ဆုပ်တယ်။ ထိခိုက်မှုတော့ မရှိဘူး။”ဟု သူက ပြောသည်။

ဇွန်လ ၂၃ရက်နေ့က သံတောင်မြို့နယ်ရှိ ကော်သေးဒဲရွာသို့ ဆန်သွားဝယ်ပြီး ပြန်လာသော ဟီဒေါခေါ်နှင့် သေခိုဒဲရွာသား ၄ဦးကို ပစ်ခတ် ခဲ့ပြီး ထိုတနေ့တည်းမှာပင် တောင်ယာခင်းတွင် စုပေါင်း မြက်ခုတ်ထွင် ရှင်းလင်းနေသော ဟီဒေါခေါ်ရွာနှင့် ၀ါးစိုးရွာသား ၁၀ဦးအား ပစ်ခတ်ခဲ့သည်။

တစ်ဆက်တည်းပင် မြန်မာအစိုးရတပ်များသည် ဒေသခံရွာသားများ ပစ်ခတ်မှုများရှိသည့်အပေါ် လွတ်လပ်စွာ လုပ်ကိုင်စားသောက်မှုနှင့် သွားလာမှုများ၌ အခက်အခဲဖြစ်ရသည်ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။

သူက “အပစ်အခတ်ရပ်စဲရေးအချိန်မှာ နည်းနည်းအေးချမ်းမလားလို့။ အခု အရင်အတိုင်းပဲဆိုတော့ စိတ်မကောင်းဘူး။ အခုထိ ကျနော်တို့ ဒေသခံတွေ ကြောက်ကြောက်လန့်လန့်နဲ့ သွားလာအလုပ်လုပ်နေရ တယ်။ (ဇွန်လ) ၂၃ရက်နေ့က တောင်ယာမှာ အလုပ်လုပ်တဲ့သူတွေ တောမှာ လိုက်အိပ်ရသေးတယ်။”ဟု ပြောဆိုသည်။

နော်စီဖိုးရာစိန် ဦးဆောင်သည့် KNU ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၆ရက်နေ့က မြန်မာအစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တွေ့ဆုံခဲ့ပြီး စစ်ရေးကိစ္စများကိုပါ အနည်းငယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

DPNS sets up for organizational committee


– လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ပြည်တွင်း) စုစည်းရေးကော်မတီ ဖွဲ့စည်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ပြည်တွင်း) စုစည်းရေးကော်မတ ဖွဲ့စည်း

တာရာဝေယံ၊ ဇူလိုင် ၂၊ ၂၀၁၂

အကြောင်းအမျိုးမျိုးကြောင့် အနယ်နယ်အရပ်ရပ်မှာ ပြန့်ကြဲနေတဲ့ လူ့ဘောင်သစ် ပါတီဝင်များနဲ့ ဒီမိုကရေစီအင်အားစုများကို စုစည်းနိုင်ဖို့အတွက် စုစည်းရေးကော်မတီ တစ်ရပ်ကို (၁၊ ၇၊ ၂၀၁၂) မှာ ဖွဲ့စည်းခဲ့ပါတယ်။

ကော်မတီမှာ ပါဝင်တဲ့သူတွေကတော့

၁။ ကိုဇေယျ (ရန်ကုန်)(တာဝန်ခံ)

၂။ ကိုအောင်ဇေယျ (ရွှေဘို)

၃။ ခွန်ရဲသွေး (တောင်ကြီး)။

၎။ ကိုညီညီ (ကျောက်တံတား)

၅။ မတင်တင်ချို(မရမ်းကုန်း)

၆။ ကိုမျိုးမြင့် (အင်းစိန်)

၇။ ကိုသီဟ (ပြည်) (ပြောရေးဆိုခွင့်ရှိသူ)

၈။ မနှင်းနှင်းမွှေး (သာကေတ) (ပြောရေးဆိုခွင့်ရှိသူ)

ကော်မတီဝင်များ

၁။ ကိုကျော်မိုးလွင်အောင် (သံတွဲ)

၂။ ကိုငြိမ်းချမ်း (မန္တလေး)

၃။ ကိုကျော်စိုး (မန္တလေး)

၎။ ကိုအေးကို (မန္တလေး)

၅။ ကိုကျော်ကြီး (ပဲခူး)

၆။ မသီတာ (မုံရွာ)

၇။ ကိုဘစိုးထွန်း (တွံတေး)

အရံကော်မတီဝင်များ

၁။ ကိုသန်းဝင်း (ပြည်)

၂။ ကိုဇော်ဇော် (ဗိုလ်တထောင်)

၃။ ကိုအိုက်ပွန် (ဟိုပုန်း)

၎။ ကိုအေးသွင် (အောင်လံ)

၅။ ကိုရန်နိုင်စိုး (သာကေတ) တို့ ဖြစ်ကြပါတယ်။

ကော်မတီအနေနဲ့

အမျိုးသားရင်ကြားစေ့ရေး၊

ပြည်တွင်းငြိမ်းချမ်းရေး၊

ပြည်ထောင်စုသားချင်းများ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊

ဒီမိုကရေစီနှင့်လူ့အခွင့်အရေး အနှစ်သာရရှိရှိထွန်းကားရေး အခြေခံများအပေါ်ရပ်တည်ပြီး နိုင်ငံနဲ့လူထုအတွက် လက်ရှိနိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးလိုအပ်ချက်အရ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့တွင် ပိုမိုပွင့်လင်းမြင်သာပြီး တိုးတက်ကောင်းမွန်တဲ့ အခြေအနေတစ်ရပ် မြန်နိုင်သမျှအမြန်ဆုံး ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။


Sunday, July 1, 2012

88 generation students meet authorities in Yangoon today

သူရဦးရွှေမန်းနှင့် ၈၈ မျိုးဆက် ကျောင်းသားများ ပထမအကြိမ် တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၁

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သော လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဋ္ဌများနှင့် ၈၈ မျိုးဆက် ကျောင်းသားများ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မတီရုံး၌ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအေးမြင့်၊ ရင်းနှီးမြုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဌေးမြင့်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို၊ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်း၊ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်တို့ တက်ရောက်ခဲ့ကြပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော်တို့ တက်ရောက် ဆွေးနွေးခဲကြသည်။

“ဥပဒေပြုရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာတွေကို အကျဉ်းချုပ်ပြီး ပြောရရင် ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ တည်ဆဲ ဥပဒေတွေ ပယ်ဖျက်ပေးဖို့နဲ့ အကာအကွယ် ပေးမဲ့ ဥပဒေသစ်တွေ ပြဋ္ဌာန်းပေးဖို့ပါပဲ။ သူရ ဦးရွှေမန်းကလည်း ဥပဒေတစ်ခု ပေါ်ထွက်လာဖို့အတွက် သူတို့တွေ ဘယ်လောက်ထိ လုပ်ခဲ့ရတယ် ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြန်ပြီးတော့ ဆွေးနွေးပါတယ်။ လွှတ်တော် ကိုယ်စားလှယ် အများစုဟာ ဥပဒေ ပညာရှင် မဟုတ်ကြပေမဲ့ ဥပဒေ တစ်ခု ပေါ်ထွက်လာဖို့ ဘယ်လောက်ထိ လုပ်ခဲ့ရတယ် ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြန်ပြီးတော့ ဆွေးနွေးပါတယ်။ တိုင်းပြည်အတွက် အပေါင်းလက္ခဏာဆောင်တဲ့ တွေ့ဆုံမှု တစ်ခုပါ” ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားများက နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ ပြည်ပရောက် နိုင်ငံရေး အင်အားစုများ ပြန်လာရေးနှင့် ဥပဒေပြုရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။