|
|
|
|
လက်ရှိဖော်ဆောင်နေသော
ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ငန်းစဉ်၏ စီးပွားရေးကဏ္ဍ
ပြုပြင်ပြောင်းလဲမှုများ ချောမွေ့စွာ အောင်မြင်နိုင်ရေးအတွက် ပြည်သူများ၏
ဘဝကို ပိုမိုကောင်းမွန်သော ရလဒ်များ လက်တွေ့ပုံဖော်ပေးနိုင်ရန်
လိုအပ်ကြောင်း ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်သည့် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခ
စောင့်ကြည့်လေ့လာရေးအဖွဲ့ (ICG) ၏ မြန်မာနိုင်ငံဆိုင်ရာ ပြန်တမ်းတွင်
သုံးသပ်ဖော်ပြထားသည်။ ပြည်သူများ၏ လူမှုစီးပွားဘဝအပေါ်
တိုက်ရိုက်သက်ရောက်သည့် လျှပ်စစ်မီးလုံလောက်စွာ ရရှိခြင်း၊
သယ်ယူပို့ဆောင်ရေးစနစ် တိုးတက်ကောင်းမွန်လာခြင်း၊ လူဦးရေ ရာခိုင်နှုန်း ၇၀
နှင့် စပ်ဆိုင်သည့် မြေယာဥပဒေကို စနစ်တကျ ပြင်ဆင်ခြင်း၊ တယ်လီဖုန်း
အသုံးပြုခများ သက်သာလာခြင်း၊ ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှုများ
စရိတ်စက သက်သာခြင်း စသည့်ရလဒ်များ ဖြစ်ပေါ်မှသာ စီးပွားရေး အပြောင်းအလဲတွင်
အကျိုးကျေးဇူးရရှိသူ များပြားနိုင်မည်ဖြစ်ကြောင်း သုံးသပ်ထားသည်။
မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီးနောက် ဆောင်ရွက်သော
အပြောင်းအလဲများအနက် နိုင်ငံရေးအရွေ့သည် ခရီးတစ်ခု ရောက်ပြီဟု
ဆိုနိုင်သော်လည်း စီးပွားရေး အပြောင်းအလဲမှာမူ မူဝါဒပြောင်းလဲသည့်
အဆင့်တွင်သာ ရှိသေးပြီး လက်တွေ့ရလဒ် မရှိသေးကြောင်း
စီးပွားရေးအသိုင်းအဝိုင်းက ဆိုသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါက်တာအေးမောင်က “ပြည်သူတွေကို အာမခံချက်တွေ ပေးနိုင်ဖို့ ပြည်သူတွေ
ယုံကြည်လာအောင် စာရွက်ပေါ်မှာ လုပ်ပြတာ၊ အပြော၊ အပြကောင်းတာတွေထက် လက်တွေ့
အကောင်အထည်ဖော် ဆောင်ရွက်မှုတွေနဲ့ လုပ်ဆောင်သင့်တယ်။ ငွေကြေးစီးဆင်းမှုက
လူထုကြားထဲမှာ အမှန်တကယ် စီးဆင်းဖို့လိုမယ်။ ဒီစနစ်မှာ အခုပြဿနာတွေမှာ
မြေယာကိစ္စတွေက အများကြီး ဖြစ်နေတော့ မြေယာတော်လှန်ရေးတွေ လုပ်သင့်တယ်။
စီးပွားရေး လုပ်ငန်းစဉ်ကြီး တစ်ခုလုံးကို ပြန်သုံးသပ်ဖို့ လိုလိမ့်မယ်။
အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးလာအောင်
လုပ်ပေးဖို့လိုတယ်။ လူတိုင်း ငွေပင်ငွေရင်း စိုက်ထုတ်သုံးစွဲနိုင်မှု
မရှိသေးတဲ့ ဒီလိုကာလတွေမှာ နိုင်ငံတော်အနေနဲ့ ငွေပင်ငွေရင်းတွေ
စိုက်ထုတ်ပေးရမယ်။ ဒီလိုစိုက်ထုတ်ပေးဖို့ နိုင်ငံတကာရဲ့ အကူအညီတွေ
လိုအပ်တယ်။ ပြည်သူတွေဘဝမှာ ဒါတွေအဆင်ပြေလာရင် ကျန်တဲ့ ပညာရေး၊
ကျန်းမာရေးတွေမှာလဲ ပိုပြီးဂရုတစိုက် လုပ်လာနိုင်မယ်။ ပညာရေး၊
ကျန်းမာရေးကဏ္ဍတွေမှာလဲ အောက်ခြေလူတန်းစားတွေကို ကြားနေလူတန်းစားတွေက
အကူအညီပေးပြီး စောင့်ရှောက်ဖို့လိုမယ်” ဟု သုံးသပ်ပြောကြားသည်။ အထက်ပါ ICG
၏ ပြန်တမ်းတွင် ပြုပြင်ပြောင်းလဲမှုများအရ အသာစီးရခဲ့သော
စီးပွားရေးသမားများအနေဖြင့် ဥပဒေအတိုင်း ယှဉ်ပြိုင်မှုများ၊ အမှန်အတိုင်း
အခွန်ပေးဆောင်မှုများ၊ ယင်းတို့ကိုယ်တိုင် စီးပွားရေး
ပြုပြင်ပြောင်းလဲမှုတွင် မဖြစ်မနေ လိုလားစွာ ပါဝင်ဆောင်ရွက်မှုများ
လုပ်လာရမည်ဖြစ်ကြောင်း ဆက်လက် သုံးသပ်ဖော်ပြထားသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၂
ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Khit Lu Nge
|
Transparency in Myanmar (Burma) is being sure of what we hope for and certain of what we do not see
Thursday, August 2, 2012
ပည်သူများအတွက် လက်တွေ့အကျိုးရှိစေမှသာစီးပွားရေး ပြုပြင်ပြောင်းလဲမှုအောင်မြင်မည်Successful key to change
EXPLOSION IN CHAUK
ချောက်မြို့တွင်
ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်စက်ရုံ မီးလောင်မှုဖြစ်ပွား
by Yangon
Media Group on Thursday, August 2, 2012 at 6:02am ·
ချောက် သြဂုတ်၂။
ချောက်မြို့တွင် လည်ပတ်နေသော စက်မှုဝန်ကြီးဌာန
စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်းလက်အောက်ရှိ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်စက်ရုံသည်
သဘာဝဓါတ်ငွေ့ကိုအသုံးပြုလျက် ပုံမှန်ထုတ်လုပ်မှုလုပ်ငန်း များဆောင်ရွက်နေစဉ် သြဂုတ်
၂ရက် နေ့လည် ၁၂နာရီ ၅၀မိနစ်တွင် Main Unit ရှိ Oxidation Tower မှ ပုံမှန်မဟုတ်သော
ထူးခြားသည့် အသံကြီးပေါ်ထွက်လာပြီးနောက် ဟိုက်ဒရိုဂျင်ပါဝင်သော ဓာတုအရည်များ
(working solution) အောက်သို့စီးကျကာ ပေါက်ကွဲမှု (၃)ကြိမ် ဖြစ်ပေါ်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း
သက်ဆိုင်ရာမှသတင်းရရှိသည်။
မီးလောင်မှုဖြစ်ပွားရာသို့
ချောက်၊ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့တို့မှ မီးသတ်ကားများရောက်ရှိလာပြီး
မီးငြိမ်းသတ်ခဲ့ရာ ညနေ ၄နာရီခွဲခန့်တွင် မီးကိုထိန်းနိုင်ခဲ့ပြီး
ညနေခြောက်နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက
ရန်ကုန်မီဒီယာသို့ပြောကြားသည်။
မီးလောင်မှုဖြစ်စဉ်ကြောင့် စက်ရုံဝန်ထမ်း
(၅)ဦးနှင့် မီးသတ်ဝန်ထမ်း (၁)ဦးတို့ အနည်းငယ်ဒဏ်ရာရရှိသွားကြပြီး
ဓာတုအရည်ထိမှန်သည့် ၀န်ထမ်းတစ်ဦးကို ချောက်မြို့ပြည်သူ့ဆေးရုံတွင်
တင်ပို့ထာ့းကြောင်း စက်မှုဝန်ကြီးဌာနမှ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။
မီးလောင်မှုကြောင့် စက်ရုံအတွင်းရှိ
အခြားအဆောက်အဦများ ပျက်စီးမှုမရှိသော်လည်း ပေါက်ကွဲမှုအရှိန်ကြောင့်
ပြတင်းပေါက်မှန်များ ကွဲအက်ပျက်စီးသွားကြောင်းသိရှိရသည်။
မီးလောင်မှုဖြစ်ပွားသည့် အဆိုပါစက်ရုံသို့
နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိနေပြီး လိုအပ်သည်များ
ဆောင်ရွက်ပေးလျက်ရှိနေကြောင်း စက်မှုဝန်ကြီးဌာနမှသတင်းရရှိသည်။
(ပုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်
စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းရန် မသင့်ဦးအောင်သိန်းလင်း
နေပြည်တော်၊ သြဂုတ် ၂
ယမန်နေ့က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အလုပ်သမား ဆန္ဒပြမှုများနှင့် ပတ်သက်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မထိခိုက်စေဘဲ အရင်းခံ အကြောင်းအရာများကို အဖြေရှာရန် အတွက် အများကြည်ညို လေးစားသည့် ပုဂ္ဂိုလ်များ ပါဝင်သော စုံစမ်းရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်း ခဲ့သည်။
ဦးသိန်းညွှန့် တင်သွင်းခဲ့သော အဆိုကို မကွေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းနှင့် အလုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်တို့က ရေရှည်တွင် အလုပ်ရှင် နှင့် အလုပ်သမားကြားတွင် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော ပြဿနာများကို ဖြေရှင်း ပေးနိုင်ရန် အတွက် ကော်မရှင် တစ်ရပ် ဖွဲ့စည်း ပေးရန် ထောက်ခံ ဆွေးနွေးသော်လည်း တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက အလုပ်သမား ဥပဒေသစ်များ အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းရန် မသင့်ပါကြောင်း ကန့်ကွက်ဆွေးနွေးခဲ့သည်။
ဦးသိန်းညွန့်၏ အဆိုနှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ သဘောထားကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မေးမြန်းခဲ့ရာ "နိုင်ငံတစ်ဝန်းလုံးတွင် အလုပ်သမား အဖွဲ့အစည်း များအား လွတ်လပ်စွာ ဖွဲ့စည်းခွင့် ဆန္ဒ ထုတ်ဖော်ခွင့် ပေးထားကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများကို အလုပ်သမားကိုယ်စားလှယ်များ အလုပ်ရှင်ကိုယ်စားလှယ်များ အရည်အတွက် တူညီစွာပါဝင်၍ ဆုံးဖြတ်ပေးရသည့် အခြေအနေမျိုးကို ဖန်တီးပေးထားကြောင်း ကမ္ဘာပေါ်တွင် ဥပဒေသစ်တစ်ရပ် စတင်အကောင်အထည်ဖော်ဆောင်ရွက်ချိန် ၌ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းခြင်းအား မည်သည့်နိုင်ငံမျှ ကျင့်သုံးခဲ့ခြင်း မရှိကြောင်းကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းကြီးတစ်ခု၏ နည်းပညာဆိုင်ရာ အကြံပေးအရာရှိချုပ်က မိမိထံ ပေးပို့ထားသည့် စာတစ်စောင်၌ ထည့်သွင်းရေးသား ဖော်ပြထားပါကြောင်း ကော်မရှင်ဖွဲ့စည်းခြင်းသည် တစ်ဖက်နှင့် တစ်ဖက် ယုံကြည်စိတ်ချရမှု မျိုးစေ့ကို တူးဖော်ပစ်ရန်အားထုတ် သကဲ့သို့ ဖြစ်ပွားသဖြင့် အလွန် အန္တရာယ်ကြီးပါကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။"
အဆိုရှင်ဦးသိန်းညွန့်၏ သဘော ထားကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မေးမြန်းရာတွင် ဦးသိန်းညွန့်က ''အလုပ်သမား ဆိုင်ရာဥပဒေ ၁၆ခု ရှိပါတယ်။ အဲဒီအထဲမှာ အချို့ဥပဒေ တွေဆိုရင် ၁၉၂၃ခုနှစ် အလုပ်သမား လျော်ကြေး ဥပဒေမျိုးတွေ လည်း ရှိ နေပါသေးတယ်။ ဒါကြောင့် ဒီဥပဒေ တွေက ခေတ်မီရဲ့ လား၊ အလုပ်ဖြစ်ရဲ့ လား၊ အလုပ်သမားအားလုံးကို လွှမ်း ခြုံနိုင်ရဲ့လားဆိုတာကို စဉ်းစားဖို့ လို ပါတယ်။ အခု လက်ရှိ အလုပ်သမား ဥပဒေနှစ်ခု ထွက်ရှိတဲ့ အတွက် ကျေး ဇူးတင် ပါတယ်။ အချိန်ပေးဖို့လိုတယ် ဆိုတာ လည်း သိပါတယ်။ စုံစမ်းရေး ကော်မရှင်ကို ဘယ်နိုင်ငံမှာမှ မရှိဘူး ဆိုတဲ့ အခြားနိုင်ငံက ကျွမ်းကျင်သူ တွေရဲ့ သုံးသပ်ချက် တစ်ခုတည်းနဲ့ ကျွန်တော် တို့နိုင်ငံ ရေးအနေအ ထား ကို မဆုံးဖြတ် သင့်ပါဘူး။ ကျွန်တော် တို့နိုင်ငံရေးကို ကျွန်တော်တို့ အတွေး အမြင်နဲ့ လုပ်ဖို့ လိုအပ်ပါတယ်။ဥပဒေ ရှိတာနဲ့ ကျင့်သုံးတာနဲ့တင် နောင် အလုပ်သမား အရေးအခင်း မပေါ် ပေါက်နိုင်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင် ပါဘူး။ တိုင်းပြည်ရေး ကို ရိုးရိုး သားသား နဲ့ အဖြေရှာဖို့ ဒီလွှတ်တော် ကို တင်ပြရခြင်း ဖြစ်ပါတယ်။ အလုပ် သမားစုံစမ်းရေးကော်မရှင်တစ်ရပ် ကို ဖွဲ့စည်းဖို့အတွက် ကျွန်တော့်အနေ နဲ့ လေးလေး နက်နက် တင်ပြအပ်ပါ တယ်။ ဒါကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူပါ တယ်''ဟု ပြောကြား ခဲ့သည်။
ဦးသိန်းညွန့်၏ အဆိုကို မဲခွဲ ဆုံးဖြတ်ခဲ့ရာ မဲပေးပိုင်ခွင့်ရှိသူ ၃၆၉ ဦးတွင် ကန့်ကွက်မဲ ၂၈၈ မဲ၊ ထောက်ခံမဲ ၄၃ မဲနှင့် ကြားနေမဲ ၁၇ မဲ ရရှိခဲ့သဖြင့် ဦးသိန်းညွန့်၏ အဆိုရှုံးနိမ့်ခဲ့ရသည်။လွှတ်တော် ကိုယ်စားလှယ် ဦးရေ ၄၄၀ ဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ဦးရေ ၁၁၀၊ ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်ဦးရေ ၃၃၀ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ဦးရေ ၂၀၀ ကျော်နှင့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၃၇ နေရာ၊ အခြားသော နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား ပါတီများ ပေါင်းလျှင် ကိုယ်စားလှယ် ၇၀ ခန့်သာ ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်မှာ တရားရုံးများ မထီမဲ့မြင် ပြုမှုဥပဒေ၊ အသရေ ဖျက်မှု ဥပဒေများကို ပြင်ဆင်ရန် အဆိုတင်သွင်းခဲ့သူဖြစ်ပြီး အစိုးရ၏ တရားစွဲဆိုခြင်း ခံထားရသော ပြည်တွင်းထုတ် သတင်းဂျာနယ်များတွင် အကျိုးဆောင်ရှေ့နေအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။
THE VOICE
Wednesday, August 1, 2012
ပြည်သူ့လွှတ်တော်ဥက္ကဌကသတိပေး Shwe men gives warning to U Thein Nyunt and U Khaing Maung Yi
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်
နှင့်ဦးခိုင်မောင်ရည်တို့ နှစ်ဦးအား စကားပြောဆို သုံးနှုံးမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဌက
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သတိပေးခဲ့သည်။
ဦးခိုင်မောင်ရည်က "၈၈ မျိုးဆက်ကျောင်းသား သူငယ်ချင်းများ"ဟုသော်လည်းကောင်း၊ ဦးသိန်းညွန့်က "ရှစ်လေးလုံး" ဟုသော်လည်းကောင်း ဆွေးနွေးမှုတင်ပြမှုများတွင် ထည့်သွင်းပြောဆို သုံးနှုန်း ခဲ့ခြင်း
ကြောင့် ဖြစ်ကြောင်း Popular Myanmar News Journal တွင်ဖော်ပြပါရှိသည်။

Daw Suu gives speech her members of people representative to learn PR system
" အချိုးကျ
ကိုယ်စားပြု ရွေးကောက်ပွဲ စနစ်လေ့လာရန် ပါတီ ကိုယ်စားလှယ်များအား
ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား"
အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲ စနစ် ပြောင်းလဲရန် တင်ပြထားသည့် ကိစ္စအား ကြိုတင် လေ့လာထား ရန် ဒေါ်အောင်ဆန်းစုကြည်က ၄င်း၏ ပါတီကိုယ်စားလှယ် များကို အဖွဲ့ချုပ် သီးသန့် အစည်းအဝေးတွင် ပြောကြား လိုက်ကြောင်း သိရသည်။ PR(Proportional Representation ) နှင့် ပတ်သက်၍ ဒီမို ကရက်တစ်ပါတီ ၁ဝ ပါတီနှင့် နိုင် ငံတော်သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ တို့နှင့် တွေ့ ဆုံပြီး သည့်နောက် ပိုင်းတွင် အဖွဲ့ချုပ် အနေဖြင့် ကြိုတင် လေ့လာမှု များ ပြုလုပ်ထားရန်နှင့် လွှတ်တော်တွင် အဆိုတင်သွင်း မှုများ၊ မေးမြန်းတင်သွင်းချက်များနှင့် ဆက်စပ်၍ သတိထား လုပ်ဆောင်သွား ကြရန် ၄င်းက တိုက်တွန်းပြောကြား ခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန် က ပြောသည်။ ”သမ္မတနဲ့ ၁ဝ ပါတီ တွေ့တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုသဘောထားလဲ။ ကိုယ့် ဟာကိုယ်ရှာ။ ဘယ်နိုင်ငံမှာ အဲဒါမျိုး တွေရှိလဲ၊ ဘာကြောင့်ရှိသလဲ၊ ဒီမှာ လက်ခံသင့်လား၊ လက်မခံသင့်ဘူးလား၊ ကိုယ့်နည်း ကိုယ့်ဟန် နဲ့ ဆွေးနွေး ထားဖို့ ပြောပါတယ်။ PR ကို ရတဲ့မဲအပေါ်မှာ မူတည်ပြီး ကိုယ် စားလှယ်တွေ သတ်မှတ်ဖို့ဆိုရင် ဘယ်သူတွေ နစ်နာမလဲ၊ ဘာလို့ အဲလိုတင်ရတာလဲ။ ပါတီအနေနဲ့ နစ်နာမှု ရှိနိုင်မလားလို့ ဥက္ကဋ္ဌက ကျယ်ကျယ်ပြန့်ပြန့် ပြော သွားပါ တယ်”ဟု ၄င်းက ပြောသည်။
”ထောက်ခံဆွေးနွေးမယ့် အချက်တွေ ခိုင်မာရဲ့လား၊ မှန်ကန်ရဲ့လား၊ တိကျ ရဲ့လား သတိထား ဆောင်ရွက်ဖို့ပြောပါတယ်။ ပြီးတော့ ဆွေးနွေးခါနီး အချင်းချင်းတွေ့ဆုံညှိ နှိုင်းထားဖို့ကိုပါ ပြောထားပါတယ်” ဟု ၄င်းက ထပ်လောင်းဆိုသည်။ ထို့အပြင်မဲဆန္ဒနယ်မြေမှ ခရိုင်၊ မြို့နယ်၊ ထွေ/အုပ်၊ ရဲမှူး များနှင့် တွေ့ ဆုံ၍ ပညာရေး၊ ကျန်းမာရေး၊ လူမှု ရေးကိစ္စများကို ဆရာမလုပ်ဘဲ ပို ကောင်းအောင်ကူညီဆောင်ရွက်သွားရန်၊ မြို့နယ် အစည်း အဝေးများ တက်ရောက် ရန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ သတိပေးခြင်း နှင့် ပတ်သက်၍ ကိုယ်စားလှယ်များ အပေါ် ထောက်ခံခြင်း၊ ရှုတ်ချခြင်းမရှိဘဲ မိမိ အခွင့်အရေးကို မိမိတာဝန် ယူရန် ပြောကြား ခဲ့ကြောင်း သိရသည်။ ”ကျွန်တော့်အမြင် ပြောရရင် PR စနစ်ဟာ အင်အားကြီးတဲ့ပါတီ ကြီးတွေလောက်ပဲ အကျိုးများမယ်။ ပါတီငယ်တွေ အကျိုးနည်းလိမ့်မယ် ထင်ပါတယ်။ ဒီစနစ်ကို လုပ်မယ်ဆို ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရ လိမ့်မယ်။ ဖွဲ့စည်းပုံမပြင်ဘဲ PR ဖြစ် မလာနိုင် ဘူး။ နိုင်ငံအတွက် အကျိုး ဖြစ်မယ့် ဆုံးဖြတ်ချက် တွေ မှာ ပြတ်ပြတ် သားသားဖြစ်မလာနိုင်ဘူး။ PR ဟာ လက်ရှိကျင့်သုံးနေတဲ့ စနစ် လောက် အကျိုးမရှိနိုင်ဘူးလို့ ထင်ပါ တယ်”ဟုပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်ကပြောသည်။ ထို့အပြင် ဒီချုပ်ပါတီမှ လွှတ်တော် ကိုယ်စား လှယ်များ သက်တမ်း ရက် ၁ဝဝ ပြည့်တွင် ကိုယ်စား လှယ် အသီးသီးမှ လုပ်ဆောင်ချက်များ တင်ပြရမည်ဟု ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြော ကြားထားကြောင်း သိရသည်။
”ကိုယ့်မဲဆန္ဒနယ်က ပြည်သူတွေ အတွက် လူမှုရေး၊စီးပွားရေးတွေကို ဘာတွေ ဖြေရှင်းပေးခဲ့ပြီးပြီလဲ၊ ဘယ်လို အကျိုးဆောင်ရွက်မှုတွေ လုပ်ပေး ခဲ့ပြီးပြီလဲဆိုတာကို Report တင်ဖို့ ဥက္ကဋ္ဌက ပြောထားပါတယ်” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးအုန်းကြိုင်က ပြောသည်။ ပြီးခဲ့သည့် မေလ ၂ ရက်နေ့ တွင် ဒီချုပ်ပါတီ ကိုယ်စားလှယ်များသည် လွှတ်တော်တွင် ကျမ်း သစ္စာ ကျိန်ဆိုခဲ့ပြီး သြဂုတ်လ ၄ ရက်တွင် ကိုယ်စား လှယ် သက်တမ်းရက် ၁ဝဝ ပြည့်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရက် ၁ဝဝ သက်တမ်းအတွင်း မဲဆန္ဒရှင် ပြည်သူများအတွက် လုပ်ဆောင်ချက် များကို သြဂုတ်လ ၉ ရက် နောက်ဆုံး ထားတင်ပြသွားရ မည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ် ကပြောသည်။
AFMG

Torture and abuse in prison
News Group(Burma)
ထောင်ပြောင်းနိုင်ငံရေးအကျဉ်းသားရဲ့ ပစ္စည်းကိုမတရားသိမ်းယူပြီး
အင်းစိန်ထောင်မှူးမောင်မောင်ကြီးမှ အကြီးအကျယ်ရိုက်နှက်။
via Aung Pan
မနေ့ကညက ဘူသီးတောင် ထောင်မှနေ ၍သာယာဝတီထောင်သို့ပြောင်းရွှေ့ခဲ့ရတဲ့ အေးမင်းဖြိုးသည်မနေ့ကညက အင်းစိန်ထောင်မှာ တညဝင်နားရပါတယ် ။အင်စိန်ထောင်တွင်နားနေတုန်းထောင်းမှူး မောင်မောင်ကြီး ကရှာဖွေရေးလုပ်တော့ ပါလာတဲ့ ပစ္စည်းတွေသိမ်းတယ်၊ ပစ္စည်းတွေကိုသိမ်းတော့ ကိုအေးမင်းဖြိုးကဘာကြောင့်သိမ်းရသလည်း မေးတယ်.....ဒါကိုမကျေနပ်တဲ့ ထောင်မှူးမောင်မောင်ကြီးက ကိုအေးမင်းဖြိုးကို လက်ထိပ်ခတ်ပြီး ရီုက်တယ် ဒဏ်ရာတွေအတော်ရတယ်လို့ကြားသိရပါတယ်။ -သတင်းဌာနတွေ ၈၈ရုံး ၀၁-၅၇၇၆၅၆ကို ဆက်ပြီးအမြန်ကူညီကြပါ

ကျော်ဆန်း ရဲ့  ၀ါဒဖြန့် ချိရေး အင်ပါယာ Media empire
၊၂၀၀၂ ခုနှစ် စက်တင်ဘာလ တွင် ဗိုလ်မှုးချုပ်
ဘ၀ ဖြင့်
ပြန်ကြားရေး ၀န်ကြီး ရာထူး ကို စတင်ရယူ စဉ်ကသူ၏ နိုင်ငံ တကာ မီဒီယာ ဗဟု သု တ
မှ အတော် ပင် နည်း ပုံ ရသည်။ ဆိုးဆိုးရွားရွား ဖြစ်နေသည့် သူ၏ ဗဟုသုတ က ဘရစ်
တနီ စပီးယား နှင့် ရှိတ် စပီးယား ကို ပင် သား အဖ ဟုထင်ထား ပုံ ရသည် ဟု သူ နှင့်
လက်ပွန်း တတီး နေ ခဲ့ ဖူး သူ တို့  က ဆိုကြသည်။

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဒုတိယ
ဗိုလ်ချုပ်ကြီး ခင်ညွန့် မပြုတ်ခင် အချိန်
အထိ သူ၏ ပြန်ကြား ရေး ၀န် နေရာ မှာ ထောက်လှမ်း ရေး တပ်မှုး တစ်ယောက် လောက်
ပင်သြဇာ အာဏာ မရှိ ခဲ့ ပေ။ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်  ၏ တစ်နေ့ တာ သတင်း များ
နှင့် စစ်ထောက်လှမ်း ရေး မှ ပေးသည့် သတင်း များ ကိုသာ ဦးစား ပေး ဖော် ပြ ရ ပြီး မည်
သည့် သတင်း ကို မည်ကဲ့ သို့  ဖော်ပြ ရမည် ဆို သည့် ထောက်လှမ်းရေး ၏ လမ်းညွှန် မှု
ကို လည်း နေ့ စဉ် ပင် ဗိုလ်ကျော်ဆန်း တစ်ယောက် လိုက် နာ ရ သည် ဟု ဆိုသည်။

နောက် ၀န်ကြီးချုပ် အဖြစ် မှ သည် ထောင်နန်းစံ
အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန် ဘဝ
ပြောင်းသွား သည့်အခါ ဗိုလ်ကျော်ဆန်း တစ်ယောက် အကြီး အကျယ် ပျော် ရသည်။
ဗိုလ်ချုပ် သူရ ရွှေမန်း က ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွန့် ကို လာဘ်စား ၍ အမိန့် မနာခံ ၍
ဖြုတ် လိုက်သည် ဆိုသည့် သတင်း ကို ကြေး မုံ နှင့် မြန်မာ့ အလင်း တွင် သူ ကိုယ်တိုင်
သေသေချာ ထည့်သွင်း ဖော် ပြ ခဲ့ သည်။

ဗိုလ်ခင်ညွန့် အင်ပါယာ ပျက် သုဉ်း မှု သည်
ဗိုလ် ကျော်ဆန်း ၏ အာဏာ နှင့် လုပ် ပိုင် ခွင့်
ကို ပို ပြီး ကြီးမား လာစေခဲ့ ကြောင်း MRTV 4 မှ အရာရှိ တစ်ဦး က FNG သို့  ပြောသည်။

ဗိုလ်ကျော်ဆန်း သည် ဗိုလ်ခင်ညွန့် ဖြုတ်
ချရေး တွင် အင်တိုက် အား တိုက် ပါဝင် ခဲ့ သည့်
အတွက် ဆုတော် လာဘ်တော် အဖြစ် စစ်ထောက်လှမ်းရေး ပိုင် စေတမန် တေးထုတ်လုပ်
ရေး နှင့် မော်ကင်း ဥဒါန်း ရုပ်ရှင် ကား ကို ရိုက်ကူး ခဲ့ သည့် သိန်းထောင် ချီတန် သည့် ရုပ်
ရှင် လုပ်ငန်း သုံး ပစ္စည်းများ ရရှိ ခဲ့ သည်။

ထောက်လှမ်းရေး အရာရှိ တစ်ဦး ဖြစ်သည့်
ဗိုလ်မှုးချုပ် သိန်းဆွေ ပိုင် သည့် အော်ဒီ အမျိုး
အစား မော်တော် ကား ကို ပင် ဗိုလ်ကျော်ဆန်း ရရှိ လိုက် သည် သတင်း များ ထွက် ပေါ်
ခဲ့သည်။

ထိုစဉ် က ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်
တွင် ရှိ မနေ ခဲ့ သည့် စာပေ စီစစ်ရေး
ကို ပြန်ကြား ရေး ၀န်ကြီးဌာ န လက်အောက် ခံ အဖြစ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကိုယ်
တိုင် က ပြောင်း ရွှေ့ ပေး ခဲ့ သည့် အခါ ဗိုလ်ကျော်ဆန်း မှာ ပြည်တွင်း သတင်းဂျာနယ်
ဈေးကွက် ကို ချုပ် ကိုင် နိုင် ရန် မရွယ် ဘဲ နှင့် စော်ကဲ မင်း ဖြစ် ခဲ့ ရသည်။

အရပ် ပု သော်လည်း အကွက် မြင်လှသည့် ဗိုလ်
ကျော်ဆန်း က စာပေ စိစစ်ရေး ကို မောင်
ပိုင် စီးပြီး မရှေး မနှောင်းမှာ ပင် သွားလေသူ ဗိုလ်ခင်ညွန့် က လက်ရွေးစင် စိတ်ကြိုက် ခန့် 
ထား သည့် စာပေ စိစစ်ရေး ညွှန်ကြား ရေး မှု ဗိုလ်မှုး အေးထွန်း ကို ရာထူးမှ ဖယ်ရှား ပစ်
ခဲ့ သည်။

စာပေ စိစစ်ရေး ကို သူ့  သြဇာ လွှမ်းမိုး မှု
ရာ နှုန်းပြည့် ဖြစ်ချိန် တွင် ပြည်တွင်း သတင်း ဂျာ
နယ် နှင့် မီဒီယာများ ကို သတင်းစာ ရှင်းလင်း ပွဲ များ ၊ သတင်း ထုတ် ပြန်မှု များ နှင့် အစိုးရ
၇ ပွဲလန်း သဘင် များ သတင်းယူ ခွင့် ကို စာပေ စိစစ်ရေး မှ တစ်ဆင့် ပေး ရာ ပြန်ကြားရေး
ဝန်ကြီးဌာန ၏ သြဇာ ပို ကြီးလာ သည်။

ဗိုလ်ခင်ညွန့် အလွန် တွင် ပြည်တွင်း
စာနယ်ဇင်း များ အတွက် စစ်အစိုးရ သတင်း စာရှင်း
လင်းပွဲ သတင်း များ ရေး ခွင့် နှင့် စာပေ စိစစ်ရေး မျက် နှာ သာ ပေး ခံ ရခွင့် ရရှိ ရေး တို့ 
အတွက် မီဒီယာ များ က သူ့  ကို အကြီး အကျယ် ဂါကြ ရသည်။

ဤနည်းဖြင့် ဗိုလ်ကျော်ဆန်း သူ၏ အင်ပါအတွက်
ပထမ ဆုံး အုတ်မြစ် ကို ချခဲ့ သည်။
သည့် နောက်တော့ မီဒီယာ ကို မီဒီယာ နှင့်
တိုက် မည် ဟု သူက ကြွေးကျော် ခဲ့ သည်။
လန်ဒန် မြို့ တွင် ဆေးရုံတွင် ဆေး ကုသခံရင်း
ကွယ်လွန် ခဲ့ သည့် ဗိုလ်ချုပ် အေးကျော် လက်
ထက် ပြန်ကြား ရေး ၀န်ကြီးဌာန မှာ နေ့ စဉ် မြန်မာ ဘာသာဖြင့် သတင်း စာ နှစ်စောင် အင်္ဂ
လိပ် ဘာသာ ဖြင့် သတင်းစာ တစ်စောင် ကို ထုတ် ရုံ လောက် သာ တာဝန် ရှိ ပြီး ရံဖန်ရံခါ
တွင် မြန်မာ့ ရုပ်မြင် သံကြား တွင် ဆိုကြမယ် ပျော်ကြ မယ် လို မျိုး ကဏ္ဍ တစ်ခု နှစ်ခု လောက်
ပါရှိ ရင် လုံ လောက် သွားပြီ ဖြစ်သည်။

ထိုစဉ် က မြန်မာ့ ရုပ်မြင် သံ ကြား နှင့်
စစ်အစိုး ရ အာ ဘော် သတင်း စာ များ ကို မည် သူ မျှ
မည် သည့် သတင်း ဌာ န မှ ကိုးကား ကြခြင်း မရှိ သေး ချေ။

နောက်ပိုင်း တွင် အကွက် မြင်သည့်
ဗိုလ်ကျော်ဆန်း က မြန်မာ့ ရုပ်မြင်သံကြား မှ သတင်းထူး
များ ထုတ် လွှင့် ရန် ရှိ က နိုင်ငံခြား သတင်း ထောက် များ ၊ ပနံ သင့် သည့် မီဒီယာ အချို့  ကို
လက်တို့ ကာ နိုင်ငံ တကာ မီဒီယာ များ တွင် MRTV နှင့် စစ်အစိုးရ သတင်း စာများ ကို ကိုး
ကား ရန် ဆောင် ရွက် ခဲ့သည်။

၂၀၀၇ ခုနှစ် နှစ်ဆန်း ပိုင်း တွင် တိုင်းမှုး
နှင့် ၀န်ကြီး ရာထူး အပြောင်းအလဲ များ ဖြစ်လာ ခဲ့ သည့်
အခါ သူ လည်း ရာထူး မှ ဖယ်ရှား ခံ ရမည် ဟု သတင်း ထွက် ပေါ် လာသော် လည်း သူ ပါဝင်
ခြင်း မရှိ ခဲ့ ပါ။

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး
သန်း ရွှေ ကို သူက အပိုင် ပေါင်းထား ပြီး ဗိုလ်ကျော်ဆန်း
က ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ၏ လူ ယုံ ဟု ပင် ဆိုကြသည်။

ဗိုလ်ချုပ်မှုးကြီး သန်း ရွှေ နှင့် ဗိုလ်ကျော်ဆန်း
တို့  ၏ ဆက်ဆံ ရေး ကို သတိပြု မိသည့် ရန်ကုန်
မြို့  မှ ဆောက်လုပ်ရေး လုပ်ငန်း ရှင် တစ်ဦး က ” ဦးကျော်ဆန်း ရှိ နေ သမျှ ဦးသန်းရွှေ ရဲ့  အာဏာ
ဟာ ခိုင်မာ နေ တုန်း ပဲ လို့  ယူ ဆ လို့  ရတယ်။ ဦးသန်း ရွှေ က တိုက်လောယာဉ် တွေ စစ်လက်
နက် တွေ ၀ယ် သလို မီဒီယာ ဟာ အရမ်းအရေး ပါတယ် ဆိုတာ သူ ကောင်းကောင်း သဘော
ပေါက်တယ် ဟု သုံးသပ် ပြောသည်။

သူ၏ ၀ါဒဖြန့် ချိရေး ဉ် ပထမ ဦးဆုံး အောင်
မြင် မှု ရရှိ သည် က နာဂစ် လေမုန် တိုင်း တိုက်ခတ်
ခဲ့ သည့် အချိန် က ဖြစ်သည်။ ပြည်ပ မီဒီယာ များ က (သတင်း ရယူ ရန် အခက် အခဲ ရှိ သည့် အ
လျှောက် ) သေဆုံး သူ ဦးရေ ငါးထောင် ထက် ပို ၍ ကြေငြာခြင်း မလုပ် ခင် က ပင် ဗိုလ်ကျော်ဆန်း
က မြန်မာ့ အသံ ဉ် ကြားဖြတ် သတင်း အနေဖြင့် သေဆုံး သူ ခြောက်သောင်း ကျော် ရှိ ကြောင်း
ကြေငြာခဲ့ သည်။

နိုင်ငံ တကာ မီဒီယာ တို့  က MRTV ထုတ်လွှင့်
မှု များ ကို ကိုးကား လာရသည်။ နိုင်ငံခြား သတင်း
ထောက်များ ကို ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသ သွားခွင့် မပြု ခဲ့ ဖြင့် NHK, Al Jazera,
CNN အစရှိ သည် တို့ မှာ ထို အချိန် က MRTV ၏ ထုတ်လွှင့် မှု များ ကို သာ ကိုးကား ခဲ့ရသည်။

၂၀၀၉ ခုနှစ် လောက် တွင် ပြည်ပ မီဒီယာ များ
ကို တန် ပြန် ချေဖျက် နိုင် မည့် အား ကောင်း သော
ပြည်တွင်း မီဒီယာ များ ကို ပိုမို မြေတောင် မြှောက် ပေး ရန် ရည် ရွယ် ခဲ့ သော် လည်း ကျကျ နန လုပ်
တတ် ကိုင် တတ် သည့် မီဒီယာများ မှ ပြည်တွင်း ဉ် မရှိ ဟု သူ ကိုယ်တိုင် နိုင်ငံခြားသတင်း ထောက်
တစ်ဦး ကို သူ၏ မွေး နေ့  ဧည့် ခံ ပွဲ ဉ် ပြောခဲ့ သည်။

ထို ဧည့် ခံ ပွဲ ဉ် အဆို ပါ ပြည်တွင်း
အခြေစိုက် နိုင်ငံခြား သတင်း ထောက် က ” ၀န်ကြီး ရဲ့  ကို မြတ်
ခိုင် က အား မကိုး ရ ဘူး လား ဟု မေးသည့် အခါ သည့် လူ ဦးဏှောက် နဲ့  ဘာသွား လုပ် လို့  ရမလဲ
အပြင်က ကောင် တွေ က အယား တောင် ပြေ မှာ မဟုတ် ဘူး ” ဟု ပြောခဲ့ သည်။

နောက်ပိုင်း တွေ သူ စာ တွေ ပိုဖတ်လာ သည်
နိုင်ငံ တကာရုပ် သံ ထုတ်လုပ် မှု နှင့် သတင်း တင်ဆက်
မှု များ ကို ပို လေ့လာ လိုက်စား လာ သည် ဟောင် ကောင် နှင့် ဂျပန် မှ ရုပ်သံ ထုတ် လုပ်မှု ပညာရှင်
များ ကို နေ ပြည်တော် သို့  ပင့် ဖိတ် ပြီး လေ့လာခဲ့ သည် ဟု ဆို သည်။

သတင်း ပညာ နှင့် ပတ်သက် သည့် စာ အုပ် များ
ကို ပို လေ့လာ လာပြီး သူ့  ရုံးခန်း သို့  ရောက်ဖူးသူ
တစ်ဦးက ဖတ်လား မဖတ် လား တော့ မသိဘူး သိုးဆောင်း ဘာသာ နဲ့  ရေး ထား တဲ့ စာအုပ်
ဓတွေ အများ ကြီး ပဲ ဟု FNG ကို ပြောသည်။

ပြည်တွင်း သတင်းမီဒီယာ နယ် ကို လွှမ်း မိုး
နိုင်ခဲ့ သလို မြန်မာ နိုင်ငံ ရုပ်ရှင် ထုတ်လုပ်
ရေး နယ် ပယ် တွင် လည်း သမာသမတ် မကျ သော ရုပ်ရှင် ထူးချွန် ဆု ပေး မှု စနစ်
ကြောင့် သူ့ ခြေ သူ့ လက် ဖြစ်ခဲ့ ရသည်။

တပ်တွင်း ရှိ စစ်ခေါင်းဆောင် ငယ်များ ၏
သားသမီးများ စစ်တပ် မှ အရာ ရှိ ငယ် များ ပြန်
ကြားရေး ၀န်ကြီးဌာ န သို့ ရောက်လာ ပြီး ချိန် တွင် ဖျော်ဖြေရေး နယ်ပယ် မှ သရုပ်ဆောင်
ငယ် အချို့  နှင့် စုံစဖီ နဖာ ဇာတ်လမ်း တွေ ဖြစ် ကုန် တော့ သည် ထို ဇာတ်လမ်း များ ကို
မီးလောင် ရာ လေပင့် ပေး သူက ဗိုလ် ကျော်ဆန်း က မီးဗျို့  ….မီးဗျို့  ဟု အော်သူက
ပွဲ တိုင်း ကျော် မြတ် ခိုင် ဟု ပြောကြ သည်။

ဗိုလ်ချုပ် ကျော် ဆန်း သည် ၂၀၀၈ ခုနှစ်
အခြေခံဥပဒေ နှင့် ၂၀၁၀ ရွေကောက် ပွဲ များ တွင်
သူ၏ ၀ါဒ ဖြန့် ချီ မှု များ ကို တေး သီချင်း များ ဇာတ် လမ်း များ ဖြင့် ဆက် တိုက် ပြု လုပ် ခဲ့
သည်။

သရုပ်ဆောင် နှင့် ဂီတ အဆိုတော် များ ကိုလည်း
သိမ်းသွင်း ထား နိုင် ခဲ့ ပြီး ၀ါဒဖြန့် ချိရေး
ရုပ်ရှင် ဇာတ်ကား တစ်ခု ဖြစ်သည့် ” အရုဏ် ဦး တွင် ဖူး သည့် ကြာ ” ဉ် သရုပ် ဆောင် ရန်
သူ ကား တိုက်တွန်း နိုင် ခဲ့ သည်။ ဒါရိုက် တာ တင်သန်းဦး ရိုက် ကူး သည့် ထို ဇာတ်ကား
ကို နောက်ပိုင်း တွင် သူက မောင်ပိုင်စီးပြီး ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ထံ တွင် အမှတ် ယူ
ခဲ့ သည် ဟု ဆိုသည်။

သည့် အတွက် ကြောင့် လည်း မြန်မာ
စစ်ခေါင်းဆောင် အိုကြီး က ဖါးတစ်ပိုင်း ၊ ငါးတစ်
ပိုင်း အစိုးရ သစ် တွင် အပိုဆောင်း ၀န်ကြီး ရာထူး နေရာ တစ်ခု ကို အပို ဆောင်း ချီးမြှင့်
ခဲ့ ခြင်း ဖြစ် သည်။

ပြည်တွင်း သတင်း ဂျာနယ် အချို့  မှာ သတင်း
နှင့် အခွင့် အရေး တစ်ချို့  အတွက် သူ့  ကို
ကော် မရှင် ပေး ရသည်။ အစိုးရသစ် လက်ထက် တွင် ၀န်ကြီးရာ ထူးနေရာ ဆက်လက်
မြဲ နေ သည့် အခါ သူ့  ၏ ဆက်ကြေး မှာ ဈေးပို တက်လာသည်။

ဗိုလ်ကျော်ဆန်း ၏ မရိုးသား မှု များ ကြောင့်
မြန်မာ့ သတင်း ဂျာနယ် လောက တွင် အခွင့်
ထူး ခံ ဂျာနယ် များ ပေါ်ပေါက် လာရသည် ဟု စာနယ်ဇင်း သမား များ က သုံးသပ်ကြသည်။

၂၀၁၀ ရွေးကောက်ပွဲ ပြီး နောက်ပိုင်း တွင် သူ၏
အင်ပါယာ ကို ပိုမို ချဲ့  ထွင် ခဲ့ သည်။ သူ
သြဇာ ညောင်း သည့် ဂျာနယ် အချို့  ကို သူ၏ အလို ကျ ဖြစ်စေခဲ့ သည်။

နေအိမ် အကျယ် ချုပ် မှာ ပြန်လည် လွတ်မြောက်
လာခဲ့ သည့် မြန်မာ့ ဒီမို ကရေစီ ခေါင်း
ဆောင် ဒေါ်အောင် ဆန်းစုကြည် ၏ ကျော်ကြား မှု ကို သူကား မနှစ် မြို့ ။ သတင်း ဂျာနယ်
များ တွင် ဒေါ်စု သတင်း နှင့် ဓာတ်ပုံ ကို ရံဖန် ရံ ခါ ခွင့် ပြု ပြီး အခါ အား လျှော်စွာ ပိတ်ပင်
ခြင်း ဖြင့် ဆိုးတစ်လှည့် ၊ ကောင်း တစ်ခါ ၀ါဒ ဖြန့် ချိ ရေး နည်း လမ်း ကို သူ ကျင့် သုံး ခဲ့

ဒေါ်အောင်ဆန်းစုကြည် ဆန့် ကျင် ရေး ဆောင်း
ပါးများ နှင့် တိုက် ခိုက် ဝေဖန် မှု များ ကို
ထည့် သွင်း ဖော်ပြ ရန် စာနယ် ဇင်း သမား အချို့  ကို သူ တိုက် တွန်း သော် လည်း တစ်
ဦး နှစ် ဦးစ ကပင် သူ့  စီမံ ကိန်း ကို အကောင် အထည် ဖော် ပေး ခဲ့ သည်။

သူ ၏ အတ္တ ကို အကောင် အထည် ဖော် ပေး ခဲ့ သည့်
စာနယ် ဇင်း သမား ၏ သတင်းဂျာနယ်
ကြော်ငြာ ကို ရုပ် သံ နှင့် သတင်းစာ တွင် သူက ကြော်ငြာ ခ မယူခြင်း ဖြင့် ပြန်လည် ဆု ချ

ဝါဒဖြန့် ချိရေး လက်ရဲ ဇက်ရဲုဖြစ်လာ သည့်
ဗိုလ်ကျော် ဆန်း သည် ကချင် နှင့် မြန်မာ အစိုးရ
စစ်တပ် တိုက်ပွဲ များ ဉ် ကချင် ပြည်နယ် ၏ အခြေအနေ ကို အမှောင် ချ ခဲ့ ပြီး နိုင်ငံ တကာ
ရုပ်သံ အချို့  နှင့် ဖုတ် ပူ မီးတိုက် တွေ့ ဆုံ ကာ ကချင် လွတ်မြောက် ရေး တပ် မတော် ၏
ရုန်းကန် ရ မှု များ ကို မေ့ လျှော့ ခံ ဖြစ်စေရန် သူ ကြိုးပမ်း အား ထုတ် နိုင် ခဲ့ သည်။

ကချင် တိုက် ပွဲ များ အတွင်း ကချင် ခေါင်း
ဆောင် များ ကို သွေး ခွဲ ရန် အတွက် KIA အဖွဲ့ 
အတွင်း ပြဿနာ များ ဖြစ် နေသည် ဆိုသည့် သတင်း ကို သတင်းစာ တွင် ပုံ နှိပ် ဖော် ပြ

ကချင် တပ် သား များ လက်နက် ချ သည် ဆို သည့်
သတင်း များ ကို လည်း သူက ကြံဖန်
ဖော်ပြ ခဲ့ သည်။
ဖော်ပြ ခဲ့ သည်။
သူ နှင့် ပတ်သက် ပြီး ရန် ကုန် မြို့  ရှိ
ဝါရင့် စာနယ်ဇင်း သမား တစ်ဦးက ” ဆယ်စု နှစ်
တစ်ခု လောက် ဒီမိုကရေစီ ဆန့် ကျင်ရေး ၊ ဒေါ်စု ဆန့် ကျင် ရေး လုပ် လာ သူ တစ်ယောက်
ကို ပြန်ကြား ရေး ၀န်ကြီး နေရာ ဆက် ပေး ထား တာ ကို က ဒီအစိုးရ အနေ နဲ့  ဒီမိုကရေစီ
စနစ် ကို ဖော်ဆောင် နေပါတယ် ဆိုတာ ဘယ်လို သွား ယုံ ရ မတုန်း ဟု FNG သို့  ပြောသည်။

သူ့  ကို သဘောထားကြီး သူ ၊ အရည် အချင်း ရှိ
သည့် ၀န်ကြီး တစ်ဦး အဖြစ် နိုင်ငံ တကာ နှင့်
ပြည်တွင်းက မြင်လာ အောင် ပုံဖော် ခဲ့ သော် လည်း အရာ မရောက် ခဲ့ ချေ။

ဝန်ကြီး နှင့် စစ်တိုင်း မှုး အချို့ ၏ သတင်း
များ ကို လည်း သူ့ ခြေ သူ့ လက် သတင်းစာ နှစ်စောင်
နှင့် ရုပ်သံ တွင် မလို တစ်မျိုး လို တစ်မျိုး ဖော်ပြ ခဲ့ သည်။

သူ့  ကို ဗီလိန် လူကြမ်း တစ်ဦး အဖြစ် အမြင်
ကို သတင်းစာ ရှင်းလင်း ပွဲ တစ်ခု ဉ် ဧရာဝတီ
မြစ်ဆုံ ဆည် ကိစ္စ မေးမြန်း မှု ဖြင့် ငိုပွဲ ဆင်ပြ ခဲ့ သည်။ လုပ် ဇာတ်က သူ လည်း ဧရာဝတီ
ကို ချစ်ပါသည် ဆို သည့် သဘောပင် ဖြစ်သည်။

သိပ်မကြာပါ ဇာတိက ပြ လာ ပြီ မြစ်ဆုံ ဆည် တည်
ဆောက် မှု ကောင်းကြောင်း
ဆောင်း ပါး များ သတင်း စာ ထဲ တွင် ပါလာ သည့် အခါ သူ ၏ သဘော ထား မှန် ကို
အား လုံး သိရှိ ခွင့် ရခဲ့ သည်။

ပိုပြီး ပါးနပ် လာသည့် ဗိုလ်ကျော်ဆန်း က ယခု
အနား ယူသွား ပြီ ဖြစ်သည့် မြန်မာ စ
စ်ခေါင်းဆောင် အိုကြီး နှင့် တွေ့ ဆုံကာ BBC, VOA နှင့် RFA ဆန့် ကျင်ရေး ကြွေး
ကျော် သံ များ ကို သတင်း စာ များ တွင် ဖော် ပြ ခြင်း ရုပ်သံ တွင် ထည့် သွင်း ခြင်းမှ
ပယ် ဖျက် လိုက်သည်။

သူ နှင့် လက်ပွန်း တစ်တီး ဖြစ်နေ သည့်
စာနယ်ဇင်း သမား များ ကို အထူး အခွင့် အရေး
များ ပေး ပြီး များ စွာ သော ကော်မတီ များ နှင့် အဖွဲ့  အစည်း များ ဉ် ရာထူး အမျိုးမျိုး
လှည့်ပတ် ပေး ခဲ့ သည်။

ဗိုလ်ကျော် ဆန်း ကြောင့် ပြည်တွင်း သတင်း
မီဒီယာ များ တွင် အခွင့် ထူး ခံ ဂျာနယ်များ
ပေါ် ပေါက် ခဲ့ သည် ဟု စာနယ် ဇင်း သမား များ က စွပ်ဆွဲ ကြသည်။

သူ၏ အင်ပါယာ ကို ပိုမို ချဲ့  ထွင် မှု များ
နှင့် နိုင်ငံ တကာ ရုပ် သံ ဌာနများ ၊ သတင်းစာ
တိုက် များ ဉ် တွေ့ ဆုံ ခဲ့ သည်။ အဆိုပါ တွေ့ ဆုံ မှု များ ကို သူကား အမှောင် ချထား
နိုင် ခဲ့ သည်။

ထို တွေ့ ဆုံ မှု ဉ် အချို့  မှာ နိုင်ငံ
နှင့် ပြန်ကြား ရေး ၀န်ကြီး ဌာန အကျိုးထက် သူ ၏
အကျိုးအတွက် ပို များ နေ သည် ဟု သိရသည်။
အကျိုးအတွက် ပို များ နေ သည် ဟု သိရသည်။
နိုင်ငံ တကာ မှာ နာမည် ကျော် သတင်း ထောက်
များ သတင်း တင် ဆက် သူ များ ကို
သူ က ရန်ကုန် မြို့  သို့  ဖိတ်ခေါ်ပြီး လှို့ ဝှက် တွေ့ ဆုံ ခဲ့ သည်။ နိုင်ငံ တကာ ရောက်
မြန်မာ သတင်း သမား အချို့  ကို လည်း သူက တွေ့ ဆုံ ခဲ့ သည် ဟု သိရသည်။

အစိုးရသစ် ၏ ဌာန နှစ်ခု ကိုင် သက်တော်ရှည်
ဝန်ကြီး ကျော်ဆန်း ၏ တိတ်ဆိတ်သော
ခြေလှမ်း များ နှင့် ကြောင်လက်သည်း ၀ှက် လှုပ်ရှား မှု များ ကို မည် သူ မှ မရိပ် မိကြ။
(ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ အစီအစဉ် များ ဖြစ်ကောင်း ဖြစ် မည် ဟု လည်း အချို့  က
ဆို ကြသည်)

CNN, Fox News, BBC, Al Jazerra တို့  လို
အင်္ဂလိပ် ဘာသာ ဖြင့် အသံ လွှင့် ပြီး
နိုင်ငံ တကာ ဉ် သတင်းထောက် များ ထား သည့် နိုင်ငံ တကာ ရုပ် သံ တစ် ခု တစ်
ခု ကို ရန်ကုန် ဉ် အခြေစိုက် ပြီး ဒေါ်လာ သိန်းထောင် ချီ ရင်း နှီးမြုပ် နှံ ရန် စီစဉ် နေခြင်း
မှာ သူ၏ အဓိက ရည် မှန်း ချက် ပင် ဖြစ်သည်။

အရပ် ပု သော် လည်း ရည်မှန်း ချက် ကား မပု
မီဒီယာ ကို မီဒီယာ ဖြင့် တိုက် မည့် သူ
၏ ရည် မှန်း ချက် များ ထဲ မှ တစ်ခု ပင် ဖြစ် သည်။

ထိုရည် မှန်း ချက် ကား အခု ၃၀ ရာ ခိုင် နှုန်း
ခန့် ပြီး စီး နေ ပြီး မကြာခင် အကောင် အထည်
ပေါ် လာ တော့ မည် ဟု FNG မှ စုံစမ်း သိရှိ ရသည်။ သူ၏ စီမံ ကိန်း ကို သိရှိ သူ အနည်း
စု မှား လည်း ဗိုလ်ကျော် ဆန်း ၏ မြန်မာ စီအန်အန် အိပ်မက် ကို အကောင် အထည် ဖော်
ပေး နေကြ သူ များပင် ဖြစ်သည်။

ဤဆောင်းပါ ဖြစ်မြောက်ရေး အတွက် အကူညီ ပေးသည့်
ပြည်တွင်း သတင်းစာဆရာများ၊
MRTV 4 မှ ၀န်ထမ်းများ ၊ ရုပ်ရှင် နယ်ပယ် တွင် အသက် မွေးဝမ်းကျောင်း နေသူ အချို့ ၊
မြန်မာ စစ်တပ် အရာရှိ များ နှင့် မြန်မာ ၀ီကီလိခ် ကို အထူး ကျေးဇူးတင် ရှိပါသည်။

Subscribe to:
Posts (Atom)