Wednesday, September 5, 2012

WE ARE ABOVE THE LAW


Wednesday
ခုံရုံးသည် အခြေခံဥပဒေအား မခန့်လေးစားလုပ်နေကြောင်း စုံစမ်းရေး အဖွဲ့က ပြောကြား
, 05 September 2012 07:08

   

 



နေပြည်တော်၊ စက်တင်ဘာ ၅
အမျိုးသားလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် အခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်ခြင်း ကိစ္စကို ပြည်သူ့လွှတ်တော် စုံစမ်းရေးအဖွဲ့က စစ်ဆေးရန် ခုံရုံးသို့ အကြောင်းကြားခဲ့သော်လည်း တစ်ဦးတစ်ယောက်မှ လာရောက်ခြင်း မရှိခြင်းမှာ ခုံရုံးသည် အခြေခံဥပဒေအား မခန့်လေးစား လုပ်နေခြင်းသာ ဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့ဝင် ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များကို စစ်ဆေးရေး အဖွဲ့က ရှေ့ဆက် ဆောင်ရွက်မည့် ကိစ္စနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်း( ခန္တီး မဲဆန္ဒနယ်)မှ မေးမြန်းရာ စုံစမ်းရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝင်းမြင့် (ပုသိမ်)က ခုံရုံး ဆိုင်ရာ စုံစမ်း စစ်ဆေးရေး အဖွဲ့ဝင် က “စက်တင်ဘာလ ၃ ရက်နေ့ တွင် လွှတ်တော်သို့ လာရောက် အစစ်ဆေးခံရန် အကြောင်းကြားခဲ့သော်လည်း စွပ်စွဲခံရသူ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးအဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ လာရောက် စစ်ဆေးခံခြင်း မရှိခဲ့ကြောင်း၊ သိရသည်။

ဘီဒီအန်

 

Children at Madalay Railway Station

မန်းဘူတာကြီးတွင် ကော်ရှူသည့် လေလွင့်ကလေးဦးရေ တိုးပွားနေ
မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup on 5 Sep, 2012
 

မန္တလေး ဘူတာကြီးတွင် မလေးရှားနိုင်ငံထုတ် oci S100 ပိုက်ဆက်ကော်စွဲလမ်းစွှာူရှိုက်နေကြသည့်  တောင်းရမ်း စားသောက်ကြသော ကလေးငယ်များ မျုားပြားနေကြာင်း ဒေသခံများထံက သိရသည်။
 
ကလေးငယ်အများစုအနေဖြင့် မလေးရှားနိုင်ငံထုတ် ociS100 အမှတ်တံဆိပ် ပိုက်ဆက်ကော်အား ရှူ ရှိုက်ခြင်းမှာ ထမင်းအဆာပြေသောကြောင့် ရှူရှိုက်ရခြင်းဖြစ်ကြောင်း သုံးစွဲသူ ကလေးငယ်များထံက သိရှိရသည်။
 
ကော်မရှုရရင်မနေနိုင်ဘူး၊ တောင်းရတဲ့ပိုက်ဆံနဲ့ ပိုက်ဆိုင်တွေကနေ ကော်တစ်ဘူး (၆၀၀)နဲ့ ၀ယ်တယ်၊ ကော်တစ်ဘူးဆိုခဏနဲ့ ကုန်ကုန်သွားတယဟု ကော်ရှုရင်း ပိုက်ဆံတောင်းနေသော(၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦးက ပြောသည်။
 
ူတာကြီးတွင်နေထိုင်သောကလေးဦးရေ(၂၀)ကျော်(၃၀)ခန့်ရှိကြောင်း သိရှိရပြီး လေလွင့် ရောက်ရှိလာသော ကလေးငယ်များဖြစ်ပြီး စားဝတ်နေရေးအခက်အခဲကြောင့် ဘူတာကြီးအနီးတွင် တောင်းရမ်း စားသောက်နေခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

ကလေးတွေကအုပ်စုဖွဲ့ပြီးနေတယ်၊ လစ်ရင်လစ်သလိုအလစ်သုတ်တယ် တစ်ချို့ ကလေးတွေက မိုက်ရိုင်းတယ် သူတို့ကိုငေါက်ရင်တောင် ပြန်ဆဲတယ်ဟု ဘူတာကြီးတွင် ဈေးရောင်းသော ဒေါ်အေးသန်းက ပြောသည်။
 
ကော်ရှူသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ဆရာဝန်တစ်ဦးက ယခုကဲ့သို့ ဆိုသည်။
 
ကော်ရှူလို့ထမင်းမဆာတာကတော့ သူတို့ရဲ့စွဲလမ်းမှုတစ်ခုပဲနေမှာပါ ကော်ရှူလို့ ချက်ခြင်း အသက်အန္တရယ် မထိခိုက်ပေ မယ်ကြာလာရင် ကော်ခဲမှာပါတဲ့ဓာတုပစ္စည်းတွေကအသဲခြောက်ရောပါ ဖြစ်စေနိုင် ပါတယ်။ဟု အဆိုပါ ဆရာဝန်က ပြောသည်။

ကလေးငယ်များအား လူငယ်ပြုစုပျိုးထောင်ရေးအသင်းများမှခေါ်သူစောင့်ရှောက်နေသော်လည်းပြန်လည်ထွက်ပြေးလေ့ရှိကြောင်းကို လည်း သိရှိရသည်။
 
ထိုကဲ့သို့ ကလေးငယ်များစိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုများမှ စတင်ပြီး နောင်အနာဂတ်တွင်ရာဇ၀တ်မှုများပါ ကျူးလွန်လာနိုင်ကြောင်း   လူ့အခွင့်ရေးလှုပ်ရှားသူ ကိုမျိုးမင်းထွန်းက ၄င်း၏ အမြင်ကို သုံးသပ်သည်။ 

 မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)

Wild Tiger and Hunter

ကျားဆိုးတွေ
ဓားမိုး မွှေလွန်းလို့
မနေသာ မထိုင်သာ
လင့်စင်မှာ တက်စောင့်

မြားတတောင့် အသင့်ပြင်ပြီး
ပတ်ဝန်းကျင် ဘယ်ညာရှု
ပြုမိတယ် အဆွေ။

တို့ရွာမှာ အန္တရာယ်ပေး
ပြေးရလွှားရ ပုန်းရရှောင်ရ
စိတ်ချချ မအိပ်ရဘူး
ညည နွားတွေကွဲတော့
ကျားဆွဲဖို့ ချောင်းလျက်နေ
လူသေနွားသေ များချေပကော။

ကြာရင် ဒို့ရွာပျက်ချေရဲ့
လက်နက်တွေစု လူတွေစု
မောင်းထုပြီး နှိုးဆော်
ရှေ့တခေါ် မျှော်ရပြန်
နောက်တလံ ပြန်ကြည့်
သတိ ကိုယ်မကွာ
ရွာကို ညီစေဖို့အကျိုး
ဗျိုးဟစ် ဆော်သြ။

ကျား ငစဉ်းလဲကြောင့်
အများ ဆင်းရဲမှာမို့
နွားသင်း မကွဲအောင်
အားခဲလို့ ဟော။ ။

(ဆရာအောင်သင်း သို့)
တင်မိုး
၁၉၊ မေ၊ ၁၉၉၉
ဗုဒ္ဓဟူးနေ့ နံနက်ခင်း
"ကျားဆိုးနှင့် ဗျိုးဆရာ"

ကျားငြိုးအောင် လင့်မထိုးနဲ့- တဲ့
ဆိုရိုး ရှေးစကားနဲ့
တရားပြတဲ့ ဆရာရေ…။

Myanmar government hands over child soldiers to their parents



အစိုးရမှ အသက်မပြည်သော ခလေးစစ်သာ ၄၀ အား နေအိမ်သို့ပြန်ပို့
 
Dozens of child soldiers have been discharged from the Myanmar military, medias said Tuesday, months after the country agreed with the United Nations to curb the use of underage recruits.
ဒါဇင်ပေါင်းများစွာသော ခလေးစစ်သားများကို မြန်မာ အစိုးရမှာ စစ်တပ်ထဲမှပြန်လည်ထွက်ခွင့်ပြုလိုက်သသည်ဟု အင်္ဂါနေ့က မီဒီယာသို့ပြောကြားသည်၊ ထိုကဲ့သိုဖြစ်ပေါ်လာစေရန် ကုလသမဂ္ဂမှ လပေါင်းများစွာ အသက်မပြည့်သော ခလေးများ မြန်မာစစ်တပ်ထဲတွင်ရှိနေသည်ကို ကြိုးပမ်းညှိနိုင်းခဲ့ရသည်။
Forty-two minors were allowed to resign from the armed forces and were handed over to their parents in Yangon on Monday
ခလေးပေါင်း 40 ကို မြန်မာ့စစ်တပ်မှ တရားဝင်နုတ်ထွက်ခွင်ပြုပေးပြီး တနင်္လာနေ့က ရန်ကုန်ရှိ ၄င်းတို့မိဘများထံ ပြန်လည်အပ်နှံခဲ့သည်ဟု သိရသည်
There are believed to be thousands of under-18s in Myanmar's state army and ethnic armed groups, although the exact figure is unknown.
တိတိကျကျမည်မျှလောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာအစိုးရ စစ်တပ်ထဲတွင် ရှိနေမည်ကို မသိရသေးသော်လည်း အသက် ၁၈ နှစ်အောက် ခလေးများ ထောင်ပေါင်းများစွာရှိနေမည်ကို ယုံကြည်ရသည်ဟု ဆိုသည်။
In June Myanmar signed an agreement with the UN pledging to prevent the use of child soldiers and allow access to military units to check for underage recruits.
ပြီးခဲ့သောဂျွန်လအတွင်းက မြန်မာအစိုးရသည် ကုလသမဂ္ဂ၏ အသက်မပြည့်သေးသောခလေးသူငယ်များကို စစ်တပ်အတွင်းသွတ်သွင်းခြင်းဆိုင်ရာ ကို စစ်ဆေးခွင့်ပြုရန်နှင့် ခလေးများအား အဓမ္မ စစ်တပ်အတွင်းသို့ သွတ်သွင်းခြင်းများကို ကာကွယ်သည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
The agreement was part of efforts by Myanmar's reformist government to shed its international pariah image following the end of decades of military rule last year.
လွန်ခဲ့သော နှစ်က စစ်အာဏာရှင်၏ ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ရေးစနစ် အဆုံးသတ်ပြီး ၄င်းတို့၏ ကျဆင်းပြိုပျက်နေသော ဂုဏ်သိက္ခါအား အဖတ်ဆယ်နိုင်ရန် ယခုပြုပြင်ပြောင်းလဲရေးလုပ်လာနေသော မြန်မာအစိုးရ ၏ ကြိုးပမ်းအားထုတ်မှု အစိတ်ပိုင်းတခုဖြစ်သည်ဟု ယခုသဘောတူစာချုပ်က ထောက်ပြထားသည်။
BDN

City Municipal is doing mismanagement


: ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီမှအမှိုက်ထည်ရန်
ကျွတ်ကျွတ်အိတ်များကို၊ရောင်းချနေပါသည်၊ရန်ကုန်မြို.တော်ကို၊
အဆင်မြင့်မြို့တော်အဖြစ်၊ပြန်လည်ပြုပြင်နေသည်ဟု၊သက်ဆိုင်ရာ၊
တာဝန်ရှိသူများမှ၊ပြောဆိုချက်နဲ့၊အညီ၊ယခုအခါနေ့စဉ်စွန့်ပစ်သော၊
အမှိုက်များက၊ိုစနစ်တကျစွန့်ပစ်ကြရန်၊အမှိုက်ပစ်တဲ့၊စနစ်သစ်ကို၊
စတင်ကျင့်သုံးနေသည်ကို၊တွေ့မြင်ရပါသည်။ထိုသို့သောစနစ်မှာ၊
ကောင်းမွန်သောစနစ်၊ဖြစ်ပါသော်လည်း၊တချို.သောပြည်သူများအတွက်၊
အခက်အခဲများဖြစ်ရှိနေသည်၊ကိုတွေ့မြင်နေရပါသည်။
ထိုကြုံတွေ.နေရသော၊အခက်အခဲကို၊ယုဇနဥယဉ်မြို.တော့်၊အိမ်ရှင်မတစ်ဦးမှပြောပြသည်မှာ “ကျွှန်မတို့က၊နေစဉ်ပဲ၊အိမ်ကထွက်ရှိလာတဲ့၊အမှိုက်တွေကိုစနစ်တကျစွန့်၊ပစ်ရမယ်ဆိုတဲ့၊
စဉ်းကမ်းကိုသဘောကျပေမဲ့၊ရန်ကုန်မြို.တော်၊စည်ပင်သာယာရေးကော်မတီက၊သက်မှတ်ထားတဲ့၊
ကျွတ်ကျွတ်အိတ်နဲ့သာ၊
စွန့်ပစ်ရမည်ဆိုတော့၊ကျွှန်မတို့မှာ၊အခက်အခဲဖြစ်နေတယ်၊
ဘာကြောင့်လည်းဆိုတော့၊ကျွန်မဆိုရင်၊အထည်ချုပ်စက်ရုံမှာ၊အလုပ်လုပ်တဲ့သူပါ၊
တနေ့ကို(၈၀၀)ကျပ်သာရတယ်၊အခုအမှိုက်အိတ်က(၇)အိပ်ကို
(၁၀၀)ပေးရတယ်။(၁၀၀)ဆိုရင်ဆန်နို့ဆီဘူးတစ်ဘူးဝယ်လို့ရတယ်၊
ဆင်းရဲတဲ့မိသားစုမှာငွေ(၁၀၀)ကတန်ဘိုးရှိပါတယ်၊အမှန်တကယ်က၊
ကျွန်မတို.အမှိုက်ပစ်တဲ့အခါ၊အသုံးမပြုတောတဲ့၊အိတ်ဟောင်းများနဲ့၊
ပစ်ပါဆိုတာမျိုးဖြစ်သင့်တယ်လေ၊အဲဒီလိုမဟုတ်ရင်လည်း၊ကျွန်မတို့ပြည်သူတွေအနေနဲ့၊
သန့်ရှင်းရေးခွန်ဆိုပြီး၊လစဉ်အခွန်ဆောင်ထားတဲ့၊
အခွန်တွေနဲ့၊အမှိုက်ပစ်အိတ်တွေကို၊ပြည်သူတွေအတွက်၊အလကားပေး၊
သင့်တယ်၊အခုတော့မဖြစ်မနေအိတ်ရောင်းနေတာကိုတော့၊ကျွန်မတို့၊
သဘောမကျဘူး၊အခွန်ကျတော့၊ပုံမန်မပျက်မကွက်လာလာကောက်ပြီး၊
အမှိုက်သိမ်းရမယ့်အချိန်ကျရင်၊စည်ပင်ကလာမသိမ်းဘူး၊အခွန်ကျရင်၊
တော့လစဉ်မပျက်ပေးဆောင်ရတယ်။အဲဒါကြောင့်၊သက်ဆိုင်ရာက၊
တာဝန်ရှိသူတေ၊ွပြည်သူတွေဘက်က၊အခက်အခဲကို၊နားလည်ပေးစေချင်တယ်”ဟုပြောပြသွားပါသည်
၊အမှန်တကယ်တော၊့စည်ပင်သာယာရေး၊
ကော်မတီအနေနဲ့လစဉ်သန်.ရှင်းရေးခွန်အဖြစ်ကောက်ခံနေသော၊
အခွန်ငွေများထဲကနေ၊ကျခံသုံးစွဲရမှာဖြစ်သည်ကို၊အများပြည်သူများမှ၊
လိုလားနေကြခြင်းဖြစ်ပါကြောင်းသက်ဆိုင်ရာတာဝန်ရှိသူများသိရှိစေရန်အတွက်ကျွန်တော်တို့မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှရေးသားတင်ပြလိုက်ပါသည်။

 
မန်မာပြည်ဖွံ့ဖြိုးတို.တက်ရေးကွန်ယက်
  မှတ်ချက်၊
ကျနော်တို့တင်ပြသောဓါတ်ပုံနှင့်စာသားများကိုအသုံးပြုလိုပါကကျနော်တို့ကွန်ယက်မှ ခွင့်ပြုချက်ကိုတောင်းခံရမည်။ 
ဆက်သွယ်ရန်                           
ကိုအောင်နိုင်ထွေး  630 456 6517 (အမေရိကန်ပြည်ထောင်စု)
ကိုလှဌေးနိုင်         09401600821 (မြန်မာပြည် ၊ ရန်ကုန်မြို.  )
burmadevelopmentnet@gmail.com                                          

Monday, September 3, 2012

Returned exiles boost in press conference

ပြည်ပပြန် အဖွဲ့ သတင်းစာရှင်းလင်းပွဲလုပ်ကာ ကြွားလုံးထုတ်နေကြ
 
Photo: မိုးသီးဇွန် တို့ရှင်းလင်းပွဲတွင် မေးခွန်းမဆုံးပဲ ပွဲပြင်ပကို ခေါ်ဆောင်ခံရသူတစ်ဦး


မိုးသီးကို ခဲရာခဲဆစ်မေးခွန်းမေးမိလို့ အပြင်ကိုဆွဲထုတ်ခြင်းခံရသူ(ကိုကျော်စွာ) မြောက်ပိုင်းလူသတ်မှုကြီးမှ လွတ်မြောက်လာခဲ့သူ (ဘာကြောင့်လဲ)

ကုန်ကျစရိတ် ဟိုတယ်ခ ခရီးစရိတ်များကို မြန်မာနိုင်ငံ ညီညွတ်သော မူဆလင်အစည်းရုံးမှ တာဝန်ယူထားသည်-ဟုသိရသည်



စက်တင်ဘာလ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲ မစခင်ကတည်းက စိတ်ဝင်စားဖို့ကောင်းနေခဲ့တာပါ။

စက်တင်ဘာလ ၁ ရက်နေ့ ရန်ကုန်လေဆိပ်ကို ကိုမိုးသီးဇွန်တို့အဖွဲ့ရောက်တော့ မြစ်မခက သတင်းထောက် ကျော်ဇင်မန်းနဲ့ ထွန်းနေအောင်တို့သတင်းသွားယူကြပါတယ်။

သူတို့ကလည်း ကိုမိုးသီးဇွန်ကို ABSDF က ခေါင်းဆောင်တယောက်၊ အစိုးရကို လက်နက်ကိုင်ပြီး တိုက်ခိုက်ပြီးတဲ့နောက်၊ လေသနပ်နဲ့လည်း ဝေဖန်တိုက်ခိုက်လေ့ရှိသူ ဆိုတာလောက် သိထားကြပါတယ်၊

ဒါပေမဲ့ ရန်ကုန်လေဆိပ်မှာတွေ့တော့ ကားပေါ်ခုန်တက်ပြီး လူတွေကို လက်တွေဝှေ့ယမ်းနှုတ်ဆက်လိုက်၊ လက်တွေကို ပါစပ်မှာ ကပ်ပြရင်း အနမ်းသင်္ကေတတွေ လုပ်ပြလိုက် လုပ်နေတဲ့ ဦးမိုးသီးဇွန်ကို တွေ့တော့ တွေ့ဖူးနေတဲ့ နိုင်ငံရေးသမားတွေနဲ့ မတူတဲ့အတွက် သူတို့ အံ့သြမိကြောင်း ပြောပါတယ်။

ဒီကြားထဲပင်နီအကျီာင်္ဝတ်ထားတဲ့သူအချို့ကလည်းမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဆိုတဲ့ဆိုင်းဘုတ်နဲ့ကြိုဆိုကြတာ တွေ့ရတော့လည်းထပ်ပြီး အံ့အားသင့်ရကြောင်း ပြောပါတယ်။

ပြီးတော့ သတင်းယူဖို့လာတဲ့သတင်းထောက်တွေ၊ လာကြိုတဲ့ နိုင်ငံရေးပါတီနှစ်ခုလောက်က နိုင်ငံရေးသမားတွေ၊ မီုးသီးဇွန်လာမယ်ဆိုလို့ အမည်သာကြားဖူးပြီး မမြင်ဘူးလို့လာကြည့်တဲ့ သူတွေနဲ့ ဆိုတော့ လူအုပ်ကြီးသူ့ကို လာကြိုတယ်လို့ ထင်မှတ်သွားပုံရကြောင်း ပြန်ပြောတော့ စဉ်းစားမိပါသေးတယ်။

မြန်မာပြည်မှာ မမြင်ဘူးလို့ ၀ိုင်းပြီးကြည့်ကြတတ်တဲ့ အကျင့်က ရှိပြီးသားပါ။ မြင်ဖူးချင်လို့ လာကြည့်သူတိုင်းကို ကိုယ့်လူလို့ သတ်မှတ်လို့မရတဲ့ထဲမှာ မြန်မာပြည်သူတွေ ပါဝင်ပါတယ်။

ကိုမိုးသီးဇွန်တို့အဖွဲ့ကိုလည်းလူတွေဝိုင်းအုံကြည့်ခဲ့ကြတယ်လို့ သိရပါတယ်။

နောက်တော့ ရွှေတိဂုံဘုရားဖူးကြရင်းနဲ့ ယုဇနဟိုတယ်မှာ တည်းမဲ့အကြောင်း သတင်းထောက်တွေက သတင်းယူခဲ့ကြပါတယ်။



စက်တင်ဘာလ ၂ ရက်နေ့မှာတော့ သူတို့ရဲ့ ၈၈မျိုးဆက်ကျောင်းသားတွေနဲ့ တွေ့ဆုံကြတာတွေ ကြားခဲ့ရပြီး ညပိုင်းမှာတော့ ပြည်ထောင်စုဝန်ကြီးအချို့နဲလည်း တွေ့ဆုံခဲ့ကြတယ်လို့ ကြားခဲ့ရပါတယ်။ ဒီအကြောင်းတွေကိုတော့နောက်ပိုင်းမှာသီးသန့်ရေးသွားမယ်လို့ စိတ်ကူးပါတယ်။

စက်တင်ဘာ ၃ ရက်နေ့မှာလည်း သူတို့အဖွဲ့တည်းခိုတဲ့ယုဇနဟိုတယ်၊ ဒုတိယထပ်မှာပဲ သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။

နံနက် ၁၀နာရီကျော်ပြီးမှ စတင်ခဲ့တဲ့ပွဲမှာ သတင်းသမားတွေသာမက နိုင်ငံရေးအသိုင်းအ၀ိုင်းကအချို့ကိုလည်းတွေ့မြင်ရပါတယ်။ နိုင်ငံရေးအသိုင်းအ၀ိုင်းအချို့ဆိုတာကို တိတိကျကျ ပြောရရင်တော့ ကိုကောင်းမြတ်ထွဋ်တို့ ပါတီနဲ့ ၈၈ကိုအေးလွင်တို့ပါတီက လူတွေလို့ တိတိကျကျပြောရပါမယ်။

သတင်းသမားတွေရဲ့ ဗီဒီယိုတွေ၊ကင်မရာတွေသာမက နိုင်ငံရေးအသိုင်းအ၀ိုင်းကလည်း ဗီဒီယို၊ကင်မရာအသံဖမ်းစက် စတာတွေနဲ့ လှုပ်လှုပ်ရှားရှားပါပဲ။ သတင်းမီဒီယာမှာလည်း တော်တော်လေးစုံလင်တယ်လို့ ပြောလို့ရပေမဲ့ လုံးဝလာပြီး သတင်းမယူတဲ့ သတင်းမီဒီယာကြီးတွေ ရှိနေတာလည်း သတိထားမိခဲ့ပါတယ်။ဘာကြောင့်ပါလိမ့်လို့လည်း စဉ်းစားကြည့်မိပါတယ်။

အခမ်းအနားမှူးအနေနဲ့ အမေရိကန်နိုင်ငံသား၊ ABSDF အဖွဲ့ဝင် ကိုရွှေစင်ထွန်းက စတင်ပြီး အခမ်းအနား အစီစဉ်ကို ကြေငြာရင်း ABSDF ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်နဲ့ စတင်မိတ်ဆက်ပါတယ်။

ဦးထွန်းအောင်ကျော်ဟာ ၁၉၇၄ ခုနှစ်မှာ နိုင်ငံရေးပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ်တသက်တကျွန်းကျခံခဲ့ရကြောင်း၊ အစိုးရရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ပြောဆိုပါတယ်။

ဦးထွန်းအောင်ကျော်အနေနနဲ့ ၁၉၈၈ခုနှစ် အရေးတော်ပုံမှာပါဝင်ခဲ့ပြီးနောက် မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် ကျောင်းသားတပ်မတော် ABSDF အဖွဲ့ကို ထူထောင်ခဲ့ကြောင်းပြောဆို မိတ်ဆက်ပါတယ်။

ဦးထွန်းအောင်ကျော်က အသားဖြူဖြူနဲ့ရုပ်ရည်သန့်သန့်ပြန့်ပြန့်ရှိပါတယ်။ စကားကိုလည်း ဖြေးဖြေးနဲ့အေးအေးပြောတတ်တဲ့ပုံစံမျိုးပါ။

သူက မြန်မာပြည်မှာ အပြောင်းအလဲတွေ စတင်နေပြီလို့ ပြောစဉ်တုန်းက သိပ်မထင်မှတ်ခဲ့ပေမဲ့၊မထင်မှတ်ပဲ ၈၈မျိုးဆက်ကျောင်းသားဟောင်းအဖွဲ့တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်တဲ့အပြင် မီဒီယာတွေကိုလည်း အထိုက်အလျောက်လွတ်လပ်ခွင့်ပေးခဲ့တာတွေကိုပါ တွေ့လာခဲ့ရတော့ အပြုသဘောဆောင်တဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို လုပ်နေပြီလို့ လက်ခံလာခဲ့ကြောင်း၊ သမ္မတအနေနဲ့ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို တိုင်းပြည်ကို ထူးထောင်ကြဖို့ ဖိတ်ခေါ်ချက်ကို သေသေချာချာစဉ်းစားပြီး ၆လလောက်အချိန်ယူ ဆွေးနွေးပြီးမှ လက်ခံခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။

သူက တိုင်းရင်းသားတွေနဲ့ တပ်မတော်ဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်သွားပြီး ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကို ကူညီပေးချင်ကြောင်း၊ ကိုယ့်ညီနောင်ချင်းသတ်ဖြတ်နေတဲ့ ပြည်တွင်း စစ်ကြီး ရပ်ဆဲဖို့ နဲ့ ငြိမ်းချမ်းရေးရအောင် စွမ်းဆောင်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုပါတယ်။

နောက်သူက ပြည်တွင်းကလူ့အရင်းအမြစ်တွေကို မြှင့်တင်ပေးဖို့အတွက် ပညာရေးကဏ္ဍာကို ဘယ်လို ကူညီပေးနိုင်မလဲ၊ တက္ကသိုလ်ကျောင်းတွေမှာ ဘယ်လိုပစ္စည်းမျိုးတွေ ထားပေးနိုင်မလဲ၊ ကျောင်းတွေရဲ့အရည်အသွေးတွေကို မြှင့်တင်ပေးချင်တယ်၊ ပညာတတ်တွေပေါ်ထွန်းရေးလုပ်ပေးမယ်ဆိုတဲ့ စိတ်နဲ့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုပါတယ်။

ဦးထွန်းအောင်ကျော်ကို မိတ်ဆက်လို့အပြီးမှာတော့ အမေရိကန်နိုင်ငံသား ဦးကိုကိုလေးနဲ့ အခမ်းအနားမှူးက မိတ်ဆက်ပေးပါတယ်။

ဦးကိုကိုလေးနဲ့မိတ်ဆက်ရာမှာတော့နိုင်ငံရေးသမိုင်းကြောင်းတွေအပြင် အမေရိကားမှာ နေထိုင်ပြီး ပညာသင်ကြားခဲ့တဲ့အကြောင်းတွေပြောသွားပါတယ်။

အသားညိုညို၊မျက်မှန်နဲ့ ဦးကိုကိုလေးကလည်း အပြောင်းအလဲစတင်စဉ်မှာ ရင်မခုန်ခဲ့ကြောင်း၊ ၂၀၁၂ ဇန်န၀ါရီလမှ စပြး ရင်ခုန်ခဲ့ကြောင်း၊ မြန်မာပြည်သူတွေနဲ့ တွေ့ချင်ခဲ့ကြောင်း။ ခုလို လာရောက်ရခြင်းကလည်း ငြိမ်းချမ်းရေးအတွက် ဖြစ်ကြောင်း အပြင်မြန်မာပြည်ကြီး ပြန်မဆုတ်နိုင်တဲ့ပြောင်းလဲခြင်းမျိုး ဖြစ်အောင် ဘယ်လို ပါဝင်ကူညီရမလဲဆိုတဲ့ စေတနာနဲ့ပြန်လာခြင်းဖြစ်ကြောင်း ပြောဆိုပါတယ်။

`ကျနော်တို့ ဒီမှာ နေထိုင်ခွင့်ကတော့ အစိုးရပေါ်မှာပဲ မူတည်ပါတယ်၊ ရည်ရွယ်ချက်အကောင်အထည်ဖော်နိုင်ဖို့ဆက်ကြိုးစားပါမယ်`လို့ ပြောရင်း ဦးကိုကိုလေးက နိဂုံးချုပ်ပါတယ်။

နောက်တဦးကတော့ အမေရိကန်နိုင်ငံမှာနေထိုင်သူနိုင်ငံသား ကိုရင်အေးလို့သိရပါတယ်။ အသားဖြူဖြူနဲ့ မျက်နှာလုံးလုံး ဟန်ရှိပါတယ်။ စကားပြောဆိုရာမှာတော့ မိန့်ခွန်းတွေ ဖတ်ကြားသံမျိုးနဲ့ ပြောဆိုတတ်တာတွေ့တယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ လွတ်မြောက်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနဲ့ ခုလို မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံတကာကနေ မနားတမ်းတိုက်ပွဲဝင်ခဲ့ကြ တောင်းဆိုခဲ့ကြတဲ့အတွက် ခုလို အကျိုးရလဒ်ကြီးအနေနဲ့ ဒီနေ့လို ပြောင်းလဲလာရတာ ဖြစ်တယ်ဆိုတာနဲ့ စတင်ပါတယ်။

သတင်းထောက်တော်တော်များများကတော့ ဒီစကားကြောင့်ပဲ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားရပါတယ်။ ကျမမှာလည်း မေးဖြစ်အောင်မေးမယ်ဆိုတဲ့ မေးခွန်းတခု ရသွားခဲ့တာပါ။

ဦးရင်အေးကတော့ သူတို့အဖွဲ့ရဲ့ ကြိုးစားမှုတွေအကြောင်းကို ပြောပြီးတဲ့နောက်မှာ သမ္မတကြီးကနေစပြီး၊ ဦးအောင်မင်း၊ ဦးစိုးသိမ်း၊ ဦးလှမောင်ရွှေပါ မကျန် ကျေးဇူးတင်ကြောင်းတွေလည်း ပြောပါတယ်။

ပြီးတော့ကချင်လူမျိုးဦးမူးသာရဲ့ အလှည့်ပါ၊ ဆံပင်မပါ၊ တိုင်းရင်းသားရုပ်ရည်ထက် ကျမအမြင်မှာတော့ တရုတ်နဲ့ပိုတူနေတယ်လို့ ထင်ရတဲ့ ရုပ်ရည်မျိုးဖြစ်ပါတယ်။ အသံမှာတော့တိုင်းရင်းသားသံ နည်းနည်းဝဲတယ်လို့ ထင်မိရုံပါပဲ။

သူကလည်းပဲ ပြည်သူတွေရဲ့ဆင်းရဲနေတဲ့ဘ၀တွေကို ပြန်လည်မြှင့်တင်ပေးချင်ကြောင်း၊ မြန်မာပြည် နိမ့်ကျခဲ့တာတွေကို ဖွဲံ့ဖြိုးအောင်လုပ်ပေးချင်ကြောင်းတွေနဲ့ စေတနာရှိတဲ့အကြောင်းတွေ ပြောပါတယ်။

ပြီးတော့ ကျမတို့တွေကိုမြင်ရတာမှာ ဆင်းရဲတာတွေနဲ့ အဆင်မပြေကြောင်း မြန်မာပြည်မှာလို ကွမ်းစားတာ၊ဆေးလိပ်သောက်တာတွေက ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်းမှာ ဘယ်သူမှ မလုပ်ကြတော့ကြောင်း မြန်မာပြည်မှာတော့ နေထိုင်မှုစနစ်နိမ့်ကျနေသေးကြောင်း စတာတွေနဲ့ စစ်တွေဖြစ်ပွားနေတဲ့အတွက် စစ်ပွဲတွေ မရှိသင့်တော့ဘူးဆိုတဲ့အမြင်နဲ့ပြောဆိုသွားခဲ့ပါတယ်။

နောက်တဦးကတော့ ဂျပန်မှာ နေထိုင်တဲ့ဦးကိုကိုအောင်ဖြစ်ပါတယ်။ သူလည်း ကျမတို့တိုင်းပြည်မှာ လူမှုရေးအဖွဲ့အစည်းတွေ အားကောင်းလာအောင်ကြိုးစားရမဲ့အကြောင်း၊ ကျမတို့ ပြည်သူတွေမှာလည်း တာဝန်ရှိကြောင်း၊ ကြိုးစားမှာဖြစ်ကြောင်းတွေ ပြောဆိုပါတယ်။

အခြားနားထောင်နေတဲ့သူတွေကတော့ ဘယ်လို ခံစားနေရသလဲ မသိပါဘူး။

ကျမကတော့ နိုင်ငံကြီးကလာတဲ့သူတွေက ကျမတို့ပြည်သူတွေကို ဆင်းရဲပါတယ်၊ နွမ်းပါးပါတယ်၊ စာလည်း မတတ်ကြပါဘူး၊ လူနေမှုအဆင့်အတန်းလည်း နိမ့်ပါးတဲ့သနားစရာတွေအဖြစ် မြင်ကြ၊ ကယ်တင်ရှင်ကြီးလိုလို မြှင့်တင်ပေးမယ်၊ ကယ်တင်ပေးမယ်၊ ကူညီပေးမယ်ဆိုတဲ့ စကားတွေကို ကြားရတိုင်း ကမ္ဘာကြီးရဲ့ အနိမ့်ဆုံးအခြေအနေတခုရောက်သွားသလို ခံစားရပါတယ်။ ရင်ထဲမှာ နင်တင်တင်နဲ့ပါ။

နောက်ဆုံးတဦးကတော့ အလယ်မှာ ထိုင်နေတဲ့ တိုက်ပုံအပြာရောင်ဝတ်ထားပြီး၊နှုတ်ခမ်းမွှေးနဲ့ မျက်နှာရှည်ရှည်နဲ့ဦးမိုးသီးဇွန်ပါပဲ။ အသံကတော့ ကြည်ကြည်လင်လင်ရှိပါတယ်။

စစချင်းမှာပဲ လေဆိပ်မှာ သူ့ကိုနွေးနွေးထွေးထွေးကြိုဆိုကြတဲ့ ပြည်သူလူထုတွေရဲ့ ကြိုဆိုမှုကို ၀မ်းမြောက်ဝမ်းသာဖြစ်ရကြောင်းစပြောပါတယ်။

`ကျနော့်အနေနဲ့ မြန်မာပြည်အကြောင်း မစဉ်းစားတဲ့ နေ့မရှိဘူး၊ မြန်မာပြည်အတွက် အလုပ်မလုပ်တဲ့ နေ့မရှိဘူး၊ အဲဒီကြိုးပမ်းမှုတွေကြောင့် ယနေ့ ဒီနေရာကို ရောက်လာရတယ်` လို့ ပြောပါတယ်။

ပြီးတော့ ၂၄ နှစ်တာ ခွဲခွာနေရပေမဲ့ ၂၄ နာရီလောက်ပဲလို့ ထင်မှတ်မိကြောင်း၊ မတူတဲ့ အမြင်ရှိသူတွေကိုလည်း ခြိမ်းခြောက်ဖို့ မဟုတ်ကြောင်းကိုလည်း ကဗျာဆန်ဆန်ပြောပါတယ်။

` မိုးထဲရေထဲမှာ အလုပ်လုပ်နေကြတဲ့ သူတွေ မိုးထဲရေထဲမှာ ခက်ခက်ခဲခဲကြိုးစားနေတာတွေ တွေ့ရတယ်၊ ကျနော် ခင်ဗျားတို့ကို ကူညီချင်လို့ ရောက်လာတာပါ၊ ခင်ဗျားတို့ ပေးတဲ့ တာဝန်တွေကို ကျနော်ယူမယ်` လို့လည်း ပြောပြန်တယ်။

ပြီးတော့ သူက ပြည်သူတွေကို၊ နိုင်ငံတော်သမ္မတကြီးနဲ့ တိုင်းရင်းသားတွေကို ကူညီဖို့ ရောက်လာတာပါလို့ ပြောပြီး၊ နိုင်ငံရေး ပါတီထောင်ဖို့ မဟုတ်၊ အသင်းအပင်းတွေ ထောင်ဖို့ မဟုတ်ဘူး၊ အမတ်လုပ်ဖို့ မဟုတ်ဘူးလို့ ပြောရင်း ဗီဇာ ၂၁ ရက်ပဲ ရတဲ့အကြောင်း ဘယ်တော့ပြန်လာရမှန်းမသိတဲ့ အကြောင်း ပြောပါတယ်။

ပြီးတော့ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးလှုပ်ရှားရင်း မြန်မာနိုင်ငံသားဆုံးရှုံးရပြီး ခုတော့ အမေရိကန်နိုင်ငံသားဖြစ်နေကြောင်း ပြောပါတယ်။

နောက်ဆုံးမှာလည်း ကူညီပါရစေ..ကူညီချင်တဲ့ အကြောင်းနဲ့ပဲ နိဂုံးချုပ်သွားခဲ့ပါတယ်။

သူတို့အဖွဲ့အနေနဲ့ မြန်မာပြည်တွင်နေထိုင်စဉ်ကာလအတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်အပါအ၀င်ပြည်ထောင်စုဝန်ကြီးများနှင့်တွေ့ဆုံရန် တောင်းဆိုထားကြောင်း၊ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ

ခွင့်တောင်းထားကြောင်း အဆိုပါ ရည်ရွယ်ချက်တို့ဖြင့် အမိမြေငြိမ်းချမ်းရေးလုပ်ငန်းစဉ်( The Mission for Peace in Motherland) ကို ဖွဲ့စည်းလိုက်ကြောင်းသတင်းထုတ်ပြန်ကြေငြာပါတယ်။

အဆိုပါ အဖွဲ့မှာ မြန်မာနိုင်ငံသား မဟုတ်ကြတော့သောအမေရိကန်နိုင်ငံသားအဖြစ် နေထိုင်လျက်ရှိသော (၁)ဦးကိုကိုလေး(USA)(၂)ဦးကိုကိုအောင်(JAPAN)၊(၃)ဦးဇော်မင်း(USA)၊(၄)ဦးထွန်းေ

အာင်ကျော်(USA)၊(၅) ဦးမိုးသီးဇွန်(USA)၊(၆)ဦးမူးယာ(USA)၊ (၇) ဦးရင်အေး USA)၊(၈) ဦးေ၇ွှစင်ထွန်း(USA)၊ (၉)

ဦးသက်ထွန်း(USA)၊(၁၀)ဒေါက်တာ အေးမင်း( USA)၊ (၁၁) ဦးအောင်မျိုးတင့်USA)တို့ပါဝင်ကြပါတယ်။

အဆိုပါအဖွဲ့ဝင်များမှာ ၁၉၈၈ ခုနှစ်အရေးတော်ပုံတွင်ပါဝင်ခဲ့ကြသူများဖြစ်ပြီး မြန်မာပြည်တွင်း ဖြစ်ပွားနေသော

ပြည်တွင်းစစ်(ကချင်နှင့် တပ်မတော်) စစ်ပွဲများရပ်ဆိုင်းသွားရန်အတွက်ရည်ရွယ် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ပြောသည်။

ကျမ သိရသလောက် သူတို့တွေက အမေရိကန်နိုင်ငံသားတွေဖြစ်နေပါပြီ။ မြန်မာပြည်ကိုဧည့်နေဧည့်သွားလောက်သာ သွားလာနိုင်မှာပါ။ ဒီလို တလမပြည့်တပြည့်အချိန်လေးနဲ့ ဒီလိုကိစ္စမျိုးတွေ သူတို့ပြောသလို ကူညီနိုင် ဆောင်ရွက်နိုင်ပါ့မလား။

ပြီးတော့ ရှေ့ကနေ တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးကိစ္စ ဆောင်ရွက်နေတာတွေ ရှိပြိး ခုချိန်မှ ကချင်နဲ့ လက်မှတ်ထိုးဖြစ်ခဲ့ရင်လည်း ... ဘယ်သူ့ကြောင့်၊ ဘယ်အဖွဲ့ ကြောင့် ဆိုတာကိုလည်း တွေးကြည့်မိပါတယ်။

ဘာပဲဖြစ်ဖြစ် တကယ်စေတနာထက်ထက်သန်သန် ရှိတယ်ဆိုရင်လည်း ၀မ်းသာရမှာပါ၊ ဘာပဲပြောပြော စောင့်ကြည့်ရမယ်လို့လည်း စိတ်ထဲမှတ်ထားမိပါတယ်။

အဲဒီအချိန်မှာပဲ မေးခွန်းတွေကို မေးမြန်းနိုင်ကြောင်း ပြောဆိုပါတယ်။

မနက်ဖြန်တွင် ဆက်လျက်ဖော်ပြပေးပါမည်။

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)


 


 
မေသင်္ကြန်ဟိန်(မြစ်မခ)


Sunday, September 2, 2012

Zagabar makes trick on media ဇာဂနာ သတင်းထောက်များကို လှည့်စားလိုက်ပြီ

 
ဇာဂနာမှ မီဒီယာသမားများသို့ စာပေးပို့တောင်းပန်

ရန်ကုန်လေဆိပ်တွင် ဆဲဆိုခဲ့ခြင်းအပေါ် မီဒီယာသမားများသို့ တောင်းပန်ကြောင်းစာတစ်စောင့်ကို ဇာဂနာမှ အီးလ်မေးမှတဆင့် ပေးပို့ခဲ့သည်။
ယင်းစာကိုသတင်းဂျာနယ်တိုက်များနှင့် ဂျာနယ်လစ်ဆိုင်ရာအသင်းအဖွဲ့များသို့ ယနေ့ နေလည် ၃ နာရီကျော်က ပေးပို့ခဲ့ခြင်းဖြစ်သည်။
ပေးပို့သည့်စာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

" ပြည်သူနှင့်မီဒီယာသမားများအားအသိပေးတောင်းပန်ခြင်း"

၂၀၁၂ သြဂုတ်လ (၃၁)ရက် နေ့တွင် ကျွန်တော်ဇာဂနာသည် စစ်အုပ်ချုပ်ရေးကာလက ပြည်ပသို့ ထွက်ခွာ သွားသော ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေသူများအနက် တိုင်းပြည်သို့ပြန်လာခွင့် ရသော ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်၊ ဦးညိုအုံးမြင့်တို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သွားရောက် ကြိုဆိုခဲ့ပါသည်။ လေဆိပ်တွင်သတင်းရယူရန်စောင့်ဆိုင်းနေကြသော သတင်းထောက်များအား အဆင်ပြေပြေ သတင်းရယူနိုင်ရန် စီစဉ်ပေးခဲ့သော်လည်း အဆင်မပြေဘဲအခြားခရီးသည်များကိုပါ အနှောက်အယှက် ဖြစ်စေခဲ့ပါသည်။ ထိုအပြင် သတင်းထောက်တစ်ဦးမှ ကျွန်တော့်အား တွန်းလိုက်သည့်အတွက် လဲကျသွားရာမှ အမှတ်မဲ့ဆဲမိခဲ့ပါသည်။ ထိုဖြစ်ရပ်သည် မီဒီယာနယ်ပယ် အားလည်းကောင်း၊ သတင်းရယူ နေသော သတင်းထောက်များအားလည်းကောင်း၊ စိတ်အနှောင့်အယှက် ဖြစ်သည်ဟု ကြားရသည့်အတွက် များစွာ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။ ကျွန်တော်သည် နိုင်ငံနှင့် နိုင်ငံသားတို့၏ လွတ်လပ်မှု နှင့်တိုးတတ်ရေးအတွက်သာ အမြဲလုပ်ဆောင်လိုသော ဆန္ဒရှိပြီး နိုင်ငံ၏ အရေးပါသော စတုတ္ထမဏ္ဍိုင်ကို အရှင်းစော်ကားလိုသော စိတ်မရှိသောကြောင့် ယခုဖြစ်ရပ်တွင် ပါဝင် ပါတ်သတ်သူများနှင့် မီဒီယာများအား တောင်းပန်းအပ်ပါသည်။


ဇာဂနာ
ကိုဇာဂနာမှ  ဒေါသတကြီး ဆဲဆိုခဲ့ရာတွင် သတင်းထောက်များမှ ၄င်းအားတွန်းတိုက်ခြင်းဖြစ်သည်ဟု ယခုတောင်းပန်စာတွင် တင်ပြထားသော်လည်း ဖြစ်ရပ်အမှန်မှာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသော
 ဒေါက်တာနိုင်အောင်အားသတင်းထောက်တဦးမှ  ကိုနိုင်အောင်ကို မြောက်ဥက္ကလာပ ရဲစခန်း တွင် ၁၉၉၂ မြောက်ပိုင်းဒေသတွင် မတရားစွပ်စွဲသတ်ဖြတ်ခံရသော ဆွေမျိုးမိဘများမှ သွားရောက်အမှုဖွင့်ထားသည်ကို  ကိုနိုင်အောင်အနေဖြင့် မည်သို့ ဖြေရှင်းမည် ဟု မေးမြန်းလိုက်သောအခါ ကိုနိုင်အောင် ဖြေကြားရန် အခက်တွေ့နေသော အခြေနေမှ လွတ်မြောက်သက်သာသွားစေရန် ကိုဇာဂနာမှ အသံကျယ်လောင်စွာ အော်ဟစ်ဆဲဆိုပြီး ကိုနိုင်အောင်အား အခက်တွေ့နေသော အခြေနေမှ လွတ်မြောက်အောင် လုပ်ဆောင်သွားသည်ကို ရိုးသားပွင့်လင်းစွာ ၄င်းမှပေးပို့သော အီးမေးလ်တွင် ဖေါ်ပြထားခြင်းမရှိခဲ့ပါဟု သတင်းသမားအချို့က ပြောဆိုနေကြပါသည်။
ဘီဒီအန်