Thursday, October 4, 2012

Burmese four deserters arrest


 

မဲဆောက်မြို့နယ် မဟာဝမ် ဒေသရှိ ထိုင်းနယ်ခြား စောင့်ရဲများသည် ၄င်းတို့ ဖမ်းဆီး ရမိသော မြန်မာ တပ်သား (၄) ယောက်ကို ယမန်နေ့က ပြန်လည် လွှတ်ပေး လိုက်သည်ဟု ထိုင်းမီဒီယာ တခု၌ ဖေါ်ပြ ထားပါသည်။


ဖမ်းမိသော မြန်မာ တပ်သား (၄) ယောက်မှာ တပ်သား သန်းအောင်ထွေး (၂၁နှစ်) ၊ တပ်သား ပြည်ဖြိုးအောင်(၂၁နှစ်)၊ တပ် သားသီဟသူ (၂၄ နှစ်)၊ တပ်သား ဇင်းမင်းထွေး (၂၄နှစ်) တို့ဖြစ်သည်။ ၄င်းတို့သည် ကရင်ပြည်နယ် မြ၀တီမြို့နယ် မိလှပန်း ကျေးရွာ၌ လှုပ်ရှားနေသော တပ်မ (၈၈) လက်အောက်ခံ ခမရ (၃၁၇)တပ်ရင်းမှ ရဲဘော် လေးယောက် ဖြစ်ပါသည်။ ၄င်းတို့ကို ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မဟာဝမ် တိုက်နယ် ထဲရှိ သောင်ရင်း မြစ်နဘေးက ပြောင်းဖူးခြံ တစ်ခြံထဲတွင် ထိုင်းနယ်ခြား စောင့်ရဲများက ဖမ်းဆီးရမိခြင်း ဖြစ်ပါသည်။

တပ်သား များသည် ဆာလောင် ငတ်ပြတ် အားအင် ကုန်ခမ်း နေပုံ ပေါက်နေကြောင်း မြန်မာ စစ်တပ်ထဲက ဒုက္ခကို မခံနိုင်တော့လို့ ထွက်ပြေး လာပြီး၊ ထိုင်းဘက်မှာ အလုပ်လာလုပ်ဖို့ဟု ထိုင်းနယ်ခြား ရဲများကို ပြောကြောင်း သတင်းက ဆိုပါတယ်။ မျက်စိလည် လမ်းမှားရာက ဤပြောင်းဖူးခြံထဲ၌ ပုန်းအောင်းနေခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ယခုကဲ့သို့ ထွက်ပြေးလာသော မြန်မာ တပ်သားများကို ပြန်ပို့ လိုက်ခြင်းသည် နှစ်နိုင်ငံ စစ်တပ်များ၏ သဘော တူညီချက် လည်း ဖြစ်နိုင်သလို လက်နက်မဲ့ဖြစ်သဖြင့် တရားမ၀င် သူများကို ဖမ်းဆီးပြီး ပြန်ပို့ခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့သော် မြန်မာ စစ်တပ်၏ ထုံးစံ အရ တပ်ပြေးများကို ကြီးစွာ ပြစ်ဒဏ် ပေးလေ့ ရှိပါသည်။

ဤကဲ့သို့ တပ်ပြေးမျိုး ထိုင်းနိုင်ငံ မဟာချာ ဒေသ တခုထဲတွင် (၂၀၀၀) ခန့် ရှိနေကြောင်း Ngo အဖွဲ့များနှင့် ပြည်ပရောက် မြန်မာ စစ်မှု ထမ်းဟောင်း အဖွဲ့က ခန့်မှန်း ထားပါသည်။
FNA NEWS

Farmers in Dala are in trouble


ဒလ လယ်သမားများအခက်တွေ့


 

 
 
 
 
 
 
 
 
 
 
ဒလလယ်သမားများ ဧရာဝတီရေတပ်စခန်းဌာနချုပ် မှညွှန်ကြားချက်ကြောင့် အခက်တွေ့နေ

ရန်ကုန် အောက်တိုဘာ ၎

ရန်ကုန်တိုင်းဒေသကြီး ၊ ဒလမြို့နယ် ရခိုင်ချောင်ဒေသ၌ လယ်ဧက ၅၀၀တွင် နေထိုင်လုပ်ကိုင်နေကြသူများကို ၂၀၁၃ ဇန်န၀ါရီ အပြီး ပြောင်းရွှေ့ပေးရမည်ဟု ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ ညွှန်ကြားလာသောကြောင့် လယ်သမားများ အခက်တွေ့နေကြောင်းသိရသည်။
“ကျွန်တော်တို့ကလယ်ထဲမှာပဲနေကြတာ။လယ်ထဲကထွက်ပေးရမယ်ဆိုရင် နေစရာလည်းမရှိဘူး၊လုပ်ကိုင်စားစရာလည်းမရှိတော့ဘူး၊လယ်ပြန်ရရင်ရ မရရင် နစ်နာကြေးပေးမှ ထွက်ပေးမည်” ဟုလယ် ၁၆ဧက ကျော်လုပ်ကိုင်သည့် တုံကင်ကန်မြောင်ကျေးရွာ အုပ်စုမှ ကိုထွန်းကိုကိုဦးကပြောသည်။

အဆိုပါယ်လယ်မြေများကို ၁၉၉၀ ခုနှစ်ကတည်းက ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ သိမ်းယူထားခြင်းဖြစ်ပြီးအဆောက်အဦးများ ဆောက်လုပ်ထားခြင်းမရှိထားသောမြေပေါ်များတွင် လယ်သမားများအား ဆက်လက်လုပ်ကိုင်ခွင့်ပေးခဲ့သောကြောင့် ၁၉၉၁ စိုက်ပျိုးရာသီတွင် ပြန်လည်စိုက်ပျိုးခွင့်ရရှိခဲ့ပြီး ၁၉၉၂ ခုနှစ်မှစ၍ လက်ရှိအချိန်ထိ တဧကလျှင် စပါး ၁၁တင်းနှုန်းဖြင့် ဧရာဝတီရေတပ်စခန်းဌာနချုပ်သို့ သီးစားပေးသွင်းခဲ့ရကြောင်း သိရသည်။

Bottom of Form
 AFM

The last brief in a Buddhist monastery



“ရေလည်ကျောင်းက၊နောက်ဆုံးထွက်သက်များ”

တစ်နေ့၊ဂရိကမိတ်ဆွေတစ်ယောက်၊ရောက်လာတာတယ်၊

သူမက၊မြန်မာနိုင်ငံက၊အိပ်(ချ)အိုင်ဗီရောဂါဝေဒနာရှင်တွေ၊ရှိတဲ့နေရာကို၊

ခေါ်သွားပေးနိုင်မလား၊သူမအနေနဲ့၊ဒီရောဂါအကြောင်းကို၊ဆောင်းပါး၊

လည်းရေးချင်သလို၊မှတ်တမ်းရုပ်ရှင်ရိုက်ချင်တယ်လို့၊ဆိုတာနဲ့၊

ရင်းနှီးနေတဲ့၊ရေလယ်ဆရာတော်ဆိ၊ဖုန်းဆက်လိုက်ပါတယ်။

ရေလယ်ဆရာတော်ဟာ၊မြောက်ဥက္ကလာပမြို့နယ်၊ဝေဘာဂီ၊

ကူးစက်ဆေးရှံကြီးရှေ့၊အသောကရာမ၊ရွှေဟင်္သာရေလည်၊

ဘုန်းတော်ကြီးကျောင်းတွင်၊နေထိုင်သီတင်းသုံးကာ၊

သည်ရောဂါဝေဒနာရှင်တွေအတွက်၊အုပ်တစ်ချပ်သဲတစ်ပွင့်၊

အနေဖြင့်၊ဆောင်ရွက်နေသူပါ။

ရေဂါဝေဒနာရှင်တွေနဲ့ပက်သက်ပြီး၊ဘယ်လိုစိတ်ကူးစတင်၊

အကောင်အထည်ဖော်မိခဲ့တာလဲလို့၊မေးကြည့်တော့၊

ဆရာတော်က၊” ဦးဇင်း၊သည်အာသောကရာမကျောင်းကို၊၂၀၀၅

၂၀၀၆ခုနှစ်မှာစတင်ခဲ့တာပါ၊ကျောင်းစတင်တုန်းကဆိုရင်၊

ဒီနေရာတွေဟာ၊ရေပတ်လည်၊၀ိုင်းနေတဲ့၊နေရာပေါ့၊ဘယ်ကြည့်ကြည့်၊

ရေတွေချည်းပဲ၊ဒါကြောင့်လည်း၊ဦးဇင်းရေလည်ဆရာတော်ဆိုတဲ့ဘွဲ့ကို၊

ရခဲ့တာ။

၂၀၀၅၊ဇူလိုင်၁၆ရက်နေ့မှာ၊အာသောကရာမ၊ဘုန်းကြီးကျောင်းကို၊

စတင်တည်ထောင်တယ်၊ကိုယ်ခံစွမ်းအားကျဆင်းတဲ့၊ရောဂါဝေဒနာ၊

ရှင်တွေကို၊စတင်လက်ခံမိတဲ့၊အကြောင်းက၊သောက်ရေကစတာပဲ၊

ဝေဘာဂီဆေးရုံက၊ဦးဇင်းကျောင်းရှေ့ဆိုတော့၊လူနာစောင့်တွေက၊

မနက်ဆိုရင်၊ရေဘူးလေးတွေကိုင်လာပြီး၊ဦးဇင်းကျောင်းမှာ၊သောက်ရေ၊

လာခတ်ကြတယ်၊အရင်ကရေက၊တစ်အားရှားတယ်လေ၊ရေလာခတ်ရင်း၊

တစ်ယောက်နဲ့တစ်ယောက်၊ခင်မင်လာတော့၊သူတို့အကြောင်း၊

ပိုသိလာတယ်။

သူတို့၊သောက်ရေခတ်ရင်းနဲ့၊အရှင်ဘုရား၊တပည့်တော်တို့၊

ရေလေးပါချိုးခွင့်ပြုပါလို့၊ခွင့်တောင်းလာတော့။ခွင့်ပြုလိုက်တယ်၊

နောက်တစ်ခါ၊အရှင်ဘုရား၊အ၀တ်အစားတွေပါ၊လျှော်ခွင့်ပြုပါဘုရား၊

ဆိုတာနဲ့၊ထပ်ခွင့်ပြုလိုက်တယ်၊လူနာတွေရော၊လူနာစောင့်ပါ၊

ဘုန်းကြီးကျောင်းမှာ၊ရေချိုး၊အ၀တ်လျှော်၊ရေသယ်လုပ်နေရင်း၊

ဆရာဝန်တွေက၊ဆေးရုံးတွင်း၊လည့်ပတ်နေချိန်မှာ၊အချိန်မိ၊

ပြန်မရောက်နိုင်တဲ့၊လူနာစောင့်တွေနဲ့၊ဝေဒနာသည်တွေကို၊

ကျောင်းမှာ၊တစ်ညတစ်လေလက်ခံပေးလိုက်တယ်။

တစ်ချို့လူနာတွေဆေးရုံကဆင်းပြီး၊မိမိနေရပ်ကို၊

ခဏပြန်ရတော့၊ပြီးရင်ပြန်လာရမှာရယ်၊သွားပြန်ခရီးစရိတ်ရယ်၊

ဆေးရုံးကဆင်းကစ၊ဖြစ်တာကြောင့်၊ဘယ်လိုမှလမ်းမလျှေက်၊

နိုင်တာကြောင့်၊ဦးဇင်းကျောင်းမှာပဲ၊စတင်လက်ခံလိုက်ပါတယ်၊

နယ်ကိုပြန်မယ်ဆိုရင်၊လူနာတွေအနေနဲ့၊အရမ်းဒုက္ခရောက်၊

လွန်းတာကြောင့်၊ဦးဇင်းလည်း၊ယောကျာင်္း၊မိန်းမသပ်သပ်ဆိုပြီး၊

အဆောင်လေးကို၊စတင်တည်ထောင်လိုက်တာပါ။

ဒီရောဂါဝေဒနာရှင်တွေကို၊ကြည့်ရှုစောင့်ရှောက်တဲ့၊လုပ်ငန်းကို၊

၂၀၀၉ခုမှာ၊စစ်အစိုးရရဲ့၊နှောင်ယှက်မူကြောင့်၊၃လခန့်ရပ်ဆိုင်းခဲ့၊

ရပါတယ်၊ဒါပေမယ့်၊၂၀၁၁ခုနှစမှာ၊လူနာများကို၊ပြန်လည်လက်ခံပြီး၊

ကျွေးမွေးပြုစုခဲ့ပါတယ်၊ဦးဇင်းအနေနဲ့၊လာရောက်တည်းခိုနေတဲ့၊ရောဂါဝေဒနာရှင်တွေရယ်၊လူနာစောင့်တွေရယ်ကို၊နေစရာထိုင်ခင်း၊ဆေးဝါးများကို၊

တတ်နိုင်သလာက်၊ကြီုးစားနေပါတယ်၊ဒါပေမယ့်၊ဝေဒနာရှင်တွေအတွက်၊

ကျွေးမွေးဖို့ရာမှာ၊အခက်အခဲ့တော်တော်ဖြစ်နေပါတယ်”လို့၊

ရေလည်ဆရာတော်က၊ပြောပါတယ်။

ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာ၊ဆရာတော်က၊၀မ်းသားအားရ၊

လက်ခံတွေ့ဆုံပြီး၊ကျွန်တော်သိလိုသမျှကို၊စိတ်ရှည်လက်ရှည်၊

ရှင်းပြပါတယ်၊ကျွန်တ်ာမိတ်ဆွေ၊ဓာတ်ပုံသတင်းထောက်ကလည်း၊

စေ့စေ့စပ်စပ်ကို၊မေးမြန်းလို့နေပါတော့တယ်၊ဆရာတော်က၊စကားပြော၊

ထမင်းကျွေးပြီး၊”ကဲလာ၊အပေါ်ထပ်ကိုသွားရအောင်ဆိုပြီး၊

ခေါ်သွားပါတယ်၊အပေါ်ထပ်ရောက်တော့၊မြင်လိုက်ရတဲ့၊

မြင်ကွင်းဟာ၊ကျွန်တော်ရော၊ကျွန်တော့်မိတ်ဆွေ၊”အော်လီဂါပါ”၊

မင်တက်မိသွားပါတယ်၊ကျွန်တော်ဘ၀မှာ၊ဒီလိုမြင်ကွင်းမျိုးကို၊

တစ်ခါမှမမြင်ဘူးပါ၊ပိန်ချုံးနေတဲ့၊လည်ပင်းမှာ၊အကြီတ်တွေဗရပွနဲ့၊

တစ်ကိုယ်လုံးမှာ၊အနာတွေနဲ့၊ဒုက္ခခံနေရတဲ့၊လူစုလူဝေးကြီးကို၊

မျက်ဝါးထင်ထင်၊ကိုယ်တိုင်တွေ့လိုက်ရလို့ပါ။

အဲဒီနေ့တစ်ယောက်ချင်းစီကို၊အင်တာဗျူးရင်း၊အောလီဂါရော၊

ကျွန်တော်ပါ၊ပိုပြီးစိတ်ဝင်စားလာမိတာက၊လူနာရှင်တွေရဲ့၊

အကြောင်းပါ၊သူတို့၊ဝေဒနာမည်သို့မည်ပုံကူစက်ခံရတယ်ဆိုတာ၊

မေးမြန်းရင်း၊သိလာရတဲ့၊အကြောင်းရင်တွေဟာ၊တစ်ယောက်နဲ့၊

တစ်ယောက်မတူကြပါဘူး၊သူတို့ဖြတ်သန်းခဲ့ရတဲ့၊နောက်ခံဘ၀တွေ၊

စိတ်နေစိတ်ထားတွေ၊သည်ရေလည်းကျောင်းကို၊စတင်ရောက်လာပုံ၊

တွေဟာ၊သိပ်ကို၊စိတ်ဝင်စားဖို့ကောင်လွန်းပါတယ်၊ကိုယ်ခံအား၊

ကျဆင်းနေတဲ့၊ရောပါဝေဒနာရှင်တွေမှာ၊တူညီတဲ့အချက်က၊တီဘီရောဂါကိုပါ၊ကူးစက်ခံစားနေရခြင်းပါပဲ။

ရောဂါဝေဒနာ၊ဘယ်လိုကူးစက်ခံရသလဲဆိုတာ၊မေးမြန်းကြည့်ရင်း၊

ထပ်သိလာရတာက၊အများစုဟာ၊လိင်ဆက်ဆံခြင်း၊ဆေးမင်ကြောင်ထိုး၊

ခြင်းတို့ကနေဖြစ်ကြတာကိုတွေ့ရတယ်၊များသောအားဖြင့်၊အမျိုးသမီး၊

တော်တော်များများဟာ၊အပြစ်ကင်းပါလျှက်နဲ့၊မိမိအမျိုးသားတွေဆိကနေ၊

ကူးစက်လာတာများပါတယ်၊သူတို့အမျိုးသားတွေဟာ၊ကားမောင်းသမား၊

ဆိုက်ကားမောင်းသမား၊လက်သမား၊ငါးဖမ်းစက်လှေလိုက်သူတွေဖြစ်၊

ကြပါတယ်။

တစ်ချို့လူနာရှင်တွေကို၊အင်တာဗြူးရင်၊၀မ်းနည်းဖွယ်ရာတွေ့၊

လာတာက၊တစ်ချို့လူနာရှင်တွေဟာ၊အပျော်အပါးမလိုက်စားပဲ၊

ဒီရောဂါကိုကူးစက်ခံလာရတယ်ဆိုတာပါပဲ၊အထည်ချူပ်စက်ရုံက၊

လုပ်ငန်းကြီးကြပ်သူအဆင့်၊မိန်းကလေးပြောပြသည်မှာ”ကျွန်မက၊

လိုင်သာယာ၊အထည်ချူပ်စက်ရုံမှာလုပ်ပါတယ်၊၁၀နှစ်ကျော်သွားပါပြီ၊

ကျွန်မ၊မိသားစုကိုလုပ်ကျွေးနေရသူပါ၊မနက်၈နာရီကနေ၊ည၇နာရီထီ၊

အလုပ်လုပ်နေရသူပါ၊တစ်ခါတစ်ရံ၊ညဆိုင်းပါဆင်းရပါတယ်၊ပိုက်ဆံလို၊

ချင်တော့လုပ်ရပါတယ်၊တစ်နေ့နေမကောင်းဖြစ်ပြီး၊တစ်ရှောင်ရှောင်၊

ဖြစ်လာပါတယ်၊ဟိုနားသည်နားသွားလဲ၊ဘာမှမလုပ်ရပဲ၊မောနေပါတယ်၊

ဒါနဲ့ဆေးသွားစစ်တော့၊အိပ်(ခ်ျ)အိုင်ဗီ၊ကူးစက်ရောဂါတွေ့လိုက်ရပါတယ်၊

ကျွန်မသိပ်ကိုတုန်လူပ်၊ချောက်ချားသွားပါတယ်။

ကျွန်တော်မခေါင်းတွေချာချာလည်နေပါတယ်၊အပြင်းအထန်စဉ်းစား၊

နေမိတယ်၊ငါဘာများအမှားလုပ်မိလဲ၊ကျွန်မလိင်ပိုင်းဆိုင်ရာလည်း၊

မကျူးလွန်၊အပေါ်အပါးလည်းမလုပ်၊ဘာကြောင့်ငါဖြစ်ရတာလဲ၊

စဉ်းစားရင်၊တစ်ခါက၊သွားတွေလှချင်လို့၊သွားဆရာဝန်ဆိမှာ၊

သွားပြင်မိတာရယ်၊အလုပ်ပင်ပန်းလို့၊သွေးပေါင်ကျတော့၊

သွေးအားနည်းတိုင်း၊သွေးသွင်းမိတာရယ်၊ကိုသွားတွေးမိတယ်၊

ကျွန်မလို၊အခန်မသင့်ပဲ၊သွေးသွင်းရင်း၊ဆေးထိုးရင်း၊ဆေးထိုးအပ်ကနေ၊

ရောဂါကူးစက်ခံနေရတဲ့၊ဝေဒနာရှင်တွေ၊မြောက်ဥက္ကလာဆေးရုံမှာ၊

အများကြီးပဲလို့၊သူမကပြော၊တော့၊ကျွန်တော်ရော၊အော်လီဂါပါ၊

ရင်ထဲတော်တော်ဆို့သွားပါတယ်၊အော်လီဂါက၊ကျွန်တော်ကို၊

လူနာရှင်အား၊မေးခွန်းတစ်ခုမေးခိုင်းပါတယ်၊အဲဒီဆရာဝန်ဆီသွားပြီ၊

ဘာကြောင့်ဒီအကြောင်းကို၊မပြောပြတာလဲဆိုတဲ့၊မေးခွန်းပါ။

ကလေးမက၊ဆရာဝန်ရဲ့၊ဂုဏ်သိက္ခာကျမှာရယ်၊ကြောက်တာရယ်၊

မသိနားမလည်တာရယ်တွေကြောင့်ပဲ၊ဘာမှမပြာခဲ့ပါဘူးလို့ပြောပါတယ်၊

ကျွန်တ်ာမိတ်ဆွေအော်လီဂါကတော့၊သိပ်ကျေနပ်ပုံမရပါဘူး၊သူမကဆက်၊

ပြောသေးပါတယ်၊မင်းတို့မြန်မာနိုင်ငံပြောင်းလဲနေပြီဆို၊ဒီမိုကရေစီ၊

လမ်းမကြီးပေါ်လျှေက်လမ်းနေပြီဆို၊ငါတော့ဘာဆိုဘာမှမမြင်ဘူးနော်တဲ့၊

ကျွန်တော်ဘာမှပြန်ပြောချင်စိတ်မရှိတော့ဘူး၊အဲဒီအချိန်မှာ၊

ကျွန်တော်လွတ်တော်ထဲမှာ၊လက်တွေ့မပါ၊ဗလာမဲတွေကိုင်ပြီး၊

ယောင်ခြောက်ဆယ်လုပ်နေတဲ့၊အမတ်မင်းတွေကို၊တစ်ခုပဲမေးချင်၊

နေမိတယ်၊ယနေ့မြန်မာနိုင်ငံမှာ၊နေ့စဉ်လူ၂၅ဦးဟာ၊အိပ်(ခ်ျ)အိုင်ဗီ၊

ရောဂါကူးစက်ခံနေရတယ်၊ရေရှည်ဆိုရင်၊မလွယ်ဘူး၊နိုင်ငံတစ်နိုင်ငံရဲ့၊

အနာဂတ်ဟာလူငယ်တွေရဲ့၊အားမန်နဲ့ညဏ်ပညာပေါ်မူတည်နေတာပါ၊

ဒီလူ့အရင်းအမြစ်တွေကို၊အမြစ်ကနေတူးဖော်ပြိုလဲပစ်မယ့်၊သည်ရောဂါ၊

ဆိုးကြီးကို၊လွတ်တောအမတ်မင်းတွေ၊ပါတီခေါင်းဆောင်တွေ၊၈၈ရှစ်
ကျောင်းသားခေါင်းဆောင်တွေ၊ပြည်တော်ပြန်တွေ၊နောက်ဆုံး၊

ပြည်သူတွေကိုယ်တိုင်ရော၊ဘယ်လိုဆောင်ရွက်ဖို့၊ဆုံးဖြစ်ချက်ချထား၊

ပါသလဲလို့၊လူထုအသံကနေ၊မေးမြန်းလိုပါတယ်။

ကျွန်တော်နဲ့အောလီဂါတို့၊ရေလည်ဘုန်းကြီးကျောင်းကပြန်လာတော့၊

သိသိသာသာပဲ၊ခြေလှမ်းတွေဟာ၊လေးလံလို့နေပါတယ်၊လူကလမ်းသာ၊

လျှေက်နေရတယ်၊အသက်မပါသလိုပါပဲ၊အတွေးတွေနဲ့ချာချာလည်၊

နေပါတယ်၊ဝေဒနာရှင်တွေရဲ့၊ပုံရိပ်တွေဟာ၊အာရုံထဲမှာ၊ရစ်ဝဲလို့၊

နေပါတော့တယ်၊စိတ်ထဲမှာလည်း၊တိတ်တခိုးနဲ့၊နောက်ဆို၊

ဒီလိုအဖြစ်မျိုး၊ငါတို့နိုင်ငံမှာထပ်မကြုံပါရစေနဲ့လို့။

သီဟနာဒ

 

Wednesday, October 3, 2012

SEX FOR MONEY OPENLY IN MYANMAR



မြန်မာ အမျိုးသမီးများကို တရုတ်သို့ လိင်ကုန်ကူးရန် ဗြောင်စည်းရုံး





မြန်မာနိုင်ငံမှ အမျိုးသမီးများကို

တရုတ် နိုင်ငံသားများနှင့် အဓမ္မ

ထိမ်းမြားရန် လိင်ပိုင်းဆိုင်ရာ လူကုန်

ကူးရန် ဗြောင်ကျစွာ စည်းရုံး

လာကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ ဒုတိယ ရဲမှူးကြီး

ညွန့်လှိုင်က ပြောကြားသည်။

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို လူကုန်ကူးမှု ဥပဒေများနှင့်

ပတ်သက်၍ စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ပန်ဒါ ဟိုတယ်၌ ပြု

လုပ်သော အသိပညာပေး ဆွေးနွေးပွဲ အပြီးတွင်

၎င်းက သတင်းထောက် များကို ပြောကြားခြင်း ဖြစ်သည်။

 

“တရုတ် အမျိုးသားနဲ့ လက်ထပ်ရမယ်။ ကလေးတစ်ယောက် မွေးပေးရမယ်။

သိန်းသုံးဆယ် ရမယ်။ ပြီးရင် ပြန်လာ ရမယ်ဆိုပြီး သဘောတူညီချက် ယူပြီး

လုပ်တာ အများကြီးပဲ” ဟု ၎င်းက ရှင်းပြသည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ အမျိုးသား ဦးရေနှင့် အမျိုးသမီး ဦးရေ

ကွာဟမှုကြောင့် မြန်မာနိုင်ငံမှ အမျိုးသမီးများသည် ဈေးကွက် တစ်ခု

သဖွယ်ဖြစ်လာပြီး တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ လူကုန်ကူးမှု များတွင်

တရုတ်အမျိုးသားများ အတွက် မြန်မာ အမျိုးသမီးများကို အဓမ္မ ထိမ်းမြားစေခြင်း

မှာ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိ ရှိကြောင်း လူကုန်ကူးမှု တားဆီး

နှိမ်နင်းရေး အဖွဲ့မှ သိရှိရသည်။

ယင်းလူကုန်ကူးမှုကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံမှ အဆင့်မြင့် အရာရှိများနှင့် တရုတ်သမ္မတ နိုင်ငံမှ အဆင့်မြင့် အရာရှိများ အောက်တိုဘာလ အတွင်းတွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး ညွန့်လှိုင်က ဆိုသည်။

အဆိုပါ အမျိုးသမီးများကို တရုတ် အမျိုးသားများက ပိုက်ဆံပေး

ဝယ်ယူခြင်းကို တရုတ် ရဲတပ်ဖွဲ့ကလည်း အချိန်မရွေး ဖမ်းဆီးနိုင်

သဖြင့် မည်သို့မျှ တရားမဝင်ကြောင်း၊ ယင်းသို့ လူကုန်ကူးမှုများ

မဖြစ်စေရန် မန္တလေး၊ လားရှိုး၊ မူဆယ် နယ်စပ်ဒေသတို့တွင် လိုက်လံ

တားဆီး နေကြောင်း ၎င်းက ရှင်းပြသည်။

စစ်မက် ဖြစ်ပွားနေသော ဒေသများတွင် အသက် ၁၄ နှစ်ခန့် အမျိုးသမီး

ငယ်များသည် တရုတ်သမ္မတ နိုင်ငံသို့ လိင်ပိုင်းဆိုင်ရာ ရောင်းစားခြင်း

ခံနေရပြီး အချို့ မိန်းကလေးငယ်များမှာ မိသားစု အခြေအနေကြောင့်

မိမိကိုယ်တိုင် ရောင်းချမှု ရှိနေကြောင်း အလုပ်သမား အရေးများကို

ဆောင်ရွက်သူ တစ်ဦးဖြစ်သူ ဒေါ်ဘောက်ဂျာက ပြောကြားသည်။

မြန်မာအစိုးရ၏ နိုင်ငံအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို

အမေရိကန် အစိုးရက စောင့်ကြည့် အဆင့်လျှော့ချ အသိအမှတ် ပြုခဲ့သည်။

Voice

 

Dethrone city


"နန်းအချ ခံခဲ့ရတဲ့ မြို့ "

 






ကိုယ့်မြို့ ကိုယ် အိန်ဂျယ်လ်တပါးနဲ့ တင်စားမယ်ဆိုရင်တောင်

ရန်ကုန်ဟာ

လျှပ်စစ်မီးမရတဲ့ညနဲ့ 

နတ်ဖြစ်ပြီးမလှတဲ့ဘဝ။

ကိုယ့်အမေ ကိုယ့်ဆီလာတာတောင်မှ

ခွေးသားကြီးတွေနဲ့ မျက်နှာခြင်းဆိုင်

ပြေးလွှားပြီး ဧည့်စာရင်းတိုင်နေရတယ်။

အပြင်ပန်းတွေပြောပြီး လုပ်စားနေတဲ့မြို့ မှာ

သင်တန်းတွေပေါပြီး အလုပ်ရှားတယ်။

အရှေ့ တောင်အာရှရဲ့ မာနမင်းသားဟောင်းဟာ

နအဖ ဗိုလ်ချုပ်များရဲ့ လက်သီးပြင်းနဲ့ 

တစစ ပိုစုတ်သွားအောင် ဖျက်ဆီးခြင်း ခံနေရတယ်။

ရန်ကုန်မြို့ရဲ့ ရင်ဝမှာ နားကိုကပ်

ကြားတာကို ကြားသလိုမှတ်ကြည့်တော့

အလုပ်လက်မဲ့ ပွဲစားတွေရဲ့ လေရောင်းသံတွေ

မီးလာတုန်းမှာ အလုအယက် ရေမောင်းသံတွေ

ကုန်းအော်နေတဲ့ စပါယ်ယာတွေရဲ့ ရွှေစောင်းသံတွေ

ရုံးပေါ်က ကယ်ပါတွေရဲ့ ငွေတောင်းသံတွေနဲ့ 

ရန်ကုန်မှာ

အသံစုံနေတော့တယ်။

(ကောင်းကင်ကို)

Dethrone city

 

Open letter to president, U Thein Sein




သို့ -

ဦးသိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုမြန်မာနိုင်ငံတော်။

နေ့ စွဲ။ သက္ကရာဇ် ၁၃၇၄-ခု၊ တော်သလင်းလဆန်း(၁၄)ရက်။

၂၀၁၂-ခု၊ စက်တင်ဘာလ(၂၉)ရက်။

အကြောင်းအရာ။ နံမည်မဲစာရင်း (Black List) မှ ပယ်ဖျက်ခြင်းကိစ္စ။

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ၂၀၁၂-ခု၊ သြဂုတ်လ(၃၀)ရက်နေ့ တွင် လူကြီးမင်းများ၏

သမ္မတရုံးဝက်ဘ်ဆိုဒ်မှထုတ်ပြန်ကြေညာခဲ့သော နံမည်မဲစာရင်း(Black List) မှပယ်ဖျက်ခဲ့သူများ စာရင်းတွင်ပါရှိသည့်

ကျနုပ်၏အမည်အား ပြန်လည်ရုပ်သိမ်းပေးပါရန် အကြောင်းကြားပါသည်။

ဦးသိန်းစိန်၏ ဒီမိုကရေစီအင်အားစုများအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် အချင်းချင်းကွဲပြားအောင် စံနစ်တကျ

လုပ်ဆောင်လေ့ရှိသည်ကို ကျနုပ်အနေဖြင့်လုံးဝလက်မခံနိုင်ပါ။

အမှန်တကယ်သဘောရိုးနှင့် စေတနာရှိပါက -

၁။ နံမည်မဲစာရင်းကို လုံးဝချက်ချင်းရုပ်သိမ်းပေးပါ။

၂။ နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးပါ။

၃။ ထာဝစဉ် ငြိမ်းချမ်းရေးကိုရည်မှန်း၍ ပြည်တွင်းစစ်ကိုလုံဝရပ်ပေးပါ။

၎။ တရားဥပဒေ စိုးမိုးရေးကို အာမခံ၍ အမြန်ဆုံးအကောင်အထည်ဖေါ်ပေးပါ။

၅။ NDSC (National Defence and Security Council) ခေါ်

ကာလုံ (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ)ကို ချက်ချင်းဖျက်သိမ်းပေးပါ။

နွယ်အောင် (ဂျာမဏီ)။

အမှတ်စဉ် (၅၄၅)။

(545 Nwe Aung – Ex-Myanmar)

eMail: NweAung@aol.com

 

U THEIN SEIN'S NAYPYI TAW ဦးသီန်းစိန်၏ နေပြည်တော်


နေပြည်တော်တွင် ရဲနှင့် အနှိပ်ခန်းပေါင်းပြီး အမှုဖုံး

 
 

နေပြည်တော်မှာ ဝင်ငွေကာင်းတဲ့ အလုပ်
ရမယ်လို့ လှည့်ဖြားခံရပြီး သားမယား
ပြုကျင့်ခံရတဲ့ အမျိုးသမီးငယ်ဟာ

နေပြည်တော်ရဲဆီမှာ အကူအညီ
တောင်းပေမယ့် လျစ်လျူရှုခံရတဲ့အပြင် ကျူးလွန်သူတွေဘက် ရဲက
ရပ်တည်တယ်လို့  ပြောပါတယ်။

လှိုင်သာယာ စက်မှုဇုန် ၁ ဧရိယာမှာ အသက် ၆၀ အရွယ် မျက်စိတဖက် ပျက်နေတဲ့
မိခင်မုဆိုးမနဲ့ အတူနေထိုင်ရင်း ရှာဖွေကျွးမွေးနေတဲ့ ၂၂ နှစ်အရွယ် စက်ရုံအလုပ်သမ ဒီအမျိုးသမီးငယ်ဟာ နေပြည်တော်က အလှပြင်ဆိုင်မှာ ဝင်ငွေကာင်းမယ်ဆိုတဲ့
လူပွဲစားရဲ့ ပြောစကားကို ယုံပြီး လိုက်သွားရာက သားမယားအဖြစ် အဓမ္မပြုကျင့်ခံခဲ့ရ
တဲ့ အထိ ဖြစ်ခဲ့တာလို့ ကာယကံရှင်က ပြောပါတယ်။

ကျန်းမာရေးကြောင့် စက်ရုံအလုပ်နားနေရချိန်မှာ လစာ ၁ သိန်းနဲ့ အပိုကြေး တလ
၁ သိန်း စုစုပေါင်း ၂ သိန်းလောက် ရမယ်ဆိုတဲ့အတွက် လိုက်သွားခဲ့တာလို့ ဆိုပါတယ်။

နေပြည်တော် ရွှေကြာပင်ရပ်ကွက်က ဇနီးမောင်နှံအိမ်မှာ ညအိပ်ရင်း အောက်ထပ်က
အခန်းတွင်းကို သွင်းပြီး အသက် ၄၀ ကျော်အရွယ်အမျိုးသားကို နှိပ်ခိုင်းရာကေန သားမယားပြုကျင့်ခံခဲ့ရသလို ရိုက်နှက်တာလည်း ခံရတယ်လို့  ပြောပါတယ်။

ဒီနောက် ခြံကို ကျော်လွားထွက်ပြေးရာမှာ လွတ်မြောက်ခဲ့တယ်လို့ အဲဒီအမျိုးသမီးက
ဆိုပါတယ်။

အမှတ် (၁) ရဲစခန်းမှာ စက်တင်ဘာ ၁၃ ရက်နေ့ က အမှုသွားဖွင့်ရာ ရဲက အမှုမဖွင့်ပေးပုံနဲ့ သူ့ကို ငွေကြေမှ ပြန်ရမယ်လို့  ပြောဆိုခဲ့ပြီး ပြန်ခိုင်းတယ်လို့ ဆိုပါတယ်။

“ရဲစခန်းက အမှုဖွင့်မေပးဘူး။ သမီးကိုပိုက်ဆံပေးပြီး အမှုမဖွင့်နဲ့  ပြန်ဆိုတော့
သမီးက ဒီလိုဖြစ်ထားတာ ဖွင့်မယ်ဆိုတော့ မဖွင့်ပေးဘူး။ ညကျ ရဲတယောက်ကလာပြီး
ပိုက်ဆံ ၁ သောင်းပေးပြီး လမ်းစရိတ် ကားလတ်မှတ်ဖြတ်သွားတဲ့။

ပိုတဲ့ဟာကို ထမင်းဝယ်စားဆိုပြီး ပြောတယ်။”“သွားတိုင်ခါစကေတာ့ ရဲဦးလေးက ပခုံးမှာ
ကြယ်ပွင့် ၂ ခုတော့ တွေ့ တယ်။

သူက ညည်းပြန်ချင်ရင် ညည်းတို့ အိမ်က အစ်မတွေလာပြီး ပိုက်ဆံ ၅ သောင်း
ရမှ ပြန်ရမယ်။

ပိုက်ဆံမရမချင်း မပြန်ရဘူးလို့လည်း ပြောသေးတယ်။”သူမဟာ ရဲက အမှုမဖွင့်ပေးလို့
အပြန်လမ်းမှာ လူမိုက်တွေကလိုက်တဲ့အတွက် ကူညီသူတွေက ဆိုင်ကယ်ပေါ်
တင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ရတယ်လို့  ဆိုပါတယ်။

ဒီနောက် သူမဟာ သူ့ကို စာနာသူတွေ အကူအညီနဲ့ ရဲချုပ်ရုံးဆီရောက်သွားမှ
စက်တင်ဘာ ၁၅ ရက်နေ့မှာ အမှုဖွင့်ခွင့်ရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခွင့်မရခင် ရဲက အမှုမဖွင့်ပေးဘဲ ငွေ ၁၀ သိန်းပေးမယ်ဆိုပြီး အမှုမဖွင့်ဖို့
ကမ်းလှမ်းတယ်လို့ ဆိုပါတယ်။

“ညည်း ပိုက်ဆံ ၁၀ သိန်းပေးရင် ကျေနပ်လားတဲ့။ သမီးက ပိုက်ဆံမလိုဘူး၊
ဖျက်ဆီးခံရတဲ့အတွက် တိုင်ရမှာပဲ။

တကယ်လို့ ထွက်ပြေးလို့သာမရခဲ့ရင် တခြားကို ပါရင်ပါသွားမှာ ဘယ်မှလည်း
မသွားတတ်ဘူး။

”အမှုလက်ခံပြီးတဲ့နောက် လင်မယား ၂ ဦးနဲ့ လူငယ် ၁ ဦးကို ရဲက လူကုန်ကူးမှုနဲ့
အမှုဖွင့်ပေး ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ဒီအမျိုးသမီးအပေါ် စာနာကြတဲ့
ရွှေကြာပင်ရပ်ကွက်က ရပ်ကွက်သားတွေက သူမကို အလုပ်အကိုင်ရရှိရေး
အတွက်ပါ စီစဉ်ပေးလို့ သူဟာ ဈေးဆိုင်တဆိုင်မှာ အကူအေရာင်းသမား
အဖြစ် လုပ်နေပါတယ်။

ဒီကိစ္စကို နေပြည်တော်မှာရှိတဲ့ အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်က အိုင်အယ်လ်အို
ဆက်ဆံရေး ကွန်ရက်အဖွဲ့ဝင် ဦးသက်ဝေထံရောက်လာပြီး ဒီနေ့ ရန်ကုန်မြို့ အိုင်အယ်လ်အိုဆက်ဆံရေးရုံးကို တိုင်ကြားပါတယ်။