Tuesday, June 19, 2012

Farmers are facing crisis in Rakhaing State


ရခိုင်ပြည်နယ်တွင် ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်နေသော ကြောင့် လယ်ထွန်ယက်ရန် အချိန်ကျနေပြီ ဖြစ်သော်လည်း လယ်ယာလုပ်ငန်းကို စတင် လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။

အခုက လယ်ထွန်ရမယ့် အချိန်ရောက်နေပါပြီ။ မိုးလည်း ရွာနေပြီ။ ဒါပေမယ့် အခုအချိန်ထိ လယ်မထွန်ရသေးဘူး။ ကျွန်တော်တို့ ဒေသက ရာသီကို လိုက်ပြီ လယ်ယာထွန်ယက် စိုက်ပျိုးရတဲ့ အတွက် အခု အချိန်မှာ လယ်မထွန်ရဘူးဆိုရင် အချိန် အများကြီး နောက်ကျ သွားနိုင်ပါတယ်ဟု ပေါက်တောမြို့နယ် ငခူရှည်ကျေးရွာက လယ်သမား တစ်ဦးက ပြောသည်။

ငခူရှည် ကျေးရွာတွင် လယ်သမားများအား လယ်မထွန်ရန် အုပ်ချုပ်ရေးမှူးက ပိတ်ပင် တားမြစ် ထားသဖြင့် လယ်သမားများ လယ်မလုပ်ရဘဲ ရှိနေကြသည်ဟု သူက ပြောသည်။

“ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်သာထွန်းက လယ်သမားတွေကို အခြေအနေ မတည်ငြိမ်သေးတဲ့ လယ်ထွန်ခွင့် မပြုဘူး။ ရပ်ရွာထဲမှာဘဲ ကာကွယ်ရေး အတွက် နေထိုင်ဖို့ ပြောထားတယ်။ ကျွန်တော်တို့ ဒေသမှာ ဘာမှ စိုးရိမ်စရာ မရှိပေမယ့် လယ်ထွန်ဖို့ ခွင့်မပြုတဲ့ အတွက် လယ်ယာထွန်ယက် စိုက်ပျိုးဖို့ လယ်သမားတွေ အခက်ကြုံနေကြရပါတယ်” ဟု သူက ဆက်ပြောသည်။

လယ်ထွန်ခွင့်ကို ပိတ်ပင်တားမြစ်ထားသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် လယ်သမားများ အကြားတွင် စိတ်ဝမ်း ကွဲပြားမူများ ပေါ်ပေါက်နေသည်ဟု သူက ပြောသည်။

 “ ကျွန်တော်တို့ ဒေသမှာတော့ ရွာနီးစပ်ကလေးတွေမှာ ရှိတဲ့ လယ်တွေကို ထွန်ယှက် နေကြတာတော့ ရှိတယ်။ ဝေးလံတဲ့ လယ်တွေကို သွားလုပ်ဖို့ကျတော့ အခြေအနေ မတည်ငြိမ်ရင် မဖြစ်နိုင်ဘူး။ ဒါကြောင့် အများစု လယ်သမားတွေက အခြေအနေ တည်ငြိမ်ဖို့ စောင့်နေကြပါတယ်” ဟု ရသေ့တောင်မြို့နယ် သိမ်တောင်က လယ်သမား တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ပြည်သူ ၉၀ ရာခိုင်နုန်းကျော်မှာ လယ်ယာ လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်းကြပြီး ယခုပေါ်ပေါက်နေသော ဆူပူ အကြမ်းဖက်မူများကြောင့် လယ်ယာ စိုက်ပျိုးရေးကို မစတင်နိုင်ဘဲ ဖြစ်နေကြသည်။ သို့အတွက် တည်ငြိမ် အေးချမ်းရေးကို ပြည်သူများက အထူး လိုလားနေကြသည်ဟု သိရသည်။


Power line system in Yangoon for danger to be fixed


ရန်ကုန်မြို့တော်အတွင်းရှိ လျှပ်စစ်ဓာတ်တိုင်များ၌ သွယ်တန်း ထားရှိသော လျှပ်စစ်ဝါယာကြိုး များမှာ တပ်ဆင်ရာတွင် ရှင်းလင်း ၍ စနစ်ကျခြင်းမရှိသည့်အတွက် လျှပ်စစ်လုပ်သားအချို့ဓာတ်လိုက် သေဆုံးရမှုများရှိကြောင်း စုံစမ်း သိရှိရသည်။ ရန်ကုန်မြို့တွင်း ဓာတ်တိုင်များ၌ တပ်ဆင်ထားရှိ သောဝါယာကြိုးများမှာ ရှုပ်ထွေး နေလျက်ရှိပြီး လျှပ်စစ်မီးအရေး အကြောင်းပေါ်၍ ပြုပြင်မည်ဆို ပါကလည်း ယင်းသို့တပ်ဆင်က တည်းက စနစ်မကျခဲ့သည်အတွက် ရှင်းလင်းပြုပြင်ရန် ခက်ခဲကြောင်း သိရှိရသည်။
““ရန်ကုန်မြို့မှာ ရှိနေတဲ့ဓာတ် တိုင်တွေမှာ သွယ်ထားတဲ့ကြိုးတွေ က ရှုပ်ထွေးပြီးမြင်လို့ကိုမကောင်း ဘူး။ မြင်မကောင်းဘူးဆိုတာထက် ကို မလိုလားအပ်တဲ့ လျှပ်စစ် အန္တရာယ်တွေက ပိုကြောက်ဖို့ ကောင်းတယ် ပိုအန္တရာယ်ရှိတယ်။ အထူးသဖြင့် လျှပ်စစ်ဝန်ထမ်းတွေ အတွက်ပိုအန္တရာယ်ရှိတာပေါ့။ နဂိုထဲ က စနစ်တကျရှင်းရှင်းလင်းလင်းနဲ့ ကြိုးတွေကို လုပ်ထားရင်မလိုလား အပ်တဲ့ လျှပ်စစ်အန္တရာယ်တွေဖြစ် မလာတော့ဘူးပေါ့ဗျာ””ဟု ရန်ကုန် မြို့နေပြည်သူတစ်ဦးမှ လျှပ်စစ် ၀ါယာကြိုးများရှုပ်ထွေးနေခြင်းနှင့် သွယ်တန်းရာ၌ စနစ်ကျမှုမရှိခြင်း တို့အပေါ်သုံးသပ်ပြောကြားသွား ခဲ့သည်။
ရန်ကုန်မြို့ဗဟန်းမြို့နယ်နှင်း ဆီကုန်းဘိုးဘွားရိပ်သာရှေ့၌လည်း ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်း အချိန်က လျှပ်စစ်ဝန်ထမ်းတစ်ဦး လျှပ်စစ်ဓာတ်တိုင်၌ ၀ါယာကြီးများ ရှုပ်ထွေးနေသည်အား ပြုပြင်ရှင်း လင်းဆောင်ရွက်နေစဉ်အတွင်း ဓာတ်လိုက်ကာ သေဆုံးခဲ့ရပြီး အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ဗဟန်းရဲစခန်းမှ သေမှုသေခင်း အမှတ် ၁၅/၂၀၁၂ အရ စစ်ဆေး မှုများပြုလုပ်ခဲ့သည်။
လျှပ်စစ်ဝါယာကြိုးများဓာတ် တိုင်များ၌ မြင်မကောင်းအောင် ရှုပ်ထွေးလျက်ရှိနေသည်မှာ ရန်ကုန် တစ်မြို့တည်းတွင်မဟုတ်ဘဲ အခြား သောပြည်နယ်နှင့် တိုင်းဒေသကြီး များ၌လည်းရှိကြောင်း လေ့လာ သိရှိရသည်။
““ခုလိုမိုးတွင်းပိုင်းမှာ လျှပ်စစ် အန္တရာယ်ပိုသတိထားရမယ်။ အထူးသဖြင့် ဓာတ်တိုင်တွေပေါ် တက်ပြီးလျှပ်စစ်ဝါယာကြိုးတွေ ကိုအမြဲထိတွေ့ကိုင်တွယ်နေရတဲ့ ၀န်ထမ်းတွေဆိုပိုတောင်သတိထား ရမယ်သတိနည်းနည်းလွတ်သွား တာနဲ့ အသက်ပါပေးလိုက်ရရော လျှပ်စစ်ဝါယာကြိုးတွေကရှင်းရှင်း လင်းလင်းနဲ့ ဆိုရင်လည်း အဲသလို ဓာတ်တိုင်ပေါ်တက်နေရတဲ့သူတွေ ပြုပြင်ရှင်းလင်းတဲ့အခါမှာလွယ်လွယ် ကူကူနဲ့ အန္တရာယ်ကင်းတာပေါ့။ ဒီလိုမဟုတ်တော့ ခုကြည့် မလို လားအပ်တဲ့ဓာတ်လိုက်သေဆုံးမှု တွေဖြစ်ရပြီဟု”” ဇွန်လ ၁၀ရက်နေ့ ၌ ဓာတ်လိုက်ကာကွယ်လွန်သွား ခဲ့သော ဗဟန်းမြို့နယ်မှ လျှပ်စစ် ၀န်ထမ်း၏ နာရေးအခမ်းအနား၌ တက်ရောက်လာသူတစ်ဦးမှ သုံး သပ်ပြောကြားသွားခဲ့သည်။
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့မှ ၀န်ထမ်းတစ်ဦး မှလည်း မိမိတို့တာဝန်ရှိသူများ အနေဖြင့် မိုးဦးကာလအတွင်း လျှပ်စစ်အန္တရာယ်များဖြစ်ပေါ်လာ ခြင်းမရှိစေရန် လျှပ်စစ်ဝန်ထမ်းများ အား သက်ဆိုင်ရာမြို့နယ်အလိုက် ဓာတ်တိုင်များပေါ်ဝါယာကြိုးများ ရှုပ်ထွေးနေသည်အားလိုက်လံပြု ပြင်ရှင်းလင်းစေလျက်ရှိကြောင်း နှင့် ယခုကဲ့သို့ဓာတ်လိုက်သေဆုံး ရမှုမှာလည်း ပြုပြင်ဆောင်ရွက် နေစဉ်ကာလအတွင်းမတော်တဆ မှုကြောင့်သာဖြစ်ကြောင်း နောင် ထိုကဲ့သို့လျှပ်စစ်အန္တရာယ်ကြောင့် အသက်ဆုံးမှုများလုံးဝမရှိတော့ ရေးအတွက် စနစ်တကျကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

Roits continue again in Rakhing State




ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင်အောက်ရွာမှ ရခိုင်များဖြင့် ရွှေလောင်းရွာပိုက်ဆိပ်မှ ဘင်္ဂလီမူဆလင်များသည် ယနေ့နံနက် ၆နာရီမှ ၈နာရီကြားတွင် အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရွှေလောင်းရွာပိုက်ဆိပ်ရှိ ဘင်္ဂလီမူဆလင်များမှ ကူတောင်အောက်ရွာကို ယနေ့နံနက် ၆နာရီခန့်က စတင်မီးရှို့ရာ၊ ရခိုင်အိမ် ၅အိမ် မီးရှို့ခံခဲ့ရကြောင်းသိရှိရသည်။

“အဲဒီရွာမှာက ကင်းစောင့်နေတာတွေမရှိတော့ ဘင်္ဂလီမူဆလင်တွေရဲ့ မီးရှို့တာ ခံလိုက်ရတာပါ၊ မီးလောင်တော့ ရွာသူ၊ ရွာသားတွေ မီးငြိမ်းပြီးလို့ နံနက် ၇နာရီခွဲလောက်မှာ အဲဒီဘင်္ဂလီတွေနဲ့ ကူတောင်အောက်ရွာက ရခိုင်တွေနဲ့ အဓိကရုဏ်းစဖြစ်တာ၊ ဖြစ်တော့ ရခိုင်ဘက်က ဓါးဒဏ်ရာတွေနဲ့ ၄ယောက်သေသွားတာတော့ မြင်ခဲ့ရတယ် အလောင်းကို ယူလို့မရခဲ့ဘူး၊ ဘင်္ဂလီမူဆလင်တွေက အင်အားကြီးတော့ နောက်ဆုပ်လာရတယ်။ နောက်ထပ် ကူတောင်ရွာသား ၅ယောက်ဟာ ပျောက်နေသေးတယ်၊ သူတို့လည်း သေပြီလို့ ယူဆရတာပေါ့”ဟု ကူတောင်အောက်ရွာ ရွာသားတစ်ဦးမှ ပြောပြသည်။

သေဆုံးသွားသူများမှာ ကျောင်းအုပ်ဆရာ ဦးသိန်းဟန် အသက်-၅၀နှစ်၊ ဦးဖြူချေအသက်-၄၂နှင့် ဦးသောင်းစိုးထွန်း အသက်၅၂တို့ဖြစ်ကြပြီး ကျန်သေဆုံးသူတစ်ယောက်နှင့် ပျောက်ဆုံးနေသူ ၅ဦးတို့မှာ မည်သူမည်ဝါ မသိရှိရသေးကြောင်း ၄င်းရွာသားပြောပြချက်အရ သိရှိရသည်။

ရသေ့တောင် စစ်တပ်မှ တပ်စိတ်တစ်စိပ်ခန့် ယင်းအခင်းဖြစ်ပွားရာနေရာသို့ နံနက် ၈နာရီခန့်တွင်ရောက်ရှိပြီး လုံခြုံရေးယူနေကြောင်းသိရှိရသည်။

“အခု အဲဒီအခင်းဖြစ်ပွားတဲ့ ကူတောင်အောက်ရွာကို အုပ်ချူပ်ရေးမှူးနဲ့ ရဲသတင်းတပ်ဖွဲ့တွေ နေ့လည် ၁၂နာရီလောက်က အမြန်ယဉ်နဲ့ ထပ်ပြီးတော့ လိုက်သွားကြတယ်၊ ရသေ့တောင်မြို့က လူငယ် ၂၀၀လောက်လည်း အဲဒီရွာကို အကူအညီပေးဖို့ဆိုပြီး လိုက်သွားကြတယ်၊ ရသေ့တောင် မြို့မှာတော့ အဓိကရုဏ်းဖြစ်တာတွေ မရှိဘူး၊ ဒါပေမယ့် ဘင်္ဂလီမူဆလင်တွေရဲ့ရန်ကို ကြောက်ပြီးတော့ ရသေ့တောင်မြို့ကို တိမ်းရှောင်လာတဲ့သူတွေတော့ အများကြီးဘဲ”ဟု ရသေ့တောင်မြို့မှ ဦးကျော်စိန်က ပြောပြသည်။

ရသေ့တောင်မြို့ထဲတွင် ယခုအခါ ဒုက္ခသည် စခန်းပေါင်း ၁၄ခုဖွင့်လှစ်ထားကာ ဒုက္ခသည်ပေါင်း ၅၁၅၀ခန့်ရှိပြီး၊ ရသေ့တောင် မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများတွင် မဆန့်သော ဒုက္ခသည် ၅၀၀၀ခန့်ကိုလည်း ရသေ့တောင်မြို့အနီးရှိ ကျေးရွာများတွင် ထားရှိထားရကြောင်း သိရှိရသည်။

ဒုက္ခသည်များအတွက် အလှူငွေကောက်ခံလျက်ရှိရာ ယနေ့အချိန်ထိ ဆန်အိတ် ၅၀၀နှင့် ကျပ်ငွေ ၁၃၅သိန်းခန့် ရရှိပြီး ဆေးဝါးအကူအညီများလည်း လိုအပ်နေသေးကြောင်းကို ဒုက္ခသည်အရေးအား လိုက်လံဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်သော ဦးကျော်စိန်ပြောပြချက်အရ သိရှိရသည်။


Myanmar prisedent, Thein Sein gives speech (Video of BDN


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး မိန့်ခွန်းပြောကြားနေစဉ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး ဇွန် ၁၉ ရက် (ယနေ့) နံနက် ၉ နာရီတွင် နေပြည်တော်၌ မိန့်ခွန်းပြောကြားနေခြင်းဖြစ်ပြီး အဆိုပါ မိန့်ခွန်းကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသကြီး ဥက္ကဋ္ဌများ၊ ဒုတိယ၀န်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် နားထောင်လျက်ရှိနေသည်။

Monday, June 18, 2012

Death penalty punishment for two Rohingyars by court



ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာမှ မသီတာထွေးအား မုဒိမ်းကျင့် သတ်ဖြတ်သူ ၃ ဦးကို ကျောက်ဖြူခရိုင် တရားရုံးက သေဒဏ် စီရင်လိုက်ကြောင်း သတင်း ရရှိသည်။


“ တရားခံ ၃ ဦးမှာ တစ်ဦးက သေဆုံးသွားပြီ ဖြစ်တဲ့ အတွက် ကျန် ၂ ဦးဘဲ တက်ရောက် နိုင်ပါတယ်။ ဒီနေ့ အဲဒီအမူကို ကျောက်ဖြူခရိုင် တရားရုံးက အပြီးသတ် စီရင်ချက် ချပါတယ်။ ပုဒ်မ ၃၀၂ – ၁ (ဂ) နဲ့ ဖြစ်ပါတယ်” ဟု ပြောသည်။

သတင်းစာဆရာကြီး လူထုစိန်ဝင်း- (ဘ၀ဖြတ်သန်းမှုအကျဉ်း)



ဆရာ လူထု စိန်ဝင်းကို ၁၉၄ဝ ပြည့်နှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ မန္တလေး လဖုန်း အထိမ်းအမှတ် အထက်တန်းကျောင်း (Lafon Memorial High School) တွင် ပညာ ဆည်းပူးခဲ့သည်။ ၁၉၅၆ ခုနှစ် မှ ၁၉၅၉ ခုနှစ် အထိ မန္တလေးတက္ကသိုလ်တွင် ပညာ ဆက်လက် ဆည်းပူးခဲ့ပြီး ၁၉၆ဝ ပြည့်နှစ် မှ ၁၉၆၂ ခုနှစ် အထိ ရန်ကုန် တက္ကသိုလ်ကို ပြောင်းရွှေ့ ပညာ သင်ယူခဲ့သည်။

ကျောင်းသား ဘဝ ကတည်းမှစ၍ လူထု သတင်းစာတိုက်တွင် ဝင်ထွက်၊ သွားလာနေခဲ့ပြီး၊ လုပ်အားပေး သဘောမျိုး၊ ဝင်ရောက် ကူညီလုပ်ကိုင် ပေးခဲ့သည်။ ၁၉၆၂ ခုနှစ်မှစ၍ အချိန်ပြည့် ဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ လူထု သတင်းစာတိုက် မန္တလေးနှင့်ရန်ကုန် တိုက်ခွဲတို့တွင် အယ်ဒီတာ အဖွဲ့ဝင်တစ်ဦး အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ လူထု သတင်းစာတိုက် အပိတ် ခံရချိန်အထိ လူထု သတင်းစာတိုက်တွင် လုပ်ကိုင်ခဲ့သည်။

၁၉၆၉ ခုနှစ်တွင် စစ်အစိုးရ (အာဏာသိမ်း တော်လှန်ရေး ကောင်စီ)၏ ဖမ်းဆီးခြင်းကို ခံရပြီး ကိုကိုးကျွန်းသို့ ပို့ဆောင် ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၇၂-နှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

၁၉၈ဝ ပြည့်နှစ်တွင် လေဖြတ် ဝေဒနာကြောင့် ခန္ဓာကိုယ် ညာဘက် တခြမ်း သေသွားခဲ့ရာ၊ ဘဝကို အရှုံးမပေး လက်မလျှော့ဘဲ ဘယ်လက်ဖြင့် စာရေး လေ့ကျင့်ကာ စာပေများ ရေးသားနေဆဲ ဖြစ်သည်။ လူငယ် လူရွယ်များ အတွက်လည်း အင်္ဂလိပ် စကားပြော သင်တန်း ဖွင့်လှစ်ကာ ပညာအမွေ လက်ဆင့်ကမ်း ပေးနေဆဲ ဖြစ်သည်။

ဆရာ လူထု စိန်ဝင်းသည် ဝင်းဇော်၊ ဇာမဏီ စသော ကလောင် ခွဲပေါင်း ၁၅ ခုခန့်ဖြင့် လူငယ် လူရွယ်များ၊ အမျိုးသမီးများ အတွက် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံနှင့် ပတ်သက်သော အကြောင်းရာများ၊ ဘဝ အားမာန် ဖြစ်စေသော အကြောင်းအရာများ၊ နိုင်ငံတကာရေးရာများကို ရေးသားလျက် ရှိသည်။ဘာသာပြန်နှင့် ပင်ကိုယ်ရေး အပါအဝင် စာအုပ်ပေါင်း ၂ဝ ကျော် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ပင်ကိုယ်ရေး စောမိုးခမ်း ဝတ္ထုမှာ သူ၏ ထင်ရှားသော လက်ရာ တစ်ခု ဖြစ်သည်။

ဆရာ လူထု စိန်ဝင်းဟာ ယနေ့ခေတ် ထုတ်ဝေနေသာ ဂျာနယ်၊ မဂ္ဂဇင်း အများအပြားတွင် သတင်းစာပညာနှင့် ပတ်သတ်သော အကြောင်းအရာ မျိုးစုံကို အများဆုံး ရေးနေသူ တစ်ဦး ဖြစ်သည်။ ယခုကဲ့သို့ သတင်းစာပညာနှင့် ပတ်သက်သော အကြောင်းအရာများ အများအပြား ရေးနေရခြင်း၏ ရည်ရွယ်ချက်ကို ဂျာနယ်တစ်စောင်နှင့် တွေ့ဆုံ မေးမြန်းခန်း တခုတွင် ယခုကဲ့သို့ ပြောပြခဲ့သည်။

“သတင်းစာ ပညာနဲ့ ပတ်သက်တဲ့ ဆောင်းပါး တွေကို စိုက်လိုက် မတ်တတ် ရေးခဲ့ရတဲ့ အကြောင်းရင်းက သတင်းထောက်၊ သတင်းစာ အယ်ဒီတာ ဆိုတဲ့ မျိုးဆက် ပြတ်သွားမှာ စိုးလို့ပဲ။ ၁၉၈ဝ နောက်ပိုင်း ဆရာ ထောင်က လွတ်လာတော့ ကျောင်းဖွင့်တဲ့ အခါ ဆရာ့ဆီ ကျောင်းသားတွေ လာကြတယ်။ လာကြတဲ့ ကျောင်းသား တွေက ဘွဲ့ရပြီးသား လူငယ်တွေ များပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ ဆိုတဲ့ လူငယ်တွေက လူထု သတင်းစာ ဆိုတာ မကြားဖူးဘူး။ အဲဒီလို သတင်းစာ တွေကို မမြင်ဖူးဘူး။ အဲဒီအခါ ခံစား ခဲ့ရတယ်။ ဒါကြောင့် လူငယ်တွေကို သတင်းစာ အကြောင်း သိရအောင် သတင်းစာ ပညာ သောင်းပြောင်း ထွေလာ ဆိုတာ အရင်ဆုံး စရေး ခဲ့တာပဲ။ ဒါဟာ အင်မတန် အရေးကြီး တယ်လို့ ခံယူ ထားတာပါ။ သတင်း စာတစောင်ဟာ တိုင်းပြည်မှာ စတုတ္ထ မဏ္ဍိုင်လို့ ခေါ်ကြတဲ့ အတိုင်းပေါ့။ တိုင်းပြည် တပြည်မှာ အလွန် အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်ပါတယ်။ ဒါကြောင့် ဒီသတင်းစာ အလုပ်ကို ဆရာတကယ် မြတ်နိုး ပါတယ်။ တသက်လုံး ဒီအလုပ်က လွဲလို့ ဘယ်အလုပ်မှ မလုပ်ခဲ့ ဖူးပါဘူး။ အခု ထက်ထိလည်း ဒီစာရေးတဲ့ အလုပ်ပဲ လုပ်နေဆဲပါ။ ပျမ်းမျှ တနေ့ကို နှစ်ပုဒ်လောက် ရေးနေ တာပါ။ ရေးသမျှရဲ့ More than 50 Percent ဟာ Journalism နဲ့ ပတ်သက်တာတွေ ချည်းပါပဲ။”

ရေးသားထုတ်ဝေခဲ့တဲ့စာအုပ်တချို့ 

- စကား မာရသွန် - ၁၊ ပင်ဝါးရုံ စာပေ၊ ပ - အကြိမ်၊ ၂ဝဝ၇ ခုနှစ်၊
- စကား မာရသွန် - ၂၊ ပင်ဝါးရုံ စာပေ၊ ပ - အကြိမ်၊ ၂ဝဝ၇ ခုနှစ်၊
- စာနယ်ဇင်း အရေးအသား ပုံစံသစ်
- စီးပွားရေး လုပ်ငန်းများနှင့် ကြော်ငြာ အတတ်ပညာ
- စောမိုးခမ်း
- ဆာယိုနာရာ
- တောင်ဗီယက်နမ်မှ ငရဲခန်းများ
- နန်းစကား၊ မန်းစကား၊ မြန်မာတို့ရဲ့ မြန်မာစကား
- ပထမ အမျိုးသမီး လမ်းထွင်သူများ
- ဖတ်စရာ၊ ပင်ဝါးရုံ စာပေ၊ မေလ၊ ၂ဝဝ၇။။
- မသန်ပေမဲ့ စွမ်းသူများ၊ ပင်ဝါးရုံ စာပေ။
- မူပိုင်ခွင့်၊ ပင်ဝါးရုံ စာပေ၊ ၂ဝဝ၅။
- မော်ဒန် လက်ဖက်ရည် ပန်းကန်ထဲက မုန်တိုင်းငယ်
- လူငယ်နဲ့ တာဝန် ယူစိတ် (လူငယ် လမ်းညွှန် စာစုများ)၊ ၂ဝဝ၄ ခုနှစ်။
- လူငယ်နှင့် အချစ်၊ ၁၉၉၈။
-လူငယ်များသို့ ကဗျာလက်ဆောင်
-ရှက်စိတ်၊ ယနေ့ မန္ဈလေး စာအုပ်တိုက်။
-သတင်းစာပညာ သောင်းပြောင်းထွေလာ
-အဖြူနဲ့ အမည်း
- အဖြူနဲ့ အဝါ
- အလံ မလှဲစတမ်း၊ လင်းဦးတာရာ စာပေ၊ ပ - အကြိမ်၊ ၂ဝဝ၆။
-အရှက်နှင့်တန်ဖိုး

NLD SPOKESMAN WOULD BE IN JAIL

Myanmar's main opposition spokesman could face up to six months in prison for making an accusation that ballot sheets were tampered with in April's landmark election, an official said on Monday.
Mr Nyan Win, who is also democracy icon Aung San Suu Kyi's lawyer, is due in court on June 26 for complaining that a thin layer of wax had been put over check boxes for National League of Democracy (NLD) candidates.
A mark made on the wax could later be rubbed off to cancel the vote. Mr Thaung Hlaing, a senior official at the country's Election Commission, said the body had asked Mr Nyan Win to publicly withdraw the allegation, which 'affected the impression of the commission as we had conducted free and fair polls'.
However the NLD failed to respond to the request, leading the Election Commission to submit a complaint to Zabuthiri Court in the capital Naypyidaw, he added.