Thursday, August 30, 2012

ABSDF ခေါင်းဆောင်ဟောင်း ပြန်တော်ပြန်စဉ် အနှိပ်စက်ခံ ကျောင်းသားဟောင်းများ ရှင်းလင်းပွဲ ပြုလုပ်


·         ABSDF ခေါင်းဆောင်ဟောင်း ပြန်တော်ပြန်စဉ် အနှိပ်စက်ခံ ကျောင်းသားဟောင်းများ ရှင်းလင်းပွဲ ပြုလုပ်

ရန်ကုန်၊ သြဂုတ် ၃၀

မြန်မာ တစ်နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ခေါင်းဆောင်များ အဖြစ်တာဝန်ယူခဲ့သော ဒေါက်တာ နိုင်အောင်နှင့် အဖွဲ့ဝင် အချို့ မနက်ဖြန် မြန်မာနိုင်ငံသို့ ခေတ္တပြန်လာချိန်တွင် ညှပ်ပမ်းနှိပ်စက်ခံခဲ့ရသည်ဆိုသော မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းများက ၁၉၉၂ ခုနှစ်တွင် ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများ အကြောင်းရှင်းလင်းမည်ဖြစ်သည်။

အစိုးရ၏ ဖိတ်ကြားချက်အရ ဒေါက်တာနိုင်အောင် အပါအ၀င် အခြားအဖွဲ့ဝင် နှစ်ဦး နိုင်ငံအတွင်း ပြန်လည် ရောက်ရှိမည်ဖြစ်ပြီး မိုးသီးဇွန်က သန်ဘက်ခါတွင် အသီးသီး ရန်ကုန်မြို့တော်သို့ ရောက်ရှိမည် ဖြစ်သည်။

ထို့အတူ မနက်ဖြန်တွင် မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းများက ၁၉၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကျောင်းသားများကို သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပွဲတစ်ရပ် ရန်ကုန်မြို့တော်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

အစိုးရ သူလျှိုဟု စွပ်စွဲခံရပြီး တောတွင်းရောက် ကျောင်းသားဒါဇင်ပေါင်းများစွာ သတ်ဖြတ်မှုခဲ့မှု ဖြစ်ပွားချိန်တွင် ဒေါက်တာနိုင်အောင်သည ABSDF ဗဟို ကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ရော်နယ်အောင်နိုင်က မြောက်ပိုင်း ABSDF ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။

“တရားစွဲတာတို့ကတော့ သက်ဆိုင်ရာ မိသားစုဝင်တွေရဲ့ ဆန္ဒပါပဲ။ ကျွန်တော်တို့ကတော့ ဘယ်လိုနေရာ အမည်းရောင်နယ်မြေ၊ အညိုနယ်မြေတွေမှာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ တရားရေးမဏ္ဍိုင်ရဲ့ မျှတမှု၊ မှန်ကန်မှု၊ တောင့်တင်းမှုလိုအပ်ပါတယ်”ဟု မြောက်ပိုင်း ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဦးညီညီကျော်က The Voice Weekly သို့ပြောကြားသည်။

ယင်းအချိန်သတ်ဖြတ်ခံရသော ကျောင်းသားဟောင်းတစ်ဦး၏ သမီးဖြစ်သူမှာ ယင်းကိစ္စနှင့်ပတ်သက်၍ ယင်းအချိန် မြောက်ပိုင်း ဥက္ကဋ္ဌ ရော်နယ်အောင်နိုင်နှင့် အခြားသူများကို မြောက်ဥက္ကလာရဲစခန်းတွင် သြဂုတ်လ ၁၉ ရက်နေ့ညက တရားဝင် အမှုဖွင့်ထားပြီးဖြစ်ကြောင်း ကာယကံရှင် ဒေါ်စိမ့်စိမ့်သူက ပြောကြားသည်။

နိုင်ငံအတွင်း ပြန်ရောက်သည်နှင့် တပြိုက်နက် ရန်ုကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရှင်းလင်းပြောကြားလိုကြောင်း ဒေါက်တာ နိုင်အောင်က The Voice Weekly သို့ ပြောကြားသည်။

“ကျွန်တော်ဥက္ကဋ္ဌဖြစ်နေချိန်မှာ ကျွန်တော်ကိုယ်တိုင်သိတာ၊ နောက်ကျွန်တော်ကိုယ်တိုင်ဆုံးဖြတ်တာ ဘာတစ်ခုမှမရှိပါဘူး။နောက်တစ်ခုက မြောက်ပိုင်းကိစ္စလိုဟာမျိုးက လူ့အခွင့်အရေးချိုး ဖောက်မှုတွေရှိတယ်ဆိုတာတွေကို တရားဥပဒေစိုးမိုးချိန်မှာ လွတ်လပ်တဲ့ စုံစမ်း ကော်မရှင်တွေ ဖွဲ့စည်းပြီး ပြန်လည် ဖော်ထုတ်သင့် တယ်လို့ယူဆပါတယ်”ဟု ၄င်းကဆိုသည်။

ဒေါက်တာနိုင်အောင်၊ ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့ သြဂုတ်လ ၃၁ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိ မည် ဖြစ်သည်။

Top of Form




o    Sarsa Nar, Myat Soe, Kyaw Zaw and 67 others like this.

o   

o     

§ 

Htun Naywynn အရိုးတွန်သံတွေ စကြားရပြီ။

 

§ 

Zaw Moe Hlaing ဟင်္သာကိုးသောင်း ပုံပြင် ဖြစ်ရပ်မှန် သိ့ခွင့်ရတော့မယ်

 

US eases visa ban on Myanmar(Burma)

United States (US) President Barack Obama on Wednesday waived visa restrictions for Myanmar's leader Thein Sein to visit during next month's United Nations (UN) summit in a show of support for reforms in the country.
Mr Obama ordered an exception in a visa ban on Myanmar's leaders to let Mr Thein Sein travel freely during the UN General Assembly. Mr Thein Sein would otherwise have been confined to a narrow area around the UN headquarters in New York.
Mr Obama made the decision "to signal our interest in engaging more closely with him and his government as they continue to undertake reforms," White House national security spokesman Tommy Vietor said.
"Burma's progress in undertaking political and economic reform has been facilitated, to a large degree, by our increasing engagement with key reformers in the government," Mr Vietor said, using Myanmar's former name.


မြန်မာအစိုးရခေါင်းဆောင်တွေအပေါ် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ပိတ်ပင်ကန့်သတ်ထားတာကို အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမား (Barack Obama) က ဖြေလျှော့ပေးလိုက်ပါတယ်။

အဲဒါကြောင့် နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ သမ္မတဦးသိန်းစိန် လာရောက်တဲ့အခါ အမေရိကန်နိုင်ငံတွင်းမှာ လွတ်လွတ်လပ်လပ် သွားလာ ခွင့်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီလိုသာ လျှော့မပေးဘူးဆိုရင် သမ္မတဦးသိန်းစိန်ဟာ နယူးယောက်မြို့က ကုလသမဂ္ဂ ရုံးချုပ်ပတ်ဝန်းကျင်တ၀ိုက်မှာပဲ သွားလာခွင့်ရမှာပါ။

မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေးတွေကို ဆက်ပြီး လုပ်ဆောင်နေတာနဲ့အမျှ သူနဲ့သူ့ရဲ့အစိုးရတို့ကို ပိုပြီး အနီးကပ် ထိတွေ့ ဆက်ဆံသွားဖို့ မိမိတို့ရဲ့စိတ်ဝင်စားမှုကို အချက်ပြတဲ့အနေနဲ့ အိုဘားမားက အခုလိုဆုံးဖြတ်ခဲ့တာလို့ အမေရိကန်သမ္မတ အိမ်ဖြူတော်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ တွမ်မ်မီ ဗိုင်တာ (Tommy Vietor) ကိုကိုးကားပြီး အေပီသတင်း မှာရေးထားပါတယ်။

ဒါဟာ အလုံးစုံ ရုပ်သိမ်းပေးလိုက်တာမဟုတ်ဘဲ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင် ပတ်သက်တယ်လို့ အထောက်အထားရှိတဲ့ မြန်မာတာဝန်ရှိသူတွေအပေါ် အမေရိကန်က ဆက်ပြီး စိစစ်သွားမှာဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူအမျိုးသမီး ကိုင်တ်လင်း ဟေးဒန်န် (Caitlin Hayden) ပြောပါတယ်။

သမ္မတအိုဘားမားက အခုလို ဆုံးဖြတ်လိုက်တဲ့အတွက် သမ္မတဦးသိန်းစိန်အနေနဲ့ အမေရိကန် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနိုင်မှာ ဖြစ်ပြီး သူ့ရဲ့ အမေရိကန်ခရီးစဉ်အတွင်း ဒီမိုကရေစီနဲ့ အမေရိကန်ရဲ့ မူဝါဒတွေကို ပိုပြီး နားလည်လာနိုင်စေမယ်လို့ အမျိုးသား လုံခြုံရေးဆိုင်ရာ ပြောခွင့်ရ ဗိုင်တာ က ပြောပါတယ်။

သမ္မတဦးသိန်းစိန်၊ မြန်မာအစိုးရ ၀န်ကြီးတွေ၊ ဒုတိယ၀န်ကြီးတွေနဲ့ ထိတွေ့ ဆက်ဆံခြင်းအားဖြင့် ယုံကြည်မှုကို တည်ဆောက် နိုင်ပြီး နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့အတွက် တွန်းအားပေး ဖို့အခွင့်အလန်း ရမှာဖြစ်ပြီးတော့ အဓိကကျတဲ့ ပြုပြင် ပြောင်းလဲလိုသူတွေအနေနဲ့ ဒီမိုကရေစီနဲ့ အမေရိကန်မူဝါဒအကြောင်း ပိုပြီးနားလည်စေနိုင်လိမ့်မယ်လို့ အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိ သူ ဟေးဒန်ကလည်း ပြောပါတယ်။

စစ်မက်ဖြစ်ပွားမှုရပ်တန့်ပေးပါရန် အသနားခံတင်ပြAPPEAL TO STOP WAR


ဝန်ကြီးချုပ်
ပြည်နယ်အစိုးရအဖွဲ့
မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်

တပ်မဟာမှူး
အမှတ် (၂) တပ်မဟာဌာနချုပ်
ကချင်လွတ်မြောက်ရေးတပ်မတော်
တနိုင်း၊ ကချင်ပြည်နယ်
အကြောင်းအရာ။ ။ ဖားကန့်ဒေသအတွင်း စစ်မက်ဖြစ်ပွားမှု ရပ်တန့်ပေးပါရန် အသနားခံတင်ပြခြင်း။
၁။ အထက်ပါအကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ မြန်မာတစ်နိုင်ငံလုံးမှ တိုင်းရင်းသားအားလုံးလာရောက် စီးပွားရှာဖွေလုပ်ကိုင်သော ဖားကန့်မြို့အနီးတ၀ိုက် (၃ မိုင်ပတ်လည်)တွင် ၁၉.၈.၂၀၁၂ မှ စတင်၍ စစ်မက် ဖြစ်ပွားလျက်ရှိပါသည်။
၂။ ဖားကန့်မြို့အနီးပတ်ဝန်းကျင်ကျေးရွာများမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် ဖားကန့်မြို့ရှိ ဘာသာရေးအဖွဲ့အစည်းများနှင့် လူမှုကူညီရေးအသင်းများသို့ စစ်ဘေးတိမ်းရှောင်ခိုလှုံနေကြရပါသည်။
- စစ်ဘေးတိမ်းရှောင်သူများတစ်နေ့တစ်ခြားများပြားလာပြီး ကျွေးမွေးထောက်ပံ့ရန် ခက်ခဲလာခြင်း။
- တိုင်းရင်းသားပြည်သူများ ရှာဖွေစားသောက်ရန် ခက်ခဲလာခြင်း။
- မူလတန်းနှင့် မူလွန်ကျောင်း(၈) ကျောင်းပိတ်ထားရပါသဖြင့် ကလေးသူငယ်များ၏ ပညာရေးနှောင်း နှေးခြင်း။
- စစ်ဘေးရှောင်စခန်းများတွင် ကြပ်တည်းစွာနေထိုင်ကြရခြင်းတို့ကြောင့် တိုင်းရင်းသားမိဘပြည်သူများ၏ကျန်းမာရေးအဖက်ဖက်မှ ယိုယွင်းလာခြင်း။
- မြို့အနီးတစ်ဝိုက်စစ်မက်ဖြစ်ပွားမှုကြောင့် မြို့သူမြို့သားများသည် မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်တို့အတွက် စိုးရိမ်သောကရောက်နေကြရပါသည်။
၃။ ဖားကန့်မြို့အနီးတ၀ိုက်တွင် စစ်မက်ဖြစ်ပွားမှုရပ်တန့်ပေးပါရန် ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံ၊ ကချင်ရိုးရာ ယဉ်ကျေးမှုအဖွဲ့၊ ဗုဒ္ဓဘာသာဂေါပကအဖွဲ့၊ ရပ်မိရပ်ဖများနှင့် လူမှုကူညီရေးအသင်းများမှ အောက်ဖော်ပြပါပုဂ်္ဂိုလ် (၅၅) ဦးမှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။
၎။ စစ်ဘေးရှောင်စခန်းများတွင်ရှိသော စစ်ဘေးရှောင်သူများစာရင်းမှာ စခန်း (၃၁) ခု၌ လက်ရှိ (၂၉.၈.၂၀၁၂)
ရက်နေ့အထိ စာရင်းအရ စုစုပေါင်း (၈၁၉၃) ဦးရှိပါသည်။ ကျောင်းသားဦးရေမှာ (၁၀၅၈) ဦးဖြစ်ပါသည်။
၅။ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါအခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်၍ လိုအပ်သလိုကူညီဆောင်ရွက် ပေးပါရန် အသနားခံတင်ပြအပ်ပါသည်။

မိတ္တူကို
- သမ္မတ၊ နိုင်ငံတော်သမ္မတရုံး၊ နေပြည်တော်။
- ကာကွယ်ရေးဦးစီးချုပ်၊ မြန်မာ့တပ်မတော်၊ နေပြည်တော်။
- ဥက္ကဋ္ဌ၊ ကေအိုင်အိုကချင်လွတ်မြောက်ရေးအဖွဲ့၊ လိုင်ဇာမြို့။
- ဥက္ကဋ္ဌ၊ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ၊ နေပြည်တော်။
- ၀န်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နေပြည်တော်။
- တိုင်းမှူး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားမြို့။
- စစ်ဦးစီးချုပ်၊ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့။
- ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်။
- ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်၊ နေပြည်တော်။
- ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြစ်ကြီးနားမြို့။
- ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိုးညှင်းမြို့။
- အမှတ် (၂) စစ်ဗျူဟာမှူး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဖားကန့်မြို့။
- တပ်ရင်းမှူး၊ တပ်ရင်း (၆)၊ ကချင်လွတ်မြောက်ရေးတပ်မတော်၊ ကံဆီး၊ ဖားကန့်မြို့နယ်။
- မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဖားကန့်မြို့။

မှတ်ချက်

ကချင်ပြည်နယ် ၊ ဖားကန့်ဒေသ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီမှ နာယက (၄) ဦး ၊ ဘာသာရေး ၊ ရပ်မိရပ်ဖ နှင့် NGO များ ပါဝင်သော အဖွဲ့ ၀င်(၃၀)ဖြင့်ဖွဲ့စည်းထားရှိကြောင်းသိရသည်။

H.N သတင်းအဖွဲ့

 

Tuesday, August 28, 2012

ွGovernment employees become slavesနိုင်ငံ ၀န်ထမ်းတွေ ကျွန်ဖြစ်ပြီ

DSC_0555
နိုင်ငံ ၀န်ထမ်းတွေ ကျွန်ဖြစ်ပြီ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဒညင်းကုန်း အုတ်စက် ထုတ်လုပ်ရေးစက်ရုံ အား ပုဂ္ဂလိကလုပ်ငန်းများမှ ငှား ရမ်းလုပ်ကိုင်စေရန် အဆိုပြု တင်ဒါခေါ်ယူခြင်းမပြုဘဲ ပုဂ္ဂလိက လုပ်ငန်းတစ်ခုအား လုပ်ကိုင်ခွင့် ပေးလိုက်ခြင်းအပေါ် အဆိုပါ ဒညင်းကုန်းအုတ်ထုတ်လုပ်ရေး စက်ရုံလုပ်သားများမှ မကျေမနပ် ဖြစ်လျက်ရှီပြီး နိုင်ငံတော်မှ လစာ သတ်မှတ်ချက်ဖြင့် နိုင်ငံတော် အကျိုးအတွက်မဟုတ်ဘဲ လုပ်ငန်း ရှင်တစ်ဦး၏အကျိုးကို ဆောင် ရွက်နိုင်မည်မဟုတ်ကြောင်း လုပ် သားများမှ ပြောကြားကြသည်။

““ဒီကြားထဲမှာ သမိုင်းလမ်း ဆုံက တပ်မတော်အထည်ချုပ် စက်ရုံတောင်မှ ပုဂ္ဂလိကကိုလွှဲပြီး လုပ်ဖို့ နိုင်ငံပိုင်သတင်းစာကနေ တရားဝင်အဆိုပြုတင်ဒါ ခေါ် တယ်။ ခု ကျွန်တော်တို့ ဒညင်း ကုန်းအုတ် ထုတ်လုပ်ရေးစက်ရုံ ကတော့ ပုဂ္ဂလိကလုပ်ငန်းတစ်ခု ဖြစ်တဲ့ မားသားထရေးဒင်းကိုပဲ ပေးလိုက်တယ်။ အဆိုပြုတင်ဒါ ခေါ်တာတွေ ဘာတွေ ဘာမှ မလုပ်ဘူး။ ခုဆို ကျွန်တော်တို့ စားရမယ့်ပိုက်ဆံက နိုင်ငံ့ဝန်ထမ်း လစာ။ ပြီးတော့ နိုင်ငံတော်နဲ့ ပြည်သူအတွက် အလုပ်လုပ်ရမှာ မဟုတ်ဘဲ လူနည်းစုလက်တစ် ဆုပ်စာလုပ်ငန်းရှင်တွေအတွက် လုပ်ရတော့မယ်။ နိုင်ငံတော်က တော့ ကျွန်တော်တို့ကို သက်ညှာ စွာခိုင်းပေမယ့် ခုပေးလိုက်တဲ့ လုပ်ငန်းကတော့ သူ အကျိုး အမြတ်ရဖို့အတွက် ကျွန်တော် တို့ကို မတရားခိုင်းတော့မှာလေ။ ကျွန်တော်တို့ အုတ်စက်ရုံက မရှုံး လည်း မရှိပါဘူး။ ကျွန်တော်တို့ ကတော့ နိုင်ငံဝန်ထမ်းအဖြစ်ကိုပဲ တန်ဖိုးထား မြတ်နိုးတယ်။ အရင် နိုင်ငံတော်ကပေးတဲ့ လစာသတ် မှတ်ချက်နဲ့ နိုင်ငံတော်ကမဟုတ် ဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်က ခိုင်း မှာလိုတော့ လုံးဝအဖြစ်မခံနိုင်ပါ ဘူး””ဟု အဆိုပါ ဒညင်းကုန်းထုတ် လုပ်ရေးစက်ရုံ ၀န်ထမ်းတစ်ဦးမှ ပြောကြားသွားခဲ့သည်။

HOT NEWS

 

Hospital without doctor

ရှားတောမြို့နယ် ပြည်သူ့ဆေးရုံ (ဓါတ်ပုံ-ကေတီ)

ကရင်နီပြည်နယ် ရှားတောမြို့ပြည်သူ့ဆေးရုံမှ ဆရာဝန်ပြောင်းရွှေ့သွားပြီဖြစ်၍ နောက်ထပ် တာဝန်ကျသည့် ဆရာဝန်ရောက်မလာသဖြင့် ယခုချိန်အထိ ဆရာဝန်မရှိသေးဘူးလို့ သိရပါတယ်။
ယခင်ဆရာဝန်ကြီး အပြောင်းအရွေ့ မလုပ်မှီအချိန်ကတည်းကပင် လာမည့်တာဝန်ကျ ဆရာဝန်အသစ် နာမည်ကျလာပြီး ဖြစ်ပါတယ်။
တာဝန်ကျဆရာဝန် ရောက်မလာခြင်းကြောင့် ဆေးရုံမှာ ဆရာဝန်လစ်လပ်နေတာ နှစ်လကျော်ရှိသွားပြီလို့ သိရပါတယ်။
ရှားတောမြို့မှ ဆရာမ တဦးက “ဆရာဝန်ကအစကတည်းက အရင်ဆရာဝန် မပြောင်းခင် ကတည်းက ဆရာဝန်အသစ်နာမည်က ကျလာပြီးသားပါ။ အဲဒါကို မလာချင်လို့ မလာနိုင်သေးတာနေမှာပါ။ အခုထက်ထိမလာသေးပါဘူး” လို့ ပြောပါတယ်။
ရှားတောမြို့ပေါ်မှာ နေတဲ့သူတွေက အရေးပေါ်လူနာဆိုလျှင် လွိုင်ကော်မြို့ဆေးရုံမှာ သွားရောက်ကုသ နေကြရပါတယ်လို့ ရှားတောဆေးရုံမှ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးလုပ်သားတဦးက ပြောပါတယ်။
“လူနာကဒီမနေ့ဘဲ ဆင်းသွားပါတယ်။ သတိမေ့နေတာအဲဒါနဲ့ လွိုင်ကော်ဆေးရုံပို့ဖို့ ဦးဌေးရယ်ကားကို လမ်းဆက်သွယ်လိုက်ပြီးပြီ လာကြိုမှာပါ” လို့ ပြောပါတယ်။
ဖျားနာနေကြတဲ့ လူနာတွေကတော့ ရှားတောမြို့ထဲက သူနာပြုဆရာမတွေ နဲ့ ကျန်းမာရေးလုပ်သားတွေရဲ့ အိမ်တွေမှာလာပြီး ဆေးကုသနေကြတာကိုတွေ့ ရပါတယ်။
ဆေးရုံမှာတော့ လူနာတွေတယောက်မှ မရှိပါဘူး။ ရှားတောမြို့က လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကရင်နီပြည်နယ်မှာ လူသူသွားလာမှုအနည်းဆုံးမြို့လည်းဖြစ်ပါတယ်။

BNI

Monday, August 27, 2012

Reshuffles Cabinet In Myanmar(Burma)


ဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ကြောင်းအား အမိန့်အမှတ် ၂၂/၂၀၁၂ နှင့် ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးကြောင်းအား အမိန့်အမှတ် ၂၁/၂၀၁၂ဖြင့် နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၂၇ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်

ပြောင်းလဲခန့်အပ်လိုက်သော ပြည်ထောင်စုဝန်ကြီးများမှာ ၉ ဦးဖြစ်ပြီး ၎င်းတို့၏ လက်ရှိတာဝန်ယူရမည့် ဝန်ကြီးဌာနနှင့် ယခင်ဝန်ကြီးဌာနများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ဦးစိုးသိန်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - စက်မှုဝန်ကြီးဌာန)
၂။ ဦးအောင်မင်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - ရထားပို့ဆောင်ရေးဝန်ကြီးဌာန)
၃။ ဦးလှထွန်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)
၎။ ဦးတင်နိုင်သိန်း - သမ္မတရုံးဝန်ကြီးဌာန (ယခင် - အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)
၅။ ဦးအောင်ကြည် - ပြန်ကြားရေးဝန်ကြီးဌာန (ယခင် - လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန)
၆။ ဦးကျော်ဆန်း - သမဝါယမဝန်ကြီးဌာန (ယခင် - ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)
၇။ ဦးအုန်းမြင့် - မွေး/ရေ ဝန်ကြီးဌာန (ယခင် - သမဝါယမဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)
၈။ ဦးအေးမြင့် - စက်မှုဝန်ကြီးဌာန (ယခင် - သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)
၉။ ဦးတင့်ဆန်း - အားကစားဝန်ကြီးဌာန (ယခင် - ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန)

ထို့အပြင် ခန့်အပ်လိုက်သော ဒုတိယ၀န်ကြီးစုစုပေါင်းမှာ ၁၅ ဦးဖြစ်ပြီး ၎င်းတို့ တာဝန်ယူရမည့် ဝန်ကြီးဌာနများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ ရဲချုပ်ကျော်ကျော်ထွန်း - ပြည်ထဲရေးဝန်ကြီးဌာန
၂။ ဦးပိုက်ထွေး- ပြန်ကြားရေးဝန်ကြီးဌာန
၃။ ဦးသန်းဆွေ - ယဉ်ကျေးမှုဝန်ကြီးဌာန
၎။ ဦးအောင်သိမ်း - သမ္မတရုံးဝန်ကြီးဌာန
၅။ ဒေါက်တာလင်းအောင် - ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
၆။ ဦးဆက်အောင် - အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၇။ ဒေါက်တာဒေါ်ခင်စန်းရီ - အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၈။ ဒေါ်စုစုလှိုင် - လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၉။ ဦးသောင်းတင် - ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဌာန
၁၀။ ဦးထင်အောင် - စွမ်းအင်ဝန်ကြီးဌာန
၁၁။ ဗိုလ်မှူးချုပ်ဝင်းမြင့် - လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
၁၂။ ဦးအေးမြင့်မောင် - ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၃။ ဒေါက်တာဒေါ်သက်သက်ဇင် -ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၄။ ဦးသောင်းထိုက် - အားကစားဝန်ကြီးဌာန
၁၅။ ဒေါက်တာဒေါ်သိန်းသိန်းဌေး - ကျန်းမာရေးဝန်ကြီးဌာန
ယခင် သမ္မတရုံးဝန်ကြီးဌာန၌ ယခင်ဝန်ကြီး ၂ ဦးရှိရာမှ ယခုထပ်မံခန့်အပ်လိုက်သော သမ္မတရုံးဝန်ကြီး ၄ ဦးကြောင့် စုစုပေါင်း သမ္မတရုံးဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီး ၆ ဦး ရှိလာမည်ဖြစ်သည်။ ထိုသို့ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲ ခန့်အပ်လိုက်ခြင်းကြောင့် လက်ရှိတွင် လစ်လပ်လျက်ရှိသော ပြည်ထောင်စုဝန်ကြီးဌာနများမှာ -
- ရထားပို့ဆောင်ရေးဝန်ကြီးဌာန
- ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
- အလုပ်သမားဝန်ကြီးဌာန
- လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
- ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန
- သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

Human Trafficking update by BDN


 
 
 
 
 
ဟင်္သတမြို.နယ်လူကုန်ကူးခံရသောကျောင်းသူ၏နောက်ဆက်တွဲသတင်း

ဟင်္သတမြို.နယ်တွင်လူကုန်ကူးခံရသောကျောင်းသူမယဉ်မြတ်ထွန်းနှင်.ပက်သက်ပြီး

ကျွှန်တော်တို.မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်(BDN)မှလိုက်ပါကူညီဆောင်ရွက်ခဲ.

သောကြောင်.၄င်းကျောင်းသူအားအချိန်မှီလူကုန်ကူးခြင်းမှကာကွယ်နိုင်ခဲ.ပါသည်။

ထိုဖြစ်ရပ်နှင်..ပက်သက်ပြီးအချိန်နှင်.တပြေးညီစောင်.ကြည်.

နေသောအချိန်(26.82012)နေ.တွင်ကလေး၏မိဘများမှနောက်ဆက်တွဲကိစ္စရပ်များကို

ကျွှန်တော်တို.(BDN)သို.ယခုလိုအကြောင်းကြားလာပါသည်။ဟင်္သတမြို.အမှတ်(၁)ရဲစခန်းမှ

အမှုတည်ဆောက်ကိုင်တွယ်သူဒုရဲအုပ်နန်းဝင်းအောင်မှနောက်ဆက်တွဲတရားခံများဖမ်းဆီးရ

ရှိရေးအတွက်တ၇ားခံများနေထိုင်ခဲ.သောထောက်ကြံမြို.နယ်တွင်ဆက်လက်

စစ်ဆေးမှုများပြုလုပ်လှပ်ရှိရာတရားခံမရွှေစင်၏အမျိုးသားဖြစ်သူမှာရဟန်းဝတ်ပြိးရှောင်တိမ်း

နေကြောင်းသိရှိရပြိး(27.82012)နေ.တွင်တရားလိုကလေးမိဘများနှင်.

တရားခံဖြစ်သူမရွှေစင်တို.ကိုဟင်္သတမြို.နယ်တရားရုံးတွင်ဆက်လက်စစ်ဆေးမှုများ

ပြုလုပ်မည်ဖြစ်ကြောင်းသတင်းရှိပါသည်။ထုကိစ္စရပ်များနှင်.ပက်သက်ပြိးလိုအပ်သည်.ကူညီမှုများကို

ကျွှန်တော်တို.မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှဆက်လက်ကူညီ

သွားမည်ဖြစ်ပါကြောင်းရေးသားတင်ပြလိုက်ပါသည်။