Monday, November 12, 2012

The corruption has to be taken action soon


ရန်ကုန်မြို့တော်စည်ပင် အကျင့်ပျက်ခြစားဝန်ထမ်းများအား တရားစွဲဆိုမည်
(လက်ဆင့်ကမ်း Share ပေးရန်)


ပြီးခဲ့သည့် လအတွင်း အကျင့်ပျက်ခြစားမှုဖြင့် ၀န်ထမ်းအဖြစ်မှထုတ်ပယ်ခဲ့သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ယာယီမြို့တော်ဝန်(မြို့တော်စည်ပင် အတွင်းရေးမှူး)ဟောင်း အပါအ၀င် အကျင့်ပျက်ဝန်ထမ်း ၅ ဦးနှင့် လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ခဲ့သော စီးပွားရေးသမားများကို ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်းရန်ကုန်တိုင
်းဒေသကြီးအစိုးရအဖွဲ့ အမည်မဖော်လိုသူ အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ ဖြစ်စဉ်မှာ ရန်ကုန်စည်ပင်အတွင်းရေးမှူး အနေဖြင့် ယာယီမြို့တော်ဝန်ရာထူးထမ်းဆောင်နေစဉ်ကာလအတွင်း မတော်သြဇာကျင့်သုံးပြီး စည်ပင်ပိုင်မြေကို ဂရန်ပိုင်အမည်ပေါက်ရရှိအောင် ဆောင်ရွက်ပေးကာ သိန်းထောင်ချီလာဘ်စားမှုကျူးလွန်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း အဆိုပါအရာရှိကြီးကပြောကြားသည်။ အဆိုပါအမှုကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ယူစစ်ဆေးခဲ့ပြီး အပြစ်ရှိကြောင်းပေါ်လွင်ခဲ့သဖြင့် ဌာနမှ ထုတ်ပယ်ခဲ့ပြီးဖြစ်သည်။ အဆိုပါလာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ခဲ့သူများကို လာဘ်ပေးလာဘ်ယူမှုတားမြစ်ရေးဥပဒေနှင့် တရားစွဲဆိုမည်ဟုယူဆရကြောင်းနှင့် ယခုလက်ရှိအစိုးရလက်ထက်တွင် အကျင့်ပျက်ဝန်ထမ်းများကို ပထမဆုံးတရားစွဲဆိုသော အမှုဖြစ်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Post by: People Development For Knowledge
Photo by: AsianFame Media

Wednesday, November 7, 2012

No judge visit to Force labour camps


ရဲဘက်စခန်းနှင့် အကျဉ်းထောင်များသို့ တရားသူကြီးများ သွားရောက် လေ့လာခြင်း မရှိဘဲ ထောင်မှ ပေးပို့သည့် အစီရင်ခံစာများဖြင့်သာ လုပ်ဆောင်လျက်ရှိ..............
========================================

ယနေ့ကျင်းပသော ပြည်သူ့လွတ် တော် အစည်းအဝေးတွင်
၂၀၀၈ အခြေခံဥပဒေ အသက်ဝင်သည့် ၂၀၁၁ခုနစှ် ဇန်နဝါရီ ၃၀ ရက်မှစတင်ကာ ယခုချိန်ထိ ရဲဘက်စခန်းနှင့် အကျဉ်းထောင်များကို တရားရေး မဏ္ဍိုင်က သွားရောက် စစ်ဆေးခြင်း ရှိ၊ မရှိ နှင

့် စပ်လျဉ်းသည့် အဆိုကို သင်္ကန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က မေးမြန်းရာ

ရဲဘက်စခန်းနှင့် အကျဉ်းထောင်များသို့ တရားသူကြီးများ သွားရောက် လေ့လာခြင်း မရှိဘဲ ထောင်မှ ပေးပို့သည့် အစီရင်ခံစာများဖြင့်သာ လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောာင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ပြန်လည်ဖြေကြားသည်။

55 persons are in the hell of the Air-con Bus

၅၅ ယောက် ၅ နာရီ ငရဲကျ -

နိုဝင်ဘာ ၇ ရက် ၂၀၁၂ ခုနှစ် ၊ သတင်း - Thae Hot News Weekly



ရန်ကုန်တိုင်းဒေသကြီး၊ လှိုင် သာယာအဝေးပြေးဂိတ်မှ ပုသိမ် သို့ပြေးဆွဲလျက်ရှိသော “ချမ်းမြေ့ အေး” အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးကားလက်မှတ်ဝယ် ယူစဉ်တွင် နေ့လယ် ၁၂း၀၀ နာရီ ထွက်မည်ဖြစ်သောကြောင့် AIRCON Experss လားဟုမေး ရာ လက်မှတ်ရောင်းသောလူငယ် က AIRCON Experss ဖြစ်ကြောင်း ပြော သည်။

ကားစထွက်လျှင်ထွက်ခြင်း Aircon ဖွင့်ထားပြီး မောင်းသွား လိုက်ရာ ပန်းတနော်မြို့နယ်အပိုင် ကြိမ်ပင်ဆည်စားသောက်ဆိုင်၌ ယာဉ်ရပ်နားပြီး စားသောက်၍ ယာဉ်ပြန်ထွက်သည့်အချိန်မှစ၍ အဆိုပါ AIRCON Experss ကား ပေါ်ပါလာသည့်ခရီးသည်ထိုင်ခုံ ၄၅ ယောက်အလယ်ခုံ ၁၀ ယောက် စုစုပေါင်း ၅၅ ယောက်မှာ ချမ်မြေ့ အေးကားကိုစီးပြီး မချမ်းမြေ့ဘဲ၊ မအေးဘဲပူလောင်သည့်ဒဏ်ကို ရန်ကုန်မှ ပုသိမ် ၅ နာရီ အပူ လောင်တိုက်အသွင်းခံထားရ၍ ကားသမားအားပြောသောအခါ ဘာမျှပြန်မပြောဘဲ ဂရုမစိုက်သည် ပုံမျိုးလုပ်နေကြောင်း အဆိုပါ ချမ်းမြေ့အေးကားပေါ်တွင် ပါဝင် လာသည့် ခရီးသည်အဒေါ်ကြီး တစ်ယောက်က ပြောသည်။
ထိုကဲ့သို့ခရီးသည်များအား မလိမ့်တပတ်ပြောဆိုညာရောင်း ပြီး မိမိငွေရရှိရေးတစ်ခုတည်းကို သာရှေ့တန်းတင်ပြီး “ဘယ်သူ သေသေငတေမာရင်ပြီးရော” မပြု လုပ်ကြပါရန်၊ သက်ဆိုင်ရာမှ ကြီးကြပ်ဆောင်ရွက်ပေးပါရန် ၁.၁၁.၂၀၁၂ ရက် ခုံနံပါတ် ၁၅-၁၆ တွင်လိုက်ပါလာသော ဦးစိန်ဝင်းနှင့် ဦးတင်ဦးက ပြောကြ ပါသည်။


အရိန္ဒမာ (ဘိုးကလေး)

Please give your kindness to nonentities


မန္တလေးမူဆလင်နှင့် မန္တလေးရဲ (ဖတ်ကြည့်ကြေကွဲဖို.အလွန်ကောင်းပါတယ်)
===================
မကွေးမြို့နယ်၊ ကန်ဖျားကျေးရွာမှ အသက်(၁၄)နှစ်အရွယ် နှင့် အသက်(၁၂)နှစ်အရွယ့်  ညီအစ်မ နှစ်ယောက်အား အလုပ်ရှင်ဖြစ်သော မန္တလေးမြို့၊ ၂၆-လမ်း၊ ၈၃×၈၄လမ်းကြား ညီနောင်စတီးဆိုင်ပိုင်ရှင် "မူဆလင်မိသားစု"များက ရိုက်နှက်နှိပ်စက် မဖွယ်မရာပြုမှုအား သွားရောက်စုံစမ်းသူများကို အမှတ်(၈)ရဲစခန်းက ဆူပူကြိမ်းမောင်းကာ ဖမ်းမယ်ဆီးမယ် ခြိမ်
းခြောက်လွှတ်လိုက်ကြောင်း သိရ ။
============================================




မကွေးမြို့နယ်၊ ကန်ဖျားကျေးရွာမှ ဦးသန်းစိုး+ဒေါ်ခင်မာရီ မိသားစုတွင် အသက်(၁၄)နှစ်အရွယ် အမီးကြီး မတင်တင်ဌေးနှင့် အသက်(၁၂)နှစ်အရွယ် သမီးငယ် မနှင်းနှင်းလှိုင်တို့ ညီအစ်မ နှစ်ယောက်ရှိပါသည်။

စာရင်းငှားအလုပ်ဖြင့် ဝမ်းစာရှာရသဖြင့် အဆင်မပြေ ဖြစ်နေချိန်တွင် ပွဲစားတစ်ယောက်ရောက်လာပါသည်။ ညီအစ်မနှစ် ယောက်လုံးကို အိမ်ဖော်အလုပ်အပ်ပေးမည်။ တစ်လနှစ်သောင်းခွဲရမည်ပြော၍ သဘောတူလိုက်ကြပါသည်။

အငယ်မ မနှင်းနှင်းလှိုင်(၁၂)နှစ်
က မန္တလေးမြို့၊ ၂၆-လမ်း၊ ၈၃×၈၄လမ်းကြား ညီနောင်စတီးဆိုင်တွင် အလုပ်လုပ်ရပြီး အကြီးမ မတင်တင်ဌေး(၁၄)နှစ်က ၎င်းဆိုင်ပိုင်ရှင်အိမ်တွင် အိမ်ဖော်အလုပ်လုပ်ရပါသည်။

အလုပ်လုပ်၍ တစ်လပင်မပြည့်သေးခင်တွင် ညီအစ်မနှစ်ယောက်လုံး သုံးကြိမ်တိတိ ထွက်ပြေးခဲ့ကြပါသည်။ ပထမ နှစ်ကြိမ်တွင် ပြန်ဖမ်းမိသွားပြီး ရွာအထိမရောက်ခဲ့ကြပါ။ 5-11-2012-ရက်နေ့က တတိယအကြိမ်အဖြစ် ထပ်မံထွက်ပြေးကြပြန်ပါ သည်။ ထွက်ပြေးကြပုံမှာ နှစ်ထပ်တိုက်ပေါ်မှ ဓာတ်ကြိုးများကို တွဲလောင်းချခိုစီးပြီး မနက်ဝေလီဝေလင်းမှာ ထွက်ပြေးကြခြင်း ဖြစ်ပါသည်။

အငယ်မ မနှင်းနှင်းလှိုင်(၁၂)နှစ်မှာ ဓာတ်လိုက်ပြီး ပြုတ်ကျကာ သတိမေ့သွားခဲ့ပါသည်။ တစ်ကိုယ်လုံးတွင် ဓာတ်လိုက်ဒဏ်ရာများ ပြည့်နှက်နေပြီး အထူးသဖြင့် ဝမ်းဗိုက်နှင့် ဆီးစပ်တွင် ဒဏ်ရာပြင်းထန်ခဲ့ပါသည်။ ထိုတွင် ဝမ်းဗိုက် ဒဏ်ရာက အပြင်းထန်ဆုံးဖြစ်ပြီး လေးလက္မခန့် လောင်ကျွမ်းသွားပါသည်။

5-11-2012-ရက်နေ့ မနက်(၆)နာရီခန့်တွင် ဆေးရုံကြီး ခွဲစိတ်ဆောင်(၂) အရေးပေါ်ဌာနသို့ ရောက်ရှိလာချိန်တွင် အငယ်မ မနှင်းနှင်းလှိုင်(၁၂)နှစ် သတိမရသေးပါ။ အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ မုဆိတ်မပါသည့် မူဆလင်တစ်ယောက် (ရှည်ရှည်-ဟုခေါ်သည်) အသက်(၄၀)ခန့်နှင့် အသားမည်းမည်း၊ ဗလတောင့်တောင့် မုဆိတ်ပါသည့် မူဆလင်တစ်ယောက် ဖတ်တီး(ခေါ်)အစန်း(၃၀)နှစ်ခန့်တို့ လိုက်ပို့ပေးကြပါသည်။

(၂၄)နာရီလုံးလုံး ညီမနှစ်ယောက်နားမှ မခွါဘဲ စောင့်ကြည့်နေကြပြီး မိဘထံသို့ ဖုန်းဆက်အကြောင်းကြားခြင်းလည်း မရှိ၊ ညီအမနှစ်ယောက်ကို ဖုန်းဆက်ခွင့်လည်း မပေးခဲ့ကြပါ၊ ကလေးမလေးများကလည်း မူဆလင်များကို ကြောက်သောကြောင့် ဖုန်းမဆက်ရဲကြပါ။

မူဆလင်တစ်ယောက်က ဆေးသွားဝယ်နေပြီး ကျန်တစ်ယောက်က ဖုန်းလာ၍ အပြင်ဘက်ထွက်သွားပြီး ဖုန်းပြောနေချိန် တွင် ဆရာဝန်လေးတစ်ယောက်က အကြီးမကို မေးရာမှ အကြောင်းစုံသိခဲ့ရခြင်းဖြစ်ပါသည်။

ကလေးမလေးများက ပြောရာတွင် နေ့တိုင်းစော်ကားခံနေရလို့ ထွက်ပြေးလာခြင်းဖြစ်ကြောင်း၊ မူဆလင်အမျိုးသား များက လက်သီးနှင့်ထိုးပြီး မူဆလင်အမျိုးသမီး မစကီနာက တံမြတ်စည်းဖြင့် ရိုက်ကြောင်း၊ ဖတ်တီး(ခေါ်)အစန်းက အကြီးမ မတင်တင်ဌေး(၁၄)အား အဖွယ်မရာလုပ်ခိုင်းကြောင်း(လိင်ကို ကိုင်ခိုင်းကြောင်း) ထိုသို့ အဖွယ်မရာ လုပ်ခိုင်းသည်မှာ သီတင်းကျွတ်လဆန်း(၁ဝ)ရက် (25-10-2012)ရက်နေ့မှ နေ့စဉ်ရက်ဆက်ဖြစ်ကြောင်း၊ ဘယ်သူမျှ မပြောဖို့ ခြိမ်းခြောက် တားမြစ်ကြောင်း၊ တခြားအဓမ္မကျင့်မှုတော့ မရှိကြောင်း ပါဝင်ပါသည်။

ထိုသို့ ပြောပြရင်း “ကုလားတွေ မသိပါစေနှင့်”ဟုလည်း သတိပေးခဲ့ပါသည်။

ကုလားများအလစ်တွင် အကြီးမမှ ဖုန်းခိုးဆက်သောကြောင့် ယနေ့6-11-2012-ရက်နေ့တွင် မိခင်ဒေါ်ခင်မာရီ ရောက်လာပါသည်။

မနှင်းနှင်းလှိုင်(၁၂)နှစ်သည် ခွဲစိတ်ဆောင်(၂) ကုတင်နံပါတ်(၁၅)တွင် ဆေးကုသမှုခံယူနေပြီး သူ၏မိခင် ဒေါ်ခင်မာရီနှင့် သူ၏အမ မတင်တင်ဌေး(၁၄)နှစ်တို့လည်း သူနှင့်အတူ ဆေးရုံမှာ ရှိနေပါသည်။

ဆေးရုံရှိ မှုခင်းဌာနတာဝန်ကျ ရဲအရာရှိမှ ဓာတ်လိုက်သည့်ကိစ္စနှင့် ထွက်ပြေးရခြင်း အကြောင်းလောက်ကိုသာ ဝတ်ကြေတန်းကြေ မေးမြန်းစစ်ဆေးကြောင်း သိရပါတယ်။

ဆေးကုသစရိတ်ကို မူဆလင်များက ကုန်ကျခံမည်ဖြစ်ကြောင်း၊ နှစ်လစာလခ ငွေကျပ်တစ်သိန်း ကြိုယူထားရာ ယနေ့(6-11-2012)ရက်နေ့တွင် တစ်လပြည့်၍ ငွေကျပ်ငါးသောင်းသာ အကြွေးကျန်ကြောင်း သိရပါသည်။

အိမ်ဖော်ညီအစ်မ အညတရလေးများ၏ အနာဂတ်နှင့် မကြင်နာသူတို့၏ နေရပ်လိပ်စာ(အိပ်လိပ်စာ) စုံစမ်းသူများကို အမှတ်(၈)ရဲစခန်းက ဆူပူကြိမ်းမောင်းကာ ဖမ်းမယ်ဆီးမယ် ခြိမ်းခြောက်လွှတ်လိုက်ကြောင်း သိရပါသည်။

အညတရလေးများကို ကြင်နာကြပါဗျာ……။
Please give your kindness to nonentities

ဦးပဉ္စင်း

ဝီရသူ(မစိုးရိမ်) 6-11-2012
ဆက်သွယ်ရန်= 09-444030770

Scientists scientifically investigate Buddha's tooth in China



ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး
ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊
ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိ

ုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့
(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့
(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့
(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့ အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။
ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။
သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ်ဟု ဆိုကြသည်။
သို့သော်ဗုဒ္ဓဘာသာသည် တရုတ်ပြည် ကွန်မြူနစ်အစိုးရ၏ အုပ်ချုပ်မှု သက်တန်းတလျောက်တွင်
ဖွံ့ဖြိုးတက်တက်မှု နှောက်နှေးနေလဲ့သည်မှာ ၀မ်းနည်ဖွယ်ရာကောင်းလှသည်ဟု အဆိုပါပညာရှင်များမှငြီးတွားပြောဆိုကြပါသည်။

Tuesday, November 6, 2012

Diplomats involve in Rakhaing unrest

 
Aung Mra Kyaw'
ယနေ့ နံနက် ၇ နာရီ ၁၅ ခန့်တွင် အမေရိကန်သံအမတ်၏ ကိုယ်ရေးအရာရှိ ဒေါ်နန်းခင်လေးငယ်မှ ဖုန်းဆက်ပြီး လွတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်နှင့် နိုင်ငံရေးပါတီ များအား သံအမတ်ကြီး Derrek Michall တို့မှ တွေ့လိုပါတယ်ဟု အကြောင်းကြားလာသောကြောင့် မည်သည့် အချိန်တွင် တွေ့မည်နည်းမေးတော နံနက် ၁၁ နာရီတွင် တွေ့လိုပါတယ်ဟု ဆက်သွယ်လာ သောကြောင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် အမေရိက

န်သံအမတ် နှင့်အတူ ဗြိတိန
်သံအမတ်ကြီး Andrew Heyn နှင့် သြစတရီးလျသံအမတ် Ms Bronte Moules တို့ ပါဝင်ပြီး တခြား USAIM နှင့် တ၀န်ရှိသူ များ စုစုပေါင်း ၈ဦးပါဝင်ပါသည်။ ကျွန်တော် အပါအ၀င် RNDP မှ ၃ ဦး၊ USDP မှ ဒေါက်တာစန်းရွှေ အပြင် ALD , NLD တို့မှ တစ်ဦး ကျစီပါဝင်ပြီး စစ်တွေဟော်တယ်တွင် တွေ့ဆုံခဲ့ကြပါသည်။ စတင်ဆွေးနွေး သည့်အချိန်တွင် ကျွန်တော်ကဘဲ စတင်ဆွေးနွေးပါသည်။ ကျွန်တော်က မေးခွန်းတစ်ခုမေးပြီး အစည်းအဝေးကို စတင်လိုက်ပါသည်။ ယခုကျွန်တော်တို့ကို တွေ့ဆုံရသည့် အကြောင်းရင်းကဘာလဲ၊ ဘယ်အကြောင်း အရာကိုသိလို၍ ခေါ်တွေ့ရခြင်းဖြစ်သည်ဆိုခြင်းအား သိရှိလိုပါသည်။ သို့မှသာ ဦးတည်ချက်ရောက်ပြီး အချိန်ကုန်သက်သာပါမည်။ ဟုမေးခွန်းဖြင့်စတင်လိုက်ပါသည်။ အမေရိကန် သံအမတ်ကြီးက ယခုလိုတွေ့ဆုံခြင်းသည် ကြွရောက်လာကြသူများ၏ အသံနှင့် ယခုလက်ရှိဖြစ်ပေါ်နေသည့်ပြသနာအပေါ်မည်သို့ သုံးသပ်မိပါသလဲ။ ပြသနာရင်းမြစ်က ဘယ်ကစသနည်း။ ဆက်လက်ပြီး တည်ငြိမ်အေးချမ်းအောင် မည်သို့ လုပ်ဆောင်ကြမည်နည်း။ ဆိုသည့် အကြောင်းအရာများကို သိလို၍ တွိဆုံရခြင်းဖြစ်သည်ဟု ဖြေကြားပါသည်။ ထို့ကြောင့် ကျွန်တော်ကစတင်ပြီး ယခု ဖြစ်ပေါ်နေသော ပြသနာသည် ဘာသာရေး၊လူမျိုးရေး ကြောင့်ဖြစ် သောပြသနာ မဟုတ်ပါကြောင်း ယခုပြသနာသည် သမိုင်းကြောင်းနှင့် ချီပြီးဖြစ်လာသော ပြသနာဖြစ်ပါကြောင်း၊ အတိုချုပ်ပြီးပြောရလျင် ယခုပြသနာသည် ၁၉၄၂ ခုနှစ်တုန်းက ဘင်္ဂလီကုလားများ ရခိုင်တိုင်းရင်းသားများအား လူမျိုးတုန်းသတ်ဖြတ် ပြီး အစ္စလာမ်နိုင်ငံထူထောင်ရန် ကြိုးစားခြင်း မှစတင်ခဲ့ကြောင်း၊ ထိုအချိန်က ဘူးသီးတောင်၊မောင်တောမြို့နယ်တွင် ရခိုင်ကျေးရွာပေါင်း ၃၀၀ ကျော်ရှိခဲ့ပါကြောင်း ယခုအခါ ၃၀ ခန့်သာ ကျန်ရှိတော့ပါကြောင်း ယင်းအချိန်က အုပ်ချုပ်ခဲ့သော အင်္ဂလိပ်အစိုးရတွင် တာဝန်မကင်း ကြောင်းနှင့် ပထမအကြိမ်တွင် ယင်းဒေသမှ ရခိုင်များကိုလူမျိုးတုန်းသတ်ဖြတ်ပြီး ထိုဒေသတွင် မနေနိုင်အောင် နှင်ထုတ်သည့်အစီအစဉ်ကို စတင်လုပ်ဆောင် ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပါကစ္စတန်နိုင်ငံကို လွတ်လပ် ရေးပေးသောအခါ မောင်တောခရိုင်အား ပါကစ္စတန်နိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်အောင် သွတ်သွင်းရန် ကြိုးစားခဲ့ကြပါကြောင်း၊ ပါကစ္စတန်မှ လက်မခံသောကြောင့် မြန်မာနိုင်ငံတွင် မူဂျာဟစ်အမည်ခံ အကြမ်းဘက်လက်နက်ကိုင်အဖွဲ့ တစ်ခုတည်ထောင်ပြီး အကြမ်းဘက်မူများ ကိုဆက်တိုက်လုပ်ဆောင်ခဲ့ပါကြောင်း ထိုသို့ မူဂျာဟစ်သူပုန်အနေဖြင့် မအောမြင်သောအခါ RSO အမည်ခံပြီး ပါကစ္စတန်မှ အေလ်ကိုင်းတား အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းပြီး နှစ်ပေါင်းများစွာ ကြိုးပမ်းလာကြပါကြောင်း၊ ထိုမောင်တောခရိုင်အား ထပ်မံ၍ ဘင်္ဂလားဒေရှ့်နှင့် ပူးပေါင်းရန်ထပ်မံကြိုးပမ်းလာပါကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံဖြစ်လာ သည့်အခါ သူတို့ဖြစ်စေချင်သော မောင်တောခရိုင်ကို သီးခြား အစ္စလာမ်နိုင်ငံတစ်ခု ဖြစ်လိုမူ မအောင်မြင်သောအခါ ရိုဟင်ဂျာ ဟူသော နာမည်သစ်တစ်ခုအား စတန့်ထွင်ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသားဖြစ်လေဟန် နာမည်သစ်တစ်ခုလိမ်လည်ဖန်တီးပြီး ထိုမောင်တောခရိုင်အား ထပ်မံ၍ အစ္စလာမ်ပြည်နယ် တစ်ခုဖြစ်အောင် ဖန်တီးလာပါကြောင်းနှင့် ထိုသို့ အခြေအနေတွင် ထပ်မံ၍ ယခုအရေးအခင်းကဲ့သို့ ၁၉၈၈ တွင် အုပ်ချုပ်ရေးယန္တယားပျက်ပြားနေချိန်တွင် မောင်တောခရိုင်မှ ရခိုင်တိုင်းရင်းသားများကို လူမျိုးတုန်း သတ်ဖြတ်ပြီး ထိုခရိုင်အား အစ္စလာမ်နိုင်ငံဖြစ်အောင် ဖန်တီးမူအား ဒုတိယအကြိမ်ြ ပုလုပ်ခဲ့ပါကြော င်းနှင့် ယခုဖြစ်ရသည့် အကြောင်းအရင်း သည်လဲ ရှေ့တွင် ပြောခဲ့သည့်အကြောင်းအရင်းအတိုင်း ထိုဘင်္ဂလီများဖြစ်ချင်သော အစ္စလာမ်မစ် နိုင်ငံဖြစ်လိုသော ဆန္ဒကြောင့် မောင်တောမြို့တွင် တတိယအကြိမ် ၂၀၁၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် သူတို့လုပ်နေကျအလုပ်ဖြစ်သော ရခိုင်တိုင်းရင်းသားများကို လူမျိုးတုန်း သတ်ဖြတ်လိုသော ဆန္ဒကြောင့် မောင်တောခရိုင်မှ ရခိုင်တိုင်းရင်းသားကျေးရွာများအားလုံးအား တပြိုင်နက်တည်း တနေ့တည်း၊တချိန်တည်းတွင် အပြတ်ရှင်းရန်သူတို့၏ မော်လဗီခေါင်းဆောင် များက အပြင်မှ အကြမ်းဘက်အဖွဲ့ RSO ၏အထောက်အပံ့ကို အပြည့်အ၀ရယူပြီး လုပ်ဆောင်ခဲ့ကြ သည်ကို သိရှိပြီးဖြစ်မည်ဟုထင်ပါကြောင်း၊ ထို့ကြောင့် ယခုအဖြစ်အပျက်သည် ဘာသာရေး၊လူမျိုးရေး ပြသနာမဟုတ်ဘဲ ဘင်္ဂလီကုလားများ ၏ နေမြေပိုင်ဆိုင်လိုမူအား ဒေသခံတိုင်းရင်းသားများက မိမိဒေသကို ခုခံကာကွယ်ယင်း ဖြစ်ပေါ်လာရသော ပြသနာဖြစ်ပါကြောင်း ယခုလဲ ဘင်္ဂလီအဖွဲ့အစည်းများတွင် အထက်မှကြိုးကိုင်သော နိုင်ငံတကာမှအကြမ်းဘက်အဖွဲ့၏ ကျောထောက်နောက်ခံရရှိထားသော RSO အဖွဲ့၏ ညွန်ကြားမူအတိုင်း မိမိတို့ အိမ်များအား မီးရို့ပြီး ရခိုင်တိုင်းရင်းသားများ ရို့သည်ဟု နိုင်ငံတကာမှ အမြင်ဖြစ်ရန် အချက်ကျကျ ညွန်ကြားထားချက်များကိုလဲ ယခုလေ့လာခဲ့ သော နေရာများတွင် တွေ့ရှိခဲ့ရမည်ဟုထင်မြင်ပါကြောင်း၊ နောက်ဆုံးအနေဖြင့် ပြောလိုသည်မှာ ယခုအချိန်တွင် အတူယှဉ်တွဲနေထိုင်ရေး ဆိုသော မူသည် စကားလုံးအရ လှပသော်လည်း ယခုပူပူနွေးနွေးဖြစ်ပြီးစ အခြေအနေတွင် တစ်ဘက်နှင့်တဘက် ယုံကြည်မူ မရကြ သေးသည့်အချိန်တွင် မည်သို့မှ မဖြစ်နိုင်ပါကြောင်းနှင့် လက်ရှိတည်ငြိမ်အေးချမ်းလိုလျင် အုပ်စုနှစ်ခုအား သီးခြားစီထားခြင်းဖြင့် တည်ငြိမ်အေးချမ်းမူ ကိုတည်ဆောက်ရမည်ြ ဖစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ သံအမတ်ကြီးများက ယခုကဲ့သို့ သမိုင်းနှင့်ချီပြီးဖြစ်လာသော အကြောင်းအရာများအား လုံးဝမကြားဘူးခဲ့ပါကြောင်းနှင့် ယခုကဲ့သို့ သမိုင်းကြောင်းများကို ကြားသိရသောကြောင့် လက်ရှိဖြစ်ပေါ်နေသော ပြသနာ၏ အတိမ်အနက်ကို သုံးသပ်မိပါကြောင်း ယခုကဲ့သို့ ပြောပြသောကြောင်း အလွန်ပင်ကျေးဇူးတင်ပါကြောင်း ပြောကြားကြပါသည်။ တခြား ပုဂိုလ်များမှလဲ အတူယှဉ်တွဲနေထိုင်၍ မဖြစ်နိုင်ကြောင်းနှင့် တရားဥပဒေစိုးမိုးရေးကို ပြတ်ပြတ်သား သားအစိုးရမှကိုင်တွယ်ဖြေရှင်းသင့်ပါကြောင်း ပြောကြားကြပါသည်။ တွေ့ဆုံပွဲကို ၁၁ နာရီ ၃၀ တွင် စတင်ခဲ့ရာ ၁၂ နာရီ ၄၅ မိနစ်တွင် ပြီးဆုံးသွားပါသည်။

Monday, November 5, 2012

The best opportunity for the whole nation

 
ပြည်သူတို့ အားလုံးအတွက် အကောင်းဆုံးမဟာ အခွင့်ရေးကြီး ပေါ်လာပြီ
(၁)အမေရိကန်ပြည်ထောင်စု၏ သမ္မတကြီး အိုဘားမားသည် လာမည့် နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် 11 တွင် နေပြည်တော်လေဆိပ်သို့ အမေရိကန် Air Force (1)လေယာဉ်ဖြင့် ရောက်ရှိလာမည်။
(၂) နေပြည်တော်တွင်  နိုဝင်ဘာ ၁၇ ရက် ညနေ (၃)နာရီတွင် ယခု သမ္မတအဖြစ်တာဝန်ယူ လှည့်ဖျားလုပ်ဆောင်နေသော ဦးသိန်စိန် အစိုးရအဖွဲ့နှင့်တွေ့မည်
(၃) နိုဝင်ဘာလ (၁၈) နေ့ နံနက် 11 နာရီတွင် ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားကြီးသို့ သွားရောက်ဖူးမျှော်မည်
(၄) နေ့လည်ခင်း ၁၂ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် အမေ၇ိကန် သံရုံးမိသားစုဝင်များနှင့်တွေ့ဆုံမည်
(၅) အမေရိကန် သံအမတ်ကြီးမှ မြန်မာနိုင်ငံတွင် လက်ရှိ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်အချို့နှင့် တွေ့ဆုံနိုင်ရန်စီစဉ်နေသည်
(၆) ညနေ ၄ နာရီ၃၀တွင် မြန်မာနိုင်ငံ မင်္ဂလာဒုံလေယာဉ်ဆိပ်မှ ကမ်ဘေားဒီဒယားနိုင်ငံသို ထွက်ခွါမည်

အမေရိကန်ပြည်ထောင်စု၏ သမ္မတကြီးနှင့်အတူ CNN သတင်းဌာန နှင် AFPသတင်းဌာနတို့မှ တောက်လျောက်လိုက်ပါ သတင်းယူကြမည်ဟု စီစဉ်ထားသည်။
အထက်ဖေါ်ပြပါ အစီစဉ်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသားတို့ ၏ ကြီးမားသော အခွင့်ရေးမည်သို့ ရှိသည်ကို ဆက်လက်တင်ပြလိုသည်။
( ၁) မြန်မာနိုင်ငံအတွင်း ၁၉၈၈ ခုနှစ် မှ ကျောင်းသားပြည်သူများကို အကြမ်းဖက် နှိမ်နှင်းသတ်ဖြတ်ပြီး အားဏာသိမ်းခဲ့သော စစ်အာဏာရှင်၊ ၁၉၉၆ ခုနှစ်တွငကျောင်းသားလှုပ်ရှားမှုအား ထပ်မံ အကြမ်းဖက် နှိမ်နှင်းခဲ့သော စစ်အာဏာရှင်၊ ၂၀၀၃ ခုနှစ်တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် သူမအားထောက်ခံ ၀ိုင်းရန် သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သောစစ်အာဏာရှင်၊ ၂၀၀၇ ခုနှစ်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့သော ဘာသာရေးခေါင်းဆောင်များနှင့် သံယာတော်များအား အကြမ်းဖက်သတ်ဖြတ် ဖမ်းဆီး အကျဉ်းရုံး အကြမ်းစစ် အကျဉ်းထောင်သို့ နှစ်ရှည်ထောင်ဒဏ်များချမှတ် ဖိနှိပ်ခဲ့သော စစ်အာဏာရှင်၊ ၂၀၀၈ ခုနှစ် မေလတွင် နာဂစ်မုန်တိုင်းတိုက်ခတ်ခြင်းကို ခံခဲ့ရသောကာလ၀ယ် အမေရိကန်နိုင်ငံအပါဝင်၊ နိုင်ငံတကာ မှ ဒုက္ခရောက်ကြရသော သူများအား အချိန်မှီ အရေးပေါ်ကူညီထောက်ပံပေးနိုင်ကြရန် ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်သော်ငြားလည်း မြန်မားစစ်ဗိုလ်ချုပ်များမှ နိုင်ငံတကာအကူညီကို ပိတ်ပင်ပင် တားဆီးပြီး ဒုက္ခရောက်နေသူထောင်ပေါင်းများစွာ သေဆုံးပြီးမှ အကန့်သတ်များဖြင့် ၀င်ရောက်ခွင့် ပြုစေသောစစ်အာဏာရှင်၊ ထိုကဲ့သို မြန်မာပြည် တ၀ှမ်းလုံးမျက်ရည်ဖြင့် စိုရွဲနစ်မွန်းယူကျုံးမရဖြစ်နေသော အချိန်ဝယ် ယခု လွတ်တော်ထဲတွင် ကျင့်သုံးနေသော ၂၀၀၈ အခြေခံဥပဒေအား ခြိမ်းချောက် အကြပ်ကိုင် မဲခွဲပြီး အတည်ပြုပြဌာန်းခဲ့သော စစ်အာဏာရှင်၊ ထိုနောက် ၂၀၁၀ ခုနှစ်နိုင်ဝင်ဘာ ၁၀ တွင် အများပြည်သူတို့၏ ဆန္ဒသဘောထားကို လှည့်ဖြားလိမ်လည်ပြီး စစ်ဝတ်စုံများကို ရုတ်ခြင်း ချွတ်ချကာ အရပ်ဝတ်ဖြင့် ရွေးကောင်ပွဲကို ဘန်းပြကာ ဆက်လက်အုပ်ချုပ်လျက်ရှိသောစစ်အာရှင်၊  ဆိုသောဆိုသော ကောက်ကျစ် ယုတ်မာ ရိုင်းစိုင်းအကြမ်းဖက် နှိပ်စက်စတ်ဖြတ် အုပ်ချုပ်နေခဲ့သော ယခု ဆက်လက်အုပ်ချုပ်လျှက်ရှိသော နေပြည်တော် စစ်တက္ကသိုလ်ဆင်း ဗိုလ်ချုပ်လူလဲများ နှင့် လွှတ်တော်အတွင်းတွင် အခန့်သင့်ရောက်ရှိနေသော စစ်ဗိုလ် ၂၅ ပြားတို့၏ ဆက်လက်မှားယွင်းစွာ အုပ်ချုပ်နေလျှက်ရှိကြောင်းကို အမေရိကန်ပြည်ထောင်စု      သမ္မတကြီး အနေဖြင့် သိသာထင်း၇ှားမြင်သာစေရန်အတွက် တိုင်းပြည်တ၀ှမ်းလုံ်းဆန္ဒထုတ်ဖေါ်ပြသနိုင်ကြရန် နိုဝင်ဘာ လ ၁၇ ရက် နှင့် ၁၈ ရက်နေ့အား ပြည်သူ့ တောင်းတ ဒီမိုအပြည့်ဝ အုံကြမှုကို စတင် လှုပ်ရှားဆောင်ရွက်နေပြီဖြစ်ကြာင်း သတင်းကောင်းပါးအပ်ပါသည်။
နောက်ဆက်တွဲ ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်သော အလုပ်မား လယ်သမား လယ်ယာမြေ ဆုံးရှုံးမှုခံနေရသော ဒေသများမှ ကိုယ်စားလှယ်များ၊ လက်ပန်းတောင်းတောင် ၀န်းကျင်မှ ကျေးရွာသူရွာသားများ နှင့် တိုင်ပင်ပြီး ဆက်တိုက် တင်ပြသွားပေးမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
လေးစားစွာဖြင့်

အသေးစိတ်သတင်းအချက်လက်များအား http://burmadevelopmentnet.blogspot.com/တွင် ဆက်လက် တင်ပြပေးမည်ဖြစ်ပါသည်