Friday, April 27, 2012

Military cruel butcher sits in the front row of people parliament in Myanmar



2007 သံယာတော်မျာုးငိမ်းချမ်စွာ မေတ္တာပို့ ဆန္ဒထုတ်ဖေါ်မှုကို ရက်စက် အကြမ်းဖက် ဖြိုခွင်းခဲ့သော လူသတ်သမား က ယနေ့ ပြည်သူလွတ်တော်၏ အရှေ့ဆုံးမှာ ထိုင်နေပါပြီ ဘာလုပ်ကြမလဲ……



ဦးသိန်းစိန်က သန့် ရှင်းအစိုးရဖြစ်ရမယ်လို့ ပြောနေတာတွေ လူသတ်ကောင် (အထူးသဖြင့် ပြည်သူတွေကိုသာမက သံဃာတော်ရှင်သူမြတ်တွေကိုပါ ပေါ်တင်သတ်ဖြတ်ခဲ့တဲ့) အောင်ကျော်လို စစ်တပ်က ဗိုလ်မှူးကြီးတွေကို လွှတ်တော်ထဲထည့်သွင်းပြသတဲ့အကြောင်းကဘာသဘောဆောင်သလဲ………….
၂၀၀၇ခုနှစ်ရွှေဝါရောင်တော်လှန်ရေးကာလအတွင်းသံဃာတော်ရှင်
သူမြတ်တွေကို ရိုက်နှက် သတ်ဖြတ်၊ မစုစုနွေးလို အမျိုးသမီးကောင်းတွေကို လူမြင်ကွင်အလယ်မှာ ရိုင်းပြစွာ ဆွဲလားရမ်းလားနဲ့  အကြမ်းဘက် ဖမ်းဆီး၊ ဂျပန်နိုင်ငံသား သတင်းထောက် ကန်ဂျိ နာဂအိကို ရက်စက်စွာပစ်သတ်ခဲ့တဲ့ အကြမ်းဘက်သမား မိစ္ဆာဒိဌိတွေရဲ့ ဦးဆောင်ကြီးကြပ်ကွပ်ကဲသူကတော့ ပဲခူးမြို့ အခြေစိုက် တပ်မ (၇၇) က ဒု-ဗိုလ်မူးကြီး အောင်ကျော်၊ ယခု နေပြည်တော်လွှတ်တော်တက်နေပါပြီရှေ့မှာသတ်စရာဖြတ်စရာတွေရှိနေ
သေးလို့ဖြစ်မှာတော့သေခြာသည်ဟုနိုင်ငံတကာအသိုင်းဝိုင်းတွင်ပြောဆိုနေ
ကြသည်။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့ မှာ ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်နေရာမှာ ဆက်သွယ်ရေးစက်ကို လက်ကကိုင်ပြီး ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက် မေတ္တာပို့ ခဲ့ကြတဲ့ သံဃာတော်ရျင်သူမြတ်တွေကို ပစ်ခတ်သတ်ဖြတ်ဖို့  ကွပ်ကဲအမိန့် ပေးခဲ့တဲ့ သံဃာသတ်သမား နအဖလက်ပါးစေ ဒု-ဗိုလ်မူးကြီး အောင်ကျော် တပ်မ(၇၇) က ဖြစ်သည်။
ယခုအပတ် တနင်္လာနေ့ကမှ ကျမ်းသစ္စာကျိန်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည့် တပ်မတော်သားကိုယ်စား လှယ် ၅၉ ဦးတွင် ရွှေဝါရောင်တော်လှန်ရေးအတွင်း သံဃာများအား ဦးဆောင်နှိမ်နင်းခဲ့သူ တဦးဖြစ်သည့် ဗိုလ်မှူးကြီး အောင်ကျော်၏ ပုံသည် နိုင်ငံတကာ လူမှုကွန်ရက် Face Book တွင် ပျံနှံ့သွားနေသည်။
အဆိုပါ စစ်အရာရှိကြီးသည် ရွှေဝါရောင်တော်လှန်ရေးအတွင်း တပ်မ ၇၇ လက်အောက်တွင် ဒု ဗိုလ်မှူးကြီးတာဝန် ထမ်းဆောင်နေပြီး ဆက်သွယ်ရေးစက်ကို ကိုင်ကာ တပ်များကို အမိန့်ပေးနေသူတဦး ဖြစ်ခဲ့ကြောင်းထင်းရှားနေသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အဆိုအရ သံဃာ အပါး၁၀၀ မှ ၄၀၀၊ အရပ်သား ၅၀ မှ ၁၀၀ သေဆုံးဖွယ်ရှိကြောင်း နှင့် လူ ၂၀၀၀ ခန့် အရိုက်အနှက်ခံခဲ့ရကြောင်း သိရသည်။
ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုအတွင်း ဂျပန်သတင်းထောက် ကန်ဂျီး နာဂါအိ လည်း လမ်းပေါ်တွင် ပစ်သတ်ခံခဲ့ရသည်။
BDN မှ တင်ပြသည်

No comments:

Post a Comment