Wednesday, October 17, 2012

The story behind Viber


 
လက်ရှိခေတ်စားနေသော Viber Application အား မြန်မာ့ဆက်သွယ်ရေးမှ
 ပိတ်ပင်သွားမည် ဆိုသည်နှင့် ဆက်လျင်း၍ နောက်ကွယ်မှ တရားခံမှာြ
မန်မာမော်ဒယ် မင်းသမီးဟောင်း Smile ၏ အမျိုးသားပိုင် ကုမ္ပဏီ မှဖြစ်ကြောင်း။

ထို့အပြင် ၄င်းတို့စီးနေသော ကားအား ကညန နံပါတ်ပြား တပ်ဆင်ခြင်းမရှိဘဲ မောင်းနှင်နေသည်ကို တွေ့ရှိရကြောင်း၊ ယနေ့အထိ မည်သည့် ဂျာနယ်ကမှ ဖော်ပြခြင်းမရှိသေးကြောင်း တင်ပြလိုက်ရပါသည်။
 

Viber ကိုထွင်တဲ့လူတွေက ဘာအကျိုးအမြတ်မှ မရဘဲ ထွင်ပေးလိုက်တာ။
 သူတို့အနေနဲ့ ဒါကိုပေးသုံးတာ ဘာမှအကုန်အကျလဲ မရှိဘူး။ ဘာလို့လဲ ဆိုတော့ ရှိပြီးသားအင်တာနက်လိုင်းတွေကို သုံးပြီး ဆက်သွယ်တာဖြစ်လို့ ပိုက်ဆံအကုန်ခံ 
အင်တာနက်ဆက်သွယ်မှု (ဝိုင်ဖိုင်၊ သရီးဂျီ) လိုင်းတွေ ယူထားရင် ပြီးပြီ။ 
 ဖုံးနဲ့အင်တာနက်လုပ်တာကို ခွင့်ပြုထားရင် Viber လုပ်တာကို ဘာမှပြောစရာမလိုဘူး။
 လူ (၆၂) သန်းရဲ့ ဘ၀တွေကို မိမိမကယ်နိုင်ရင်တောင်
နိုင်ငံခြားမှာကျွန်ခံပြီး ပြည်ပက သားသမီးတွေရဲ့ အသက်စွန့် ပြီး ရှာနေတဲ့ ချွေးနည်းစာငွေလေးနဲ့ အသက်ရှင်ရပ်တည်နေရတဲ့
မြန်မာပြည်က မိသားစုဘ၀တွေကို သည့်ထက်ပိုပြီး မဖျက်ကြ
ပါနဲ့  ...

ကမ္ဘာကြီးမှာ တလောကလုံး free အလကားသုံးလို့ ရတဲ့ ဆက်သွယ်ရေး
စံနစ်တွေကို ဥပဒေထုတ်ပြီး ပိတ်နေတာ မြန်မာတနိုင်ငံပဲရှိပါတယ်။
ခင်ဗျားတို့  ရှက်ကြောပြတ်နေတာက ဘယ်သူကမှ အရေးမလုပ်ဘူး။
ဒါပေမဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုးစီးပွါးထိခိုက်တဲ့အထိ ရှက်ကြော
မပြတ်ကြပါနဲ့  -

Viber ပိတ်မယ် ....... ဟုတ်လား
တခြား ဆက်သွယ်စရာ Viber လို အရာတွေ အများကြီးရှိပါသေးတယ်။
ဒါပေမဲ့ ပြည်သူအပေါ်ထားတဲ့ ခင်ဗျားတို့ ရဲ့ စေတနာကို ပြင်စေလိုတယ်။

အခြားနိုင်ငံက telephone companies တွေလည်း အင်တာနက် free
calls တွေကြောင့် နစ်နာတာပဲဗျ။ ဒါပေမဲ့ သူတို့ ပြည်သူတွေရဲ့ အကျိုး
စီးပွါးအတွက် ဘယ်အစိုးရကမှ ခင်ဗျားတို့ လို အောက်တန်းမကျဘူး။
ဇီဇာမကြောင်ဘူး။

တကမ္ဘာလုံးမှာ Free ရတဲ့ Sim Card ကို (၂) သိန်းနဲ့ မရောင်းဘူး။
အင်တာနက် free links တွေကိုမဖြတ်ဘူး။
ခင်ဗျားတို့ မရှက်ရင်နေပါ။
ဒုက္ခရောက်နေတဲ့ တိုင်းပြည်နဲ့ လူမျိုးမျက်နှာကိုတော့ပြန်ကြည့်ပါ ဟု ပြည်သူများဝေဖန်မည်တွန်နေကြကြောင်း.........

No comments:

Post a Comment