Friday, September 28, 2012

Myanmar soldiers rape and try to kill Shan woman

burmese-soldier
ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ (၄) လက်အောက် တပ်ရင်း (၈) နယ်မြေ အောင်နန်းကျေးရွာမှ အသက် (၂၉) နှစ်အရွယ် ကလေးမိခင်တစ်ဦးကို မြန်မာအစိုးရစစ်သားများသည် နေအိမ်သို့ဝင်ရောက်ကာ အဓ္ဓမပြုကျင့်၍ သတ်ဖြတ်ရန်ကြံစည်ခဲ့ကြောင်း ဒေသခံများပြောသည်။

အဆိုပါကလေး ၃ယောက် မိခင်ဖြစ်သော ရှမ်းအမျိုးသမီးသည် နေအိမ်တွင်း အ၀တ်လျှော်နေစဉ် အစိုးရစစ်သား ၃ ဦး ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး သတ်ရန်ကြိုးစားနေချိန် ၄င်း၏အမျိုးသား ပြန်လာသောကြောင့် အသက်လွှတ်သွားခဲ့ရကြောင်း ဒေသခံတစ်ဦးပြောသည်။

“အဲဒီမိန်းကလေးက ကလေးမွေးတာ ၁ လကျော်ပဲရှိသေးတယ်။ သူကအိမ်နောက်ဖက်မှာ ကလေးအနှီး လျှော်နေတယ်တဲ့။ အဲဒီမှာပဲ အဓ္ဓမပြုကျင့်ပြီးတော့ လေပင်းညစ်သတ်နေတဲ့အချိန် သူ့ယောင်္ကျားပြန်လာတာနဲ့ တွေ့တော့ ပြန်ထွက်ပြေးသွားကြတယ်တဲ့။”

ထိုသို့ဝင်ရောက်လာသော အစိုးရစစ်သား ၃ ဦးသည် ဗိုလ်ကြီး ထွန်းထွန်းနိုင် ဦးဆောင်သော နမ္မတူ (Namtu) အခြေစိုက် ခလရ (၂၄၇)မှ စစ်သားများဖြစ်ကြောင်း ဒေသခံများပြောသည်။

ယခုအချိန် အဆိုပါအမျိုးသမီးသည် ဂယောင်ချောက်ချား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပြီး ၄ ရက်ခန့် ဆေးကုသမှုခံယူနေကြောင်း နီးစပ်သော ဒေသခံများက KNG ကချင်သတင်းဌာနသို့ ပြောသည်။

Thursday, September 27, 2012

What is happening in Myanmar judicial system



Photo: မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးမှာ ရန်ကုန်မြို့တွင် ယိမ်းယိုင်နေပြီး မန္တလေးမြို့တွင် ပြိုကျသွားပြီဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင်က ပြောကြား......
Messenger News Journal

မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးမှာ ရန်ကုန်မြို့တွင် ယိမ်း ယိုင်နေပြီး မန္တလေးမြို့တွင် ပြိုကျ သွားပြီဟု တရားဥပဒေစိုးမိုးရေးနှ
င့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင် ဦးသိန်းညွန့်က ရန်ကုန်တိုင်းဒေသ ကြီး အရှေ့ပိုင်းခရိုင် တရားရုံးရှေ့ တွင သတင်းမီဒီယာများကို ပြော ကြားခဲ့သည်။
ပြည်သူ့လွှတ်တော် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီမှ ကော်မတီဝင် ၅ ဦးသည် တရားရေးအဖွဲ့အစည်း များမှ တရားဥပဒေနှင့်အညီ နေထိုင် ပြုမှု ဆောင်ရွက်ရေးအတွက် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်းနှင့် ထိန်းညှိ ကူညီခြင်းများ ပြုလုပ်ရန်အတွက် တရားရုံး သုံးရုံးသို့ သွားရောက်စဉ် အရှေ့ပိုင်းခရိုင် တရားရုံးရှေ့တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ကျွန်တော်ရဲ့ ကျန်သေးတဲ့ လွှတ်တော်သက်တမ်း သုံးနှစ်မှာ တရားရေး မဏ္ဍိုင်ကိုပြန်ပြီး တည့် မတ်ဖို့ ကျွန်တော်ကြိုးစားမယ်။ တိုင်း ပြည်မှာ တရားတာကို မတရားလုပ်ရင်၊ မတရားတာကို တရားအောင်လုပ် ရင် ဒီပြည်ပျက်မှာပဲ။ ဒါကျွန်တော် ပြောတာ မဟုတ်ပါဘူး။ တရားသူ ကြီးချုပ်ဖြစ်ခဲ့တဲ့ ဒေါက်တာဦးသိမ်း မောင်ပြောခဲ့တာ''ဟု ဦးသိန်းညွန့် က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် တရားရုံးသို့ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ လွှတ်တော်ကိုယ်စား လှယ်များ ရောက်ရှိချိန်တွင် ပြည်သူ့ အချို့ကလည်း တရားရေးနှင့် ဥပဒေ ရေးဘက်မှ ဝန်ထမ်းအချို့ လာဘ် ယူမှုများကို လူကိုယ်တိုင် တိုင်ကြား စာများ လာရောက် ပေးအပ်မှုများ ပြုလုပ်ခဲ့သည်။
တရားစီရင်ရေး နယ်ပယ်သို့ အုပ်ချုပ်ရေးနယ်ပယ်မှ ဆက်စပ်မှု များ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ ဦးသိန်းညွန့်က ''ဒီမိုကရေစီ ကူး ပြောင်းရေးကာလမှာ တချို့တော့ ရှိမှာပဲ။ အဲဒါကို ဥပဒေနဲ့အညီ လွတ် လပ်စွာ တရားစီရင်ရေး ဖြစ်လာ အောင် ကျွန်တော်တို့ အားပေးမယ်။ အုပ်ချုပ်ရေးအာဏာပိုင်ရဲ့ သြဇာနဲ့ ကင်းလွတ်ဖို့အတွက် ကျွန်တော်တို့ က ဥပဒေတွေ ပြဋ္ဌာန်းပေးရမယ်'' ဟု ပြောသည်။
တရားဥပဒေစိုးမိုးရးနှင့် တည် ငြိမ်အေးချမ်းရေးကော်မတီမှ လွှတ် တော်ကိုယ်စားလှယ် ၅ ဦးသည် တာမွေမြို့နယ်တရားရုံး၊ ရန်ကုန်မြို့ အရှေ့ပိုင်းခရိုင်တရားရုံးနှင့် ရန်ကုန် တိုင်းဒေသကြီးတရားရုံးတို့ကို သွား ရောက်လေ့လာခဲ့ကြောင်း သိရသည်။
 
















 
 








ဘာတွေဖြစ်ကုန်ပြီလဲ ..... )

မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးမှာ ရန်ကုန်မြို့တွင်
ယိမ်းယိုင်နေပြီး မန္တလေးမြို့တွင် ပြိုကျသွားပြီဟု
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး
ကော်မတီဝင်က ပြောကြား -

 

မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးမှာ ရန်ကုန်မြို့တွင် ယိမ်းယိုင်နေပြီး မန္တလေးမြို့တွင်
ပြိုကျသွားပြီဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင်က ပြောကြား......
Messenger News Journal

မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးမှာ ရ

န်ကုန်မြို့တွင် ယိမ်း ယိုင်နေပြီး မန္တလေးမြို့တွင် ပြိုကျ သွားပြီဟု တရားဥပဒေစိုး
မိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင် ဦးသိန်းညွန့်က ရန်ကုန်တိုင်းဒေသ ကြီး
အရှေ့ပိုင်းခရိုင် တရားရုံးရှေ့ တွင သတင်းမီဒီယာများကို ပြော ကြားခဲ့သည်။
ပြည်သူ့လွှတ်တော် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီမှ
ကော်မတီဝင် ၅ ဦးသည် တရားရေးအဖွဲ့အစည်း များမှ တရားဥပဒေနှင့်အညီ နေထိုင် ပြုမှု ဆောင်ရွက်ရေးအတွက် နှိုးဆော်ခြင်း၊
တိုက်တွန်းခြင်းနှင့် ထိန်းညှိ ကူညီခြင်းများ ပြုလုပ်ရန်အတွက် တရားရုံး
သုံးရုံးသို့ သွားရောက်စဉ် အရှေ့ပိုင်းခရိုင် တရားရုံးရှေ့တွင် အထက်ပါအတိုင်း
ပြောကြားခဲ့ခြင်း ဖြစ်သည်။''ကျွန်တော်ရဲ့ ကျန်သေးတဲ့ လွှတ်တော်သက်တမ်း သုံးနှစ်မှာ
တရားရေး မဏ္ဍိုင်ကိုပြန်ပြီး တည့် မတ်ဖို့ ကျွန်တော်ကြိုးစားမယ်။ တိုင်း ပြည်မှာ တရားတာကို မတရားလုပ်ရင်၊ မတရားတာကို တရားအောင်လုပ် ရင် ဒီပြည်ပျက်မှာပဲ။ ဒါကျွန်တော် ပြောတာ မဟုတ်ပါဘူး။ တရားသူ ကြီးချုပ်ဖြစ်ခဲ့တဲ့ ဒေါက်တာဦးသိမ်း မောင်ပြောခဲ့တာ''ဟု ဦးသိန်းညွန့် က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် တရားရုံးသို့ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ လွှတ်တော်ကိုယ်စား လှယ်များ ရောက်ရှိချိန်တွင်
ပြည်သူ့ အချို့ကလည်း တရားရေးနှင့် ဥပဒေ ရေးဘက်မှ ဝန်ထမ်းအချို့ လာဘ် ယူမှုများကို
လူကိုယ်တိုင် တိုင်ကြား စာများ လာရောက် ပေးအပ်မှုများ ပြုလုပ်ခဲ့သည်။
တရားစီရင်ရေး နယ်ပယ်သို့ အုပ်ချုပ်ရေးနယ်ပယ်မှ ဆက်စပ်မှု များ ရှိနေသည်ဟု
သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ ဦးသိန်းညွန့်က ''ဒီမိုကရေစီ ကူး
ပြောင်းရေးကာလမှာ တချို့တော့ ရှိမှာပဲ။ အဲဒါကို ဥပဒေနဲ့အညီ လွတ် လပ်စွာ တရားစီရင်ရေး ဖြစ်လာ အောင် ကျွန်တော်တို့ အားပေးမယ်။ အုပ်ချုပ်ရေးအာဏာပိုင်ရဲ့
သြဇာနဲ့ ကင်းလွတ်ဖို့အတွက် ကျွန်တော်တို့ က ဥပဒေတွေ ပြဋ္ဌာန်းပေးရမယ်''
ဟု ပြောသည်။တရားဥပဒေစိုးမိုးရးနှင့် တည် ငြိမ်အေးချမ်းရေးကော်မတီမှ
လွှတ် တော်ကိုယ်စားလှယ် ၅ ဦးသည် တာမွေမြို့နယ်တရားရုံး၊ ရန်ကုန်မြို့
အရှေ့ပိုင်းခရိုင်တရားရုံးနှင့် ရန်ကုန် တိုင်းဒေသကြီးတရားရုံးတို့ကို သွား ရောက်လေ့
လာခဲ့ကြောင်း သိရသည်။


What is happening in Myanmar judicial system

်ဲFight for citizne rights

Photo


န္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကံကြီးကုန်း+ဇီးအုပ်ကျေးရွာတွင် အခြေချနေထိုင်သူများ အား ပစ္စည်းထားစရာမပေး၊ လူနေစရာမပေးဘဲ အတင်းအဓမ္မပြောင်းရွှေ့ပြီး၊ ပြည်သူ့အိုးအိမ်စည်းစိမ်များကို အလုံးအရင်းနှင့် ဝင်ရောက်ဖျက်ဆီးသည့်ကိစ္စနှင့်ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ယနေ့ ၁၃၇၄-ခု တော်သလင်းလဆန်း(၉)ရက်၊ ၂၀၁၂-ခု၊ စက်တင်ဘာလ(၂၄)ရက် တနင်္လာနေ့တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၅၁-လမ်း၊ အေးသုခလမ်းနှင့် အေးမေတ္တာလမ်းကြား၊ စိတ္တသုခပတ္တမြားကျောင်း၌ ညနေ(၄း၃၀)နာရီတွင် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အခမ်းအနားမှူးအဖြစ် ဦးပဉ္ဇင်း ဦးတိလောကမှ ဆောင်ရွက်ပြီး အခမ်းအနားကို အစီးစဉ်(၈)ရပ်ဖြင့် ဆောင်ရွက်ကာ၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)နှင့် ဆရာတော် သံဃာတော်များ၊ လယ်မြေပိုင်ရှင်များ၊ ရွာသူ/သားများ၊ နိုင်ငံရေးပါတီများမှ ပါတီဝင်များ၊ သတင်းမီဒီယာသမားများ တက်ရောက်ကြရာ အင်အား ရာပေါင်းများစွာ ရှိကြောင်း သိရပါတယ်။
အဆိုပါ အခမ်းအနားတွင် ပုံစံတူ ဗီနိုင်း(၅)ချပ် ချိတ်ဆွဲခြင်း၊ နံရံကပ်ဆိုင်းဘုတ်များ ချိတ်ဆွဲခြင်း၊ စာတမ်းများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ခြင်းများဖြင့် စီကားသိုက်မြိုက်စွာ တက်ရောက်ကြကြောင်း၊ ဆိုင်းဘုတ်များတွင် ပြည်သူ့မျက်ရည်နှင့် ခြေမဆေးပါနှင့်၊ အာဏာရှင်စနစ်ကို ဆက်လက်ကျင့်မသုံးပါနဲ့၊ မင်းမဲ့စရိုက်မလုပ်ပါနှင့်၊ ကျုပ်တို့နေရာသည် ကျူးမြေများ မဟုတ်ကြပါ၊ စသည်တို့ ပါဝင်ကြောင်း သိရပါတယ်။
ကံကြီးကုန်း ဇီးအုပ်ကျေးရွာတွင် အတင်းအဓမ္မဖယ်ရှားခံရမည့် အကွက်များ ငါးထောင်ကျော်ရှိပြီး၊ တန်ဖိုးအနေဖြင့် ကျပ်ငွေ သန်းပေါင်းရှစ်ထောင်ကျော်ရှိကြောင်း သိရပါတယ်။ ၎င်းတို့ကို သြဂုတ်လ(၁၅)နေ့တွင် မြို့တော်စည်ပင်မှ ဖယ်ရှားပေးဖို့ အမိန့်ကြော်ငြာစာ ထုတ်ခဲ့ပြီး၊ စက်တင်ဘာလ (၁၄)ရက်နေ့တွင် မြို့တော် စည်ပင်ရုံးသို့ရွာသူရွာသားများကို ဖိတ်ခေါ်ပြီး စာရွက်ဗလာပေါ်တွင် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း၊ထိုလက်မှတ် များကို ကိုင်ထားပြီး ပြည်သူများကိုယ်တိုင် ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ကူညီရုပ်သိမ်းပေး ကြောင်း သတင်းထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။
အမှန်တကယ်တွင် ရွာသူရွာသားများက မလိမ့်တပတ်လုပ်ခဲ့ခြင်းဖြစ်ပြီး၊စက်တင်ဘာလ ၂၀ ရက်နေ့က မြို့တော်စည်ပင်မှအင်အားသုံး ပျက်ဆီးခဲ့ကြောင်း၊ရဟန်းသံဃာများနှင့် ကျောင်းသားခေါင်းဆောင်များက ၀ိုင်း ၀န်းတောင်းပန်မှ ရပ်တန့်သွားခြင်းဖြစ်ကြောင်း၊ ၄င်းနောက်စက်တင်ဘာလ (၂၂)ရက်နေ့၌ မြို့တော်ဝန် ဦးအောင်မောင်းကိုယ်တိုင် ကံကြီးကုန်းရွာ မကွေးကျောင်းသို့ရောက်လာပြီး မနက်ဖြန် (၂၃)ရက်နေ့ အပြီးရွှေ့ဖို့ အမိန့်ထုတ်ပြီး ကားဖြင့်ပြန်အထွက်တွင် ရွာသူရွာသားများက ကားကိုတားပြီး ငိုယိုတောင်းပန်ကြသောကြောင့် (၂)နာရီကျော် ပိတ်မိနေသော မြို့တော်ဝန်က (၇)ရက် အချိန်တိုးပေးခြင်းဖြစ်ကြောင်း သိရပါတယ်။
ယနေ့ကျင်းပသော လူသားချင်းစာနာထောက်ထားရေး ဆိုင်ရာ သတင်းစာရှင်းလင်းပွဲက ချမှတ်လိုက်သော ဆုံးဖြတ်ချက်(၃)ရပ်မှာ-
(၁) ပြင်ဆင်ချိန်ကာလ(၃)လတိုးမြင့်ပေးရန်။
(၂) တိုင်းဒေသကြီး အစိုးရအနေဖြင့် မြေယာရောင်းသူဝယ်သူများကို ခေါ်ယူညှိနှိုင်းပေးရန်။
(၃) နှစ်ပေါင်းများစွာ အခြေချနေထိုင်လာခဲ့သော မိဘပြည်သူများကို မနစ်နာအောင် စီမံပေးရန်တို့ ဖြစ်ပါသည်။
ဆုံးဖြတ်ချက်ဖတ်ကြားအပြီးမှာ အများပြည်သူတို့က သူတို့၏ ဒုက္ခအဝဝကို တင်ပြကာ နေစရာမပေးဘဲ ရွှေ့ခိုင်းရင် အသေခံပြီး တိုက်ပွဲဝင်သွားမည့်အကြောင်း သန္နိဋ္ဌာန်ချသွားခဲ့ပါသည်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ညနေ(၆)နာရီမှာ အပြီးသတ်သွားခဲ့ပါတယ်။
်


Fight for citizen rights

Against the project in Lapan Daung


Photo: လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မတရားသိမ်းပိုက်ခံလိုက်ရသည့် ဆည်တည်ကျေးရွာ ၀က်မှေးကျေးရွာစသည့် ကျေးရွာများမှ တောင်သူလယ်သမားများသည် ၂၆-၉-၂၀၁၂ ရက်နေ့တွင် ဆည်တည်ကျေးရွာဘက်ခြမ်းရှိ လက်ပံတောင်းတောင်ခြေအနီးရှိ နှမ်းခင်းအား ကြေးနီစီမံကိန်းမှ လူများ လာရောက်ကျူးကျော်ခြံခပ်နေခြင်းကို ၀ိုင်းဝန်းကန့်ကွက် တားဆီးနေကြစဉ်
၂၆-၉-၂၀၁၂ ရက်နေ့တွင် ဆည်တည်ကျေးရွာဘက်ခြမ်း လက်ပံတောင်းတောင်ခြေအနီးရှိ နှမ်းခင်းအား ကြေးနီစီမံကိန်းမှ လူများ လာရောက် ကျူးကျော်ခြံခတ်နေခြင်းကို ဆည်တည်ကျေးရွာ၊ ၀က်မှေးကျေးရွာများမှ တောင်သူလယ်သမားများ ၀ိုင်းဝန်းကန့်ကွက် တားဆီးရန်စုရုံးရောက်ရှိခဲ့ကြသည်။

Wednesday, September 26, 2012

အစိုးရ၏ ထိုးစစ်ကြောင The result of GOV military operation


ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံ၊ နမ်းတူ၊ နမ်းခမ်း၊ နမ်းဆန်း ဖက်၌ ပလောင်နှင့် ရှမ်းလူမျိုး ဒုက္ခသည်များ ထောင်ချီဖြစ်လာ နေပြီးဟု ကချင်/ရှမ်းဒေသ စစ်ပြေး ဒုက္ခသည်များ အတွက် တာဝန်ယူ ဆောင်ရွက်နေသည့် တာဝန်ခံ ဦးတွဲပီဆာက ဆိုပါသည်။

“မန်တုံမြို့နယ် ဆိုတာ ပလောင်ဒေသပေါ့။ တိုင်းရင်းသား ပေါင်းစုံ နေထိုင်တယ်။ ကချင်လဲပါတယ်။ အရင်တုန်းက ပလောင်ရဲ့ ဌာနချုပ်ပေါ့။ အရင်တုန်းကဆိုရင် (၅၀၀) ပတ်ဝန်းကျင် တော့ရှိတယ်။ အခုတော့ ထောင်ချီဖြစ်နေပြီးပေါ့ အသေအချာတော့ မသိရသေးဘူး” ဟု ဆိုပါသည်။

ဤဒေသသည် ကချင် လွတ်လပ်ရေး အဖွဲ့၏ တပ်မဟာ (၄) ဧရိယာ ဖြစ်သလို တအာင်း (ပလောင်) ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) ၏ ဒေသလည်း ဖြစ်ပါသည်။ ဤဒေသ၌ ပလောင် စစ်ပြေး ဒုက္ခသည် တထောင်ကျော် ရှိကြောင်း (PSLF) က ဆိုပါသည်။

ကချင်ပြည်နယ် ဗန်းမော် မြို့နယ်ရှိ ရွှေကျီးနား၊ တံခွန်တိုင်၊ ရိုးကြီးရွာမ၌ နေထိုင်သော ရှမ်းစစ်ပြေး များသည် ဗန်းမော်မြို့သို့ ထွက်ပြေး နေကြပြီး ဒုက္ခသည်ပေါင်း (၅၆၀၀) ကျော် ရှိသည်ဟု ဒေသခံများက ဆိုပါသည်။ အလားတူ မိုးမောက်မြို့နယ် ကောက်စခန်းရွာ နှင့် မံစီ မြို့နယ်မှ ထွက်ပြေးသော ရှမ်းစစ်ပြေး ဒုက္ခသည်များလည်း (၄၇၀၀) ကျော် ရှိကြောင်း ဆိုပါသည်။ ဤဒုက္ခသည်များသည် နယ်စပ်သို့ ထွက်ပြေးခြင်း မဟုတ်ဘဲ မြို့ပေါ်သို့ ရှောင်တိန်းကြခြင်း ဖြစ်ပါသည်။

ဗန်းမော်မြို့နယ်မှ စစ်ပြေး ရှမ်းဒုက္ခသည်များသည် ကချင်ပြည်နယ် မိုင်ဂျာယန်း ဖက်သို့လည်း ထွက်ပြေး တိန်းရှောင်ကြ ကြောင်း ဆိုပါသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ပြေး ဒုက္ခသည် များသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စပြီး KIA နှင့် PSLF အား စစ်ဆင်လိုက်သော အစိုးရ၏ ထိုးစစ်ကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။

“ တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာဒေသမှာ ဆက်နေဖို့ မသင့်တော့ဘူး ဆိုတာကို ကျနော်တို့ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးက သွားရောက် နှိုးဆော်တာတော့ ရှိပါတယ်။ ပြီးခဲ့တဲ့လက ပြောင်းရွေ့သွားတဲ့ ဒုက္ခသည်တွေက (၁၀၀၀) နဲ့ချီရှိ တယ်။ အဲဒီမှာ အမြဲနေထိုင်ဖို့ မဟုတ်ပါဘူး။ တိုက်ပွဲငယ်တွေကလည်း နေ့တိုင်း လိုလို ဖြစ်နေတာတော့ ရှိပါတယ်။ မန်တုံ နန်ခမ်း နမ်းဆန်း ဘက်မှာလေး” ဟုPSLF ဥက္ကဌ မိုင်းအိုက်ဖုန်းက ဆိုပါသည်။

ရှမ်းမြောက် ပန်ဆိုင်းတိုက်ပွဲတွငIn the battle of Pan San (Northern Burma)

kia-army-kyukok


 
 
ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မှ ၁ မိုင်အကွာရှိသည့် ဖိုင်ကောင်း (Hpai Kawng) ရွာဦးပိုင်းတွင် မြန်မာအစိုးရ လားရှိုးတပ် ခလရ (၆၉) တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အရပ်သားကာကွယ်ရေး တပ်ဖွဲ့ (MHH) တပ်ခွဲ(၅)တို့ ယမန်နေ့ စက်တင်ဘာ ၂၄ ရက်နေ့တွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားရာတွင် အစိုးရတပ်ဖက်မှ ဗိုလ်ကြီးတစ်ဦးအပါအ၀င် ၃ ဦးဒဏ်ရာရှိသွားခဲ့ကြောင်း သိရသည်။

နှစ်ဖက်တပ်မှ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ကြစဉ် KIA ဖက်မှ တိုက်ပွဲတွင် သယ်ယူပို့ဆောင်ပေးနေသော တပ်သား ၁ ဦး သတ်ခံရပြီး အစိုးရတပ်ဖက်မှ ၄ ဦးနှင့် ၁၀ ဦးကျော်ဒဏ်ရာ ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းမှ KIA အရာရှိများပြောသည်။

ကပ်နာ (Kapna) ရွာဟောင်းဖြစ်ပွားသော တိုက်ပွဲတွင် ထိုအစိုးရတပ်မျာသည် KIA ကို ပစ္စည်းများသယ်ပေးနေ သော အသက် ၁၅ နှစ်အရွယ် အမျိုးသားအား ဖမ်းဆီးလိုက်ပြီး မျက်စိ၊ နှာခေါင်း၊ ခေါင်း၊ ဂုတ်တွင် ဓါးဖြင့်ထိုးနှက် နှိပ်စက်၍ ပစ်သတ်ကာ အိမ်တအိမ်ရှေ့တွင် ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်း၏ရုပ်အလောင်းကို ယနေ့ နံနက်သွားယူချိန် ၎င်း၏ ဦးခေါင်းပိုင်းတွင် သွေးများယိုနေပြီး သေဆုံး နေကြောင်း ယနေ့ ညနေဘက်မှာ မြုပ်ခဲ့ကြောင်း ထိုအရာရှိ ဆက်ဆိုသည်။ အဆိုပါ ဒေသခံသည် အစိုးရနှင့်တိုက်ခိုက်မှုတွင် မပါဝင်သော်လည်း ပြည်သူ အရပ်သားကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅) များအား ဆိုင်ကယ်ဖြင့် လိုရာပစ္စည်းများ ဓာတ်ခဲ၊ အစားအစာများကိုသယ်ပို့ပေးနေသူဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများသည် နံနက်မှစ၍ ဂျန်းချန် (Jeng Shang)နှင့် တောင်ဝမ် (Dawng Waw) တွင်ဖြစ်ပြီး ညနေဘက် ကပ်နာ (Kapna) တွင်အပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းမှ KIA စစ်သားတစ်ဦးပြောသည်။

“မနက် ၁၀ ခွဲမှာ ၁ ကြိမ်၊ ၁ ခွဲမှာ ၁ ကြိမ်၊ ညနေ ၄ခွဲမှာ ၁ ကြိမ် ညမိုးချုပ်တဲ့အထိ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်ကြတယ်။”

မြန်မာအစိုးရတပ်များသည် ဒဏ်ရာရသူများကို ပန်ဆိုင်းနှင့် မူဆယ်ပြည်သူ့ဆေးရုံတွင် ပို့ထားပြီး သေဆုံးသူ ဗိုလ်ကြီးနှင့် တပ်သားများ၏ရုပ်အလောင်းများကို ကားဖြင့် ၎င်းသို့၏တပ်သို့သယ်သွားကြောင်းသိရသည်။

တိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ အရပ်သားကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ(၅) မှ သေဆုံးမှုမရှိသော်လည်း ၂ ဦး ဒဏ်ရာရရှိကြောင်းသိရသည်။ ထိုသူ ၂ ဦးကို တရုတ်ပြည်ဆေးရုံသို့ ပို့ထားကြောင်း အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

Bottom of Form
Bottom of Form

 BNI NEWS

ဆေးရုံသွားတိုင်း ရောဂါကူးInfected in hospital

Photo

ဆေးရုံသွားတိုင်း ရောဂါကူး


 


ဆေးရုံ၏ သန့်ရှင်းမှု၊ တည်ဆောက်ထားသည့်ပုံစံ၊ လေ၀င်လေထွက်စနစ်များ စသည့် အားနည်းချက်တို့က ဆေးရုံသို့ ရောက်ရှိလာသော လူနာများအား ဆေးရုံမှတစ်ဆင့် ရောဂါပိုးများ ပြန်လည်ကူးစက်နိုင်သည့် အခွင့်အလမ်းကို ဖြစ်ပေါ်စေကြောင်း ကျန်းမာရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောကြားသည်။

ဖွံ့ဖြိုးပြီးနိုင်ငံကြီးများရှိ ခေတ်မီဆေးရုံများတွင်ပင် ဆေးရုံများမှ ရောဂါပိုးများ လူနာများသို့ အနည်းနှင့်အများ ပြန်လည်ကူးစက်မှုရှိကြောင်း သိရပြီး ရောဂါထိန်းချုပ်နိုင်မှုစနစ် အားနည်းသည့် ဆေးရုံများတွင်မူ ရောဂါပိုးကူးစက်နိုင်မှု ရာခိုင်နှုန်းမှာ ပိုမိုမြင့်တက်သွားနိုင်သည်။

“မြန်မာပြည်မှာ တိကျတဲ့ လေ့လာမှု စုံစမ်းမှု မရှိတဲ့အတွက် ဘယ်လောက်ထိ ကူးစက်မှုဖြစ်ပေါ်နေတယ် ဆိုတာကို ဘယ်သူမှ မသိကြတာရယ်။ ဆေးရုံတွေကနေ ရောဂါပြန်ကူးနိုင်ကြတာရယ်ကို မသိကြတာဘဲရှိတယ်။ အခြေအနေတွေ အားလုံးက ကူးစက်ဖို့ အလွန်အားပေးနေတဲ့ အခြေအနေမှာ ရှိနေတယ်”ဟု အသည်းရောဂါ အထူးကုဆရာဝန် ပါမောက္ခခင်မောင်ဝင်းကပြောသည်။

ဆေးရုံများရှိ ဆရာဝန် ဆရာမများမှတစ်ဆင့်လည်းကောင်း၊ မသန့်ရှင်းသည့် ပစ္စည်းကိရိယာများ၊ လေ၀င်လေထွက်စနစ်များ အားနည်းခြင်းကြောင့် လေထဲမှတစ်ဆင့် ကူးစက်ခြင်းကြောင့်လည်းကောင်း၊ သွေးနှင့် သွေးပစ္စည်းများမှတစ်ဆင့်လည်းကောင်း Nosocomial infection ဟုခေါ်သည့် ပြင်းထန်လွန်းပြီး ဆေးမတိုးသည့် ဗိုင်းရပ်စ်များက ဆေးရုံတက်လူနာသို့ ကူးစက်ပျံ့နှံ့လေ့ရှိကြောင်း သိရသည်။

ဆေးရုံမှ ကူးစက်ပျံ့နှံ့သည့် ဗိုင်းရပ်စ်သည် ဆေးရုံအတွင်းရှိ ပိုးမွှားမျိုးစုံနှင့် ထိတွေ့နေသည့်အတွက် အရပ်ထဲတွင် ကူးစက်လေ့ရှိသည့် ဗိုင်းရပ်စ်ထက် ပြင်းထန်နိုင်ပြီး နောက်ဆုံးပေါ် ပိုးသတ်ဆေးများဖြင့် ကုသ၍လည်းမရသော ဆေးမတိုးသည့် ပြင်းထန်သော ဗိုင်းရပ်စ်ဖြစ်သည့်အတွက် အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

နိုင်ငံအချို့တွင် ဆေးရုံများမှ လူနာများသို့ ရောဂါပြန်လည် ကူးစက်မှုနှုန်း၊ ဆေးကုသမှုဆိုင်ရာ အမှားများ စသည်တို့ကို အမြဲမပြတ် စောင့်ကြည့်လေ့လာပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများကလည်း အရည်အသွေးပြည့်မီသည့် ဆေးရုံများအား ပြည်သူများ ရွေးချယ်နိုင်ရန် သတင်းအချက်အလက်များအား သက်ဆိုင်ရာ ၀က်ဘ်ဆိုက်များတွင် ဖော်ပြထားသည်များလည်းရှိကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုတွင် ဆေးရုံများမှ လူနာသို့ ရောဂါပိုးများ ကူးစက်မှုကြောင့် သေဆုံးနှုန်းသည် တစ်နှစ်လျှင် ခန့်မှန်းခြေ လူတစ်သိန်းခန့်အထိ ရှိနေပြီး ထိုသေဆုံးမှုသည် ယာဉ်မတော်တဆဖြစ်မှုများ၊ ရင်သားကင်ဆာရောဂါ၊ အေအိုင်ဒီအက်စ် ရောဂါများကြောင့် သေဆုံးမှုများထက် များပြားကြောင်း Katz Media Group ၏ အင်တာနက်စာမျက်နှာများတွင် ဖော်ပြထားသည်။

ဖွံ့ဖြိုးသည့်နိုင်ငံများတွင်မူ ရောဂါပိုးစစ်ဆေးကြည့်ခြင်းဖြင့် အခြေအနေအမျိုးမျိုးကြောင့် ဖြစ်ပွားလာသည့် ရောဂါပိုး၊ ဆေးရုံမှ ကူးစက်လာသည့် ရောဂါပိုးဟူ၍ ရှာဖွေသိရှိနိုင်သော်လည်း ပြည်တွင်းတွင် အကြောင်းအမျိုးမျိုးကြောင့် လူနာအသက်သေဆုံးသွားသော်လည်း မည်သည့်အကြောင်းကြောင့် သေဆုံးသည်ကို သိရှိနိုင်မှု အားနည်းချက်များ ရှိနေကြောင်း ဒေါက်တာခင်မောင်ဝင်းက ဆက်လက်ပြောသည်။

ထိုကူးစက်မှု၏ အကြောင်းများထဲတွင် တက်ရောက်ကုသနိုင်သည့် ဆေးရုံအခြေအနေနှင့် လူနာ မမျှတခြင်း၊ အများနေထိုင် စုပေါင်းဆေးကုသရခြင်းတို့ကြောင့် လုံလောက်သည့် သန့်ရှင်းမှုများလည်း အားနည်းခြင်းများ ပါဝင်သည်။ ရောဂါကူးစက်မှုအား ထိန်းချုပ်နိုင်ရန်အတွက် ဆေးရုံများကို သီးသန့်ဒီဇိုင်းများဖြင့် မဟုတ်ဘဲ ပုံမှန်ဆောက်လုပ်ရေးများမှ ဒီဇိုင်းများဖြင့် ဆေးရုံများ တည်ဆောက်နေခြင်းများကြောင့် ရောဂါပိုးများ ခိုအောင်းနေခြင်းများမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်ခြင်းများမှာလည်း အဓိက ပြဿနာများဖြစ်ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုကြသည်။

“ဆေးရုံတက်တာ တစ်ပတ်လောက် ကြာခဲ့တယ်။ ဆေးရုံမှာ အိမ်သာတို့ ဘာတို့ကတော့ လူအများသုံးတယ်ဆိုပေမယ့် အဆင်ပြေတယ်။ ဒါပေမဲ့ ဆေးရုံတွေက လူများတဲ့အခါ ခန်းမထဲမှာ အားလုံးစုနေရတော့ လူနာတွေရဲ့ ဆီးပိုက်တွေ၊ နှာခေါင်းပိုက်တွေက ရုန်းရင်းကန်ရင်းနဲ့ တချို့ ဖိတ်ကျတာတွေလည်း ရှိတယ်။ သန့်ရှင်းရေးကလည်း မနက်တိုင်း ဆရာဝန်တွေ round မလှည့်ခင် ပုံမှန်လာလုပ်လေ့ရှိပေမယ့် တခြားအချိန် အဲဒီလို လူနာတွေက ဖိတ်ကျတဲ့ အညစ်အကြေးကိုတော့ လာမရှင်းကြတာတွေလည်း ရှိတယ်။ လူနာရှင်တွေ ဘေးနားက လူနာစောင့်တွေက ရှင်းရင်ရှင်း၊ မရှင်းရင်တော့ နောက်နေ့မှ သန့်ရှင်းရေးတွေက ပြန်ရှင်းကြတယ်။ အဲဒါတွေကနေ ထွက်လာတဲ့ အနံ့တွေက တော်တော်ဆိုးတယ်”ဟု ဒေါ်ညိုညိုက သူကြုံတွေ့ခဲ့ပုံကို ပြောသည်။

ဆေးရုံအတွင်း ၀င်ရောက်လိုက်သည်နှင့် အချို့ဆေးရုံများတွင် ဆေးရုံနံ့ကို သိသိသာသာ ခံစားရပြီး ပိုးသတ်ဆေးများ အသုံးပြု၍ ပိုးသတ်ရာတွင် ကျွမ်းကျင်မှုမရှိသည့် သန့်ရှင်းရေးဝန်ထမ်းများ၏ အချိန်အဆ မမှန်ကန်မှုများကြောင့် ပြင်းပြင်းထန်ထန် အနံ့ထွက်ခြင်းများလည်း ရှိသည်။ ထိုအနံ့က ရင်ကျပ်ဝေဒနာ ခံစားနေရသူများအတွက် ရောဂါပိုမိုဆိုးရွားနိုင်ပြီး အဆုတ်နှင့်ဆိုင်သော ရောဂါများအထိ ဖြစ်ပွားလာစေနိုင်ကြောင်း အငြိမ်းစား အထူးကုဆရာဝန် ဒေါက်တာဒေါ်ခင်ဝင်းဝင်းမြင့်က ပြောသည်။

အချို့ဆေးရုံများတွင် ရောဂါပိုးများ မကူးစက်စေရန် ရောဂါပိုးမွှားဆိုင်ရာ ထိန်းချုပ်ပျံ့နှံ့မှုများအား စိစစ်သည့် ပညာရှင်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော ပိုးသတ်သည့် စံနှုန်းများ သတ်မှတ်ထားသော်လည်း ထိုစံနှုန်းများအား တိကျစွာလိုက်နာရန် ငွေကြေးကုန်ကျမှု များပြားပြီး ထိုကဲ့သို့ လိုက်နာမှုမရှိပါကလည်း ရောဂါပိုးများ ကူးစက်ပျံ့နှံ့မည်ဖြစ်ကြောင်း ဒေါက်တာခင်မောင်ဝင်းကပြောသည်။

၂၀၀၈ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတွင် ပြည်သူ့ဆေးရုံ ၈၄၆ ရုံရှိသည်ဟု ကျန်းမာရေးဆိုင်ရာ စာတမ်းအချို့၌ ဖော်ပြထားသည်။

စနစ်တကျ ပိုးသတ်ထားခြင်းမရှိသည့် ခုတင်များ၊ အိပ်ရာခင်းများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ လူအများနှင့် ဆက်စပ်အသုံးပြုသည့် မိုက်ခရိုစကုပ်များ၊ ပြဒါးတိုင်များ စသည်တို့မှ ရောဂါပိုးများ ကူးစက်နိုင်သကဲ့သို့ ဆရာဝန် ဆရာမများ ပုံမှန်အသုံးပြုသည့် ဂျူတီကုတ်များ၊ ခေါင်းစွပ်များအား ရက်ကြာသည်အထိ မလျှော်သည့် အခြေအနေများမှတစ်ဆင့် ရောဂါပိုးများ လူနာများထံသို့ ကူးစက်ခြင်း၊ အချို့ဆေးရုံများတွင်လည်း ကွန်ဒိုတိုက်ခန်းများအား ဆေးရုံအဖြစ် ပြောင်းလဲဖွင့်လှစ်ခြင်း၊ အချို့ဆေးရုံများတွင် တည်ဆောက်ထားမှုအရ လေ၀င်လေထွက် ရရှိမှု ခက်ခဲခြင်းများလည်း ကြုံတွေ့ရကြောင်း သိရသည်။

“ဆေးရုံတွေကနေ ရောဂါပိုးတွေ မကူးစက်နိုင်အောင် အမြဲစစ်ဆေးနေတဲ့ ပညာရှင်တွေလည်း ဆေးရုံတွေမှာရှိပါတယ်။ သူတို့က ခွဲစိတ်ခန်းဆိုရင်လည်း ခွဲစိတ်မှုတစ်ခုပြီးတာနဲ့ လုပ်ရမယ့် ပိုးသတ်မှုစံနှုန်းတွေနဲ့ နောက်ခွဲစိတ်တဲ့ လူနာကို ပိုးကူးမှုမရှိအောင် ပိုးသတ်တာမျိုးတွေနဲ့ ဆေးရုံတက်တဲ့ လူနာကို ဆေးရုံကနေ ရောဂါပိုးတွေ ပြန်မကူးအောင် လိုအပ်တဲ့ ပိုးသတ်မှုတွေကို လုပ်ပါတယ်”ဟု အဏုဇီဝဗေဒဌာန ပါမောက္ခတစ်ဦးကပြောသည်။

စနစ်နှင့်ငွေကြေး ချို့တဲ့ခြင်းများကြောင့် လက်ရှိ ဆေးရုံများ၏ သန့်ရှင်းရေးမှအစ အရာရာသည် ယခင်ဆေးရုံများ၏ အခြေအနေနှင့် ကွာခြားသွားပြီဟု ထင်မြင်မိကြောင်း အငြိမ်းစားယူထားသည်မှာ ၁၃ နှစ်ကြာပြီဖြစ်သည့် ဓာတ်ခွဲခန်းမှူးတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

“အရင်က ဆေးရုံက သန့်ရှင်းရေးဆိုရင် မနက်ငါးနာရီကတည်းက သန့်ရှင်းရေးက အားလုံးပြီးပြီ။ ကြမ်းတိုက်တာကအစ ရေမခြောက်ခင် ဆရာဝန်တွေတောင် ဖြတ်လျှောက်လို့မရဘူး။ ရေမခြောက်ခင် ဖြတ်လျှောက်သွားရင် ရေစွတ်စွတ်ကနေ ပိုးတွေ ထပ်ကူးနိုင်လို့။ ဆေးရုံဆိုတာကလည်း ပိုးသတ်ဆေးအနံ့တွေပဲရှိတာ။ အခုတော့ ဆေးရုံမှာ မကောင်းတဲ့ အနံ့တွေပါ ပါနေပြီ”ဟု ဒေါက်တာခင်မောင်ဝင်းကပြောသည်။

“တချို့ဌာနတွေမှာလည်း စိတ်ဝင်စားတဲ့ ပါမောက္ခဌာနမှူးက ရှိတာလေးနဲ့ ကြံဖန်အလှူခံပြီး သူ့ဝပ်ဒ်သန့်ရှင်းအောင် ဆေးကုသမှုတွေ အဆင်ပြေအောင် ကူညီဆောင်ရွက်တာတွေလည်း ရှိပါတယ်”ဟု ဒေါက်တာဒေါ်ခင်ဝင်းဝင်းမြင့်ကပြောသည်။

အနယ်နယ်အရပ်ရပ်တွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက် အများအပြား ကြုံတွေ့နေရပြီး တိကျသည့် လေ့လာမှုနှင့် စစ်ဆေးမှုများ မရှိခြင်းအတွက်ကြောင့်သာ ရောဂါကူးစက်မှုများ၊ လိုအပ်ချက်များကို မသိရှိကြသော်လည်း ပြုပြင်ပြောင်းလဲရန်မူ လိုအပ်လာပြီဖြစ်ကြောင်း ပညာရှင်များက ထောက်ပြကြသည်။ ဆေးရုံများမှ လူနာများသို့ ရောဂါပြန်လည် မကူးစက်နိုင်စေရန် ရောဂါပိုးများ ခိုအောင်းမှုအတွက်ပါ ထည့်သွင်းစဉ်းစား ဆောက်လုပ်သည့် အခြေခံအဆောက်အအုံ၊ ပစ္စည်းကိရိယာများ၏ သန့်ရှင်းမှု၊ ကူးစက်နိုင်သည့် ရောဂါပိုးရှိသည့် လူနာများအတွက် လေ၀င်လေထွက် ကောင်းမွန်ပြီး အလင်းရောင်ပါ ရနိုင်သည့်နေရာများ စသည့် လိုအပ်ချက်များကိုပါ ပြုပြင်ပြောင်းလဲရန် လိုအပ်ပြီး ထိုပြဿနာအတွက် သီးသန့်လေ့လာ သင်ကြားပေးသည့် ဘာသာရပ်များ၊ ပညာရှင်များပါ လိုအပ်နေပြီဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက အကြုံပြုကြသည်။

Bottom of Form
Bottom of Form

 

Tuesday, September 25, 2012

Daily Trouble of Myanmar Traffic Police


ယာဉ် ထိန်းတပ်ဖွဲ့ဝင်များ၏ဒုက္ခ


ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး အား မေးမြန်းစုံစမ်းကြည့်ရာအဆိုပါတပ် ဖွဲ့ဝင်မှ သူတို့နေ့စဉ်တာဝန်ထမ်းဆောင် နေရသည့် အခြေအနေနှင့် အခက်အခဲ များကို ပွင့်လင်းစွာရှင်းလင်းပြောပြသဖြင့် သိခွင့်ရခဲ့ပါသည်။ ဆောင်းပါးရေးသား သူစတုတ္ထမဏ္ဍိုင်နှင့်အခြားသူများ ပါသိ ရှိနိုင်ရန် အောက်ပါအတိုင်းဖော်ပြလိုက်ပါ သည်။
တိုင်း/ပြည်နယ်ဒေသကြီးအသီးသီး ၌ တာဝန်ထမ်းဆောင်လျက်ရှိသောယာဉ် ထိန်းတပ်ဖွဲ့ဝင်များအနေဖြင့် မီးပွိုင့်များ၊ လမ်းဆုံလမ်းခွများ၊ အ၀ိုင်းပတ်များ၊ တံတားများ၊ အရေးကြီးအဆောက်အဦ နေရာများ၊ ယာဉ်သွားယာဉ်လာရှုပ်ထွေး သည့်လမ်းမကြီးများစသည့်နေရာများ တွင် တာဝန်ထမ်းဆောင်ကြရပါသည်။ နေပြည်တော်ယာဉ်ထိန်းတပ်ဖွဲ့အနေဖြင့် ဥပမာပြရလျှင် ထိုတာဝန်ကျနေရာများ သို့နေ့စဉ်ဆိုင်ကယ်ဖြင့်သွားရောက်ကြရာ ၌ ခရီးအကွာအဝေးအလိုက်ဓာတ်ဆီ (၂) ပုလင်း (သို့မဟုတ်) (၃) ပုလင်းခန့်သုံးစွဲ ကြရပါသည်။ တပ်ဖွဲ့ဝင်တစ်ဦးလျှင်ပျှမ်း မျှ (၂) ပုလင်းသုံးစွဲပါက တပ်ဖွဲ့ဝင် (၁၅၀) ဦး အတွက်အဆိုပါပုလင်း (၃၀၀) စုစုပေါင်း ဂါလံ (၅၀) ခန့် အသုံးပြုရကြောင်း သိရှိ ရပါသည်။ ငွေကြေးတန်ဖိုးတွက်ချက် ကြည့်ပါက နေ့စဉ်ကျပ် (နှစ်သိန်း)ခန့် ကုန်ကျအသုံးပြုနေရပြီး တစ်လအတွက် ဆိုပါက ကျပ် (သိန်းခြောက်ဆယ်)ခန့် သုံးစွဲကုန်ကျလျက်ရှိပါသည်။ အဆိုပါ သုံးစွဲရသည့် စက်သုံးဆီတိုးငွေများအား မည်သူ့ထံကမှ ရရှိခြင်းမရှိဘဲ မိမိတို့ အစီ အစဉ်ဖြင့်သာ ၀ယ်ယူသုံးစွဲနေရကြောင်း သိရှိခဲ့ရပါသည်။ တိုင်းဒေသကြီး/ပြည် နယ်များရှိ တပ်ဖွဲ့ဝင်များသည်လည်း အလားတူပင်ဖြစ်ကြောင်း ရန်ကုန်ယာဉ် ထိန်းတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အလား တူပင်တာဝန်ကျရာနေရာများသို့ မိမိတို့ အစီအစဉ်ဖြင့် သွားရောက်ရပါသည်။ နေရေးတွင်လည်း ဌာန၏ နေအိမ်လိုင်း ခန်းများ လုံလောက်မှုမရှိသဖြင့် မိမိတို့၏ မိဘဆွေမျိုးများထံတွင် ကပ်နေရသူများ၊ အိမ်ငှားပြီးနေထိုင်ရသူများ၊ ယောက်္ခမ အိမ်ကပ်နေရသူများ အရေအတွက်မှာ ရှိရင်းတပ်ဖွဲ့ဝင်အင်အား၏ တစ်ဝက် ကျော်ခန့်ရှိနေပါသည်။ ၎င်းအခက်အခဲ များကို ကျွန်တော်တို့မည်သို့ ကုစားရ မလဲ။ အဲဒီအတွက် အခက်အခဲ စိန်ခေါ် မှုများကို ကျွန်တော်တို့ မည်သို့ ဖြေရှင်း ရမလဲ။ နိုင်ငံတော် အစိုးရသစ်တက်လာ ပြီး ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ လစာ အပြင် အပိုထောက်ပံ့မှု (၃၀၀၀၀ိ/-) ကျပ် တပ်ဖွဲ့ဝင် တစ်ဦးချင်းအတွက် တစ် ရက်စားစရိတ် (၅၀၀)ကျပ် ထောက်ပံ့ ပေးခဲ့ပါသည်။ သို့ရာတွင် ဇနီးနှင့်သား၊ သမီးများရှိနေပါသည်။ ကျွန်တော်တို့သာ တစ်ဦးတည်းဖြစ်ပါက ဖြေရှင်းကုစားနိုင် ပါကြောင်း၊ သားသမီးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် မိသားစု လူနေမှု ကုန်ကျ စရိတ်များအတွက် စတုတ္ထမဏ္ဍိုင်မှ စာရေးသူအနေဖြင့် ကျွန်တော်တို့နေရာ ၀င်ကြည့်စေလိုပါကြောင်း ပြောပြပါသည်။
ထို့ပြင် လုပ်ငန်းသဘာဝအရ တာဝန်ကျသည့် နေရာသို့ နံနက်စော စောသွားရောက်ရသည်ဖြစ် နံနက်အစာ ပြေစားခြင်း၊ နေ့လည်စာစားခြင်းတို့အား တာဝန်ကျသည့် နေရာတွင်ဖြစ်သလို၊ ကြုံသလို ၀ယ်ယူစားသောက်ရပါသည်။ ထိုစရိတ်စကများမှာလည်း နေ့စဉ် ကုန် ကျစရိတ်ဖြစ်ပြီး မည်သူကမှ လာမပေး ဘဲ မိမိတို့ဘာသာ မိမိတို့ဖြေရှင်းနေရ ကြောင်း သိရပါသည်။ တပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ရာတွင် လုပ်ငန်း သဘောသဘာဝအရ ဆိုင်ကယ်တစ်စီး မဖြစ်မနေလိုအပ်သဖြင့် မိမိတို့ အစီအစဉ် ဖြင့် ခြိုးခြံချွေတာပြီး ဆိုင်ကယ်ဝယ်ယူရ ပါသည်။ တာဝန်ထမ်းဆောင်ရင်း ဆိုင် ကယ်စက်ချို့ယွင်းမှုဖြစ်၍ ပြုပြင်ရာတွင် လည်း မိမိတို့ အစီအစဉ်ဖြင့်သာ ကျခံ သုံးစွဲရကြောင်း သိရပါသည်။
ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် နေ့ စဉ်နေ့တိုင်း နေပူထဲ မိုးရွာထဲ၌ လမ်းမ ကြီးများပေါ်တွင် တာဝန်ထမ်းဆောင်ရ ခြင်းဖြစ်၍ သတ်မှတ်ယူနီဖောင်းဝတ်စုံ အနည်းဆုံး (၄)စုံခန့် လိုအပ်မှုရှိပါသည်။ ၀တ်စုံများကောင်းမွန်ရမည်ဖြစ်ပြီး ဖိုင်ဘာ ဦးထုပ်၊ ခါးပတ်၊ လည်ရှည်ဖိနပ်ကြီး၊ ပိကက်ဦးထုပ်၊ ရောင်ပြန်ဝတ်စုံ၊ အချက် ပြမီးချောင်း၊ မိုးကာ၊ ကြူးနစ်ကုတ် ၀တ်စုံ စသည့် အသုံးအဆောင်ပစ္စည်းများကို လည်း မိမိတို့ဘသာ မိမိတို့ ၀ယ်ယူအသုံး ပြုကြရကြောင်း ပြောပြ၍ သိရှိရပါ သည်။ တာဝန်ထမ်းဆောင်ရာတွင် မရှိ မဖြစ်လိုအပ်သည့် လမ်းလျှောက်စကား ပြောစက်များကိုလည်း မိမိတို့ အစီအစဉ် ဖြင့် ကျခံဝယ်ယူသုံးစွဲရကြောင်း၊ မည်သူ ကမှ ပစ်္စည်းများ ထုတ်ပေးခြင်း၊ ထောက်ပံ့ ပေးခြင်းမရှိကြောင်းလည်း သိရှိရပါသည်။ မိမိတို့အား အထက်မှ တာဝန်ပေးအပ်ခြင်းသာရှိပြီး၊ တာဝန်ထမ်း ဆောင်နေစဉ်အတွင်း ကုန်ကျသော စရိတ်စကများကို မိမိတို့ဘသာ ကျခံ သုံးစွဲရကြောင်း ရှင်းလင်းပြောပြပါသည်။
ဆောင်းပါးရှင် စတုတ္ထမဏ္ဍိုင်မှ ရေး သားထားသကဲ့သို့ လမ်းပေါ်၌ ကားသမား များနှင့် ငွေယူပြုလုပ်သည့် ကိစ္စနှင့် ပတ် သက်၍ ပြောပြသည်မှာ ယာဉ်များ ရပ် တန့်စစ်ဆေးပြီး စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်ရာ၌ ယာဉ်မောင်းလိုင်စင်မပါ သူများ၊ ယာဉ်လိုင်စင် (၀ှီးတက်) မပါသူ များလိုင်စင်သက်တမ်းလွန်သူများ၊ လုပ်ငန်းလိုက်စင်မပါရှိသူများ၊ ၀န်ပိုတင် ဆောင်သူများ၊ လမ်းစည်းကမ်းမလိုက်နာ သူများ စသည့်ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းဖောက်ဖျက်ကျူးလွန်သူအချို့ သည် တရားရုံးသို့ မသွားလိုဘဲ ရှောင်လွှဲ လိုခြင်း၊ အချိန်ကြန့်ကြာမှုမခံလိုခြင်း၊ သတ်မှတ်ဒဏ်ငွေပေးဆောင်လိုမှုမရှိခြင်း တို့ကြောင့် တာဝန်ကျယာဉ်ထိန်းတပ်ဖွဲ့ ၀င်များထံ ချဉ်းကပ်အသုံးချ၍ ၎င်းတို့၏ လတ်တလော ပြဿနာများကို လမ်းပေါ် ၌ ဖြေရှင်းတတ်ကြပါသည်။ ဥပဒေ စည်း ကမ်းအရ တိတိကျကျ အရေးယူဆောင် ရွက်ပါကလည်း စိတ်ငြိုငြင်မှုများ ဖြစ် တတ်ကြပါသည်။ ယာဉ်ထိန်းတပ်ဖွဲ့ဝင် များမှာအဆိုပါ ကားသမားများပေးသည့် (၂၀၀ိ/-) ကျပ်၊ (၅၀၀ိ/-)ကျပ် (တစ်ခါ တစ်ရံအစုတ်များ) အားလက်ခံပြီးစည်း ကမ်းမလိုက်နာသူများ၏ အသုံးချခံများ ဖြစ်နေကြရပါသည်။ ယာဉ်ထိန်းတပ်ဖွဲ့ ၀င်များမှာ ပညာတတ်ဘွဲ့ရ၊ (၁၀)တန်း အောင်များဖြစ်ကြပြီး မည်သူကမှ ယာဉ်မောင်းများစွန့်ကြဲသည့် (၂၀၀ိ/-) ကျပ်တန်၊ (၅၀၀ိ/-)ကျပ်တန် အစုတ်များ ကို သူတောင်းစားကဲ့သို့ လက်ဖြန့်တောင်း ခံလိုခြင်း၊ ပစ်ချပေးသွားသည့်ငွေကို လိုက်လံကောက်ယူခြင်းများ မပြုလုပ်လို ကြပါ။ မိမိတို့၏ ဂုဏ်သိက္ခာအဆင့် အတန်းနှင့် သိက္ခာကျအရှက်ရစေမည့် အလုပ်မျိုးမည်သူတစ်ဦးတစ်ယောက်မှ မပြုလုပ်ချင်ကြပါ။ သို့ရာတွင် တာဝန် ထမ်းဆောင်ရင်း ကုန်ကျသည့် အုပ်ချုပ် ထောက်ပံ့မှု သုံးစွဲစရိတ်များ၊ အထွေထွေ ကုန်ကျစရိတ်များကို မိမိတို့ အစီအစဉ် ဖြင့်သာ ကျခံသုံးစွဲနေရသဖြင့် ထိုကဲ့သို့ ဖြစ်နေရကြောင်း ရှင်းပြ၍ သိရှိရပါသည်။ နေ့စဉ်တာဝန်ထမ်းဆောင်သွားလာလုပ် ကိုင်ရာ၌ ကုန်ကျသည့် စက်သုံးဆီ၊ ၀တ်စုံ နှင့် အခြားအသုံးအဆောင်ပစ်္စည်းများ အထွေထွေကုန်ကျစရိတ်များအား မည်သည့် ပြည်နယ်/တိုင်းအစိုးရအဖွဲ့က မှ ထောက်ပံ့ဖြေရှင်းပေးမှု မရှိခြင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှလည်း ဖြည့်ဆည်းပေးနိုင် မှု မရှိခြင်းတို့ကြောင့် မိမိတို့ အစီအစဉ် ဖြင့်သာ မိမိတို့ လုပ်ငန်းအဆင်ပြေ အောင် ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အုပ်ချုပ်မှုဆိုင်ရာ ကိစ်္စများဖြေရှင်း ဆောင်ရွက်ရန်ထက်ပိုမို၍ လောဘတက် ပြီး လုပ်ကိုင်သူများကို ရဲစည်းကမ်းဥပဒေ အရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားသည့်ဖြစ်စဉ် သာဓက များလည်းရှိကြောင်း ပြောပြ၍ သိရှိခဲ့ရပါ သည်။ အဆိုပါတပ်ဖွဲ့ဝင်မှ ဆက်လက် ပြောပြသည်မှာ လက်ရှိရသည့် လစာနှင့် နောက်ကွယ်မှ မိသားစုဇနီး သားသမီး များ၏ ပညာရေးစရိတ်၊ ကျန်းမာရေး စရိတ်၊ စားဝတ်နေရေးလောက်ငမှု မရှိ နိုင်ကြောင်း၊ အခြားသော ဌာနဆိုင်ရာ အောက်ခြေအဆင့်ဝန်ထမ်းများသည်လည်း ထိုကဲ့သို့ပင် ဖြစ်မည်ထင်ကြောင်း ရှင်းပြ ပါသည်။
ထို့ပြင် အဆိုပါယာဉ်ထိန်းတပ်ဖွဲ့ဝင် မှ အကြံပြုပြောပြသည်မှာ ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းဆောင် ရွက်၍ ဥပဒေနှင့်အညီ ရရှိသည့် တရားရုံး ဒဏ်ငွေ၊ စီမံခန့်ခွဲမှု ဒဏ်ငွေများမှ အချိုး ကျခွဲဝေပေးပြီး ကုန်ကျသည့် အသုံး စရိတ်များကို ကျခံသုံးစွဲစေမည်ဆိုပါက ပိုမိုသင့်တော်ကောင်းမွန်မည်ဖြစ်ကြောင်း မိမိတို့အနေဖြင့်လည်း တရားဝင်ရရှိလာ သည့် ဆုကြေး၊ ငွေကြေးတို့ကိုသာရယူ လိုပြီး ဂုဏ်သိက္ခာရှိရှိ နိုင်ငံတာဝန် ထမ်း ဆောင်လိုကြောင်း ရှင်းပြပါသည်။ အုပ်ချုပ်မှုဆိုင်ရာ ကုန်ကျစရိတ်များ ပြည့် စုံစွာ ဆောင်ရွက်ပေးခြင်း (သို့မဟုတ်) သတ်မှတ်ရာနှုန်း တစ်ခုထိ သတ်မှတ် ဆောင်ရွက်ပေးခြင်း ပြုမည်ဆိုပါက သင့် တော်ကောင်းမွန်မည်ဖြစ်ပြီး လမ်းပေါ်မှ မလိုလားအပ်သည့် ပြဿနာများ လျော့ နည်းပပျောက်စေမည်ဟု ထင်မြင်မိ ကြောင်း ပြောပြသဖြင့် သိရှိခဲ့ရပါသည်။
သို့ဖြစ်၍ စာရေးသူ ကျွန်တော့် အနေဖြင့် စိစစ်ဝေဖန်ဆန်းစစ်မိသည်မှာ စတုတ္ထမဏ္ဍိုင်များအနေဖြင့် တစ်ဦးတစ် ယောက်ကိုသော်လည်းကောင်း၊ အဖွဲ့ အစည်းများနှင့် ပတ်သက်၍သော်လည်း ကောင်း ရေးသားမည်ဆိုပါက ထဲထဲ ၀င်ဝင်၊ နှံ့နှံ့စပ်စပ်လေ့လာပြီးမှသာ ရေး သားပါက ပိုမိုသင့်တော်မည်ဟု ထင်မြင် မိပါသည်။ အကျိုးအကြောင်း၊ အဆိုး အကောင်း၊ ခြေခြေမြစ်မြစ်နှစ်နှစ်ကာကာ သေချာစွာ မသိဘဲ မိမိ၏ ရှုထောင့်အမြင် တစ်ခုတည်းဖြင့် ရေးသားဖော်ပြခြင်း သည် ရေးသားခံရသူနှင့် အဖွဲ့အစည်း တို့အား ထိခိုက်နစ်နာမှုများ ဖြစ်စေနိုင်ပါ သည်။ မလိုလားအပ်သည့် ဆိုးကျိုး အန္တရာယ်များရှိစေနိုင်ပါသည်။ ထို့ကြောင့် စတုတ္ထမဏ္ဍိုင်အနေဖြင့် နောင်တွင် ဖြစ်စဉ်အကြောင်းအရာတစ်ခုအား ရေး သားတင်ပြမည်ဆိုပါက သေချာစွာ စုံစမ်း လေ့လာပြီး နှစ်ဦးနှစ်ဖက် ညီညွတ်မျှတ စွာဖြင့် ရေးသားတင်ပြသင့်ပါကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၏ အတွင်းသိ ပြည်သူတစ်ဦးအနေဖြင့် ပြန်လည်ရေး သားလိုက်ရပါသည်။

ဦးမြင့်အောင်(နေပြည်တော်)

 HOT NEWS
Daily Trouble of Myanmar Traffic Police

Monday, September 24, 2012

Open letter to retired regime by student activist, Aung Htun


ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဥက္ကဋ္ဌ (ငြိမ်း) နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး တည်ဆောက်မှု အဖွဲ့၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနှင့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်၊ ဝန်ကြီးချုပ်(ငြိမ်း)တို့ နှစ်ဦးကို အကျဉ်းထောင်တွင်း ညှဉ်းပန်း နှိပ်စက်မှုများနှင့် ပတ်သက်၍ အသနားခံစာ(သို့) တောင်းပန်စာ ပေးပို့ပေးရန်
လက်တုံ့ပြန်မှု မဟုတ်သည့် အိတ်ဖွင့်ပေးစာ ဦးသန်းရွှေနှင့် ဦးခင်ညွှန့်ထံပေးပို့......

လက်တုံ့ပြန်မှု မဟုတ်သော်လည်း သဘောထားကြီးစွာ ပြန်လည် တောင်းပန်ရန် ယခင် နိုင်ငံတော် အကြီးအကဲ နှစ်ဦးထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ကို နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးအောင်ထွန်းက စက်တင်ဘာ ၂ဝ ရက်က ပေးပို့ခဲ့သည်။


 

 

ယခင်အစိုးရ လက်ထက်တွင် နိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ယူ ခဲ့ကြသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဥက္ကဋ္ဌ (ငြိမ်း) နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး တည်ဆောက်မှု အဖွဲ့၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနှင့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်၊ ဝန်ကြီးချုပ်(ငြိမ်း)တို့ နှစ်ဦးကို အကျဉ်းထောင် တွင်း ညှဉ်းပန်း နှိပ်စက်မှုများနှင့် ပတ်သက်၍ အသနားခံစာ(သို့) တောင်းပန်စာ ပေးပို့ပေးရန် ၂ဝ.၉.၂ဝ၁၂ နေ့စွဲဖြင့် အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။


အိတ်ဖွင့်ပေးစာ ပေးပို့သည့် ဦးအောင်ထွန်းမှာ ၁၉၉ဝ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၁၉၉၄ ခုနှစ်၊ စက်တင် ဘာ ၂၃ ရက်အထိ လည်းကောင်း၊ ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ ၂ဝဝ၉ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက် အထိလည်း ကောင်း၊ အင်းစိန်အကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင်၊ M17၊ ဗထလ စစ်ကြောရေး စခန်းများတွင် ၁၅ နှစ်ကျော်ကြာ ဖမ်းဆီး ချုပ်နှောင်ခံရစဉ် ညှဉ်းပန်း နှိပ်စက်မှုများစွာကို ခံခဲ့ရသူ ဖြစ်သည်။

အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းနှင့် ပတ်သက်၍ ဦးအောင်ထွန်းက ပြောကြားရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ နိုင်ငံတော် တာဝန်ကို ထမ်းဆောင်နေစဉ် ကာလအတွင်း နောက်ကြောင်းပြန် အရေးယူမှု မရှိစေရဟု ပါရှိသော်လည်း ICC (နိုင်ငံတကာ ရာဇဝတ်မှုတရား ရုံး)နှင့် ICJ(နိုင်ငံတကာ တရားမျှ တမှု ခုံရုံး)တို့တွင် တရားစွဲဆိုနိုင်ခွင့် မရှိစေရဟု မပါရှိသောကြောင့် ယခင် နိုင်ငံတော် အကြီးအကဲဟောင်း နှစ် ဦးကို မိမိထံသို့ တရားဝင် အသနားခံစာ (သို့) တောင်းပန် စာ ပေးပို့ရန် ယင်းတို့နှစ်ဦးထံ အိတ်ဖွင့်ပေး စာ ပေးပို့ထားကြောင်း၊ သတ်မှတ် ထားသည့် အချိန် အကန့်အသတ် ကို ကျော်လွန်ပါက အဆင့်ဆင့် လုပ်ဆောင်မှုများဖြင့် တရားစွဲဆိုရန် အဆင့်ထိ စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေး အကျဉ်းသား အများအပြား ရှိနေသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ယခင်အကြီးအကဲများထံ အိတ် ဖွင့်ပေး စာ ပေးပို့ခြင်း နှင့် ပတ်သက်၍ ယင်းကပြောကြားရာတွင် မိမိကဲ့သို့ မည်သူမဆို လွတ်လပ်စွာ လုပ်ဆောင်ပိုင်ခွင့် ရှိကြောင်းနှင့် အကျဉ်းထောင်အတွင်း ညှင်းပန်း နှိပ်စက်မှုများမှာ ယခင်အကြီးအကဲ များတွင် တာဝန်ရှိကြောင်း ပြောကြား ခဲ့သည်။


ဦးအောင်ထွန်းသည် ၁၉၉ဝ ခုနှစ် ဗကသ အတွင်းရေးမှူး တာဝန် ထမ်းဆောင်စဉ် အထိန်းသိမ်းခံခဲ့ရပြီး မြန် မာနိုင် ငံ ကျောင်းသားများ လှုပ်ရှားမှု သမိုင်းစာအုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ လက်ရှိကာလတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်လျက် ရှိသည်။


မြန်မာအင်ဒီပဲဒန့်ဂျာနယ်

 

cracking lines in USDP


·         စက်တင်ဘာ ၉ ရက်က ညောင်တုန်းမြို့နယ် ညောင်တုန်းရိပ်သာတွင် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကို ပြောဆိုဖိအားပေးခဲ့ခြင်းအပေါ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က မိမိနှင့် တိုင်းဒေသကြီးလွှတ်တော်တို့ သိရှိခြင်းမသိရှိဘဲ လုပ်သည့်အတွက် အပြင်းအထန် ကန့်ကွက်ကြောင်း ယနေ့ပြောကြားသည်။

ယနေ့ ပုသိမ်တွင် ပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အထူးကိစ္စရပ်များဆိုင်ရာ အစည်းအဝေးတွင် ပြောခြင်းဖြစ်သည်။

"ဥက္ကဋ္ဌကို အသိမပေးဘဲ ကိုယ်စားလှယ်များအား ပြောဆိုဖိအားပေးခြင်းသည် လွှတ်တော်ကို စော်ကားခြင်းဖြစ်ကြောင်း၊ ကန့်ကွက်ကြောင်း နောင် ယခုလိုမျိုးပြုလုပ်လျှင် ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကပြောသည်။

၎င်းအနေဖြင့် ပြည်ခိုင်ဖြိုးပါတီကို ပြည်သူ့ပါတီဖြစ်စေချင်သော်လည်း ဦးဌေးဦးက တိုင်းပါတီရုံးတွင် မေလ ၈ ရက်က ပြည်သူကို အလိုလိုက်ရန် မလိုကြောင်း၊ ပါတီဝင်များအတွက်သာ ဆောင်ရွက်ရန်လိုကြောင်း ပြောဆိုခဲ့သည်ဟု ဦးဆန်းဆင့်က ဆက်လက်ပြောကြားသည်။
BDN

88 Generation Students hold press conference in Yangoon


w751a1·         ဒီမိုကရေစီဖော်ဆောင်ရေးကာလတွင် အုပ်ချုပ်ရေးအဖွဲ့ များ သွေး လန့်သွားမည့် အပြုအမူများကို ထိန်းထိန်းသိမ်း သိမ်း ဆောင်ရွက် သင့်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ယနေ့ ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေးခရီးစဉ် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

ဒီမိုကရေစီအလေ့အကျင့်များကို အစိုးရက ယခုမှ စတင် အကောင် အထည်ဖော် ကျင့်သုံးနေသဖြင့် အဖွဲ့အစည်း အသီးသီးနှင့် ပြည် သူ လူထုတို့အနေဖြင့် စိတ်ရှည်သည်းခံသင့်ကြောင်း ဆက်လက်ပြောကြား သည်။

"ဒီမိုကရေစီဖော်ဆောင်ရေးမှာ အစိုးရပိုင်းကလည်း နားလည်ဖို့လိုတယ်။ စာအုပ်ကြီးတိုင်း ကိုင်ပေါက်နေတာမျိုး မလုပ်သင့်ဘူး"ဟု ကိုမင်းကိုနိုင် ကပြောသည်။


၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းခရီးစဉ်များ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့က ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားများ သွားရောက်ခဲ့သော ခရီးစဉ်များဖြစ်သည့် မုံရွာလက်ပံတောင်းတောင် ခရီးစဉ်၊ ကချင်ပြည်နယ် ဖားကန့်ခရီးစဉ် စသည့်ခရီးစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ပံတောင်းတောင် ကိစ္စနှင့် ပတ်သက်၍ သွားရောက်ခဲ့သူ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုဂျင်မီက "လက်ပံတောင်းတောင် အပါအ၀င် ချင်းတွင်းမြစ် ဒေသတစ်လျှောက်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုက အတော်လေး အားနည်းနေတာကို တွေ့ခဲ့ရတယ်။ လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့စီစဉ်ထားတာ တစ်ခုရှိပါတယ်။ လက်ပံတောင်းတောင်နဲ့ ချင်းတွင်းသဘာဝကို ကာကွယ်နိုင်အောင် ကျွန်တော်တို့က ပညာရှင်တွေပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခု လုပ်ဖို့ရှိပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ကုမ္ပဏီက တာဝန်ရှိသူတွေ၊ ကိုယ်တွေ့ကြုံနေရတဲ့ ရွာသူရွာသားတွေရဲ့ကိုယ်စား ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီး သူတို့ရဲ့အသံတွေကို ကြားနိုင်အောင် ပြုလုပ်သွားမှာပါ။ အသေးစိတ်ကိုတော့ မစီစဉ်ရသေးပါဘူး။ နောက်ထပ် မန္တလေးမြို့နဲ့ မုံရွာမြို့တွေမှာပါ ထပ်လုပ်နိုင်ဖို့ ကြိုးစားသွားမှာပါ" ဟု ၎င်း၏အတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့သည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍၊ ဒေသခံ ပြည်သူများနှင့် ပတ်သက်၍ သတိကြီးကြီးထားပြီး အကောင်းဆုံး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်ခရီးစဉ်နှင့် ပတ်သက်ပြီး "ဖားကန့်ဒေသဟာ ပေးဆပ်ခဲ့ရတာနဲ့ မတန်အောင် လမ်းတွေက ဆိုးရွားလွန်းပါတယ်။ အန္တရာယ်များတဲ့ လမ်းတွေကြားထဲမှာ သွားလာနေထိုင် နေကြရပါတယ်။ ကျွန်တော်တို့ အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေ၊ စစ်ဘေးဒဏ်သင့်နေရတဲ့ ပြည်သူတွေအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို လက်မှတ်ရေးထိုး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဒေသမှာရှိတဲ့ သူတွေဟာ ငြိမ်းချမ်းရေးနဲ့ စစ်မက်ဘေးနှစ်ခုကို နှိုင်းယှဉ်ရွေးချယ်တဲ့ နေရာမှာ သူတို့ပါဝင်ခဲ့ကြတယ်။ နောင်လာမယ့် ကာလတွေမှာလည်း နှစ်ရှည်လများ အဖြေရှာမရဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေကြားမှာ တတ်နိုင်သမျှ အဖြေရှာနိုင်ဖို့ ပါဝင်သွားဖို့ရှိပါတယ်" ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားခဲ့ပါသည်။

ဖားကန့်ဒေသ ငြိမ်းချမ်းရေးနှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ပြည်သူများ၏ မေတ္တာရပ်ခံချက်တွင် ဖားကန့်ဒေသတွင် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခသည် တစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ပဋိပက္ခအတွင်းတွင် အစိုးရတပ်မတော်သားများ၊ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့များအပြင် ဒေသခံပြည်သူများ၏ ထိခိုက်ဒဏ်ရာရမှု၊ အသက်ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်နေကြောင်း၊ စစ်ဘေးဒုက္ခကြောင့် ဒုက္ခသည်စခန်း အသီးသီးတွင် နေထိုင်နေရသော စစ်ဘေးဒုက္ခသည် ပြည်သူ (၉၀၀၀) ရှိနေပြီဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်ဖြေရှင်းမှု၊ စစ်ပွဲများအစား တွေ့ဆုံညှိနှိုင်း ဖြေရှင်းခြင်းသည်သာ ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် စစ်မှန်သော အဖြေရှာခြင်းသာ ဖြစ်ကြောင်း၊ နှစ်ဖက်သော တာဝန်ရှိသူများ အနေဖြင့် အမြန်ဆုံး အပစ်အခတ် ရပ်စဲပေးရန်၊ လမ်းပန်းဆက်သွယ်မှုများ ပြန်လည်ဖွင့်ပေးရန်၊ ဒေသခံပြည်သူတို့၏ လုံခြုံရေးကို ဖြည့်ဆည်းပေးရန်နှင့် ဖားကန့်ဒေသနှင့် ကချင်ပြည်နယ်တွင် အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံအပ်ပါကြောင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။
press conference in Yangoon

 

Lapandaung Mountain project needs to be stopped


ကြေးနီသတ္တုစီမံကိန်းရပ်ဆိုင်းရေးဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတထံ မြန်မာအစိမ်းရောင်ကွန်ရက်အကြံပြုတင်ပြ

Filed under Home, သတင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီသတ္ထု စီမံကိန်းကြောင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်ပျက်စီးမှုများရှိလာနိုင် သဖြင့် အဆိုပါစီမံကိန်းရပ်တန့် သွားစေရန်အတွက် နိုင်ငံတော် သမ္မတကြီးက ကူညီဆောင်ရွက် ပေးပါရန် မြန်မာအစိမ်းရောင် ကွန်ရက် (Myanmar Green Network)၏ ပညာရှင်များအကြံ ပေးပုဂ်္ဂိုလ်များအပါအ၀င်ဒေသခံ အဖွဲ့အစည်းများ မီဒီယာအဖွဲ့ဝင် များအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေ ခံဥပဒေအပိုင်း (၈)၊ ပုဒ်မ (၃၉၀) နှင့် အညီအကြံပြုတင်ပြထား ကြောင်း သိရသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပိုင်း (၈)၊ ပုဒ်မ (၃၉၀) အရ နိုင်ငံသားတိုင်းသည် (က) အမျိုးသားယဉ်ကျေးမှု အမွေအနှစ် ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ (ခ) သဘာဝပတ်ဝန်းကျင်ကို ထိန်း သိမ်းစောင့်ရှောက်ခြင်း၊ (ဂ) လူ့ စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန် ကြိုးပမ်းခြင်း၊ (ဃ) အများပြည်သူပိုင်ပစ်္စည်းများ ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ကိစ္စရပ်များတွင် နိုင်ငံတော်အား ကူညီရန်တာဝန်ရှိသည်ဟု ပြဋ္ဌာန်း ဖော်ပြထားရာ လက်ရှိဆောင်ရွက် နေသည့် လက်ပံတောင်းတောင် ကြေးနီသတ္ထုစီမံကိန်းသည် အဆိုပါ အချက်များနှင့် ဆန့်ကျင်နေသဖြင့် စီမံကိန်းရပ်တန့်သွားအောင်ကူညီ ဆောင်ရွက်ပေးရန် နိုင်ငံတော် သမ္မတထံ အကြံပြုတင်ပြရခြင်း ဖြစ်ကြောင်း သိရသည်။
တရုတ်မြန်မာချစ်ကြည်ရေး အစီအစဉ်အရ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် Myanmar Wanbao Copper Ltd; တို့ အကျိုး တူပူးပေါင်းဆောင်ရွက်သည့် လက်ပံတောင်းတောင်ကြေးနီသတ္ထု စီမံကိန်းကို လက်ပံတောင်းတောင် ၀န်းကျင်ရှိ မြေဧရိယာ ဧက (၇၈၆၈.၇၈) တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာမ စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင်အဆိုပါစီမံကိန်း အား ဒေသခံပြည်သူများက ကန့်ကွက်ဆန္ဒပြုမှုများ ပေါ်ပေါက် လျက်ရှိပြီး သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများအကြားတွင် တင်းမာ မှုများ ပေါ်ပေါက်လျက်ရှိသည်။
မြန်မာ့အစိမ်းရောင်ကွန်ရက် ၏ အကြံပြုတင်ပြစာတွင် သတ္တု တွင်းလုပ်ငန်းခွင်မှထက်ရှိသည့် စွန့်ပစ်မြေများကို လယ်ယာမြေ များအတွင်းသို့စွန့်ပစ်ခြင်း၊ စွန့်ပစ် မြေများကြောင့် မြေအောက်ရေ များအဆိပ်သင့်ခြင်း၊ လယ်ယာမြေ များပျက်စီးဆုံးရှုံးမှုကြောင့် ယခင် ကဲ့သို့စိုက်ပျိုးလုပ်ကိုင်နိုင်မှုမရှိခြင်း ဒေသတွင်းရှိပြည်သူများ၏ ကျန်းမာရေးထိခိုက်မှုရှိလာနိုင်ခြင်း ကိစ်္စများကို အဓိက ဖော်ပြထား ပြီး တင်ပြစာမိတ္တူကို ဒေါ်အောင် ဆန်းစုကြည်၊ ဥက္ကဋ္ဌ (တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ)၊ ဦးတင်ထွဋ်၊ ဥက္ကဋ္ဌ (လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်) ၈၈ မျိုးဆက်ကျောင်းသားများ (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း)၊ ၀န်ကြီးချုပ် (စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မုံရွာ)၊ ပြည်ထောင်စုဝန်ကြီး (သတ္တုတွင်း ၀န်ကြီးဌာန)၊ ဦးလွန်းသီ ဥက္ကဋ္ဌ၊ (သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဆိုင်ရာကော် မတီ)၊ ဦးဌေးဦး၊ ဥက္ကဋ္ဌ၊ (နိုင်ငံ သားများ၏ မူလအခွင့်အရး၊ ဒီမို ကရေစီနှင့် လူ့အခွင့်အရေးကော် မတီ)၊ ဒါရိုက်တာအဖွဲ့ (မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက်)တို့ထံပေးပို့ ထားသည်။
လက်ပံတောင်းတောင်ကြေးနီ သတ္တုစီမံကိန်းနှင့် နီးစပ်သော ကံကုန်းကျေးရွာ၏ သောက်သုံး ရေတွင်းများအတွင်း ဓာတုဗေဒ ဓာတ်သတ္တုများပြားလာ၍ ကျန်းမာရေးထိခိုက်မည့်အန္တရာယ် များဖြစ်ပေါ်နေပြီး သန့်စင်သော သောက်သုံးရေရရှိရေးအတွက် အက်ဆစ်စက်ရုံရေသန့်စင်၊ ကြေးနီမိုင်းရေသန့်စင်များသို့သွား ရောက်ခပ်ယူ၍ သောက်သုံးနေရ သည့်အခြေအနေများလည်း ကြုံ တွေ့နေရသဖြင့် ကံကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး အပါအ၀င်ရပ်မိ ရပ်ဖများက စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံသို့ သန့်စင်သောသောက်သုံးရေရရှိ ရေးကူညီဆောင်ရွက်ပေးရန်လည်း အသနားခံတင်ပြထားကြောင်း သိရသည်။

ခေတ်သစ်ကျောဇွ

 Hot News

Friday, September 21, 2012

Let you may take recount againစဉ်းစားစေချင်တယ် ဒေါက်တာ နိုင်အောင် ( ABSDF ဥက္ကဌဟောင်း)




စဉ်းစားစေချင်တယ် ဒေါက်တာ နိုင်အောင် ( ABSDF ဥက္ကဌဟောင်း)

 



အောင်ဆွေဦး ။ အောင်ကြီး ။ သံချောင်း ။ ဒေါက်တာနိုင်အောင် ။ ရော်နယ်အောင်နိုင် ။ အောင်သန်း ခေါ် ဘဂျမ်း ။ နေဒွန်း ။ သိုက်ထွန်းဦး ။ ABSDF - NB မြောက်ပိုင်းကျောင်းသားတပ်မတော် ။ ပါဂျောင်ဒေသ ။ လိုင်စင်စခန်း ။ ၁၉၉၂ ခုနှစ် ။


ကိုနိုင်အောင်ရဲ့  သြဂုတ်လ ၁၉၉၁ ခုနှစ်မှ မေလ ၁၉၉၂ ခုနှစ် အထိ ABSDF-NB မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု့များ ၊ကျောင်းသားအချင်းချင်း ရက်စက်စွာ ခေါင်းဖြတ် သတ်မှု့များကို ခပ်ပေါ့ပေါ့ ခပ်ပါးပါးလွှာလွှာလေးရှင်းပြသုံးသပ်ပြီး အနူးအညွတ်တောင်းပန် အပ်ပါသည် ဆိုတာကိုဖတ်မိပြီး ရသမျိုးစုံ ခံစားလိုက်ရပါတယ်။

ဟာသရသတပုဒ်ဖတ်လိုက်ရသလို အော်ဟစ်ပြီးရီလိုက်ရမှာလား ၊ ဒေါသဘဲထွက် လိုက်ရမှာလား ၊ ဒါမှမဟုတ် ကျေးဇူးရှင် ကြီးရှင့် ဆိုပြီးထိုင်ကန်တော့လိုက်ရမှာလား .. တပြိုင်နက် ခံစားမှု့ပေးနိုင်တဲ့ ဖြေရှင်းချက်ကိုဖတ်လိုက်ရပါတယ်။ တော်ပါပေတယ် ဒေါက်တာနိုင်အောင်ရယ် ၊ ဘယ်အချက်ကနေ စပြီးပြောရရင်ကောင်းမလဲ ။ နှစ်ပေါင်း ၂၀ ဆိုတော့ပြောစရာတွေ မေးစရာတွေများလှပေါ့ ။ " ဖမ်းဆီးစစ်ဆေးခံရမှု့များ၌ လူသားဆန်မှု့ ကင်းမဲ့စေသည့်လူ့အခွင့်အရေး ချိုးဖေါက်မှု့များရှိမရှိ " ဆိုတဲ့အချက်ကို စပြီး မေးခြင်ပါတယ် ။

(၁) ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ပြည်ထောင်စုနေ့မှာ ကျောင်းသား ၁၅ ဦးကို ရက်စက်စွာခေါင်းဖြတ်သတ်တယ် ။ မခင်ချိုဦးကို မသတ်ခင်အဝတ်အစားချွတ်ပြစ်ပြီးမှ သတ်တာဖြစ်တယ် ။

(၂) အသတ်မခံရဘဲ ကျန်ရှိနေတဲ့ ကျောင်းသား တွေမှာ နည်းမျိုးစုံနဲ့ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေ ၊ ကျမ ကိုယ်တိုင်မှာတောင်လက်ကို ဒါးနဲ့ လှီးတဲ့ဒဏ်ရာ ၊ နှစ် ၂၀ ဆိုပေမဲ့ကျန် ရှိ နေပါသေးတယ် ။
( အဖမ်းမခံရတဲ့ မျက်မြင်သက်သေ တွေနဲ့ အဲ့ဒီ ၂ ချက် လေးနဲ့တင် လူ့အခွင့်အရေး ချိုးဖေါက် မှု့ အထမြောက်မမြောက် )အကုန်ရေးပြနေရင် ပြီးနိုင်မှာမဟုတ်လို့ပါ ။

လွန်ခဲ့တဲ့ ၂၀ နှစ်က ABSDF-NB တာဝန်ရှိခေါင်းဆောင်ပိုင်းမှ ကျောင်းသား ၈၀၀ မှာထောက်လှမ်းရေး ၈၀ ဖမ်း ခဲ့ပြီး ၁၅ ဦး ကိုသတ်ခဲ့တယ်လို့ ယိုးဒယားသတင်းထောက်ယင်ဒီး ကို ပြောခဲ့ပါတယ် ။ ထိုအချိန်က ကျောင်းသားအင်အား ၄၀၀ ပတ်ဝန်းကျင်သာရှိခဲ့တယ်။ သိသလောက် ပြောရရင်

စုစုပေါင်း ရက်ရက်စက်စက် ခုတ်သတ်တာ ၁၈ ဦး ။

လူမဆန်တဲ့ ညှင်းပမ်း နှိပ်စက်မှု့ဒဏ်တွေနဲ့ ကျဆုံးခဲ့တာ ၁၄ ဦး ။

မျိုးဝင်းသဘောနဲ့ ထောင်က လွှတ်ပေးလိုက်တာ ၂ ဦး ။

စစ်ကြောရေး ကာလမှာ ထွက်ပြေးလွတ်မြောက် သွားတာ စုစုပေါင်း ၄ ဦး ။

မိဘတွေ တောထဲလာပြီး ငိုပြီး တောင်းပန်ကြလို့ လွတ်ခဲ့တာ ၇ ဦး ။

ထောင်ဖောက် ထွက်ပြေး လွတ်မြောက် ခဲ့တာ ၅၅ ဦး ၊ နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် လမ်းမှာ ၁ ဦး သေခဲ့တယ် ။

ဆိုတော့စုစုပေါင်း ဖမ်းတာ ၁၀၀ ဦး ရှိတယ် ။

( လိုအပ်တဲ့ စာရင်းရှိရင် message မှာထားခဲ့ပါ ၊ ဒီစာရင်းဟာ ဒီအမှု့ တခုထဲရဲ့ စာရင်း ပါ ၊ မြတ်ကိုကို တို့ လွှမ်းမိုးတို့မပါသေးပါ ။ )

ကမ္ဘာ ကိုပထမ ဆုံး တင်ပြခဲ့တဲ့ Nation သတင်းစာမှာ ၁၅ ဦး ဘဲ သေဆုံးစာရင်း ပါတော့ ကျန်တဲ့ စစ်မှန်တဲ့ ကျောင်းသားသ မိုင်း ရိုက်ချိုး အသတ်ခံခဲ့ရတဲ့ ၁၈ ဦး က စာရင်းပျောက် အင်းပျောက် အလုပ်ခံ လိုက်ရပါလား ။ ဆိုတော့ ဒီလို လိမ်ညာပြီး လိုတိုး ပိုလျှော့ မမှန်ကန်တဲ့ သေဆုံးစာရင်း တွေ ဖမ်းဆီးတဲ့ စာရင်းလိမ် တွေကိုကော ဘယ်လိုကုလားဖန်ထိုး ဆင်ခြေပေးကြမလဲ ။ မြောက်ပိုင်း ကိစ္စသတ် ဖြတ်မှုတွေကို ထောက်ခံတာဝန် ယူ လက်မှတ်ထိုး ခဲ့တဲ့ ABSDF ဥက္ကဌ ဟောင်း မို့လို့မေးလိုက်တာပါ ။


ကိုနိုင်အောင်ရဲ့ရှင်းလင်းချက်မှာဦးစိုင်းထွန်း၏ မေတ္တာရပ်ခံချက်အရ၄င်း၏တူမဖြစ်သူနန်းအောင်ထွေးကြည်ကိုပြန်လွှတ်ပေးခဲ့ပြီး၎င်းနှင့်အတူတပါတည်းထည့်ပေးလိုက်ရန် မြောက်ပိုင်းဗဟိုနှင့် ညှိနှိုင်းခဲ့ပါသည် " ဆိုတဲ့အချက်မှာ ..

ကိုနိုင်အောင်ရေ .. အသားလွတ်ကြီး မျက်နှာပြောင်တိုက်ပြီး လူစွမ်းကောင်း လုပ်လိုက်ပြန်ပြီလားနော် ။ အံ့ပါရဲ့ ။ ကျေးဇူးတင်ပါတယ်ရှင့် ဆိုပြီးထိုင် ကန်တော့တာ ခံခြင်တယ်ထင်တယ် ။ ဟုတ်လား ။ ကျမအမေက ရော်နယ်အောင်နိုင် ရှေ့မှာ ဒူးထောက်ထိုင်ချပြီး တောင်းပန်ခဲ့ လိုက်ရတယ် ။ အားလုံး သိအောင် ပြောပြမယ်နော် ။

(၁) ၁၂ . ၂ . ၁၉၉၂ မှာ ၁၅ ဦး ကို ရက်စက်စွာ ခေါင်း ဖြတ်သတ်တယ် ။

(၂) ၁၃ . ၂ . ၁၉၉၂ မှာ NATION သတင်းထောက် ယင်ဒီး နဲ့ ကျမအပါအဝင် ၅ ဦး ကိုတွေ့ခိုင်းတယ် ။

(၃) ၁၉ . ၂ . ၁၉၉၂ မှာ မျိုးဝင်း ကမိဘတွေဆီ စာရေးခိုင်းလို့ ကိုမောင်မောင်မှတဆင့် ကျမတို့ (ရ) ဦး စာရေး ခဲ့ကြရတယ် ။အဲ့ဒီညမှာစိုးဝင်းသန်းကိုခေါင်းဖြတ်သတ်ခဲ့ပြန်တယ်။

(၄) ၁၉ . ၃ . ၁၉၉၂ မှာ မိဘ (ရ) ဦးအဖွဲ့ရောက် လာတယ် ။

(၅) ၂၀ . ၃ . ၁၉၉၂ မှာ အမေ နဲ့တွေ့ခွင့် ရခဲ့တယ် ။ ဒါပေမဲ့ မိဘနဲ့ပြန်ထည့်ပေးမဲ့ ဂတိဖျက်တယ် ။ကျမအမေက ရော်နယ်အောင်နိုင်ကို ဒူးထောက်တောင်းပန် ၊ အမေတွေအားလုံးလဲ ပြောဆို တောင်းပန် ကြတော့မှ ....

(၆) ၂၄ . ၃. ၁၉၉၂ မှာ ကျမတို့ (ရ) ဦး ABSDF-NB ငရဲထောင် မှ လွတ်မြောက် ခဲ့တာ ဖြစ်ပါတယ် ။

ကျမတို့ (ရ)ဦး ထောင်ကလွတ် တဲ့အချိန် မှာ ABSDF-NB ထောင်တွင်းမှာ ကျောင်းသား (၅၅) ဦးကတော့ သံခြေကွင်းတွေနဲ့ သံကွင်း စွတ်မင်းသားများအဖြစ်နဲ့ ဆက်လက့် အကျဉ်းကျခံနေရစဲပါ ။

ကိုနိုင်အောင် နဲ့ပီထွန်းနဲ့ ABSDF-NB ကိုရောက်တာ ၁၉၉၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ ဆိုတော့ အသလွတ် နာမည်ကောင်း လက်မှတ် အတင်းဝင်ယူ နေပုံက ရီစရာကောင်း နေရောနော် ။ကျမတို့ရဲ့ မိဘတွေ ကိုသနားပါဦးလေ ကိုနိုင်အောင်ရေ ။

မတရားသဖြင့် ခံထားခဲ့ရတာ နှစ် ၂၀ ကျော်ရှိခဲ့ပါပြီ ။ ကိုယ်ချင်းစာနာစိတ်လေးများ ရှိပေးပါ ။

ပီထွန်းနဲ.ကျမနဲ.တွေ.တဲ့အချိန်မှာ ကျမထောင်ကလွတ်ပြီး ကျောင်းသား ရဲမေပြန်ဖြစ်နေပြီ ။ ကျမမှတ်မိတာပေါ့။ ကိုနိုင်အောင်က ကျမကို မေးမြန်းတယ်ဆိုတာ ဘာများမေးမြန်းလိုက်လို.လဲ၊ မြင်သာမြင်လိုက်တာပါ ။ ကျမစကားတစ်လုံးတောင် မပြောလိုက်ပါဘူး။ ပီထွန်းနဲ.သာ ရှမ်းဘာသာစကားနဲ. ပြောသင့်ပြောထိုက်တာ ပြောပြီး ကျမအဆောင်ကို ပြန်သွားခဲ့တာပါ။ အော် ပီ ဆိုတာ ရှမ်းလိုခေါ်လိုက်တာ ဗမာလို ဘာသာပြန်ရင် အကိုလို.ခေါ်ပါတယ်။ ကိုနိုင်အောင်တို. နားလည်အောင်လို.ပါ။

“ မှန်သည်ဖြစ်စေ။ မှားသည်ဖြစ်စေ၊ အမှန်တကယ် သူလျှိုဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ “ ကျမတို.အားလုံးရဲ. ဒေါသတွေကို ကိုနိုင်အောင်လိုက်ထိုးဆွနေတာလား။ အယေါက် ၁၀၀ ဟာ ကျောင်းသားတွေပါဆိုတာကို လက်မခံပဲ မျက်စေ့မှိတ်၊ နားပိတ်ပြီး ဇွတ်ပြောနေကြတုန်းလား။

မတရားနှိပ်စက်ကြတာ၊ မခံမရပ်နိုင်အောင် နှိပ်စက်ကြတာ။ ကိုနိုင်အောင်ကို ကျမခံခဲ့ ရသလို Electric Shock ၂ လုံး မပေးဘူးလေ ။တစ်လုံးပဲပေးမယ်။ ဘယ်လိုလဲ ကိုနိုင်အောင် (၇) လမဟုတ်ဘူး ။ တစ်ညပဲ။

ကျမလိုချင်တဲ့ အဖြေကို ရအောင်တောင်းပြမယ်။ ကိုနိုင်အောင် ကျမတို. အယေါက် ၁၀၀ ခံစားခဲ့ရသလို ခံစားခဲ့ဘူးလား။ စဉ်းစားကြည့်ပါ ။

ကျမတို့ကို နှိပ်စက်ပုံက သူတို့လိုချင်တဲ့ အဖြေရရင်ရ မရရင်ကြွ ။ အဖြူရောင်ပြပြီး ဟေ့ကေါင်ဖြေစမ်း ဒါအမဲလို.၊ အမဲလို့ မပြောမချင်း ကျမတို့ကို shock ရိုက် နှိပ်စက်၊ အမဲလို. မဖြေလဲရတယ်။ မဖြေနဲ.။ သေလိုက်။ အတည်ပြောနေတာ။ သဘောပေါက်တယ်နော် ။
အမဲပါလို. မပြောပဲ သေသွားတဲ့သူတွေရှိတယ်။ မဲလိုက်ဖြူလိုက် ပြောပြီးသေသွားတဲ့သူတွေရှိတယ်။

စစ်ချက်တွေနဲ့ ရိုက်ထားတဲ့ ဗွီဒီယို အခွေ ဖြန်.ချီလိုက်ပါ ကိုနိုင်အောင်။ မြောက်ပိုင်းအနှစ်နှစ်ဆယ် အထိမ်းအမှတ်မှာ ပြောခဲ့ပြီပဲ၊ စစ်ချက်နဲ. ဗွီဒီယို ချပြပါလို့ ။ ကျမတို. အယေါက် ၁၀၀ ဆီက ယူထားတဲ့ တစ်ယေါက်ကို တစ်ယေါက် နင်ထောက်လှမ်းရေး။ သူလဲထောက်လှမ်းရေးဆိုပြီး စွဲဆိုထားခဲ့ရတဲ့ စစ်ချက်တွေ။

စကားပြောစက်က သူ.ဆီမှာ၊ အဆိပ်က ဟိုလူ.ဆီမှာ ဆိုတဲ့ စစ်ချက်တွေ၊ ဗွီဒိယိုတွေ ကိုနိုင်အောင်တို. ဖျက်ဆီးဖျောက်ဖျက်လိုက်ပြီလား၊ မဖျက်ဆီးပြစ် သေးဘူးဆိုရင် တတိုင်းပြည်လုံးသိအောင်ပါ။

အဖြူကို အမဲဖြစ်အောင်။ အမဲပါလို. မပြောပြောအောင် နှိပ်စက်ညှင်းပန်းပြီး ရထားတဲ့ ထွက်ချက်တွေကို ခိုင်လုံတဲ့အထေါက်အထားတွေပါဆို၇င် အခုချက်ချင်းချပြပါ။

တချို.စစ်ချက်ဆိုရင် စစ်ချက်အပေါ်မှာ သွေးတွေနဲ.နော် ကိုနိုင်အောင်၊ သွေးစက်တွေ ပေနေတဲ့ စစ်ချက်ကို ချပြလိုက်ပါ။ တောင်ပိုင်းမှာ ဒီစစ်ချက်တွေနဲ. ဗွီဒီယိုအခွေ မရှိဘူး မပြောပါနဲ.။ယုံကြည်ဖို့ ခက်တယ် ။

ကျမတို.အယောက် ၁၀၀ လုံး တစ်ယေါက်ကို တစ်ယေါက် ကျနော်/ကျမတို.ရဲ. ထောက်လှမ်းရေး ကွင်းဆက်တွေဟာ သူတို.ပါ …. ဟုတ်ပါတယ် ….. သူလဲပါပါတယ် …. သူကတော့ဖြင့် ဗိုလ်ကြီးပါ။ ဗိုလ်မှူးပါ။ ဒုဗိုလ်ပါလို. ဖြေထားခဲ့ရတဲ့ အယေါက် ၁၀၀ ရဲ. စစ်ချက်တွေ၊

ကျမရဲ.ထွက်ချက်ဖြစ်တဲ့ ရေလှိုင်းစစ်ဆင်ရေးတို. ငါးနှစ်စီမံကိန်းတို. ချပြလိုက်ပါ၊ ကျမရဲ. NIB ဒုဗိုလ် ကိုယ်ပိုင်နံပါတ်တို. ဘာတို. အကုန်အစင် တစ်ခုမကျန် ချပြပါ၊

အစဦးဆုံး အဖမ်းခံရတဲ့ စိုးမင်းအောင်ရဲ. ထွက်ချက်။ သူကနေ စတာ။ သူ.ထွက်ချက် မရှိဘူး မငြင်းနဲ. မဖျောက်ဖျက်ပစ်လိုက်ပါနဲ. ။

အခုထက်ထိလဲ ထောက်လှမ်းရေး ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေတဲ့ ဟုတ်လား။ တော်ပါတော့ ဘာတစ်ခုမှ ဖြစ်သည် ဖြစ်စေမဟုတ်ဘူး။
ကျမနဲ.တကွ အယေါက်၁၀၀ ကျန်ခဲ့တဲ့သူတွေနဲ. အသတ်ခံခဲ့ရတဲ့ သူတွေရောဟာ လုံးဝစစ်မှန်တဲ့ ကျောင်းသားစစ်စစ်တွေဆိုတာ ပြောခဲ့ပြီးပါပြီ ။ ကိုမင်းကိုနိုင် ကိုကိုကြီး ကိုမြအေးတို့ ပြတ်သားစွာရပ်တည်ပေးခဲ့ပြီ ။

ကိုနိုင်အောင်နဲ. ကိုရော်နယ်အောင်နိုင် မှန်မှန်ပြောကြတော့။ ရှင်တို.ဖက်က ရရှိထားတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေဆိုတာတွေနဲ့ ကျမတို့ ကျန်ရှိနေသူများနဲ့ ဖြေရှင်းပါတော့ ။

ကိုနိုင်အောင်နဲ့ ရော်နယ်အောင်နိုင်တို့ကို မေးပါရစေ။

(က) ကျမတို.ကို မတရားဖမ်းဆီး စွပ်စွဲပြီး မခံမရပ်နိုင်လောက်တဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေနဲ. ညှင်းပန်းပြီး ဘာလို့ အတင်းဝန်ခံခိုင်းရတာလဲ။

(ခ) ဘာလို. မင်းတို.ကွင်းဆက်တွေ ဖေါ်စမ်းဆိုပြီး လိုင်းတင်တဲ့ မေးခွန်းတွေ၊ နာမည်တွေကို ဖေါ်ပြောပြီး မေးရတာလဲ။

(ဂ) ကိုနိုင်အောင် (DNA) အနေနဲ. ဘာမှတိတိကျကျ မသိပဲ ဘာလို.ဒီလူသတ်မှုကို တာဝန်ယူတယ်ဆိုတဲ့ စာကိုလက်မှတ်ထိုးပြီး ထုတ်ပြန်ကြေငြာရတာလဲ။

(ဃ) ဒီလောက်အများကြီး မဟုတ်တာတွေပါ ပါတယ်ဆိုတော့ ဒါတွေကို သိနေရဲ.သားနဲ. ဘာလို. အဖြစ်မှန် အမှုမှန်ကိုဖုံးကွယ်ထားပြီး ခေါင်းရှောင်နေတာလဲ။

(င) မဟုတ်တာပါနေတယ်လို. သိရင်ကိုနိုင်အောင်ကိုယ်တိုင်ရော ဘာဖြစ်လို. ကိုသိန်းထွန်းတို.ကို နှိပ်စက်သွားရတာလဲ။

မေးခွန်းတွေ အများကြီးရှိနေသေးတယ်။ ရှင်းနေတာတွေကို ရှုပ်အောင်လုပ်ဖို. မကြိုးစားနဲ.တော့။ အချိန်ဆွဲဖို.လဲ မကြိုးစားနဲ.တော့။

ကျမရဲ.နာမည်ကျော် ထွက်ချက်လဲ တင်ပြအုံး။ ရေလှိုင်းစစ်ဆင်ရေးဆိုတာလေ။ အဲဒါဘယ်လိုရသလဲ ဆိုတာသိချင်ရင် ပြောပြမယ်။ ကျမကို လက်ဝါးကပ်တိုင်မှာကားစင်တင် ကြိုးတုပ်ပြီး နှိပ်စက်တော့ ဒီစစ်ချက်ကို ကျမသံချောင်းကို ၀တ္ထုတိုတစ်ပုဒ် ရေးပေးလိုက်တာ၊ ၅ နှစ် စီမံကိန်းဆိုတာ သိချင်ရင်တော့ လက်ရှိ ABSDF ဥက္ကဌ သံခဲမိန်းမ ခင်ရွှေလှိုင် အသိဆုံးပဲ။

အဲဒါသူလုပ်ခဲ့တဲ့ ဇတ်လမ်း၊ ကျမက သူ.ကိုအကာအကွယ်ပေးပြီး အသားအနာခံ ကာကွယ်ပေးခဲ့ပြီး ရခဲ့တဲ့ဇတ်လမ်း၊ ဟုတ်ပြီလား။

ကိုနိုင်အောင်ကို ကျမက မိုးသီးဇွန်ထက် အင်အား တောင့်ချင်လို. မြောက်ပိုင်းအဖွဲ. ရှင့်လက်အောက်ရောက်လာအောင် မြောက်ပိုင်းနဲ. မြောက်ပိုင်းလူသတ်မှုကြိးကို တာဝန်ယူလိုက်တာလို. ကျမကတော့ သုံးသပ်လိုက်တယ်။ အာဏာတွေ ပါဝါတွေ ရူးကြတယ်လား။
ကိုယ့်အာဏာအတွက် ကိုယ့်ကျောင်းသားအချင်းချင်း သတ်တာကို လက်မှတ်ထိုးတယ်တဲ့လား။

တော်ပြီ ဆက်ရေးနေလို. အရှည်ကြီး အများကြီးဖြစ်တော့မယ်။
အချိန်မဆွဲဖို့ ကျမက မြောက်ပိုင်းအယေါက် ၁၀၀ ကိုယ်စား လေးစားစွာနဲ.တောင်းဆိုပါတယ်။

ကျမတို. အယေါက် ၁၀၀ ရဲ. ထွက်ချက်တွေ။ စစ်ချက်တွေ၊ ဗွီဒီယိုကို တပြိုင်ထဲနဲ. ပြည့်ပြည့်စုံစုံ တင်ပြ၊ ပေးပို.ပေးပါ။ ဖြည့်စွက်တာတွေ၊ ဖျောက်ဖျက်တာတွေ လုံးဝမလုပ်ပါနဲ.၊ မရှိတော့ဘူး တချို.ပဲ ရှိပါတော့တယ်ဆိုပြီး ကွင်းဆက်ပြတ်အောင် မလုပ်စေခြင်ပါ ။

"ကိုနိုင်အောင် အနေဖြင့် ABSDF-NB အတွင်း ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့၌ ရက်စက်စွာ ခေါင်းဖြတ်သတ်ဖို့အမိန့် ပေးခဲ့သည်ဖြစ်စေ ၊ မပေးသည် ဖြစ်စေ ။

သေဆုံးခဲ့သူများနှင့် နစ်နာခဲ့ရသူများ စစ်မှန်သော သမိုင်း ချေမွှဖျက်ဆီးခြင်း ခံစားရသူများအတွက် ကိုယ်ချင်းစာမှု တကယ်ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ။
ကိုယ်ချင်းစာမှု အခြေခံဖြင့် လေးနက်စွာတောင်းပန်အပ်ပါသည်ဆိုသောအချက်နှင့် မိမိဆောင် ရွက်ပေးနိုင်သည်များကိုလည်း ဆောင်ရွက်ပေးသွားပါမည် ဟူသောအချက်ကို ကြိုဆိုပါသည် ဟုပြောကြားရင်း ...

လေးစားစွာဖြင့်
နန်းအောင်ထွေးကြည် ။ (ABSDF-NB ရဲမေဟောင်း )

ဝဲ မှ ယာ

 

STRATEGY NEEDS TO BE CHANGED FOR LAPANDAUNG MOUNTAIN

လက်ပံတောင်းကိစ္စ ဥာဏ်ကူမှ


လက်ပံတောင်း ကြေးနီတောင် ကိစ္စမှာ ပြည်သူလူထုရဲ့ လူထုအင်အား ဆန္ဒပြမှုကို ခေတ္တလျော့ချပြီး .. နိုင်ငံရေး ဖိအား ပေးတာကို လုပ်သင့်ပါတယ်။

ဆိုလိုတာက နိုင်ငံရေးသမားတွေ၊ ပါတီတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ လူထုခေါင်းဆောင်တွေကနေ .. အစိုးရကို နိုင်ငံရေးအရ ဖိအားပေးတာတွေ လုပ်ဖို့ .. လက်ပံတောင်းတောင် ကိစ္စမှာ ခေါင်းဆောင်နေသူတွေ လုပ်ဆောင်သင့်ပါတယ်။ ကျွန်တော်တို့ ဥာဏ်ကူပြီး တိုက်ရမယ့် တို

်က်ပွဲ ဖြစ်ပါတယ်။ တပွဲတိုး .. တဇွတ်ထိုး တိုက်ရမှာ မဟုတ်ပါဘူး။

စဉ်းစားကြည့်ပါ။ အခုလို အပြင်းအထန် ဆန္ဒပြပွဲတွေ လုပ်နေပြီး ... ဟိုဘက်က မလျော့ဘူးဆိုရင် .. ဘာဆက်လုပ်မလဲ။ ရှေ့ဆက် ဘယ်နှစ်ရက် ဆန္ဒပြပွဲ လုပ်နိုင်မလဲ။ လူအုပ်ကြီးကို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြဖို့ အမြဲ ထိမ်းထားနိုင်ပါ့မလာ။ ကြားက မြှောက်ပေးသူ၊ ဒလံတွေက အကြမ်းမဖက်ဘူးလို့ ပြောလို့ရမလား။ အကြမ်းဖက်လာရင် ကိုယ့်ဘက်က အမှန်ကနေ အကြမ်းဖက်မှုတွေကြောင့် နာမည်ပျက်နိုင်ပါတယ်။ ဒီအကွက်ကို ဦးပိုင်က "နင်း" ပြီး အစိုးရကို အင်အားသုံးဖို့ ဖိအားပေးပြီး ... အစိုးရက အင်အားသုံးရင် ပြည်သူတွေပဲ နာပါလိမ့်မယ်။ လူထုရဲ့ စီးပွားရေး၊ ကျန်းမာရေးတွေဟာ ရေရှည်မှာ တောင့်ခံနိုင်ပါ့မလား။ သပိတ်စခန်း ဖွင့်မှာလား။ လူထုကြီးက အခုတောင် အတော် ပင်ပန်းနေပြီဆိုတာ ယုံကြည်ပါတယ်။

ဒီတော့ အောင်ပွဲရနိုင်ဖို့ ဥာဏ်ကူဖို့ လိုပါတယ်။ လူထုက အနားယူပြီး ဆန္ဒပြသူ ခေါင်းဆောင်ပိုင်းကနေ .. နိုင်ငံရေး ဖိအားပေးဖို့ ပါတီတွေ၊ လူထုကိုယ်စားလှယ်တွေ၊ လူထုခေါင်းဆောင်တွေနဲ့ ဆွေးနွေးတာတွေကို လိုက်လုပ်သလို .. လူထုကြားထဲ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးတဲ့ အစီအစဉ်လုပ်နိုင်ဖို့ .. စာပေ၊ ဂီတ၊ ရုပ်ရှင် စတဲ့ အနုပညာနယ်ပယ်က နာမည်ကြီးတွေကို စည်းရုံးပေးဖို့ လိုက်လံ ဆွေးနွေးသင့်ပါတယ်။

အဲဒီလို နိုင်ငံရေး ဖိအားပေးလာရင် .. အစိုးရဘက်က အဲဒီ ကိစ္စကို အဓိက တာဝန်ရှိသူတွေ ထွက်လာပါလိမ့်မယ်။ ထွက်လာပြီး ပြည်သူ့ဘက်က ရပ်ရင် ထောက်ခံ အားပေးပြီး၊ ... စီးပွားရေး သမားဘက်က ရပ်ရင် .. လျှပ်စစ်ဝန်ကြီး(ပြုတ်) ဇော်မင်းကို ဝိုင်းပြီး ဖိအားပေးသလို .. လူထုက ဖိအားပေးတာ၊ ဆန္ဒပြတာတွေ ဆက်လုပ်ပြီး .. တိုက်ပွဲအရှိန်ကို မြှင့်နိုင်ပါတယ်။ ဒီနည်းနဲ့ ကြေးနီ စီမံကိန်းကို ရပ်သွားအောင် ဖိအား ပေးသင့်ပါတယ်။

လက်တလောမှာတော့ ... ဆန္ဒပြမှု လျော့ချပြီး .. နိုင်ငံရေးဖိအားပေးဖို့ အကြံပြုပါရစေ။
နေသီဟ  (မုံရွာ တက္ကသိုလ်) 
 STRATEGY NEEDS TO BE CHANGED FOR LAPANDAUNG MOUNTAIN

Authorities try to arrest demonstrators who want to stop civil war


ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့တွင် ဥပဒေအရ ခွင့်ပြုချက်မရဘဲ ဆန္ဒပြလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်သူများနှင့် ပါဝင်သူများကို မြို့နယ်ရဲတပ်ဖွဲ့စခန်း ၁၀ ခုက အမှုဖွင့်လိုက်ပြီ ဖြစ်ပြီး ဆန္ဒပြပွဲ ဦးဆောင်သူများကို ယခုညနေပိုင်းတွင် လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲကျင်းပရန် အာဏာပိုင်များထံ တရားဝင်လျှောက်လွှာ တင်ခဲ့ကြသော ဦးဆောင်သူများ ဖြစ်ကြသည့် ကိုမိုဃ်းသွေး၊ မခင်စန္ဒာညွှန့်၊ မဖွေးယုမွန်၊ ကျော်ဘိုဘိုတို့ကို ယခုညနေပိုင်းတွင် အထူး ရဲတပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးနေကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ကိုမိုဃ်းသွေးက ပြောသည်။

“ကျနော်တို့ လေးယောက်ရဲ့နောက်နေ စရဖတွေနဲ့ အထူးရဲတပ်ဖွဲ့တွေက လိုက်ဖမ်းတာ။ ကျနော်တို့က ပြည်သူတွေထဲကို ၀င်ပြေးပြီး ကျနော်တို့ကို နှောင့်ယှက်နေပါတယ် အော်တော့မှ ပြန်ငြိမ်သွားတယ်။ အခု ကျနော်တို့ တက္ကစီပေါ်မှာ၊ နောက်ကနေ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လိုက်နေတယ်။ ကျနော်တို့ကို ဥပဒေအရ သိက္ခာရှိရှိ ဖမ်းတာမျိုးပဲ လိုချင်တယ်။ အခုလိုမျိုး သူခိုးဖမ်းသလို လိုက်တာတော့ လုံးဝမကြိုက်ဘူး။ ဥပဒေချိုးဖောက်တယ် ဆိုရင် တရားရုံးကနေ သိက္ခာရှိရှိ ဆင့်ခေါ်၊ ကျနော်တို့ ကလည်း သိက္ခာရှိရှိ ရင်ဆိုင်မယ်” ဟု ကိုမိုဃ်းသွေးက ဆိုသည်။

ကိုမိုဃ်းသွေးအပါအ၀င် ဆန္ဒပြလမ်းလျှောက်ပွဲ ဦးဆောင်သူများမှာ နေအိမ်များကို မပြန်ရဲဘဲ ဖြစ်နေကြောင်း ပြောဆိုကြသည်။

 

Thursday, September 20, 2012

STOP CIVIL WAR CAMGAIGN


Photo: ကချင်ငြိမ်းချမ်းရေးကွန်ယက်မှဦးစီး၍ အရပ်ဘက်အဖွဲ့အစည်းများပါဝင်သော ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်ရန် ငြိမ်းချမ်းစွာ ဆန္ဒပြမည့်အဖွဲ့များအား ပြည်သူ့ရင်ပြင်တွင်
အချိန်အနည်းငယ်ခန့် စုဝေးမှုပြုလုပ်ပြီးနောက် ယခုအခါ လုစုခွဲပြန်လည်ထွက်ခွာသွားကြပြီဖြစ်သည်။

"အခြေအနေပေးတာနဲ့ နေပြည်တော်မှာ ဆန္ဒဖော်ထုတ်သွားမှာပါ"ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ကိုဂျော်ဂွန်းက ပြောသည်။

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

မူရင်းသတင်း--7Day News Journal
ကချင်ငြိမ်းချမ်းရေးကွန်ယက်မှဦးစီး၍ အရပ်ဘက်အဖွဲ့အစည်းများပါဝင်သော ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်ရန် ငြိမ်းချမ်းစွာ ဆန္ဒပြမည့်အဖွဲ့များအား ပြည်သူ့ရင်ပြင်တွင်
အချိန်အနည်းငယ်ခန့် စုဝေးမှုပြုလုပ်ပြီးနောက် ယခုအခါ လုစုခွဲပြန်လည်ထွက်


ခွာသွားကြပြီဖြစ်သည်။

"အခြေအနေပေးတာနဲ့ နေပြည်တော်မှာ ဆန္ဒဖော်ထုတ်သွားမှာပါ"ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ကိုဂျော်ဂွန်းက ပြောသည်။

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

မူရင်းသတင်း--7Day News Journal
 





 


ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ အဖွဲ့ဝင် ၁၀၀ ကျော်ခန့်အား ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၀ ခန့်က ပြည်သူ့ရင်ပြင်နှင့် မြေနီကုန်းကားမှတ်တိုင်ရှေ့တွင် လမ်းကြောင်းပိတ်တားမြစ်လိုက်သဖြင့် ပြည်သူ့ရင်ပြင်ရှေ့တွင် ဆက်လက်သွားလာ၍ မရတော့ကြောင်းနှင့် တပ်ဖွဲ့ဝင်များက သတိပေးတားမြစ်နေကြောင်း သိရှိရသည်။ ကွန်ယက်အဖွဲ့ဝင်အမျိုးသမီးငယ်များမှာ ကိုင်ဆောင်လာသည့် ပန်းစည်းများအား ရဲတပ်ဖွဲ့ဝင်များနှင့် နံနက်ခင်းလမ်းလျှောက်သူများထံ ငြိမ်းချမ်းရေးပန်းပွင့်များ ကမ်းလှမ်းနေကြောင်းသိရှိရသည်။