Monday, September 24, 2012

cracking lines in USDP


·         စက်တင်ဘာ ၉ ရက်က ညောင်တုန်းမြို့နယ် ညောင်တုန်းရိပ်သာတွင် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကို ပြောဆိုဖိအားပေးခဲ့ခြင်းအပေါ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က မိမိနှင့် တိုင်းဒေသကြီးလွှတ်တော်တို့ သိရှိခြင်းမသိရှိဘဲ လုပ်သည့်အတွက် အပြင်းအထန် ကန့်ကွက်ကြောင်း ယနေ့ပြောကြားသည်။

ယနေ့ ပုသိမ်တွင် ပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အထူးကိစ္စရပ်များဆိုင်ရာ အစည်းအဝေးတွင် ပြောခြင်းဖြစ်သည်။

"ဥက္ကဋ္ဌကို အသိမပေးဘဲ ကိုယ်စားလှယ်များအား ပြောဆိုဖိအားပေးခြင်းသည် လွှတ်တော်ကို စော်ကားခြင်းဖြစ်ကြောင်း၊ ကန့်ကွက်ကြောင်း နောင် ယခုလိုမျိုးပြုလုပ်လျှင် ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကပြောသည်။

၎င်းအနေဖြင့် ပြည်ခိုင်ဖြိုးပါတီကို ပြည်သူ့ပါတီဖြစ်စေချင်သော်လည်း ဦးဌေးဦးက တိုင်းပါတီရုံးတွင် မေလ ၈ ရက်က ပြည်သူကို အလိုလိုက်ရန် မလိုကြောင်း၊ ပါတီဝင်များအတွက်သာ ဆောင်ရွက်ရန်လိုကြောင်း ပြောဆိုခဲ့သည်ဟု ဦးဆန်းဆင့်က ဆက်လက်ပြောကြားသည်။
BDN

No comments:

Post a Comment