Sunday, June 10, 2012

ရိုဟင်ဂျာ နောက်ဆုံး သတင်း






 စစ်တွေနှင့်ပတ်သက်ပြီး နောက်ဆုံးရသတင်းများကို နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ယခုကဲ့သို့ ရေးသားခဲ့ပါသည်။
ဇွန်လ ၁၀ ရက်နေ့ ၀၃၀၀ နာရီ။ မင်းဂံရပ်ကွက်(၈/၉)- ဘင်္ဂါလီအင်အား ၂၀၀ ခန့် နှင့် ရခိုင်တိုင်းရင်းသား ၂၀၀ ခန့် ရင်ဆိုင်၊ ရဲများ ရောက်ရှိ၊ မိုးပေါ်ထောင်ပစ်၊ လူစုကွဲ၊ (ရခိုင်အိမ်(၁)လုံးနှင့် ဘင်္ဂါလီအိမ်(၁)လုံး မီးလောင်)

ဇွန်လ ၁၀ ရက်နေ့ ၀၅၀၀ နာရီ။ မင်းဂံရပ်ကွက်၊ မိုးလုံလေလုံ အားကစားရုံအား ၂၀၀ ခန့်မှ မီးရှို့ရန် ရောက်ရှိလာ၊ ရဲများ ရောက်ရှိ၊ မိုးပေါ်ထောင်ပစ်၊ လူစုကွဲ။

ဇွန်လ ၁၀ ရက်နေ့ ၀၈၄၅ နာရီ ။ ဘုမေရွာ/မင်းဂံရပ်ကွက်၊ နှစ်ရွာစလုံးရှိ ရခိုင်နှင့် ဘင်္ဂါလီ အချင်းချင်း နေအိမ်များအား အပြန်အလှန် မီးရှို့၊ ရဲများ ရောက်ရှိ၊ မိုးပေါ် ထောင်ပစ်၊ လူစုကွဲ။ (ရခိုင်အိမ်(၂)လုံး၊ ဘင်္ဂါလီအိမ်(၃)လုံး မီးလောင်)

ဇွန်လ ၁၀ ရက်နေ့ ၀၀၉၅၀ နာရီ ။ မင်းဂံရပ်ကွက်(၁၃)ရှိ ဘုန်းကြီးကျောင်းအား ဘင်္ဂါလီ ၁၀ ဦးမှ မီးရှို့၊ ရဲများ ရောက်ရှိ၊ မိုးပေါ် ထောင်ပစ်၊ လူစုကွဲ။ (ဘုန်းကြီးကျောင်း ၁ ကျောင်း မီးလောင်)

ဇွန်လ ၁၀ ရက်နေ့ ၀၁၀၄၀ နာရီ ။ မင်းဂံရပ်ကွက်(၁၅)၌ ဘင်္ဂါလီ ၂၀၀/၃၀၀ ဦးမှ မီးရှို့၊ ရဲများ ရောက်ရှိ၊ ခြောက်လှန့်ပစ်၊ လူစုကွဲ။ (ရခိုင်အိမ် ၁ လုံး မီးလောင်)

ဇွန်လ ၁၀ ရက်နေ့ ၀၁၀၄၅ နာရီ ။ စုမေလက်သမားရွာမှ ဘင်္ဂါလီ ၃၀၀ ဦးမှ ရခိုင်အိမ်(၃)လုံး ဖျက်ဆီးဝ ရဲမှ တား၊ မိုးပေါ်ထောင်ပစ်၊ ဘင်္ဂါလီ ၁၅၀ ခန့် ကျန်ရှိ။

ဇွန်လ ၁၀ ရက်နေ့ ၀၁၁၃၀ နာရီ ။ ရွှေရောင်စုံ ဘုန်းကြီးကျောင်းသို့
ဘင်္ဂါလီ ၂၀၀ ဦးမှ လာဝိုင်း၊ ရဲများမှ ရှင်းလင်းဆဲ။

ဇွန်လ ၁၀ ရက်နေ့ ၀၁၁၄၀ နာရီ ။ ဒူးဝါးမြောင်ရွာ၊ ဘင်္ဂါလီ ၄၀၀ ဦးနှင့် ရခိုင် ၁၅၀ ဦး ထိပ်တိုက်တွေ့။

ဇွန်လ ၁၀ ရက်နေ့ ၀၁၁၄၀ နာရီ ။ စစ်တြွေုမို့၊ ပုဏားကျွန်းမှ ရခိုင် ၂၀၀ ဦး စစ်တွေသို့ ထွက်လာ၊ ပုဏားကျွန်းတွင် တားထား။

ဇွန်လ ၁၀ ရက်နေ့ ၀၁၀၅၀ နာရီ ။ စစ်တွေ ပြည်သူ့ဆေးရုံ၊ ရခိုင် ၄ ဦး (မစိုးရိမ်ရ) ဒဏ်ရာဖြင့် ရောက်ရှိလား။
 မောင်တောမြို့နှင့် ပတ်သက်ပြီး လတ်တလော ထပ်မံသိရှိရသော သတင်းများအရ ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အကြမ်းဖက်မှုကြောင့် သရေကုန်းဘောင်ရွာတွင်

 လူသုံးဦး သေဆုံးခဲ့ပြီး သေဆုံးခဲ့သူများမှာ ဦးချမ်းသာ (အသက် ၄၀ ကျော်)၊ ဦးအောင်သိန်းလှ (အသက် ၅၀နှစ်)၊ ဦးဘတိုး (၇၂ နှစ်) တို့ ဖြစ်ကြပါသည်။

မောရ၀တီရွာတွင် နှစ်ဦးသေဆုံးခဲ့ပြီး ဦးစံထွန်း (၃၈နှစ်) နှင့် ဦးသာတိုးအောင် (အသက် ၆၀နှစ်) တို့ ဖြစ်ပါသည်။ ရွှေရင်အေးရွာတွင်မူ လူငါးဦး သေဆုံးခဲ့ပြီး သေဆုံးခဲ့သူများအနက် သုံးဦးသည် ဘုန်းကြီးကျောင်းသားများဖြစ်ကာ ကျန်နှစ်ဦးမှာ ရွာသားများ ဖြစ်ပါသည်။

ရွှေရင်အေးရွာရှိ ဘုန်းကြီးကျောင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ရဟန်းတစ်ပါးမှာလည်း ဓားဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။ လက်ရှိအချိန်တွင် ရွှေရင်အေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ထိုအနီးအနားရှိ ဘုန်းကြီးကျောင်းများမှ ရဟန်း ၁၅ ပါးမှာ လေးမိုင်ရဲတပ်ရင်းရှိ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသည်ဟု သိရပါသည်။


စစ်တွေ အထွေထွေဆေးရုံကြီး

စစ်တွေ ဆူပူမှု တစ်ဦးသေ

စစ်တွေ ဆူပူ အကြမ်းဖက်မှု တစ်ဦးသေ သုံးဦး ဒဏ်ရာရ
ရိုဟင်ဂျာ အဓိကရုဏ်း ကူးစက်နေပြီဖြစ်သော စစ်တွေမြို့တွင် ဘင်္ဂါလီလူမျိုးများ၏ ဆူပူ အကြမ်းဖက်မှုကြောင့် ယနေ့ နံနက် ၁၀ နာရီ ၀န်းကျင်တွင် စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ရခိုင်တိုင်းရင်းသား တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက် အရသိရှိရသည်။
 

မင်းဂံရပ်ကွက် အကွက် (၁) ကို ဘင်္ဂါလီလူမျိုးများ ယမန်နေ့ ၁၂နာရီခန့်တွင် ၀င်ရောက် မီး ရှို့ ဖျက်ဆီးမှုကြောင့် ဗလီတစ်ခု အပါအ၀င် အိမ်ခြေ ၄၀ကျော် ပျက်စီးသွားပြီး အဆိုပါ အစ္စလာမ်ဘာသာ ၀င် ဘင်္ဂါလီလူမျိုးများသည် ယနေ့မနက် ငါးနာရီခန့်တွင် ဝေသာလီ အားကစားကွင်း အနီးရှိ ရထားဘူတာမှ မြို့ ပတ်ရထားကို မီးရှို့ဖျက်စီးနေစဉ် ရဲတပ်ဖွဲ့ဝင်များ အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

စစ်တွေမြို့ လုံခြုံရေးအင်အားမှာ အားနည်းနေကြောင်း၊ တပ်မတော်သားနှစ်ဆယ် ၀န်းကျင်၊ ရဲတပ်ဖွဲ့ဝင် ၃၀၀ ၀န်း ကျင်သာရှိကြောင်း၊ ယင်းအင်အားနှင့် လက်ရှိဆူပူနေမှုကို ထိန်းသိမ်းတားဆီးရန် ခက်ခဲနေကြောင်း ရခိုင် တိုင်း ရင်းသား တိုးတက်ရေးပါတီမှ ပါတီဝင် တစ်ဦးက ဆိုသည်။

“မင်းဂံမှာ လုံးဝထိန်းမနိုင်ဘူးဖြစ်နေတယ်။ အရမ်းဆူနေတယ်“ ဟု ၄င်းက လက်ရှိ အခြေအနေကို ရှင်းပြသည်။

လက်ရှိ စစ်တွေမြို့တွင် ဘေးလွတ်ရာထွက်ပြေးနေရသော ရခိုင်တိုင်းရင်းသား ဒုက္ခသည် ၆၀၀ ၀န်းကျင်ထိရှိနေပြီ ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

စစ်တွေ ဆူပူမှု သေနတ်ပစ် ထိန်းသိမ်းခွင့် အမိန့်ထုတ်
ဆူပူ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်ရှိ မြို့တော် စစ်တွေမြို့တွင် ဆူပူအကြမ်းဖက် မှု အခြေအနေများကို ထိန်းသိမ်းရန် သေနတ်ပစ် ထိန်းသိမ်းခွင့် အမိန့် ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ဒေသခံများ က ပြောကြားသည်။

“သေနတ် စပစ်နေပြီ“ ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ပါတီဝင်တစ်ဦးက ဆိုသည်။

စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်တွင် ဆူပူ အကြမ်းဖက်မှုတွင် ရခိုင်တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီလူမျိုးများ အပြန်အလှန် သတ်ဖြတ်မှုများကြောင့် ရခိုင်တိုင်းရင်းသား တစ်ဦးသေဆုံးပြီး တစ်ရာကျော် ဒဏ်ရာရှိသွားကြောင်း၊ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီလူမျိုး နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အနည်းငယ်ရှိ ကြောင်း ဒေသခံများက ပြောကြားသည်။
စစ်တွေတွင် ပုဒ်မ-၁၄၄ထုတ်ရန်စီစဉ်နေကြောင်းသိရ
 

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ စစ်တွေမြို့နယ်မှ ဦးအောင်မြကျော်၏ ပြောပြချက်အရ “စစ်တွေမှာ မာရှယ်လော(ပုဒ်မ-၁၄၄) ထုတ်ဖို့တော့ အစိုးရအဖွဲ့က လုပ်နေပြီလို့သိရတယ်။ လုံခြံရေး တပ်ဖွဲ့တွေကတော့ တစ်မြို့လုံးအနှံ့နေရာတိုင်းကို မရောက်နိုင်ဘူး။ ရခိုင်ဖက်က ထိခိုက်ဒဏ်ရာရသူ ၅ဦးလောက်ဆေးရုံရောက်လာပါတယ်။ တစ်ဦးကတော့ စိုးရိမ်ရတယ်” ဟုသိရသည်။ ၄င်းက စစ်တွေမြို့စွန်ရှိ မင်းဂံ အကွက် ၁၀၊ ၁၁တို့တွင် ပဋိပက္ခများဖြစ်ပွားနေကြောင်း ပြောသည်။

No comments:

Post a Comment