Saturday, June 9, 2012

Last Update News In Arakan(Rakhaing State)ရခိုင်ပြည်နယ်မှ လားသော နောက်ဆုံးသတင်းများ


စစ်တွေမြို့တွင်းဝင်ရောက်ရန်ကြိုးစားနေသော ဘင်ဂါလီ ရိုဟင်ဂျာ ၄၀၀ ခန့် သည် ယနေ့ ညနေ ၆ နာရီခန့်တွင် ၎င်းတို့နေထိုင်ရာသို့ ပြန်လည် ထွက်ခွာသွားကြောင်းနှင့် ဒေသခံ ၁၅၀ ခန့်က စောင့်ကြည့်ကာ လုံခြုံရေးတာဝန်ယူထားကြောင်း စစ်တွေမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။
 
စစ်တွေမြို့တွင် ပဋိပက္ခများဖြစ်ပွားစေရန် ဘင်္ဂါလီများမှ လှုံ့ဆော်နေဟုဆို

ဘင်္ဂါလီလူမျိုး သောင်းဂဏန်းခန့်နေထိုင်ရာ စစ်တွေတက္ကသိုလ်အနီးရှိ ဘုမေရပ်ကွက်တွင် ဘင်္ဂါလီအင်အားငါးရာ ၀န်းကျင်ခန့်မှ စစ်တွေမြို့တွင်းသို့ ၀င်ရောက်ရန်ကြိုးစားနေသဖြင့် လုံခြုံရေးတပ်ဖွဲ့များမှ သွားရောက်တားဆီးနေကြောင်း၊ ရခိုင်တိုင်းရင်းသားများနှင့် ပဋိပက္ခများဖြစ်ပွားစေရန် လှုံဆော်နေသည်ဟု သူ့အနေဖြင့် ယူဆကြောင်း စစ်တွေ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ဦးအောင်မြကျော်က ပြည်သူ့ခေတ်သို့ပြောသည်။
၎င်း၏ ပြောပြချက်အရ တက္ကသိုလ်ဆရာ/ဆရာမ များ၏ ၀န်ထမ်းအိမ်ယာနှင့် နီးကပ်လျက်ရှိသဖြင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ယူရွှေ့ပြောင်းပေးနေကြောင်းသိရသည်။
 
စစ်တွေမြို့၏ လက်တလောအခြေအနေမှာ ကြီးမားသည့် တိုက်ခိုက်မှုများ ကြုံတွေ့ရခြင်းမရှိသေးကြောင်းသိရ

စစ်တွေမြို့နယ်၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ဦးအောင်မြကျော် ၏ ပြောပြချက်အရ စစ်တွေမြို့စွန်ရပ်ကွက်အချို့တွင် ဘင်္ဂါလီများဝင်ရောက်လာမှုရှိသော်လည်း ကြီးမားသည့် တိုက်ခိုက်ခံရခြင်းမျိုး မကြုံတွေ့ရသေးကြောင်းသိရသည်။ ၄င်းက “အခြေအနေကတော့ မိုးအရမ်းရွာသွားလို့ ငြိမ်နေပါတယ်။ အစွန်ကွက် မင်းဂံ ၁၅ရပ်ကွက်၊ ၁၆ရပ်ကွက်ဖက်မှာတော့ နည်းနည်းပြသနာလေးတွေရှိခဲ့တယ်။ လုံခြုံရေးတွေတော့ ချထားတယ်။ ဟိုဘက်က ဘုမေဖက်က လာတဲ့ဘင်္ဂါလီတွေက မပြန်သေးဘူး မင်းဂံဘက်မှာ ရခိုင်တွေကလည်း စောင့်ကြည့်နေကြတာပေါ့။ ရုန်းရင်းဆန်ခတ် နည်းနည်းဖြစ်နေတယ်”
 မောင်တောဖြစ်စဉ်
 
မောင်တောမြို့ ညနေ ၅နာရီ၁၀မိနစ် အခြေအနေ

ရခိုင်တိုင်းရင်းသာများတိုးတက်ရေးပါတီ မောင်တောမြို့နယ် ဥက္ကဌ ဦးဘရွှေက မောင်တောမြို့ လက်ရှိအခြေအနေအား အောက်ပါအတိုင်းပြောပြသည်-

တာဝန်ရှိသူများရောက်ရှိလာ

“ဒီနေ့ရန်ကုန်ကနေလူကြီးတွေလာတယ်။ ပြည်နယ်ဝန်ကြီးချုပ်ရယ်၊ တိုင်းမှူးရယ်၊ ကာကွယ်ရေးဝန်ကြီး ဌာနက ဒုဗိုလ်ချုပ်ကြီးလှမင်း သူတို့လာတယ်။ ခင်ဇော်နဲ့ မောင်လှမြိုင်ဆိုတဲ့ ဘင်္ဂါလီနှစ်ယောက်နဲ့ ဆွေးနွေးသေး တယ်လားမသိဘူး။ သူတို့ကခေါင်းဆောင်လိုမျိုးပေါ့။ ဘာဆွေးနွေးမှန်းတော့ မသိဘူး။ ဒါပေမယ့် အခြေအနေ ကတော့ သိပ်အဆင်ပြေမယ့်ပုံ မပေါ်ဘူး”

ကျေးရွာများအခြေအနေ

“မောင်တောတောင်ပိုင်းမှာ ဆိုရင် အမေကို သားကရှာမရဘူး။ သမီးက အမေကိုရှာမရဘူး တကွဲတပြားနဲ့ ရခိုင်ရွာတွေ၊ အကုန်လုံးရင်နာစရာပဲ၊ ရခိုင်တွေကို မင်းတို့ဒီရွာကိုလုံးဝမလာနဲ့တော့လို့ ခြိမ်းခြောက်တယ်။ အခြေအနေကတော့ တော်တော်ဆိုးတယ်။ အဲဒီကောင်တွေက လူသတ်ပစ္စည်းလု၊ ဗိုလ်မှူးရွာက တစ်ယောက်မှာ ရွှေကျပ်သား၃၀လောက်ပါသွားတယ်။ တစ်ကယ့်အကြမ်းဖက်မှု အစစ်ပဲ၊ အဲဒီလောက်ရက်စက်မှု တစ်ခါမှ မကြုံခဲ့ဖူးဘူး”

လူအသေအပျောက်

“လူဘယ်လောက်သေသွားတယ်၊ ဘယ်လောက်ပျောက်နေတယ်ဆိုတာ ဘယ်လိုမှ စစ်ဆေးလို့မရနိုင်သေးဘူး။ နယ်တွေမှာ လုံခြုံရေးမရောက်တဲ့ နေရာတွေရှိတယ်။ ဌာနဆိုင်ရာကလည်း ဒီအချိန်မှာ ဘယ်လိုမှ စုံစမ်းနိုင်မှာ မဟုတ်ဘူး”

ကျေးရွာများမှလာရောက်ခိုလှုံ

“အခုမောင်တောတောင်ပိုင်းက လူ၇၀၀လောက် ဘူးသီးတောင်ကို ထွက်ပြေးလို့ အဲဒီမှာရောက်နေတယ်။ အိုးမဲ့ အိမ်မဲ့ ၅၀၀လောက်မောင်တောမြို့ထဲကို ရောက်နေကြတယ်။ မောင်တောမြောက်ပိုင်းမှာဆိုရင်လည်း ရွာတွေကို စွန့်ခွာနေရတယ်၊ ရခိုင်ရွာ ၁၇ရွာလောက် အခု အခြေအနေမဲ့ဖြစ်နေတယ်။ ဘူးသီးတောင်၊ ကျောက်စာတိုင်ရွာကို စစ်တပ်တပ်ရင်းရှိတယ်။ အဲဒီကို လူ၄၅၀ရောက်နေတယ်။ နောက် ၂၅၀ လောက်ရောက်လာဖို့ရှိတယ်”

ဟုပြောပြခဲ့သည်။

1 comment:

  1. ဦးနေ၀င်းကို ဒီကိစ္စလေး ဖြေရှင်းပေးဖို့ ခဏပြန်ခေါ်ချင်တယ်ဗျာ။ (စစ်တပ်ဆိုတာ ပစ်ရင် တည့်တည့်ပစ်တယ်။ မိုးပေါ်ထောင်ပစ်တာ မပါဘူး။) သူပြောဖူးလို့လေ။ လွမ်းလိုက်တာအဘရယ်။ ခဏလောက်ပဲပြန်လာပါလားဗျာ။ (အကြာကြီးတော့ ပြန်မခေါ်ရဲဘူး။) :-)

    ReplyDelete