Tuesday, June 12, 2012

The uncontroled situation in Maungtaw (Rakhing State)

ဇွန် ၁၁ ရက် မောင်တောမြို့အခြေအနေမှာ မငြိမ်သက်သေးသဖြင့် ဌာနဆိုင်ရာရုံးများနှင့် ဘဏ်များကို ပိတ်ထားပြီး ဒေသတွင်း ပဋိပက္ခများကြောင့် မြို့တွင်းတွင် သွားလာသူများမှာ နည်းနေပြီး ဈေးများမှာလည်း မဖွင့်သည့်အတွက် ဒေသခံများ ၄၊ ၅ ရက်အတွင်း စားနပ်ရိက္ခာ ပြတ်လတ်မှုအတွက် စိုးရိမ်နေရကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်းရှိ ကျေး ရွာများတွင် တာဝန်ကျနေကြသည့် ကျောင်းဆရာ/မများမှာ ဖြစ်ပွား နေသည့် ပဋိပက္ခများကို စိုးရိမ်ကာ မိမိတို့နေထိုင်ရာ မြို့များသို့ ထွက်ခွာသွားရန် စီစဉ်နေကြကြောင်း သတင်းရရှိသည်။ အဆိုပါ ဆရာ/ မများ သွားလာနိုင်ရန်အတွက် သက် ဆိုင်ရာ မြို့နယ်ပညာရေးမှူးများ နှင့် ဒေသခံဆရာ/မများက စီစဉ်နေကြပြီး ယခုနှစ်တွင် အသစ်တာ ၀န်ကျလာသည့် ဆရာ/မများကို လိုက်ပါ ပို့ဆောင်သည့် မိဘများလည်း မောင်တောမြို့မှ ပြန်ရန် အခက်တွေ့နေကြောင်း သိရသည်။
မောင်တောမြို့တွင် ဖြစ်ပွာနေသော ပဋိပက္ခများကြောင့် နယ်ကျေးရွာများမှ ရောက်ရှိလာကြသည့်ဒုက္ခ သည်များအတွက် ကယ်ဆယ်ရေးပစ္စည်းများကို လေယာဉ်နှစ်စင်းဖြင့် စစ်တွေမြို့မှ မောင်တောမြို့ သို့ ယနေ့နံနက် ၈ နာရီခန့်တွင် ရောက်ရှိလာကြောင်း သိရသည်။
နံနက် ၉ နာရီခန့်တွင် မောင်တောမြို့ အမှတ်(၅)ရပ်ကွက်ရှိ ဘင်္ဂါလီများမှာ မိမိနေအိမ်ကို မီး ရှို့ထွက်ပြေးနေသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်နေရကြောင်း သိရသည်။ အ ဆိုပါအိမ်များကို မီးငြှိမ်းသတ်နေ စဉ် အမှတ်(၄)ရပ်ကွက် ဗိုလ်မှူးရွာမှ ဘင်္ဂါလီများမှာလည်း မိမိနေ အိမ်များကို မီးရှို့ကာ မြို့ပြင်သို့ ထွက်ခွာသွားနေကြကြောင်း သိရသည်။ အဆိုပါမီးလောင်နေအိမ်များကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ရှင်းလင်းနေရကြောင်း သတင်းရရှိသည်။

No comments:

Post a Comment