Wednesday, June 20, 2012

Rector kicks two tech students out



DSC01750ဗန်းမော်ကွန်ပြူတာ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား မောင်နိုင်မျိုးကျော်နှင့် မောင်ရှိုင်း ဇာနည်မောင်တို့ နှစ်ဦးအား ကွန်ပြူတာတက္ကသိုလ် ကျောင်း အုပ် ကြီး ဒေါ်ဆင့်ဆင့်အောင်မှ ရာသက်ပန်ကျောင်းထုတ်လိုက်သည့် ဖြစ်ရပ်တစ်ခု ၁၃-၆-၂၀၁၂နေ့က ပေါ်ပေါက်ခဲ့သည်။ ကျောင်း ထုတ်အမိန့်စာကို ၁၁-၆-၂၀၁၂Back Date နှင့် ဖော်ပြထားပြီး ၁၃-၆-၂၀၁၂နေ့တွင်မှ ကြော်ငြာ ဘုတ်တွင်ကြော်ငြာကပ်ကြောင်း ကျောင်းသူတစ်ဦးမှပြောပါသည်။
၆-၆-၂၀၁၂နေ့တွင်လည်း မိလ္လာအခန်း(၅)တွင် မောင်ရှိုင်း ဇာနည်မောင် ဆေးလိပ်ခိုးသောက် စဉ် ဗိုလ်ထိုင်ခွက်နှင့် အဖုံးကြားမှ ပလပ်စတစ် အခံပြား အက်သွား သည်ဆိုပြီး အတင်းအကြပ်ဝင်ခံ ခိုင်းကြောင်း၊ ထိုအက်ကြောင်း ရှိ နေခဲ့သည်မှာ လချီပြီး ကြာခဲ့ပြီ ဆိုတာကို ကျောင်းသားတိုင်းသိ ကြသည်။ သန့်ရှင်းရေးဝန်ထမ်း များမှလည်း သိကြကြောင်း ကျောင်းသားအများစုကပြောပြ ကြသည်။ ထိုဖြစ်ရပ်နှစ်ခုကို အခြေခံပြီး မောင်နေမျိုးကျော် ဒုတိယနှစ် ကွန်ပျူတာတက္ကသိုလ် (မိုင်းနောင်ရွာ၊ အင်းတော်ကြီး ဒေသ)နှင့် မောင်ရှိုင်းဇာနည်မောင် ဒုတိယနှစ်ကွန်ပျူတာတက္ကသိုလ် (ဆိုင်းတောင်၊ ဖားကန့်) တို့နှစ် ဦးအား ပထမဆင့်၊ ဒုတိယအဆင့်၊ သတိပေးခြင်း၊ ပညာပေးခြင်း တို့ မပြုလုပ်ဘဲ ရာသက်ပန် ကျောင်း ထုတ်လိုက်သည့်ကိစ္စသည် ဤမျှ အထိ ကြီးမားသည့် ပြစ်ဒဏ်ပေး ခြင်းသည် ပြစ်မှုနှင့် ပြစ်ဒဏ် မမျှ မတဖြစ်ကြောင်း ကြီးသည့်အမှု ငယ်စေ၊ ငယ်သည့်အမှု ပပျောက် စေ ဆိုသကဲ့သို့ မဟုတ်တော့ဘဲ ရေနှင့်ငြှိမ်းသတ်ရမည့်မီးတောက် ကို ဓာတ်ဆီနှင့် ပက်ဖြန်းသကဲ့သို့ ဖြစ်ရကြောင်း အနာဂတ်၏ ခေါင်းဆောင်ဖြစ်လာနိုင်သော ကွန်ပျူတာတက္ကသိုလ် ကျောင်း သားတစ်ယောက်၏ ကျောင်းစ ရိတ်သည် တစ်နှစ်လျှင် ဆယ်သိန်း ခန့် ကုန်ကျကြောင်း၊ ဗိုလ်ထိုင် မိလ္လာအဖုံးတစ်ခုသည် တက္ကသိုလ် ဒုတိယနှစ် ကျောင်းသားတစ် ယောက်ထက်ပင် တန်ဖိုးကြီးမား ပါသလား။ ၎င်းတန်ဖိုးနှင့်တွက် ကာ ကျောင်းထုတ်ပစ်လိုက်ခြင်း မှာ လုံးဝမဖြစ်သင့်ကြောင်း၊ တက္က သိုလ် ဒုတိယနှစ်ရောက်သည် အထိ ကုန်ကျခံ၊ ပင်ပန်းခံကာ ရှာဖွေဆုဆောင်းပြီး ကျောင်းထား ပေးခဲ့ရသည့် မိဘများ၏ ရည်မှန်း ချက်၊ ရည်ရွယ်ချက်များနှင့် ကျောင်းသားလေးများ၏အနာဂတ် ကို မဆင်မခြင်ရိုက်ချိုးပစ် လိုက် သလို ဖြစ်ရကြောင်း၊ ဤမျှ သေးငယ်သည့် ကိစ္စလေးအတွက် ကျောင်းအုပ်ချုပ်သူများ၏ အရေး ယူပြစ်ဒဏ်သည် အင်မတန်ပြင်း ထန်ကြောင်း ကျောင်းသားကျောင်း များ မြို့ခံကျောင်းသားမိဘများ နှင့် ဒေသခံပြည်သူအများစုက နေရာတိုင်းတွင် အမျိုးမျိုးဝေဖန် ပြောဆိုနေကြတာကို ကြားသိရ ပါတယ်။
၁၄-၆-၂၀၁၂ နေ့က ဗမာ နို်င်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ်္ဂ (ဗန်းမော်ခရိုင်)မှ ကွန်ပျူ တာ တက္ကသိုလ် ကျောင်းအုပ်ကြီး ထံသို့ အပြင်းအထန် ကန့်ကွက် ရှုံ့ချကြောင်း၊ စာတစ်စောင်ပေး ပို့ခဲ့ကြောင်း သိရပါသည်။
ကချင်ပြည်နယ်၊ ပဋိပက္ခ တိုက်ပွဲကြီးတွေ ပြီးဆုံးအောင် ထာဝရငြိမ်းချမ်းရေးရရန်၊ ငြိမ်းချမ်း ရေးဖော်ဆောင်ရေး အဖွဲ့သစ်မှ ကြိုးပမ်းနေချိန် မအေးချမ်းသေး သည့် ကချင်ပြည်နယ်ဗန်းမော်မြို့ မှာ ထာဝရငြိမ်းချမ်းရေးလိုလား သူများအဖွဲ့တွေက လက်မှတ်ရေး ထိုးမှု စုဆောင်းကြိုးစားနေကြချိန်၊ ရခိုင်ပြည်နယ်တွင် ဆိုးဆိုးဝါးဝါး ဆူပူအကြမ်းဖက်မှုများဖြစ်ပွားနေ ချိန်မျိုးမှာ အမှိုက်ကစ ပြဿဒ် မီးလောင်ဆိုတာမျိုး၊ ကျောင်း ထုတ်လိုက်သည့်အဖြစ်မျိုးဆီ မ ရောက်စေလိုကြောင်း ပုံကြီးချဲ့ ကားကာ အခြားဒေသများသို့ မကူးစက်၊ မကျယ်ပြန့်စေဘဲ ငြိမ်း ငြိမ်းချမ်းချမ်းနှင့် ဖြေရှင်းသွားကြ ရန် လိုလားကြောင်း၊ အားလုံး ၀ိုင်းဝန်းပြီး တိုင်ပင်ညှိနှိုင်းကူညီ ဖြေရှင်းပေးကြရန် အရေးကြီး ကြောင်း စစ်ဘေးစစ်ဒဏ်သင့် ဗန်းမော်မြို့ခံပြည်သူအချို့ထံမှ ကြားသိရပါသည်။
ဗန်းမော်နှင့်မိုးမောက်မြို့များ တွင် မူးယစ်ဆေးဝါးအလွယ်တကူ ၀ယ်လို့ရကြောင်းဆိုတာ လူတိုင်း သိကြောင်း၊ တချို့ကျောင်းသား လေးများသည် ရံဖန်ရံခါ ဆော့က သစားတတ်သည်ဟုကြားသိရ ကြောင်း၊ နေရာတိုင်းတွင် စည်း ကမ်းဆိုတာရှိကြောင်း၊ ကျောင်း သားဆိုတာ ကျောင်းဝင်းအတွင်း ရောက်ရှိပါက မည်သို့သော ပုဂ်္ဂိုလ်၏ သားသမီးပင်ဖြစ်နေပါ စေ၊ ကျောင်းအုပ်ရေးကော်မတီမှ ထုတ်ပြန်ချမှတ်ထားသော စည်း ကမ်းများကို လိုက်နာကြရမှာဖြစ် ကြောင်း၊ ကျောင်းတာဝန်ရှိသူ များမှလဲ အထောက်အထားခိုင် ခိုင်လုံလုံရှိကြောင်း၊ ၀န်ကြီးဌာန မှ ကျောင်းသားများ ကျောင်းမှန် မှန်ကန်ကန်တက်ကြဖို့၊ ကျောင်း စာမှန်မှန်လုပ်ကြဖို့၊ ကျောင်းစာ မှန်မှန်လုပ်ကြဖို့၊ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းရရှိဖို့ လိုအပ်ကြောင်း ညွှန်ကြားစာ ၅-၆-၂၀၁၂ နေ့က လက်ခံရရှိခဲ့ကြောင်း၊ မတ်၊ဧပြီ နှစ်လ ကျောင်းခေါ်ချိန် (Rollcall) ၇၅ရာခိုင်နှုန်းမပြည့်သူ ၈၀ကျော် ကို မိဘအုပ်ထိန်းသူများထံသို့ အသိပေး၊ အကြောင်းကြားထား ပြီး ဖြစ်ကြောင်း၊ မိဘအုပ်ထိန်းသူ များမှ အကြောင်းကြောင်းကြောင့် မလာရောက်နိုင်ခဲ့ပါက တာဝန်ခံ သူ၊ အုပ်ချုပ်နေသူတစ်ယောက် (ဘော်ဒါဆောင်မှူးဖြစ်စေ)အာမခံ ပေးရင်လည်း နားလည်ခွင့်လွှတ် လက်ခံပေးပါကြောင်း၊ ကျောင်း တာဝန်ရှိသူတချို့မှ စိတ်ရှည်လက် ရှည်ရှင်းပြပြီး ပြဿနာဖြစ်သည့် မိလ္လာခန်းများကို လှည့်လည်ကာ ရှင်းပြခဲ့ပါသည်။
ပြဿနာကို သွေးထိုးလှုံဆော် လိုကြသူ၊ ဆူပူအုံကြွရန် မြှောက် ပင့်ပေးသူ၊ မီးလောင်ရာလေပင့် လုပ်ကြသူတွေ ရှိတတ်တာမို့ အေးချမ်းမှုကို လိုလားကြသူများ၊ အသိအမြင်ကြွယ်ဝပြီး အတွေ့ အကြုံရှိကြတဲ့ ဗန်းမော်မြို့ခံပြည် သူအများစုကတော့ အသိတရား နှင့် သတိထားကာ စောင့်ကြည့် နေကြကြောင်း သတင်းရရှိပါ သည်။

HOT NEWS

No comments:

Post a Comment