Thursday, June 7, 2012

Nga Min Shwe has to take hunger strike for sanctionငါးမင်းဆွေ) ရေးသားထားတဲ့ “NLD ရုံးချုပ်ရှေ့တွင် အစာငတ်ခံ ဆန္ဒ ဖော်ထုတ်သွားပါမည်



ဦးမင်းဆွေ (ငါးမင်းဆွေ) ရေးသားထားတဲ့ “NLD ရုံးချုပ်ရှေ့တွင် အစာငတ်ခံ ဆန္ဒ ဖော်ထုတ်သွားပါမည်“ ခေါင်းစဉ်ပါ စာတစောင်ကို ရန်ကုန်မြို့၊ လှည်းတန်းမီးပွိုင့်တွင် ၂၀၁၂ ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းက လိုက်လံ ဝေငှနေကြောင်း သိရပါတယ်။ ယနေ့မြန်မာက ရရှိတဲ့ ထိုစာတွင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငါးမင်းဆွေကို တွေ့ဆုံ ဆွေးနွေးရန်၊ ဒါမှမဟုတ် ငါးမင်းဆွေကို တရားစွဲဆိုရန် တောင်းဆိုပြီး ထိုသို့ မပြုလုပ်ပါက ငါးမင်းဆွေအနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်ရှေ့တွင် ၂၀၁၂ သြဂုတ်လအတွင်း အစာငတ်ခံ ဆန္ဒ ဖော်ထုတ်မှာဖြစ်ကြောင်း ရေးသားထားပါတယ်။

ထိုစာကို လက်ခံရရှိသူက “၃၊ ၆၊ ၁၂ တနင်္ဂနွေနေ့ မနက်က လှည်းတန်းမီးပွိုင့်တွင် ဦးလေးကြီးတစ်ယောက် စာများ လိုက်ဝေနေပါသည်။ စာတွေ့လျှင် မဖတ်ဘဲ မနေနိုင်သော ကျနော့်ဝါသနာအရ တောင်းယူမိပါသည်။ ထိုစာကို ဖတ်ပြီးသည့်အချိန်မှ စပြီး ခုချိန်ထိအောင် စာ အဆိပ်သင့် ဖြစ်နေရသည်။“ လို့ အစချီ ရေးသားကာ အီးမေးလ်မှတဆင့် ငါးမင်းဆွေရဲ့စာကို ပို့လိုက်ခြင်း ဖြစ်ပါတယ်။

ငါးမင်းဆွေရဲ့ စာတွင် “စီးပွားရေး ပိတ်ဆို့မှုဟာ အကြပ်ကိုင် အကြမ်းဖက်မှု ဖြစ်ကြောင်း၊ ထောက်ခံ အားပေးသူဟာ အမျိုးသား သစ္စာဖောက် ဖြစ်ကြောင်း၊ စီးပွားရေးပိတ်ဆို့ရန် တောင်းဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မိမိအမှားကို ၀န်ချတောင်းပန်ရန်၊ ပြုပြင်ရန်၊ စီးပွားရေး ပိတ်ဆို့မှုဟာ အမျိုးသား အကျိုးစီးပွားကို ထိခိုက်မှု မရှိ၊ တောင်းဆိုခဲ့ခြင်း မဟုတ်လို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်က ငါးမင်းဆွေကို တရားစွဲဆိုရန် ရေးသားထားတဲ့ စာကို ၂၀၁၂ မေ ၁၁ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ် စာပေးစာယူကောင်တာတွင် ပေးပို့ခဲ့ကြောင်း၊ သို့သော် စာ ပေးပို့ပြီး ၂၃ ရက် ကြာတဲ့တိုင် အကြောင်းမထူးခဲ့ကြောင်း“ အစချီ ရေးသားထားပါတယ်။

ထို့အပြင် ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရှေ့အာရှ ကမ္ဘာ့ စီးပွားရေး ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုတဲ့ စီးပွားရေး ကုမ္ပဏီကြီးများအနေနဲ့ သတိထား ဆင်ခြင် သုံးသပ် ရင်းနှီး မြှုပ်နှံသင့်ကြောင်း၊ မြန်မာလူငယ်များ အလုပ်လက်မဲ့ ဖြစ်နေပြီး ချိန်ကိုက်ဗုံးလို ပေါက်ကွဲလာမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ရေးသားထားပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ မလာရောက်ပါက လူငယ်များ အလုပ်လက်မဲ့ ဖြစ်ကာ ချိန်ကိုက်ဗုံးကြီးတလုံး ပေါက်ကွဲသလို ဆူပူ အကြမ်းဖက် သွေးထွက်သံယိုမှုများ ဖြစ်ပေါ်လာမှာကို သိလျက် ပြည်ပကုမ္ပဏီများ သတိထား ဆင်ခြင် သုံးသပ် ရင်းနှီး မြှုပ်နှံသင့်ကြောင်း ပြောကြားခြင်းဟာ နိုင်ငံနဲ့ လူမျိုးပေါ် ရက်စက်ရာ ရောက်ကြောင်း ထပ်ပြီး ရေးသားထားပါတယ်။

နောက်တခါ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံသားများ အလုပ်လက်မဲ့ဖြစ်ပြီး ဆူပူ အကြမ်းဖက်မှု ဖြစ်စေရန် ရည်ရွယ်ပြီး စီးပွားရေး ပိတ်ဆို့မှု တောင်းဆိုတာကြောင့် အလုပ်လက်မဲ့ မြန်မာပြည်သူ သိန်းသန်းချီပြီး ထိုင်း၊ မလေးရှားနိုင်ငံများကို ရောက်သွားခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပက်စက်တဲ့အကြံ မအောင်မြင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများထံ ကယ်တင်ရှင်တစ်ဦးအနေနဲ့ အယောင်ဆောင်ကာ အရှက်တရား ကင်းမဲ့စွာ သွားရောက်ခဲ့ကြောင်း ရေးထားပါတယ်။

ဒ့ါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငါးမင်းဆွေကို တွေ့ဆုံ ဆွေးနွေးရန်၊ ဒါမှမဟုတ် ငါးမင်းဆွေကို တရားစွဲဆိုရန် တောင်းဆိုပြီး ထိုသို့ မပြုလုပ်ပါက ငါးမင်းဆွေအနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်ရှေ့တွင် ၂၀၁၂ သြဂုတ်လအတွင်း အစာငတ်ခံ ဆန္ဒ ဖော်ထုတ်မှာဖြစ်ကြောင်း စာရဲ့ နိဂုံးပိုင်းတွင် အဆုံးသတ် ရေးသားထားပါတယ်။

ငါးမင်းဆွေရဲ့ စာအကြောင်း သိလိုက်ရတဲ့ နယူးယောက်နေ မြန်မာအိမ်ရှင်မတဦးက “အစာငတ်ခံ ဆန္ဒပြတာတွေက ရိုးလွန်းပါတယ်။ ငါးမင်းဆွေအနေနဲ့ သူ့တောင်းဆိုချက်ကို ပိုမို လေးနက်အောင် ကိုယ့်ကိုယ်ကိုယ် ဓါတ်ဆီလောင်း၊ မီးရှို့ဖို့ အကြံပေးလိုပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက နယူးယောက်မှာ မြန်မာ့အရေးအတွက် ကိုယ့်ကိုယ်ကိုယ် ဓါတ်ဆီလောင်း မီးရှို့ပြီး ဆန္ဒပြမယ်လို့ လူတစ်ယောက်က ပြောဘူးတယ်။ အဲဒီလူလည်း အခုတော့ ဘယ်ရောက်သွားမှန်း မသိဘူး။ အဲဒီလို ပြောပြီး ပျောက်သွားသူရဲ့ ဆန္ဒလည်း အကောင်အထည်ဖော်အောင်၊ စိတ်ဝင်စားမှုလည်း ပိုရအောင် ငါးမင်းဆွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဓါတ်ဆီလောင်းပြီး မီးရှို့လိုက်ပါ။“ လို့ သူ့အမြင်ကို ပြောပြပါတယ်။

(ဒီမိုဝေယံရဲ့သတင်းကို မြင့်လှိုင် ဖြည့်စွက် ရေးသားပါတယ်။)

No comments:

Post a Comment