Thursday, June 28, 2012

သမိုင်းချောင်း စံချိန်တင်ရေကြီးတိုက်စားမှု ဖြစ်ပေါ် ၊ လူနေတိုက်ခန်း(၄) ခန်း ပြိုလဲ

သမိုင်းချောင်း စံချိန်တင်ရေကြီးတိုက်စားမှု ဖြစ်ပေါ် ၊ လူနေတိုက်ခန်း(၄) ခန်း ပြိုလဲ


မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နှစ်ပေါင်း ၅၀ အတွင်း သမိုင်းချောင်း စံချိန်တင်ရေကြီးတိုက်စားမှု ဖြစ်ပေါ်ခဲ့ပြီး ဇွန်လ ၂၈ ရက် နံနက် ၂ နာရီခန့်က အနီးအနားရှိ လူနေတိုက်ခန်း(၄) ခန်း ပြိုလဲကာ သက်ကြီး ရွယ်အို ဒုက္ခိတများအား ဘေးလွတ်ရာသို့ အရေးပေါ်ရွေ့ပြောင်းခဲ့ရကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ အရပ်သို့ ကယ်ဆယ်ရေးကျွမ်းကျင်သူများသည် အချိန်မီရောက်ရှိ လာခဲ့ကြပြီး လူတစ်ဦးတစ်ယောက်မျှ ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိသော်လည်း ပြိုလဲသွားသည့် တိုက်ခန်းများနှင့် စပ်လျဉ်း၍ တန်ဖိုးငွေကျပ် သိန်း(၉၀)ကျော် ဆုံးရှုံးခဲ့ကြောင်း ယင်းတိုက်တွင်နေထိုင်သူ ကိုကျော် ၀ဏ္ဏ ကပြောသည်။

No comments:

Post a Comment