Tuesday, October 30, 2012

Peace talk without being true mind


ရွှေရည်စိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

ရွှေလီမှာ တွေ့ကြပြန်တယ်။ ကတိတွေပေးသွားတယ်။ သို့သော် မထူးခြားနား ဖြစ်လာမှာပဲ၊ ဆိုပြီး အတွေ့အကြုံများတဲ့ ကေအိုင်အေ တပ်မှူးတစ်ယောက်ပြောလာသည်။

ဒီနေ့ ဆွေးနွေးပွဲမှာ အစိုးရ ကိုယ်စားလှယ်တွေရဲ့ အနေအထားကို ကြည့်လိုက်ရင် အလွတ်သဘောပုံဆောင်နေတာ တွေ့ရသည်။ လေးနက်မှု မရှိပေ။ လမ်းဘေးလူမိုက်တွေရဲ့ ရန်ပွဲဖျန်ဖြေရေး လူကြီးများပုံစံနှင့် ပိုတူသည်။ မသိနားမလည်လို့ ရန်ဖြစ်ရတာ စိတ်ငြ
ိမ်သွားရင် ရန်ပွဲရပ်သွားမယ်၊ လို့ထင်ထားပုံပါ။

တကယ်တော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ရပ်ကွက် ရန်ပွဲမဟုတ်ပါ။ လူ့အသက်၊ အိုးအိမ်စည်းစိမ် မြောက်များစွာ စတေးခဲ့ရသည်။ နှစ်ပေါင်းလဲ မနဲတော့ပါ။ လက်နက်နဲ့ ဖြေရှင်းလို့ရမယ် ဆိုရင် အရင့်အရင် သူရဘွဲ့ရ ဗိုလ်ချုပ်များ လက်ထက်တွင် ပြီးနေလောက်ပါပြီ။ မပြီးနိုင်လို့သာ ဆက်ဖြစ်နေခြင်း ဖြစ်သည်။

မြောက်ပိုင်းတိုင်း တိုင်းမှူးက ထိုးစစ်မဆင်ပါဘူး လို့ ကေအိုင်အေ တပ်မှူးများရှေ့တွင် မဆင်မခြင်ပြောလာတော့၊ သံသယ စိတ် ပွါးပေးယုံကလွဲပြီး၊ ဘာအကျိုးမှ မရှိပါ။ ဘာသတင်းမှ မဖတ်ဘူးတဲ့လူတစ်ယောက်၊ ဘာမှ နိုင်ငံရေး မသိနားမလည်သူများကို ပြောရင် ယုံချင်ယုံမည်၊ သာမန်လူစိတ်ရှိသူ ကချင်ပြည်နယ်သားများ ဘယ်သူမှ မယုံပါ။

ကေအိုင်အေ က မိနစ်ပိုင်း၊ အချိန်တိုင်းတွင် စစ်အမိန့်များ ပေးနေရသော စစ်ဦးစီးချုပ်များကို အစည်းအဝေးမှာ မရမက လာခိုင်းပြီး။ တဖက်မှာ ထိုးစစ်ဆင်နေသည်။ ဒါတောင် ကေအိုင်အေက Webcast နဲ့ ဌါနချုပ်မှ live ကြည့်နိုင်ရင် မရမက စီစဉ်ခဲ့သည်။ တကမ္ဘာ လုံးရှိ ကချင် အသိုင်းအ၀ိုင်းလဲ ကြည့်လိုက်ရသည်။ ဒီခေတ်မှာ ဘာမှ ဖုံးကွယ်ထားလို့ မရပါ။

ငြိမ်းချမ်းရေးကို အမှန်အကန်လိုချင်တယ် ဆိုရင် ရွှေရည်စိမ်အဆင့်နဲ့ မရနိုင်ပါ။ ဆက်လက်စောင့်ကြည့်ရအုံးမည်။
—  Khin Mgoo.

2000 RESIDENT CALL FOR DEMONSTRATION FOR LAPAN DAUNG MOUNTAIN


လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိစ္စ ညှိနှိုင်းမှုပြက်ပျက်ကာ ဒေသခံ ၂၀၀၀ သပိတ်မှောက် -

အောက်တိုဘာလ ၃၀ရက် ၂၀၁၂ခုနှစ် ၊ သတင်း - The Hot News Weekly

လက်ပံတောင်းတောင်ကြေး နီစီမံကိန်းနှင့်ပတ်သက်ပြီး ဦးပိုင် ကုမ္ပဏီဘက်မှ သက်ဆိုင်ရာ တာ ၀န်ရှိသူများက ဆားလင်းကြီးမြို့ နယ် ရွာ(၂၆)ရွာရှိ ရွာသူရွာသားများနှင့် တွေ့ဆုံပြီးညှိနှိုင်းရာကျေး ရွာနေသူ လူပေါင်း(၂၀၀၀)ကျော် ခန့်က လက်မခံဘဲ သပိတ်မှောက် ခဲ့ကြကြောင်း ရန်ကုန
် ပြည်သူ့ အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုး၏ ပြောပြချက်အရ သိရသည်။
““ဦးပိုင်ကုမ္ပဏီဘက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရွာသူ၊ ရွာသားတွေကို အောက် တိုဘာ (၂၉)ရက်က ခေါ်ယူညှိ နှိုင်းခဲ့တယ်။ ဦးပိုင်ကုမ္ပဏီဘက် က တာဝန်ရှိသူတွေက လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း ဟာ နိုင်ငံတော် စီမံကိန်းဖြစ်တဲ့ အတွက် ဆက်လက်လုပ်ဆောင် မယ်ဆိုပြီး ပြောဆိုတဲ့အတွက် သွားရောက်ညှိနှိုင်းတဲ့ ရွာသူ၊ ရွာ သား (၂၀၀၀)ကျော်ခန့်က လုံး ၀လက်မခံပါဘူး””ဆိုပြီး အကျိုး ဆောင်ကွန်ရက်မှ ကိုအောင်စိုး က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံ ရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံ ပြည်သူများနှင့် မြန်မာ့စီးပွားရေး ဦးပိုင်၊ တရုတ်ဝမ်ဘိုကုမ္ပဏီတို့ ပဋိပက္ခ ဖြစ်နေသည်မှာ ယခု အချိန်အထိ ပြေလည်ခြင်းမရှိ သေးကြောင်း၊ နေ့စဉ် ဆန္ဒပြမှု များဖြစ်ပွားလျက် ရှိကြောင်း သိရ သည်။


မျိုးမြင့်၊တူးတူး

Rohimgyar represemtative, Shwe Maung in debate

ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်နှင့် ရခိုင်ပညာတတ်အမျိုးသမီးတစ်ဦးတို ပြောဆိုချေပမှု

by Zwe Thit Rammarmray on Tuesday, October 30, 2012 at 2:16am ·

နေပြည်တော်တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် စေ့စပ်ဆွေးနွေးပွဲမှာ ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်နှင့် ရခိုင်ပညာတတ်အမျိုးသမီးတစ်ဦးတို့ မီဒီယာများရှေ့၊ တူရကီသံအမတ်ကြီးရှေ့၊ မြန်မာအစိုးရခေါင်းဆောင်များရှေ့တွင် အပြန်အလှန်ပြောဆိုဖြစ်ခဲ့သော စကားများထဲမှ တစ်ခုသော ပြောဆိုချေပမှု
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်။  ။အစပိုင်းတုန်းက အမေရိကတိုက်ဆိုတာ ရက်အင်ဒီးယန်းတွေပဲရှိနေခဲ့တာ။ နောက်ပိုင်းကျမှ အင်္ဂလိပ်တွေ အမေရိကတိုက်ကို သိမ်းပိုက်နိုင်ခဲ့တာပဲ။ ဘယ်သူတွေက အင်္ဂလိပ်တွေကို ကျူးကျော်သူတွေလို့ ပြောကြလဲ။ အခုလည်း ဒီအတိုင်းပေါ့။ ရခိုင်ပြည်ရဲ့ ဘူးသီးတောင်၊ မောင်တောနယ်မှာ အရင်က ရခိုင်တွေရှိနေခဲ့တယ် ဆိုပေမယ့် အခု ကျုပ်တို့ မူဆလင်တွေရှိနေပြီ။ ကဲ- အဲဒီတော့ အဲဒီမြို့နယ်တွေကို အခုဘယ်သူပိုင်သင့်ပြီလဲ။ ခင်ဗျားတို့တွေစဉ်းစားတော့။
 
ရခိုင်ပညာတတ်အမျိုးသမီးတစ်ဦး။   ။အမေရိကန်အခြေအနေနဲ့ အခုရခိုင်ပြည်အခြေအနေနဲ့ လုံးဝမတူပါဘူး။ အမေရိကန်နိုင်ငံမှာ အဲဒီခေတ်အခါက ရှိနေခဲ့တဲ့ ရက်အင်ဒီးယန်းတွေဟာ ခိုင်မာတဲ့ ယဉ်ကျေးမှုတွေ မရှိခဲ့ပါဘူး။ ခိုင်မာတဲ့ ဘာသာတရားမရှိခဲ့ပါဘူး။ ခိုင်မာတဲ့ အုပ်ချုပ်မှုအဖွဲ့အစည်းတစ်ခုမရှိခဲ့ပါဘူး။ လုံလောက်တဲ့အသိဥာဏ်ပညာဆိုတာ မရှိခဲ့ပါဘူး။ အဲဒီတော့ အင်္ဂလိပ်တွေ အမေရိကန်နိုင်ငံကို သိမ်းပိုက်လိုက်တာဟာ သူတို့ ရက်အင်ဒီးယန်းလူရိုင်းတွေကို လူယဉ်ကျေးဖြစ်အောင်လုပ်ပေးတဲ့အတွက် သူတို့တွေရဲ့ ကျေးဇူးရှင်တွေလို့တောင်ပြောလို့ရပါတယ်။ အခုရခိုင်ပြည်မှာက ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ အုပ်ချုပ်မှုတွေ၊ အုပ်ချုပ်သူတွေ ခိုင်ခိုင်မာမာရှိနေတယ်။ ဘင်္ဂါလီမူဆလင်တွေဆိုတာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်မှ ရခိုင်ပြည်ထဲသို့ ခိုးဝင်လာသူတွေဖြစ်ကြောင်း ကျွန်မတို့မှာ အထောက်အထား အပြည့်အစုံ ရှိပါတယ်။ သူတို့တွေကို ကြည့်လိုက်ရင်လည်း အလိမ်အညာတွေဗရပွနဲ့ ကမ္ဘာကို ပရိယာယ်ကြွယ်ကြွယ်နဲ့ ငိုပြကြတယ်။ ရက်စက်ကြမ်းတမ်းစွာ ဒေသခံတွေကို သတ်ဖြတ်ခဲ့ကြတာ ငြင်းမရနိုင်တဲ့အချက်ပါ။ အဲဒီလိုအန္တရာယ်တွေ၊ ခြိမ်းခြောက်မှုတွေကို ကြိမ်ဖန်များစွာ ပြုလာကြတဲ့အခါ ဒေသခံရခိုင်တွေကလည်း အသက်ဘေးစိုးရိမ်ကြတဲ့အတွက် ဘူးသီးတောင်၊ မောင်တောနယ်တွေက ထွက်ပြေးကြတယ်။ အဲဒီလို သူတို့တွေကို ကြောက်ပြီးထွက်ပြေးသွားအောင် အကွက်ချပြီးလုပ်ကြတာကို။ အဲဒီတော့ ဘင်္ဂါလီတွေကို ဘူးသီးတောင်၊မောင်တောနယ်တွေကို ပေးဖို့ ဆိုတာကတော့ လုံးဝကို မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုလိုပါပဲ။ ကျွန်မပြောချင်တာ ဒါပါပဲ။

(ဦးရွှေမောင် နှုတ်ဆိတ်နေရပါတယ်။)

Danger of Yangoon rain


  ရန်ကုန်မြို.တော်ရေအောက်ရောက်ရှိနေခြင်း

မြန်မာနိုင်ငံ၏ယခုကာလမှာမိုးအကုန်နွေဦးအကြိုချိန်အခါကာလာသို.ရောက်၇ှိလာသည်။

ပွင်.လင်းရာသီဥတုဟုပြောမည်ဆိုလျှင်မမှားပေ။သို.သော်လည်းရာသီဥအပြောင်အလွဲကာလတွင်

ရန်ကုန်မြို.၏အမှတ်တမဲ.မိုးရွာလိုက်သောအခါတွင်ထင်ထားသည်အထက်ရန်ကုန်မြို.လယ်ခေါင်မှာ

ေ၇မြောင်းပိတ်ဆို.နေခြင်းနှင်.မသန်.ရျင်းသောရေဆိုးများေ၇မြောင်းများမှလမ်းပေါ်သို.ပင်ရောက်ရှိလာသည်

ကိုတွေ.မြင်ရပါသည်။၃၀..၁၀..၂၀၁၂နေ.ညနေပိုင်တွင်ရန်ကုန်မြို.တွင်းကွပ်ကြားမိုးရွာသွန်းလိုက်ရာအချိန

်(၅)မိနစ်အတွင်းလမ်းမများပေါ်သို.မထင်မှတ်လောက်စရာရေတက်လာခြင်းကိုတွေ.မြင်လိုက်၇သည်မှာ

စိတ်မချမ်းမြေ.စရာတခုဖြစ်နေတော.သည်(၅)မိနစ်သာကြာသောအချိန်အတွင်းမိုးရေများသည်

လူသွားလမ်းပေါ်သို.ပင်ေ၇ာက်၇ှိလာတော.လေသည်။ထိုကဲ.သို.ပင်မိုးရာသီကာလမှာ

၇ွာသွန်းနေသောမိုးေ၇များသည်ရန်ကုန်မြို၏ရေစီးလမ်းကြောင်းများပိတ်ဆို.နေသောကြောင်.

လမ်းမများပေါ်တွင်အချိန်အတန်ကြာရေတင်နေပြိးကားသွားကားလာများပါပိတ်ဆို.ကုန်ကြလေသည်။

ထိုသို.မဖြစ်ပေါ်စေရန်အတွက်ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီတွင်အပြည်.အ၀တာဝန်၇ှိပါသည်။

တာဝန်ရှိသည်ကိုမျက်ကွယ်ပြုလျှပ်နေသောအခါမလိုလားအပ်သည်ကျမ်းမာရေးနှင်.သက်ဆိုင်သည်.

ဆိုးကျိုးများသောက်သုံးရေမသန်.ပြန်.မှုများမိန်လ္လာကန်များမှရေလှံျ့ပြီးလမ်းမများပေါ်သို.ရောက်၇ှိခြင်း

စသည်ဖြင်.ပြည်သူလူထုတရပ်လုံးစိတ်မချမ်းမြေ.စွာဖြင်.နေစဉ်ဘ၀ဖြတ်သန်းနေကြရပါတော.သည်။

ရန်ကုန်မြို.တော်စည်ပင်သာယာေ၇းကော်မတီသည်စီမံချက်ချမှတ်ပြိးနောက်ဖေးလမ်းကြားများအတွင်း

မိန်လ္လာကန်များအားစီစစ်ခြင်းလမ်းမများအောက်တွင်ဖေါက်လုပ်ထားသောေ၇သွားလမ်းများအား

ဖေါ်ထုတ်ခြင်းစသည်ဖြင်.နွေဦးအကြိုကာလမှစပြိးလုပ်ဆောင်.သင်.ပါသည်။

ထိုကဲ.သို.ကြိုတင်ပြင်ဆင်လုပ်ဆောင်မှသာလျှင်နောက်တစ်ရာသီမိုးတွင်းကာလတွင်

လမ်းများပေါ်တွင်အချိန်ကြာရေတင်နေခြင်းမိန်လ္လာကန်များမိုးေ၇မ၀င်နိုင်ခြင်းလမ်းမပေါ်သို.

မေ၇ာက်ခြင်းပြည်သူအတွက်ကျမ်းမာေ၇းထိခိုက်စရာအဖြစ်သို.မေ၇ာက်နိုင်တော.ခြင်းလမ်းပိတ်ဆို.နေခြင်းများ

မဖြစ်ပေါ်နိုင်တော.မှာသေချာပါသည်။

ထိုကဲ.သို.ပြုလုပ်ဆောင်ရွက်ရန်တာဝန်ရှိပုဂ္ဂိုလ်များအနေနှင်.ပြည်သူအကျိုးကိုတာဝန်

သိသိနှင်.ဆောင်းကျင်းနိုင်မှသာလျှင်နိုင်ငံသားကောင်းဝန်ထမ်းများဖြစ်နိုင်ပါသည်။

ယခုဆိုလျှင်တာဝန်ရှိစည်ပင်သာယာေ၇းကော်မတီမှပြုလုပ်သင်.သည်.လုပ်ငန်းများက

ိုဦးစားပေးဆောင်၇ွက်ရမည်.အစားလဒ်လာဘရနိုင်ေ၇းလမ်းကြောင်းတခုကိုသာဦးစားပေး

လုပ်ဆောင်နေသည်ကိုနိုင်ငံတော်သမတဦးသိန်စိန်နှင်.တာဝန်၇ှိသူအားလုံးသိ၇ှိနိုင်စေရန်အတွက

်ကျွှန်တော်တို.မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ေ၇းကွန်ယက်မှရန်ကုန်မြို.တွင်းရိုက်ကူးထားသေ

မှတ်တမ်းဓါတ်ပုံများနှင်.တကွေ၇းသားတင်ပြလိုက်ပါသည်။
မန်မာပြည်ဖွံ့ဖြိုးတို.တက်ရေးကွန်ယက်                                                         
  မှတ်ချက်၊
ကျနော်တို့တင်ပြသောဓါတ်ပုံနှင့်စာသားများကိုအသုံးပြုလိုပါကကျနော်တို့ကွန်ယက်မှ ခွင့်ပြုချက်ကိုတောင်းခံရမည်။ 
ဆက်သွယ်ရန်                           
ကိုအောင်နိုင်ထွေး  630 456 6517 (အမေရိကန်ပြည်ထောင်စု)
ကိုလှဌေးနိုင်         09401600821 (မြန်မာပြည် ၊ ရန်ကုန်မြို.  )
burmadevelopmentnetwork@gmail.com

Monday, October 29, 2012

Justice is not in balance in Myanmar

 
တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်း ယိမ်းယိုင်နေခြင်းသည် အဂတိလိုက်စားနေကြသော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ထိရောက်စွာ အရေးယူအပြစ်ပေးမှု မပြုခြင်းကြောင့်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ သတင်းထုတ်ပြန်

တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်း ယိမ်းယိုင်နေခြင်းသည် အဂတိလိုက်စားနေကြသော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ထိရောက်စွာ အရေးယူ အပြစ်ပေးမှု မပြုခြင်းကြောင့်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက ၄င်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
 Justice is not in balance in Myanmar

The whole internationla community should help Latpan Daung Mountain's movement

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းလုံးဝရပ်ဆိုင်းရေး
အတွက် ပြည်သူများအနေဖြင့် ပြည်တွင်း ပြည်ပမှဝိုင်းဝန်း
ကူညီကြပါရန်ဒေသခံများမှ မေတ္တာရပ်ခံ တိုက်တွန်းချက်
---------------------------------------------------------


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး ပြည်သူ့လှုပ်ရှားမှု၂၆.၁ဝ.၂ဝ၁၂.ရက်နေ့တွင် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းအတွက် ပြည်သူ့မြေယာ
များကို ဦးပိုင်ကုမ္ပဏီနှင့် မြန်မာဝမ်ပေါင် တရုတ်ကုမ္ပဏီတို့
ပူးပေါင်းသိမ်းပိုက်နေခြင်းအား ဒေသခံတို့ကန့်ကွက်ရာ
လုံထိန်းတပ်ဖွဲ့ဝင်တို့ရောက်ရှိလာပြီး ဒုရဲအုပ်ထွဋ်ထွဋ်မှ
ဝင်ရောက်အကြမ်းဖက်ရာ ဆည်တည်းရွာသူ မဝင်းမာ
မစန်းလှိုင်ဝင်း၊ မအဲ တို့ဒဏ်ရာရရှိခဲ့သည်။ အထက်ပါ
အကြမ်းဖက်မှုအား ထိုနေ့မှာပင် ဆားလင်းကြီးမြို့နယ်
ရဲစခန်း၌ တိုင်ကြားခဲ့ရာ ပြင်းထန်စွာထိခိုက်နာကျင်စေမှု
ပုဒ်မ-၃၂၅ ဖြင့် လက်ခံပါသည်ဟု ပြောကြားပြီး ၂၉-ရက်
နေ့တွင် တိတိကျကျအကြောင်းပြန်မည်ဟု ပြောကြားခဲ့ပါ
သည်။ ယနေ့ ၂၉-ရက်နေ့တွင် ပြည်သူ ၅ဝဝကျော်က
သွားရောက်၍ ရဲလုံထိန်း၏ပြည်သူများအား ကာအိနြေ္ဒ
ပျက်ပြားစေမှုတို့ဖြင့် ရဲစခန်း၏ချိန်းဆိုမှု အတိုင်း သွား
ရောက်အမှုဖွင့်ရာ စခန်းမှူး-ဦးလှငွေ နေပြည်တော်သွား
နေ၍ အမှုကိုလက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့သည်။

၈.၁ဝ.၂ဝ၁၂.ရက်နေ့တွင် မြေသိမ်းခံ ယာသိမ်းခံနေရ
သော ပြည်သူများမှ ဦးပိုင်ကုမ္ပဏီနှင့် မြန်မာဝမ်ပေါင်တရုတ်
ကုမ္ပဏီတို့အား ပြည်သူ့မြေယာများအား အတင်းအဓမ္မသိမ်း
ပိုက်မှု ၊ ပြည်သူလူထုကြီးအား ခြိမ်းခြောက်မှုတို့ဖြင့်ရဲစခန်း၌ တိုင်ကြအားထားခဲ့သည့် ကိစ္စအား မေးမြန်းရာ ၎င်းအမှုအား အမှုကိုင်အရာရှိတဦးမှ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်
ရွက်နေ ကြောင်း သိချင်လျှင် ဖုန်း(ဝ၉-၄ဝဝ၄၅၉၂၅ဝ)ကိုမေး
ပါဟု ရဲစခန်းမှ ပြောကြားခဲ့သည်။

၂၉.၁ဝ.၂ဝ၁၂. ယနေ့တွင် လက်ပန်းတောင်းတောင်ဒေသ
အား ပုဒ်မ၁၄၄ ထုတ်ပြန်၍ အာဏာ အလွဲသုံးစားလုပ်မှုအဖြစ်
ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်အား ဆားလင်းကြီးမြို့နယ် တရားရုံး၌ ပြည်သူများက ဦးတိုက်လျှောက်-သွားရောက်တိုင်ကြားရာ တရားရုံးကိစ္စမဟုတ်ကြောင်း အုပ်ချုပ်
ရေးမှူးဖြစ်သဖြင့်အုပ်ချုပ်ရေးရုံးအထက်အဆင့်ဆင့်သို့တိုင်ကြားပါ
ဟု ပြောကြားခဲ့သည်။၂၉.၁ဝ.၂ဝ၁၂. ယနေ့ညနေတွင် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကိစ္စ ဒေသခံများနှင့်
ဆွေးနွေးချင်ပါသည်ဟု အာဏာပိုင်များ၏ အကြောင်းကြားချက်
အရ ဒေသခံပြည်သူ ၅ဝဝကျော်ခန့်က သွားရောက်ဆွေးနွေးရာ ဦးပိုင်ကုမ္ပဏီ၏ ကောင်းမွန်သောလုပ်ဆောင်ချက်များကို
ပထမပိုင်းတွင် ရှင်းလင်းခဲ့ပြီး ဆွေးနွေးမှုအပိုင်းတွင် တရွာလျှင် တယောက်နှုံးကိုယ်စားပြု၍ ရွာ၂၆-ရွာအားပြောကြား ခိုင်းခဲ့သည်။ ပြည်သူများမှ ဆွေးနွေးနေစဉ်အတောအတွင်း -ကြေးနီစီမံကိန်းလုပ်ငန်းအား ရပ်ဆိုင်းထားရန် ။
-ပုဒ်မ ၁၄၄-ထုတ်ပြန်ထားမှုအား ရုပ်သိမ်းပေးရန် ။

ရဲဝန်ထမ်းတို့၏ အကြမ်းဖက်မှုအား အရေးယူပေးရန်။
ဆွေးနွေးမှုတွင် နိုင်ငံတော်၏ဂုဏ်သရေရှိလူကြီးလူကောင်း
များနှင့် ပြည်ထောင်စုလွှတ်တော်အဆင့်ဝန်ကြီး များပါ
ပါဝင်ဆွေးနွေးရန်-လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း
ကိစ္စအား ပြည်သူလူထုဆန္ဒဖြင့်သာ အဆုံးအဖြတ်ပေးရန် ။ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရန်။ ဒေသခံများက
ပြောကြားခဲ့သည်။ အာဏာပိုင် များဘက်မှ စစ်ကိုင်းတိုင်း
လွှတ်တော် ဒုဥက္ကဋ္ဌ ဦးသောင်းစိန် ၊ သတ္တုတွင်းဝန်ကြီးဦးသန်းထိုက်၊ ဦးပိုင်ကုမ္ပဏီ မှ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းတာဝန်ခံ ဦးမြင့်အောင် နှင့် ဦးဝင်းကြည် ၊ ဦးမောင်မောင်တင့်တို့ ပါဝင်သည်။ ထိုဆွေးနွေးပွဲသည် ၂၂.၉.၂ဝ၁၂.ရက်က ပြုလုပ်ခဲ့သောပုံစံနှင့် ထပ်တူဖြစ်ပြီး လူထုကို လိမ်လည်အမြတ်ထုတ်မှုသာ ဖြစ်သည်။

ကုမ္ပဏီဘက်မှ စီမံကိန်းကို မရပ်တန့်နိုင်ကြောင်းနှင့် စီမံကိန်းကိစ္စ သည် ပြည်ထောင်စုအစိုးရအဆင့်ကသာ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း
ပြောဆိုသည့်အတွက် ဒေသခံ သံဃာ တော်များနှင့် ပြည်သူလူထု
ကြီးမှ လုံးဝလက်မခံဟု ပြောဆို၍ ဆွေးနွေးပဲါကို သပိတ်မှောက်ပြီး
ထွက်ခွါခဲ့ကြ ပါသည်။ ဒေသခံများအနေဖြင့် အာဏာပိုင်များပြော
ဆိုသလို ပြည်ထောင်စုအစိုးရအဆင့်ကသာဆုံးဖြတ်နိုင် မည်ဆိုလျှင် စစ်ကိုင်းတိုင်းအစိုးရအဆင့်အား နောင်လက်ခံဆွေးနွေး
တော့မည်မဟုတ်ဟု ပြောကြားသည်။

မှတ်ချက်။ ။ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းလုံးဝရပ်ဆိုင်းရေး
အတွက် ပြည်သူများအနေဖြင့်ပြည်တွင်းပြည်ပဝိုင်းဝန်းကူညီကြပါရန်
ဒေသခံများမှ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါသည်။
Send by: Black Angle
 
" အမိယုတ်တော့ နှုတ်ကြမ်း ..အဖ ယုတ်တော့ ကိုယ်ကြမ်း "


.နှုတ်လဲကြမ်းကိုယ်လည်းကြမ်းတော့ အမိအဖနှစ်ယောက်စလုံး ယုတ် ညံ့ လို့ ပေါ့ဗျာ ..

.စစ်တပ် ဦးပိုင်က ဖွတ် ကြီး တွေ ပါ ..

ကြေးနီစီမံကိန်း တာဝန်ခံ ဦးမြင့်အောင်မှ နင့်တို့ရေကို ခွေးတောင်မသောက်ဘူး

ဟု ပြန်လည်ဖြေကြောင်း။

ယင်းဖြေကြားချက်ကို မသွဲ့သွဲ့ဝင်းမှ ဟုတ်တယ် မှန်ပါတယ် ခွေးတောက်မသောက်ရေကို

ကျမတို့ သောက်နေရတယ် ဟု ပြန်လည် ဖြေကြားခြင်းဖြင့် အဆုံးသတ်ခံရ......................


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်
၂၆ ရွာမှ ရွာသူရွာသားများနှင့် တွေ့ဆုံဆွေးနွေးညှိုင်း။
-------------------------------------------------------------------------

အထက်ပါ တွေ့ဆုံညှိနှိုင်းပွဲတွင် ကျေးရွာပေါင်း ၂၆ ရွာမှ တစ်ရွာလျှင် ၂ ယောက်နှုန်းဖြင့် ကိုယ်စားတက်ရောက်လာသည့် ကျေးရွာသားများနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တာဝန်ခံ ဦးမြင့်အောင်၊ ဦးပိုင် ကုမ္မဏီမှ လာများနှင့် တွေ့ဆုံပွဲတွင် ကြေးနီစီမံကိန်းဘက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အပြောအဆိုမိုက်ရိုင်းခက်ထန်သည်
စကားလုံးများကြောင့် ဆွေးနွေးပွဲ ပျက်ပြားခဲ့ရ။

ဝက်မှေးကျေးရွာသူ မသွဲ့သွဲ့ဝင်းမှ စံပယ်တောင်ကြေးစီမံကိန်းကြောင့် ဆိုးကျိုးခံစားရသည့်အနီးဝန်ကျင်ရွာများတွင် သောက်ရေတွင်းများ
သောက်မရအောင် အက်ဆစ်ဓါတ်ပျော်ဝင်နေသည့်ကြောင့် အချဉ်ဓါတ်များပြီ သောက်မရအောင် ဖြစ်နေသည့်ကို တင်ပြရာ မယုံရင် လိုက်သောက်ကြည့်ပါအမှန်တကယ့်ကို တွေ့ရလိမ့်မည်ဟု
ဆွေးနွေးပြောဆိုခြင်းပေါ် ကြေးနီစီမံကိန်း တာဝန်ခံ ဦးမြင့်အောင်မှ နင့်တို့ရေကို ခွေးတောင်မသောက်ဘူး ဟု ပြန်လည်ဖြေကြောင်း။ ယင်းဖြေကြားချက်ကို မသွဲ့သွဲ့ဝင်းမှ ဟုတ်တယ် မှန်ပါတယ်
ခွေးတောင်မသောက်ရေကို ကျမတို့ သောက်နေရတယ် ဟု ပြန်လည် ဖြေကြားခြင်းဖြင့် အဆုံးသတ်ခံရ။

FNG. မှ တဆင့်ကူးယူတင်ပြပါသည်။

( ဖီလော်ဆိုဖာမောင်မြသာ )

Is it interests for Nation or not?


အချို.က ပညာတော.တတ်တယ်။ ဒါပေမဲ.-ဥာဏ်နီ ဥာဏ်နက်များတယ်။ လှည်.ပတ်ပြောတတ်တယ်။ကုလားဖန်ထိုးတတ်တယ်။ အမဲကို အဖြူလုပ်၊ 
အဖြူကို အမဲလုပ်တယ်။ သူ.လူကိုယ်.ဖက်သားလုပ်တယ်။ အတိုက်အခံတွေကို 
ကို နည်းပေါင်းစုံနဲ. ရန်တိုက်ပေးတယ်။ ဒီ နှစ်၅၀ ခရီး မှာ၊ တိုင်းပြည် ရန်သူအစစ်ကို
သူတို.၀ါဒဖြန်.ချီရေး လှိုင်းတွေနဲ. နည်းစုံးသုံးပြီး ဖျောက်ဖျက်ထာုးကတယ်။ 
ဒါပေမဲ. ကောက်ကျစ်သော စာတိုစာ စ ရေးနေပြီး၊ လူတွေကို မရိုးမသား 
ဆက်လိမ်နေချင်သူအားလုံးအတွက် ----- ဒီနေ. စဉ်းစားမိသမျှ။


နှစ်၅၀ကျော် ကာလတခုလုံး (လက်တဆုပ်စာ လူတစု ကလွဲ ရင်)

 မြန်မာပြည်သားလူသန်း ပါင်းများစွာ ဟာ ခုချိန်ထိ ဘာကြောင့် ကျောပူ ရင်ပူ နှလုံးသားပူ နေရပါသလဲ။ မြန်မာနိုင်ငံသားတွေ သူတို. ရဲ. လူသားဘ၀ 
အနှစ် သာရ ကင်းမဲ.ဆိပ်သုန်းနေ ရတာ ဘယ်သူကြောင်.ပါလဲ။ 
ဆိုးဝါးညံ.ဖျင်း လွန်းတဲ. ဒီိ မြန်မာပြည် စစ်အုပ်ချုပ်ရေး စနစ်ဆိုးမှာ 
တာဝန်အရှိဆုံးကဘယ်သူတွေပါလဲ။ အပြစ် မရှိတဲ. ပြည်သူလူထု တရပ်လုံးကို ကာကွယ်စောင်.ရှောက်ဖို.ဝေးစွ၊ စော်ကားမောက်မာ ရိုင်းပြ 
စိတ်တိုင်းကျ ကြမ်းတမ်းယုတ်ညံ.စွာ အုပ်ချုပ်ခဲ.တာဘယ်သူပါလဲ။
 ဒီမိုကရေစီ ရေး မှာ နည်းပေါင်းစုံနဲ. တိုင်ပွဲဝင်ခဲ.သူတွေကို အာဏာ 
ရှစ်စနစ်ကို စိတ်တိုင်းကျ စွဲကိုင်ပြီး နံမည်ဆိုးတပ်နေသူတွေဟာ 
ဘယ်သူတွေပါလဲ။ သန်းရွှေကြီး ရဲ. ၂၀၀၈ ဖွဲ.စည်းပုံနဲ. လမ်းပြမြေပုံ 
 ကြောင်.သာ ဒီမိုကရေစီ လင်းရောင်ချည် တိုင်းပြည်မှာ အစပျိုးခဲ.ပြီလို. 
အရှက်အကြောက်မရှိ သမိုင်းကို ဆက်လိမ်ချင်သူတွေက ဘယ်သူတွေပါလဲ။

ကဲ နောက်ဆုံး။ ခု ဒီ လို တိုင်းပြည်တခုလုံး အဖက်ဖက်က နိမ်.ကျ ပျက်ဆီးသွားတာ။ 

လူအားလုံးခြုတ်ခြုံကျ ဆင်းရဲနွမ်းပါးသွားတာ၊ နေရာတိုင်းမှာ အဖတ်ဆည် မရနိုင်အောင် 
ဝန်ထမ်းတွေအပါအ၀င် အထွေထွေစီမံခန်.ခွဲ တာဝန်ယူမှုအပိုင်းတွေမှာ 
ဘာမှ အသိဥာဏ်မရှိ လူစိတ် သူစိတ်တွေကင်းမဲ.သွားတာ၊ ဒီ အကျိုးဆက် 
အဆင်.ဆင်.မှာ၊ နှစ်၅၀ ပြည်ဖျက်ခဲ.တဲ. လက်သည်တရားခံ အစစ်ကြီးဖြစ်တဲ. 
စစ်အာဏာရှင်တွေကို အပြစ်မပြောပဲ၊ အတိုက်အခံအချင်းချင်း ရန်တိုက်ပေး၊နေတဲ.သူတွေက
ဘယ်သူတွေလဲ။ ဒီလို ရန်တိုက်ပေးရုံနဲ.တောင် စိတ်မပြည်.၀ စိတ်မကျေနပ်နိုင်သေးပဲ၊ ပိုလို.တာင်
တဆင်.ကဲ အထူး ရာင်.တက်လာနေကြပြီး၊ ဆန္ဒပြခဲ.တဲ.သူတွေကြောင်.တိုင်းပြည် ဒီလို
 ဖြစ်နေရတာဆိုတဲ့ ယုတ်မာတဲ.ဆင်ခြေနဲ. အတိုက်အခံအင်အားစုတွေက ပဲ တိုင်းပြည်ရဲ.ရန်သူလို ရေးသားပြောဆိုနေကြသူတွေဟာ ဘယ်သူတွေပါလဲ။

ရန်သူအစစ်ကဘယ်မှာပါလဲ။
အတိုက်အခံတွေလား။
စစ်အာဏာရှင်တွေလား။

ဗိုလ်ချုပ်ကတော. လူထုနဲ.တိုင်းပြည်ရဲ.မျက်နှာကိုထောက်ပြီးပြတ်ပြတ်သားသားဆောင်

ရွက်ကြတဲ.။ 
 နေပြည်တော်၏အကျိုးဆောင် ဖေ.ဘွတ်ခ် မှာတော. သန်းရွှေကြီးနဲ. သူတို.လိုလူတွေရဲ. 
အကျိုးစီးပွား အတွက် ကွေ.ကောက်သော ကောက်ကြောင်းတွေ တွေ.နေရတယ်။

အမဲကို အဖြူလုပ်၊ အဖြူကို အမဲလုပ် နေတာ ယုတ်မာမှု ယုတ်ညံ.မှုဖြစ်တယ်။ 

 သမိုင်းကို တမင်ဖျက် တမင်လိမ်နေသူများ အနှေးနဲ.အမြန်ဆိုသလို ……………………

The door for sex victims

burmese_sex_worker copy copy
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အေးနန္ဒာအဆင့် မြင့်အိမ်ရာစီမံကိန်းအပိုင်း(၁) အတွင်း ဖွင့်လှစ်ထားရှိသော ဟိုတယ်တစ်ခု အနေဖြင့် စီးပွားဖြစ်ဟိုတယ်လုပ် ငန်းလုပ်ကိုင်နေခြင်းမျိုးမဟုတ်ပဲ။ ငယ်ရွယ်သူကျောင်းသား၊ ကျောင်း သူများ၊ စုံတွဲများနှင့် ပြည့်တန်ဆာ လုပ်ကိုင်သောအမျိုးသမီးများသာ နေ့ညမပြတ်ဝင်ထွက်သွားကနေ သဖြင့် အနီးရှိအိမ်ရာနေပြည်သူ များ သားကောင်းသမီးပျိုများ အတွက် များစွာအနှောက်အယှက် ဖြစ်ခြင်း၊ အရှက်ရဖွယ်ရာများနေ့ စဉ်မြင်တွေ့နေရကြောင်း အိမ်ရာ နေပြည်သူတစ်ဦး၏ပြောပြချက် အရ သိရှိရသည်။
“အဲဒီကြိုးကြာဟိုတယ်ကိုလာတဲ့ တွေက ဒီအိမ်ရာလမ်းကိုသုံးနေတော့ အိမ်ရာထဲက လူကြီးလူကောင်းတွေ၊ သားကောင်းသမီးပျိုတွေအတွက် အများကြီးနစ်နာတယ်ဗျာ။ ပြီးတော့ သူ့ဟာက စီးပွားဖြစ်ဟိုတယ်လုပ်ငန်းလို့သာပြောတယ်။ ကျောင်း သား၊ ကျောင်းသူစုံတွဲတွေ၊ ပြည့် တန်ဆာတွေပဲေ0နတာဒီတော့ရွာနာတာပေါ့။ ပြီးတော့ပတ်ဝန်း ကျင်နဲ့ မသင့်လျော်တဲ့စွန့်ပစ်ပစ္စည်း တွေကိုလည်းတွေ့မြင်နေရတယ် ဗျာ။ အဲဒါကြောင့် ကျွန်တော်တို့ အိမ်ရာမျက်နှာစာတန်းက ခြံသုံး ခြံကဟိုတယ်ဘက်ကိုဝင်တဲ့ အပေါက်အသေးကို ပိတ်ပြီး လမ်း မကြီးဘက်ကို ခြံဝင်းဝင်ပေါက် တိုက်ရိုက်ဖောက်လုပ်ဖို့ ကျွန်တော်တို့ စ၀ယ်ခဲ့တဲ့ ကုမ္ပဏီကို အကြောင်းကြားပြီး ဒီကသားကောင်း သမီးပျိုတွေအတွက် တရားဝင်ပိတ် ခဲ့တယ်။ အဲဒါကို ကျွန်တော်တို့ အိမ်ရာက စီမံကိန်းအပိုင်း (၁) အဲဒါဘာမှမဆိုင်တဲ့ အပိုင်း (၂) ကားလမ်းတစ်ဖက်ခြမ်းကလူတွေ ကို စည်းရုံးပြီး။ ဌာနဆိုင်ရာတွေ ကို လျှောက်တိုင်နေတယ်ဗျာ”ဟု အိမ်ရာစီမံကိန်း (၁) နေ ဒေါက်တာစိုးသိန်းပြောကြားသွားခဲ့သည်။
ဟိုတယ်သို့လာရောက်သော အချို့သူများအနေဖြင့် အိမ်ရာဝင်း ၏ ၀င်/ထွက်လမ်းများအား အသုံး ပြုနေသောကြောင့် အိမ်ရာနေသား ကောင်းသမီးပျိုများ ထိခိုက်ရခြင်း တို့အား မူလနေရာပိုင်ရှင် ASIA EXPRESS Co.,Ltd သို့တင်ပြ၍ ပြည့်တန်ဆာများဝင်ထွက်နေသော အိမ်ရာဝင်းဝင်/ထွက်ပေါက်များ အား အဆက်ဖြတ်၍ လူနေခြံဝင်း များအတွင်းသို့သီးခြားခြံဝင်ပေါက်များ ဖောက်လုပ်အသုံးပြုရန် ခွင့် ပြုချက်တောင်းခံခဲ့ရာတွင်လည်း အေးနန္ဒာအဆင့်မြင့်အိမ်ရာအကောင် အထည်ဖော်ခဲ့သော ASIA EXPRESS Co.,Ltd အနေဖြင့် ကန့်ကွက်ရန်မရှိကြောင်း အကြောင်းပြန်ခဲ့ကြောင်း သိရ သည်။
ဟိုတယ်နှင့် မှားယွင်းကာဝင် ရောက်လာခြင်းများမှ ကာကွယ် ရန်အတွက် ခြံစည်းရိုးကာရံခြင်း၊ အုတ်စီ၍ကျောက်တိုက်စိုက်ထူခြင်း များကို ပြုလုပ်ခဲ့ရာတွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော် မတီခွင့်ပြုချက်မရှိသဖြင့် လုပ်ငန်း ရပ်ဆိုင်းထားရန်နှင့် ခွင့်ပြုမိန့်လျှောက် ထားရန် မြို့တော်စည်ပင်မှ အကြောင်းကြားစာပေးပို့ခဲ့သော ကြောင့် နေအိမ်ပိုင်ရှင်းများက ခွင့်ပြုမိန့်ချထားပေးရန်အတွက် သက်ဆိုင်ရာသို့ပြန်လည်တင်ပြ ထားကြောင်း သိရသည်။
လူနေသီးသန့်အိမ်ရာများ တည်ဆောက်ရာတွင် နေထိုင်သူ များအတွက် ရေ၊ မီး၊ မိလ္လာစနစ် များအပါအ၀င်လုံလောက်ပြည့်စုံ သောအစီအမံများပြည့်ဝစွာပါရှိ ရန် လိုအပ်ပြီးလုံခြုံရေးစနစ်ကောင်း မွန်မှုမှာလည်း အထူးလိုအပ်ကာ အိမ်ရာနေထိုင်သူများအတွက် လုံခြုံရေးစည်းကျိုးပေါက်မှုမရှိစေ ရန် ဂရုပြုဆောင်ရွက်သင့်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦး မှပြောကြားသည်။ လုံးချင်းအိမ်ရာ စီမံကိန်းများ၏ သဘောသဘာဝအရစိတ်ငြိမ်အေးချမ်းခြင်း၊ သီးသန့် ဆန်ခြင်း၊ အဆင့်အတန်းအတိုင်း အတာတစ်ခုအထိရှိခြင်းများမှာ လုံးချင်းအိမ်ရာစီမံကိန်းများအတွင်း၌ ၀င်ရောက်လုပ်ကိုင်လာကြသော ဟိုတယ်အပါအ၀င်စီးပွားရေးလုပ် ငန်းအချို့ကြောင့် လုံခြုံရေးစည်း ကျိုးပေါက်ကာရပိုင်ခွင့်ဆုံးရှုံးရခြင်းများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ခန့်ခန့်(ဒဿနိက)

 

Thursday, October 25, 2012

Lapandaung reagion will set landmine to stop residents passing.

 
“စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာခရိုင်၊ဆားလင်းကြီးမြို့နယ်၊လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းအတွင်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်အရာရှိတစ်ဦးက မိုင်းတွင်းအရှုပ်အထွေးများဖွင့်ဟပြောဆို”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တရုတ်နိုင်ငံရဲ့ မဟာဗျူဟာတစ်ရပ်အနေနဲ့ မြန်မာနိုင်ငံမှာ ၀င်ရောက်ကျူးကျော်ပြီးစီးပွ

းချယ်လှယ် နေတဲ့လက်ပန်းတောင်း တောင်ကြေးနီစီမံကိန်းလုပ်ငန်းခွင်တွင် လုံခြုံရေးတာဝန်များထမ်းဆောင်လျှက်ရှိသော ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့်တွေ့ဆုံမေးမြန်း ချက်များအား သလ္လာဝတီတိုင်မ်းမီဒီယာ ပရိတ်သတ်နှင့်ပြည်သူလူထုများသိရှိရန်တင်ပြလိုက်ရပါသည်။
“နိုင်ငံတာဝန်တွေထမ်းဆောင်ချင်လို့ ရဲတပ်ဖွဲ့ထဲကိုဝင်လာတာပါ။အခုတော့ရဲအလုပ်ကိုမလုပ်ရလဘဲ ကုမ္ပဏီမှာကျွန်ခံနေရ တယ်။စစ်စီးပွားရေးဓနရှင်ဦးပိုင်ဆိုသူတွေ့ရဲ့လောင်းရိပ်အောက်မှာ တာဝန်ထမ်းဆောင်နေရတာ စိတ်ပျက်လှပါပြီ”ဟု ၀မ်ပေါင်ကုမ္ပဏီတွင် လုံခြုံရေးတာဝန်စောင့်နေရသူရဲတပ်ဖွဲ့ဝင်ရဲအရာရှိတစ်ဦးကဆိုပါတယ်။
လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကြီးသည် ဒေသခံတောင်သူများရဲ့ဓားမဦးချလုပ်ကိုင်လျှက်ရှိသော လယ်ယာမြေ ဧကပေါင်းများစွာကို အတင်းအဓမ္မသိမ်းပိုက်ရယူပြီး လုပ်ကိုင်ဆောင်ရွက်နေသောစီမံကိန်းကြီဒတစ်ရပ်ဖြစ်သည်။
“ဆန္ဒပြမှုတွေကိုထိန်းချုပ်ဖို့ ဖြိုခွင်းဖို့ဆိုပြီး စစ်အင်အား ရဲတပ်ဖွဲ့ဝင်အင်အားတွေကိုလည်းလိုအပ်တာထက်ပိုပြီး သုံးထားပါတယ်။အခုဆိုရင်စီမံကိန်းတာဝန်ခံ ဗိုလ်မှူးကြီး-မြင့်အောင် (ဦးပိုင်ကုမ္ပဏီ)က ပုဒ်မ(၁၄၄)ထုတ်ထားတဲ့ ကိစ္စကို အကြောင်းပြပြီး စီမံကိန်းနယ်မြေအတွင်ဝင်ရောက်တဲ့ လက်ပန်းတောင်းတောင်အနီးတစ်ဝိုက်ရှိဒေသခံ ရွာသားတွေကို မိုင်း ထောင်ဖို့ဆိုပြီး အထူးအစီအစဉ်တစ်ရပ်ကို လျှိုဝှက်စီစဉ်နေပါတယ်။ အဲဒီမိုင်းထောင်မဲ့အစီအစဉ်ကို မုံရွာခရိုင်အုပ်ချုပ်ရေး မှူး-ဦးခင်မောင်စန်း ၊ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး-ဦးတင်အောင် တို့ကတော့ သဘောတူလက်ခံတယ်လို့သိရတယ်။
အဲဒီလို့မိုင်းထောင်မယ်ဆိုရင် ဒေသခံတွေ ဒုက္ခရောက်မှာ အထူးသဖြင့် နွားကျောင်းတဲ့သူတွေ ဟင်းသီးဟင်းရွက်ရှာတဲ့သူတွေ ရဟန်သံဃာတော်တွေ ထိခိုက်ဒဏ်ရာတွေရကုန်မှာသေချာတယ်။မတော်ရင် ခြေတောက်ပြတ် နောက်ဆုံးအသက်ပါ ဆုံးပါးနိုင်တယ်။အဲဒါကြောင့် ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်အချို့ကတော့ ထွက်ပြေးဘို့ ကြိုးစားနေပါတယ်”ဟု ၄င်းရဲအရာရှိကဆက်လက်၍ပြောကြားခဲ့ပါတယ်။
ကြေးနီတူးဖော်ရေးစီမံကိန်းလုပ်ငန်းခွင်အတွင်းတောင်ဖြိုမိုင်းခွဲသည့်အလုပ်နှင့်ပုံမှားရိုက်ကာဒေသခံတောင်သူတွေကိုအ ကြမ်းဖက်သတ်ဖြတ်ရမ်စီစဉ်နေခြင်းပင်ဖြစ်သည်။
“စီမံကိန်းလုပ်ငန်းခွင်အတွင်း ၀င်ရောက်လာလို့သာအခုလိုဖြစ်ရတာပါ ဒါဟာမတော်တဆမှုတစ်ရပ်ပါဖြစ်ပါတယ်လို့ စီးပွားရေးဦးပိုင်ကုမ္ပဏီလီမီတက်က ဒီကိစ္စအတွက်အရေးပေါ်အစည်းအဝေးပြုလုပ်နေပါတယ်။မတရားသဖြင့် ဥပဒေမဲ့လုပ် ရပ်တွေကို ပြည်သူတွေသိစေချင်လို့အခုလိုဆက်သွယ်ပြောကြားခဲ့တာပါဟု အဆိုပါရဲအရာရှိကမှတ်ချက်ပြုပြောဆိုထားပါ တယ်။
၎င်းစီမံကိန်းရုံးအတွင်း ဥပဒေမဲ့ စွာနဲ့ မူးယစ်ဆေးဝါးတွေ ၊စစ်လက်နက်ပစ္စည်းတွေကို အမြောက်အများသိုလှောင်ထားတာကို ကျွန်တော်ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရတယ်။တစ်ခါတစ်လေညပိုင်းတွေမှာ ၀မ်ပေါင်ကုမ္ပဏီကတရုတ်တွေ မုံရွာကိုသွားရင် သူတို့ကားတွေပေါ်မှာ သေနပ်တွေဆောင်ပြီသွားကြတယ် ဟုပြောပြကြောင်းတင်ပြလိုက်ရပါသည်။
****မှတ်ချက်။ ။မူရင်းရုပ်သံဖိုင်ကိုတင်ပြခြင်သော်လည်း ပြောပြသောရဲအရာရှိ၏ မိသားစုနှင့် ဆွေများသားချင်းများရဲ့ လုံခြုံရေးဆိုင်ရာအရတင်ပြခြင်းမပြုနိုင်သည်ကို နားလည်ပေးပါရန်အထူးမေတ္တာရပ်ခံအပ်ပါသည်။
Dr lunswe Facebook

မိုင်းခွဲမြေဖြိုမှုတွေကြောင့် မကြာခင်ပြိုကျတော့ မယ့်စေတီ အားအဝေးတစ် နေရာမှ မြင်တွေ့ရစဉ်။

Do you want to take a rest or play at the fullmoon night?


ညအခါ လသာသာ ကစားမှာလား နားမှာလား

by Ven Ravika on Thursday, October 25, 2012 at 10:14am ·

၁။ ရခိုင်ဘင်္ဂလီအရေး

ရခိုင်ဘင်္ဂလီအရေးက ကြောင်မှတ်လို့ ဆော့မိတာ ကျားကြီးဖြစ်နေတယ်။ ရိုဟင်ဂျာအမည်ခံဘင်္ဂလီများ၊ အိုအိုင်စီ၊ အစိုးရ ဖက်စပ်လုပ်တဲ့ Game Software တစ်ခုပါပဲ။ ပြဿနာဖြစ်ပွားပုံအစကို လေ့လာပါ။ အချိန်၊ နေရာနဲ့ နိုင်ငံရေးအခြေအနေအရ ဒီကစားပွဲ လိုခဲ့တယ်။ အခု ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီ။ ဒီအကြောင်း ပေါ်ပြုလာအင်မတန်ဖြစ်လို့ အကျယ်ချဲ့ပြောစရာမလို။

၂။ ကချင်စစ်

ကချင်စစ်ကို စစ်ဖြစ်ဖြစ်ချင်း ကန့်သတ်စစ်ပွဲလို့ စာရေးသူ ဝေဖန်ခဲ့တယ်။ ဒါလည်း ကစားတာပဲ။ နယ်မြေကို အသာစီး ယူချင်လို့၊ တိုင်းရင်းသားတပ်မတော်များကို ဖိအားပေးဖို့ လိုလို့ ကစားတဲ့ပွဲပါ။ ဗမာ့တပ်မတော်အနေအထားကို ကြည့်ရင် နယ်စပ်ဒေသကို ထိန်းချုပ်ထားနိုင်ရေးနဲ့ တိုင်းရင်းသားတပ်မတော်များရဲ့ ဌာနချုပ်နဲ့ နီးနိုင်သမျှနီးအောင် ချဉ်းကပ်ထားရေး ဖြစ်တယ်။ လက်ရှိတပ်ဖြန့်ကျက်ထားမှုကို လေ့လာကြည့်ရင် စာရေးသူ မမှားကြောင်း သက်သေထူနိုင်တယ်။ ဒါဟာ စစ်ရေးအရ ကစားတဲ့ပွဲပါ။ ဒါပေမဲ့ ကချင်စစ်ကို ဆော့လို့ နဂါးမနိုးစေနဲ့။ ရေမြွေမှတ်ပြီး အမြီးကို သွားဆွဲတယ်။ နဂါးကြီး ထွက်မလာစေနဲ့။ ဒီစစ်ကနေ တပြည်လုံး မီးထတောက်နိုင်တယ်ဆိုတာ မမေ့ဖို့ပါပဲ။

၃။ စီမံကိန်းကစားပွဲများ

မြစ်ဆုံစီမံကိန်းကို ဖျက်ထားတာမဟုတ်ဘူးဆိုတာ သိကြစမ်းပါ။ သံလွင်မြစ်စီမံကိန်းတွေလည်း လာဦးမယ်။ လောလောဆယ် မုံရွာကြေးနီစီမံကိန်းပေါ့။ ဆန္ဒပြတမ်းကစားခိုင်းတယ်။ တောင်းချင်သလောက် တောင်းပါလေ။ ဒီမိုကရေစီက နုနု၊ လောကဓံက ပြင်းပြင်းဆိုပြီး အမှတ်ယူဦးမယ်။ ဒါတောင် သိမ်းထားတဲ့လယ်တွေ ပြန်မပေးသေးဘူး။ စစ်အစိုးရက သိမ်းထားတဲ့ ခြံမြေတွေကိုလည်း နိုင်ငံတော်ပိုင်၊ ခရိုနီပိုင် လုပ်ထားတုန်းပါ။ ပိုင်ဆိုင်မှုကို ကျေညာဖို့ လွှတ်တော်က ငြင်းနေတုန်းပါ။ ဒါဟာ ပြည်သူတွေနဲ့ ကစားတဲ့ပွဲ။ ဒီပွဲမှာလည်း အတက်အကျ မြန်တယ်။

ညအခါ လသာသာ

ရခိုင်တွေ၊ သံဃာတော်တွေက သမ္မတထောက်ခံပွဲ ကျင်းပတာ၊ နော်ဝေးနဲ့အမေရိကန်အပါအဝင် ကမ္ဘာ့မိသားစုတွေ အားပေးထောက်ခံတာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အပစ်ရပ်နိုင်တာ၊ ပြည်သူများက အစိုးရအပေါ် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကောင်းမြင်လာတာဟာ ညအခါမှာ လသာတာပါပဲ။ ဒီချုပ်က ၂၀၀၈ ဥပဒေကို အသိအမှတ်ပြုလို့ လွှတ်တော်ကို ဝင်ခဲ့တာဟာလည်းပဲ လသာတဲ့ပန်းချီကားတစ်ချပ်ပါ။ တိုင်းရင်းသားအဖွဲ့ပေါင်းများစွာနဲ့ အပစ်ရပ်နိုင်တာဟာလည်းပဲ မိုးတိမ်ကင်းစင်တဲ့ ညတစ်ညပါပဲ။

ကစားမှာလား နားမှာလား

ဒီအဆင့်အထိ ရောက်ခဲ့ပါရက်ကယ်နဲ့ အကျင့်ဟောင်းတွေ မဖျောက်ဘဲ နေရာတိုင်းကို စစ်ရေးအမြင်နဲ့ သွားကြည့်နေလို့ မဖြစ်တော့ဘူး။ နိုင်ငံရေးအရ၊ စစ်ရေးအရ ကစားတာကို အပြစ်မပြောလိုပါ။ ဒါဟာ နိုင်ငံရေးစစ်ရေးရဲ့ သဘောသဘာဝဖြစ်လို့ပါပဲ။ ဒါပေမဲ့ ကစားတာ သိပ်များရင် မကောင်းဘူး။ ညနက်ပြီ။ ကစားတာ တော်သင့်ပြီ။ ညနက်တဲ့အထိ ကစားရင် အကာလဖြစ်တယ်။ အကာလဆိုတော့ ကောင်းကျိုး ဖြစ်စေနိုင်မှာမဟုတ်ဘူး။ ကစားစရာပစ္စည်းတွေ သိမ်းပြီး အိပ်ရာဝင်ဖို့ ကောင်းနေပြီ။

၁။ ရခိုင်ပြည်မှာ လောလောဆယ် ရခိုင်နဲ့ ဘင်္ဂလီများကို ခွဲထားလိုက်ပါ။ တရားဝင်နေထိုင်သူများကို သတ်သတ်ထားပါ။ တရားမဝင်နေထိုင်သူများကို သတ်သတ်ထားပါ။ တရားဝင်နေထိုင်သူများကို အစိုးရအနေနဲ့ အပြည့်အဝ တာဝန်ယူပါ။ တရားမဝင်နေထိုင်သူများကို နိုင်ငံတကာအကူအညီ တောင်းခံပါ။ ပြစ်မှုကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူပါ။ နိုင်ငံသားများက ပြစ်မှုကျူးလွန်ရင် ဥပဒေအတိုင်း အရေးယူပြီး တရားမဝင်နေထိုင်သူများက ပြစ်မှုကျူးလွန်ရင် deportation လုပ်ပါ။

၂။ ကချင်ကနေ တပ်ကို နုတ်ပါ။ တပ်နုတ်ရမှာကို ရှက်ရင် တပ်ကို အပစ်ရပ်မပျက်ခင်ကအနေအထားအတိုင်း တပ်ကို နေမြဲ ပြန်ရွှေ့ထားလိုက်ပါ။ K.I.O.နဲ့ ဒီလကုန်တွေ့တဲ့အခါ ကတိပေးလိုက်ပါ။ ဒါမှပဲ K.I.O. အနေနဲ့ U.N.F.C. အဖွဲ့နဲ့အစိုးရ အလွတ်သဘော တွေ့တဲ့နေရာမှာ ပါဝင်နိုင်ပါလိမ့်မယ်။ အလွတ်သဘောတွေ့ဆုံတဲ့နေရာမှာလည်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးမဲ့ကိစ္စကို အဓိကထားဆွေးနွေးပါ။ ပျားရည်နဲ့ ဝမ်းချရုံနဲ့ ရောဂါက ပျောက်မှာမဟုတ်ဘူး။

၃။ တိုင်းပြည်မှာ တည်ငြိမ်နေဖို့ လိုအပ်တယ်။ ဒီလို လိုအပ်မှန်းသိရက်နဲ့ လိုအပ်တဲ့ဥပဒေများကို မပြုဘဲ ရင်းနှီးမြှုပ်နှံမှုဥပဒေတို့ ဘာတို့ အရင်လုပ်နေလို့ မဖြစ်ဘူး။ ဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပါ။ ဒါဟာ အင်မတန်အရေးကြီးတယ်။ လယ်သမားအရေး၊ အလုပ်သမားအရေးကို ဖြေရှင်းပါ။ ဒီအရေးကို မဖြေရှင်းသေးဘဲ အခြားအရေးတွေကို ဇွတ်လုပ်မနေပါနဲ့။ ဒီချုပ်ကို ပုတ်ခတ်ချင်တာ မဟုတ်။ ဒီချုပ်က ပြည်သူပြည်သားတွေ မနာရအောင်လို့ အစိုးရနဲ့ ပေါင်းရတာပါ။ ဒီချုပ်က ပူးပေါင်းရက်သားနဲ့ ပြည်သူတွေက နာမြဲအတိုင်း နာနေရမယ်ဆိုရင် ဒီချုပ်တစ်ပါတီထဲ ရှိတာ မဟုတ်ဘူး။ ပြည်သူတွေက တောင်းဆိုလာရင် ဒီချုပ်ကလည်း နေမှာမဟုတ်ဘူး။ ၈၈ မျိုးဆက်အပါအဝင် အဖွဲ့ပေါင်းများစွာ စောင့်ကြည့်နေကြတယ်ဆိုတာ မမေ့ဖို့ပါပဲ။

 

Wednesday, October 24, 2012

Petrolium employees ask for rights


 IMG_20121023_105722



အောက်တိုဘာ ၁၀ရက်နေ့ တွင် ကလေးမြို့နတ်မြောင်းကျေး ရွာမြစ်သာမြင်းတစ်ဖက်ကမ်း၌ ကလေးမြို့ (၈၈) အင်အားစု၊ အထက်ချင်းတွင်းဒေသလူငယ်များ အဖွဲ့(ယာယီ)နှင့် ကလေးတောင် ပိုင်းရှိသဒွတ်ချောက်၊ရွှေပြည်သာ၊ ရေနံချောင်း၊ကျောက်ခွက်၊ ဘိုင်းဘင်၊ကြိမ်ချောင်းစသည့်ရေနံ မှော်များမှ ရေနံလုပ်သားတို့ တွေ့ဆုံခဲ့ကြပါသည်။ ထိုတွေ့ ဆုံမှုတွင် ရေနံလုပ်သားများမှ ချယ်ရီရိုးမကုမ္ပဏီမှမတရားဥပဒေ မဲ့အနိုင်အထက်ပြုမှုများကို ရင်ဖွင့်ခဲ့ကြပြီး ချယ်ရီရိုးမကုမ္ပဏီ အားငြိမ်းချမ်းစွာစုဝေးလှည့်လည် ဆန္ဒဖော်ထုတ်ရန် စီစဉ်ခဲ့ကြ ပါသည်။ သို့သော်ရေနံလုပ်သား များ၏ ဆန္ဒဖော်ထုတ်ခွင့် ခွင့်ပြု ချက်အားမြို့နယ်ရဲမှူးမှအကြောင်း ရင်း(၃)ချက်ပြကာငြင်းပယ်ခဲ့ ကြောင်း သိရပါသည်။ အဆိုပါ
ငြင်းပယ်ခြင်းအကြောင်း(၃)ချက်မှာ
(က) ရေနံတူးဖော်သောလုပ်သား များနှင့် ချယ်ရီရိုးမကုမ္ပဏီတို့၏
ပုဂ္ဂလိကဖြစ်စဉ်များဖြစ်ခြင်း(ခ) နစ်နာမှုများရှိပါက တရားဥပဒေ နှင့် အညီတရားစွဲဆိုနိုင်သည့် အခွင့်အရေးရှိခြင်း(ဂ) နိုင်ငံတော် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး တို့ကိုထိခိုက်ပျက်ပြားစေနိုင်ပြီး နောင်တွင် မလိုလားအပ်သော ဖြစ်စဉ်များဖြစ်ပေါ်လာနိုင်ခြင်း တို့ဖြစ်ကြောင်းဖြစ်ပြီးမကျေနပ်ပါက
ရေနံလုပ်သားများ အနေဖြင့် စီတန်းခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၉) အရအယူခံဝင်နိုင်ကြောင်းကိုပါ အသိပေးခဲ့ပါသည်။၎င်းကိစ္စနှင့် ပတ်သက်၍ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊မြို့နယ်ရဲမှူးတို့ပါဝင်သော
အဖွဲ့သည်စီတန်းလှည့်လည် ဆန္ဒ ပြခွင့်ကိုပိတ်ပင်ခဲ့သော်လည်းရေနံ လုပ်သားများဆန္ဒပြမညအောက်တိုဘာ ၂၃ရက်နေ့တွင်ရေနံလုပ်သားများ၏
တင်ပြတောင်းဆိုမှုများကိုချယ်ရီရိုး မကုမ္ပဏီယာယီတာဝန်ခံဦးစိုင်းခမ်း လှိုင်နှင့် မီဒီယာသတင်းထောက် များရှေ့တွင် ညှိနှိုင်းပေးခဲ့ကြပြီး တာဝန်ခံဦးစိုင်းခမ်းလှိုင်အနေဖြင့် လက်ရှိသူ၏အနေအထားအရ ဘာမှ ဆုံးဖြတ်ပေးနိုင်ခြင်းမရှိ သေးကြောင်းပြောကြားခဲ့ပြီးချယ်ရီ ရိုးမကုမ္ပဏီ၏ဆုံးဖြတ်ပေးနိုင်သူနှင့် အောက်တိုဘာ၂၇ရက်နေ့တွင်ပြန်လည် တွေ့ဆုံပေးမည်ဖြစ်ကြောင်းခရိုင်အုပ် ချုပ်ရေးမှူးမှတာဝန်ယူပြောကြားခဲ့ ပြီး ချယ်ရီရိုးမကုမ္ပဏီဆုံးဖြတ်နိုင် သူနှင့် ရေနံလုပ်သားထုမတွေ့ဆုံ သေးမီကာလတွင်လည်းရေနံဖမ်း ဆီးခြင်း၊ရိုက်နှက်ခြင်း၊ရေနံသယ်ရာ တွင်အသုံးပြုသောပလပ်စတစ်ပုံး များအားဓားဖြင့်ထိုးဖောက်ဖျက်စီး ခြင်းမလုပ်စေရေးတာဝန်ယူကြောင်း လည်း တာဝန်ခံဦးစိုင်းခမ်းလှိုင်မှ ၀န်ခံကတိပေးခဲ့ပါသည်။ ရေနံ လုပ်သားများသည် အဆိုပါပွဲတွင် အချက်(၁၀)ချက်ပါ တောင်းဆိုမှု များကို အဓိကထားတောင်းဆို ခဲ့ကြပါသည်။ ထိုရေနံလုပ်သား တို့၏တောင်းဆိုချက်(၁၀)ချက်မှာ
၁။ မတရားဖမ်းဆီး ရိုက်နှက်မှု ရပ်တန်ပါ။
၂။ ရေနံစိမ်းဝယ်ယူရာတွင် လက်ငင်းငွေချေစနစ်ဖြင့် ၀ယ်ယူ နိုင်ခြင်းမရှိပါက လွတ်လပ်စွာ ရောင်းချခွင့်ပြုရန်။
၃။ ကုမ္ပဏီပိုင် မြေဧရိယာအား အများပြည်သူသိရှိစေရန်ကုမ္ပဏီ မှ ဖော်ပြပေးရန်။
၎။ ချယ်ရီရိုးမကုမ္ပဏီမှ ဖွဲ့စည်း ထားသောတရားမ၀င်ဖမ်းဆီးရေး အဖွဲ့ဝင်များအားဥပဒေနှင့်အရေး ယူပေးပြီးဖျက်သိမ်းပေးရန်။
၅။ ရေနံမြေလုပ်သားထုအား စာနာရန်။
၆။ ရေနံမှော်စမ်းသပ်ရှာဖွေရာ တွင် ကုမ္ပဏီမှ ပြည့်စုံစွာပံ့ပိုးခြင်း
မရှိပါကလွတ်လပ်စွာရောင်းချခွင့် ပြုပေးရန်။
၇။ ရေနံမှော်သစ်စမ်းသပ်ရှာဖေ အောင်မြင်သူကို ခံစားပိုင်ခွင့် အပြည့်အ၀ပေးရန်။
၈။ ဒေသဖွံ့ဖြိုးမှုအား ချယ်ရီရိုးမ ကုမ္ပဏီမှ ကူညီပေးရန်။
၉။ ရေနံစိမ်းတစ်ပေပါလျှင် မှန်ကန်တိကျသော ဂါလန် (၅၀) ဖြင့် သတ်မှတ်ပေးရန်။
၁၀။ ရေနံစိမ်းတစ်ပေပါလျှင် ဒေသန္တရချောဆီဈေး၏၇၅ရာခိုင် နှုန်းဖြင့် ၀ယ်ယူရန်တို့ဖြစ်ကြောင်း သိရပါသည်။

Petrolium employees ask for rights
မင်းရဲစစ်နိုင်

Tuesday, October 23, 2012

Shwe Pyithar industrial employees call for fair rights




ရွှေပြည်သာ စက်ရုံအလုပ်သမားများ ဆန္ဒထုတ်ဖော်

ရန်ကုန် အောက်တိုဘာ ၂၃ရက်

ဥပဒေမဲ့ အလုပ်ထုတ်ခံနေရမှုများနှင့် လုပ်ငန်းခွင်ခွဲခြားဆက်ဆံမှုများကြောင့် အလုပ်သမားများ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ၏ခွင့်ပြုမိန့်ဖြင့် ရွှေပြည်သာ မြို့နယ် အောင်ကြွေပြားစက်ရုံအနီးတွင် အလုပ်သမား ၅၀၀ခန့် စုဝေးကြပြီး နံနက် ၁၀ နာမှ ၁၁နာရီခွဲ အထိချီတက် ဆန္ဒပြခဲ့ကြောင်း ကိုအောင်သူရိန်ထွန်းက ယနေ့ပြောသည်။
“အလုပ်သမားများ၏ နောက်ဆုံးလက်နက်ဖြစ်သော ဆန္ဒပြမှုဖြင့် ရွှေပြည်သာအလုပ်သမားများ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း” ၄င်းကပြောသည်။

 


Disorder for village admin

Posted by khonumthung on October 23rd, 2012
မတူပီမြို့နယ်အတွင်း စခိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် ပြည်သူမဲ အများဆုံး မရရှိသူ ကြံ့ဖွံ့ ကိုယ်စားလှယ် တဦးအား ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်ထားမည့်အပေါ် ဒေသခံများ မကျေနပ်သောကြောင့် ရပ်ရွာ အုပ်ချုပ်ရေး မလည် ပတ်နိုင်တော့ကြောင်း သိရသည်။
မတူပီမြို့နယ်၊ စခိုင်းကျေးရွာတွင် ကျေးရွာအဆင့် ကြားဖြတ်ရွေးကောက်ပွဲ ကို ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း ပြု လုပ်ကြ သော်လည်း ဒုတိယ မဲ အများဆုံး ရရှိသူ ယူအက်စ်ဒီပီ ပါတီကိုယ်စားလှယ်အား ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ် လိုက်ကြသည်။
“ အုပ်ချုပ်ရေးမှူးမရှိတော့ ရပ်ရွာအုပ်ချုပ်ရေး ပရမ်း ပတာဖြစ်ကုန်တယ်၊ မိုးတွင်းဆိုတော့ တရွာနဲ့ တရွာ လမ်းပေါင်း ရှင်းဖို့တောင် ဦးဆောင်မည့်လူ မရှိ တော့ဘူး၊ တခြား ပညာရေး၊ ကျန်းမာရေးကိစ္စတွေ အားလုံးပေါ့” ဟု ဒေသခံ တဦး က ပြောသည်။
စခိုင်းကျေးရွာသည် ပတ်ဝန်းကျင်ရွာများဖြစ်သည့် ဆုံဆင်း၊ ပါမိုင်း၊ တောင်ဘူ၊ ပါခိုင်း ကျေးရွာများစု ဆုံရာလမ်း ကြောင်း ပေါ် တွင် ရှိသည်။
အဆိုပါ စက်တင်ဘာလ ရွေးကောက်ပွဲတွင် ဆယ်အိမ်မှူးအဆင့် မှ စေလွှတ်ထားသော ကိုယ်စားလှယ်အသီးသီးအနက် ENDP ကိုယ်စားလှယ် Vantling က ၆ မဲ၊ ယူအက်စ်ဒီပီ ကိုယ်စားလှယ် Rihlo က ၄ မဲ နှင့် Victor က တမဲ အသီး သီး ရရှိခဲ့ကြသည်။
ဆယ်အိမ်မှူးအတွက် ရွေးကောက်ရာမှ စေလွှတ်လာကြသည့် ကိုယ်စားလှယ်များအား အချင်းချင်း မဲထည့်ကြရာ ဒုတိယ မဲအများဆုံးရရှိသည့် ယူအက်စ်ဒီပီပါတီမှ ကိုယ်စားလှယ်အား အုပ်ချုပ်ရေး မှူးအဖြစ် ပြည်နယ်အစိုးရမှ တိုက်ရိုက်ခန့် အပ် ရန်ဖြစ်ကြောင်း ယူအက်စ်ဒီပီပါတီဝင်တဦးက ဆို သည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး ဖြစ်စဉ်အားလုံးကို မြို့နယ်ကနေတဆင့် ခရိုင် အစိုးရက ပြည်နယ်သို့ သတင်းပို့ပြီး ဆက် လက်ဆောင်ရွက်လျက် ရှိကြောင်း ပြောကြသည်။
“ အဖြစ်သဘောရွေးကောက်ပွဲပါပဲ၊ ယူအက်စ်ဒီပီ ပါတီကိုယ်စားလှယ်ကို တိုက်ရိုက်ခန့်ထား တယ်ဆိုတာက ရွေးကောက်ပွဲ လုပ်စရာတောင်မလိုဘူး” ဟု စခိုင်းရွာမှ ရပ်ရွာလူကြီး မောင်ကဲ က ဆက်ပြောသည်။
 

Monday, October 22, 2012

ွှThe biggest aircraft carrier of US enters South China Sea


အမေရိကန် လေယာဉ်တင် သင်္ဘော ယူအက်စ်အက်စ် ဂျော့ဝါရှင်တန် တောင်တရုတ် ပင်လယ်တွင်း ဖြတ်သန်း ဝင်ရောက်


Monday, 22 October 2012

အမေရိကန် မဟာဗျူဟာ၏ အချက်အချာ နေရာ တစ်ခု ဖြစ်လာသော တောင် တရုတ် ပင်လယ်ပြင်အား အမေရိကန် လေယာဉ်တင် သင်္ဘော ယူအက်စ် အက်စ် ဂျော့ဝါ ရှင်တန် ဦးဆောင်သော သင်္ဘောအုပ်စု တစ်စုက အောက်တိုဘာ ၂ဝ ရက်တွင် ဖြတ်သန်းဝင် ရောက်ခဲ့ကြောင်း အင်တာနက် သတင်းအရ သိရသည်။

အမေရိကန် နျူကလီး ယားစွမ်း အင်သုံး လေယာဉ်တင် သင်္ဘော ယူအက်စ် အက်စ် ဂျော့ဝါရှင်တန် သင်္ဘောပေါ်သို့ ဗီယက်နမ် လုံခြုံရေးနှင့် အစိုးရ တာဝန်ရှိ သူများ လာရောက် လည်ပတ်ခဲ့ ကြသည်။ ထို့အပြင် သတင်းထောက် အချို့ကို လည်း ပင်လယ် ရေကြောင်း သွားလာမှုအား ပြသရန် ဖိတ်ခေါ်ခဲ့သည်။

အမေရိကန် လေယာဉ်တင် သင်္ဘော ခရီးစဉ်သည် အမေရိကန် ထောက်ခံသော ဗီယက်နမ်နှင့် ဖိလစ်ပိုင် နိုင်ငံတို့၏ စိုးရိမ်နေမှုများကို လျှော့ချ ပေးနိုင်လိမ့် မည် ဖြစ်သော်လည်း တရုတ်နိုင်ငံက နှစ် သက်မည့်ပုံ မပေါ်ပေ။

အမေရိကန်သည် ဗီယက်နမ်နှင့် ဒေသတွင်း အခြားနိုင်ငံများ စစ်ရေးဆိုင်ရာ မဟာမိတ် ဖွဲ့ခြင်းနှင့် စီးပွားရေး အရ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ ယခုကဲ့သို့ လေယာဉ်တင် သင်္ဘောအုပ်စု ပြောင်းရွှေ့မှု သည် တရုတ် နိုင်ငံ၏ လွှမ်းမိုးမှုကို တန်ပြန် လုပ်ဆောင်ခြင်း သာဖြစ်သည်။

ဗီယက်နမ် တာဝန်ရှိသူ များသည် ပေ ၁ဝဝဝ ရှည်လျားသည့် လေယာဉ်တင် သင်္ဘောကုန်း ပတ်ပေါ်တွင်F -18 ဂျက် တိုက်လေယာဉ်များ ပျံတက်ခြင်းနှင့် သင်္ဘောပေါ်သို့ ဆင်းသက်ခြင်း ပြုလုပ်နေမှုကို ဓာတ်ပုံများ ရိုက်ယူကြပြီး အမေရိ ကန် အရာရှိများနှင့် တွေ့ဆုံကာ လေယာဉ်တင် သင်္ဘောကြီးအား လေ့လာ ကြည့်ရှု ခဲ့ကြသည်။

ယခုခရီးစဉ်သည် ဂျပန်နှင့် အငြင်းပွား နေသော အရှေ့တရုတ် ပင်လယ် အနီးရှိ ကျွန်းများ အနီးအနားတွင် တရုတ်က စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီးနောက် တစ်ရက် အကြာတွင် ထွက်ပေါ်လာခဲ့သည်။

အမေရိကန် ရေတပ်က မဟာဗျူဟာ ကျသော ဒေသအတွင်း ၄င်း၏ မဟာ မိတ် နိုင်ငံများနှင့်ပူးတွဲ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်လျက် အာရှ-ပစိဖိတ် ဒေသ အတွင်း ပုံမှန် ကင်းလှည့်မှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
 The biggest aircraft carrier of US enters South China Sea

Do you believe it?


အခြေခံလုပ်သားများ လုပ်ခ၏ ၂၀ ရာခိုင်နှုန်း လစဉ်ပေးသွင်းလျှင် အိမ်ပိုင်နိုင်မည်


အခြေခံ အလုပ်သမားများ လုပ်ခ လစာ၏ အနိမ့်ဆုံး ၂၀ ရာခိုင်နှုန်းကို ပေးသွင်းလျှင် လူမှုဖူလုံရေး ဥပဒေအရ အိမ်ပိုင် ဆိုင်နိုင်မည်ဖြစ်ကြောင်း အလုပ်သမား ၀န်ကြီးဌာန လူမှုဖူလုံရေး အဖွဲ့ ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောကြားသည်။

အင်းယားလိတ် ဟိုတယ်တွင် အောက်တိုဘာလ ၁၆ ရက်နေ့က ပြု လုပ်သော ရန်ကုန် တိုင်းဒေသကြီး အတွင်း လူမှုဖူလုံရေး အိမ်ရာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

အလုပ်သမားများ လုပ်ခလစာမှ လစဉ် အရစ်ကျ စုဆောင်းရမည့် နှုန်းထားကို ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဟု သတ်မှတ်ထားပြီး အိမ် တန်ဖိုးကို A အဆင့် ကျပ်သိန်း ၅၀၊ B အဆင့် ကျပ်သိန်း ၈၀၊ C အဆင့် ကျပ်သိန်း ၁၀၀ ဟု သုံးမျိုး သတ်မှတ် ထားကြောင်း၊ အလုပ်သမားများ လုပ်ခ လစာ ရရှိမှုကိုလည်း သုံးမျိုး ခွဲခြားထားပြီး တစ်လလျှင် ကျပ် ၆၀,၀၀၀ ရရှိသော အဆင့်၊ ကျပ်တစ်သိန်း ရရှိသော အဆင့် ကျပ် ၁၂၀,၀၀၀ ရရှိသော အဆင့်ဟု သုံးမျိုး ခွဲခြားထားကြောင်း ၎င်းကဆိုသည်။

အဆိုပါ အိမ်တန်ဖိုး၏ တစ်ဝက်ကို ပေးသွင်းပြီး သို့မဟုတ် သုံးပုံ နှစ်ပုံကို ပေးသွင်းပြီးပါက ယင်းအိမ်ကို နေထိုင်ခွင့် ပေးမည်ဖြစ်ပြီး ကျန်ငွေများကို လစာ မှ လစဉ် ဖြတ်တောက်သွားမည် ဖြစ်ကြောင်း၊ အနည်းဆုံး တစ်ဝက်ပေး စုဆောင်းပြီး မဟုတ်သော အလုပ်သမား များမှာမူ နေထိုင်လိုပါက လစဉ် အရစ်ကျ စုဆောင်းရမည့် အပြင် ငှားရမ်းသုံး စွဲခကိုပါ ပေးရမည်ဖြစ်ကြောင်း ဦးယုလွင်အောင်က ဆိုသည်။

အလုပ်သမားများကို အိမ်တန်ဖိုး ၏ တစ်ဝက် ပေးသွင်းပြီးမှသာ နေထိုင်ခွင့် ရမည်ဆိုပါက တစ်ဝက် မပြည့်ခင် ငှားရမ်းနေထိုင်ရမည် ဆိုသော အချက်သည် အလုပ်သမားများအတွက် အလွန် နစ်နာကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေ ဦးဌေးက ယင်း အခမ်းအနားတွင် သုံးသပ်ပြောကြား သည်။

“အိမ်ပိုင်ဖို့အတွက် လစဉ်လည်း အရစ်ကျ သွင်းရမယ်၊ တစ်ဝက် မပြည့် သေးလို့ ငှားရမ်းခပါ ပေးရမယ်ဆိုရင် အလုပ်သမားတွေက မိအေး နှစ်ခါနာမယ်။ အဲဒါဆိုရင် အလုပ်သမားတွေ အတွက် အကျိုးမဖြစ်နိုင်ဘူး” ဟု ၎င်းက သုံးသပ်သည်။

အိမ်တန်ဖိုး၏ လစဉ်အရစ်ကျ စနစ်ဖြင့် စုဆောင်းသူများကို ၀န်ဆောင် စရိတ်ကိုသာ ယူပြီး ခွင့်ပြုမိန့်ဖြင့် နေထိုင်ခွင့် ပြုသင့်ကြောင်း၊ လစဉ် အရစ်ကျ စုဆောင်းမှုတွင် အလုပ်သမား များ ရရှိသော လုပ်ခ၏ လေးပုံ တစ်ပုံ ၂၅ ရာခိုင်နှုန်းခန့်ကို သာ အများဆုံး စုဆောင်းသင့်သည်ဟု အဆိုပါ အခမ်း အနားကို တက်ရောက်လာသူများက အကြံပြုခဲ့ကြကြောင်း ၎င်းက ထပ်မံပြော ကြားသည်။

၈၈ မျိုးဆက်ကျောင်းသားတစ်ဦး ဖြစ်သူ ဦးမင်းဇေယျကမူ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းကို အကြောင်းပြု၍ လုပ်ငန်းရှင်များက ၀င်ရောက် အခွင့်ကောင်း ယူသွားမည်ကိုလည်း စိုးရိမ်ရကြောင်း ရှင်းပြသည်။

လူမှုဖူလုံရေး ဥပဒေအရ အလုပ် သမားများ အမှန်တကယ် အိမ်ပိုင်ဆိုင် နိုင်ရေးအတွက် လူမှုဖူလုံရေး နည်း ဥပဒေ ပြဋ္ဌာန်းရာတွင် အထောက်အကူ ပြုစေရန် ကဏ္ဍ အသီးသီးမှ ပုဂ်္ဂိုလ်များ ၏ အကြံဉဏ်ကို ရယူခြင်းဖြစ်ပြီး မန္တလေးမြို့တွင်လည်း ယင်းကဲ့သို့ အခမ်း အနား ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးယုလွင်အောင်ကဆိုသည်။

ရန်ကုန်မြို့တွင် လူဦးရေ ခြောက်သန်း ရှိသည့်အနက် ၁၅ ရာခိုင်နှုန်းခန့် သာ အိမ်ပိုင်ဆိုင်သူများ ဖြစ်ကြကြောင်း အလုပ်သမား ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးဦးမြင့်သိန်းက ယင်းအခမ်းအနား တွင်ပြောကြားသည်။ အလုပ်သမား ၀န်ကြီးဌာနက ခေတ်နှင့် လျော်ညီမှု မရှိ တော့သည့် ၁၉၂၃ ခုနှစ်လျော်ကြေး ဥပဒေကို လာမည့် နိုဝင်ဘာလတွင် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဌာန ဗဟိုပြည်တွင်း ကုန်တင်ကုန်ချ ကော်မတီရုံးမှ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်း က ပြောကြားသည်။

“လွတ်လပ်ရေး မရခင်က ဥပဒေ ဖြစ်နေတာက တစ်ကြောင်း၊ မူရင်း ဥပဒေ ကလည်း အင်္ဂလိပ်လို ဖြစ်နေတဲ့အတွက် ကန့်သတ်ချက်တွေကို အပြည့်အ၀ သိဖို့လည်း မလွယ်ဘူး။ နိုင်ငံတကာ စံနှုန်းရော၊ အာဆီယံ ဒေသတွင်း ဥပဒေနဲ့ရော နှိုင်းယှဉ်လိုက်ရင် ကျင့်သုံးဖို့ကလည်း အဆင်မပြေတဲ့ အတွက် မဖြစ်မနေ ပြင်ဆင်မှသာ ပြည်သူ လူထု အတွက် အကျိုး ရှိမယ်” ဟု ၎င်းကဆိုသည်။

အလုပ်သမား ၀န်ကြီးဌာနသည် ၁၉၂၃ ခုနှစ်တွင် ရေးဆွဲခဲ့သည့် အလုပ်သမား လျော်ကြေးဥပဒေကို ပြင်ဆင်ရေး ဆွဲနိုင်ရေးအတွက် ဆွေးနွေးပွဲကို ယခု လ ၁၂ ရက်နေ့တွင် နေပြည်တော်ရှိ အလုပ်သမား ၀န်ကြီးဌာန၌ ပြုလုပ်ခဲ့ ပြီးဖြစ်သည်။
From Ohn Mar Oo facebook

Who win for civil war?


လက်အောက်ငယ်သား တပ်မတော်သားများနဲ့ ပြည်သူတွေ ဆင်းရဲသလောက် လူလက်တစ်ဆုပ်စာလောက်ကတော့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်ခဲ့ကြပါတယ်။ လက်အောက်ငယ်သား တပ်မတော်သားများ အပင်ပန်းခံ၊ အငြိုငြင်ခံပြီးအသုံးချခံခဲ့ရသလို ပြည်သူတွေဘက်က ကြည့်တော့လဲ အသက်သွေးချွေးတွေဆ
ုံးရှုံးခဲ့ကြရပြီး ယုံကြည်ချက်အတွက် ထောင်နန်းစံခဲ့ကြသူတွေလည်းရှိခဲ့တာ အားလုံးအမြင်ပါပဲ။ အောက်ခြေမှာ နှစ်ဘက်စလုံး အကျိုးမရှိဘဲ အထိနာခဲ့ကြရပါတယ်။



“အာဏာရှင်ဇာတ်တော်ကြီး” က တရားဝင်နိုင်ငံရေး ဇာတ်ခုံမှာ ကန့်လန့်ကာချပြီးသွားပြီ ဆိုပါစို့...။ ပွဲသိမ်းသွားပြီပေါ့..။ သိမ်းသွားပြီးတဲ့ ဇာတ်ခုံနံဘေးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ငုတ်တုတ်ကျန်ခဲ့သူ နှစ်ဦးကတော့ “တပ်မတော်” နဲ့ “ပြည်သူ” နှစ်ဦးပါပဲ...။ ပြည်သူလည်း ဆင်းရဲ.. တပ်မတော်လည်းမွဲ...။ ပြည်သူတွေလည်း အဘက်ဘက်ကနောက်ကျ.. 
 တပ်မတော်ကလည်း နည်းစနစ်တွေနိမ့်ကျပြီး နှစ်ဦးစလုံး မပြောင်ရောင်ကြတော့ပါဘူး...။ နှစ် ၅၀ အကျပ်အတည်းထဲမှာ ပြည်သူအများဆင်းရဲပြီး လက်တစ်ဆုပ်စာလောက်သာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းတွေဝင်ခဲ့သလို... တပ်မတော်သား အများစုဟာလည်း ဆင်းရဲပြီး လက်တစ်ဆုပ်စာ တပ်မတော်ခေါင်းဆောင်တွေနဲ့ ကြံရာပါ အပေါင်းအပါအချို့ ထားစရာနေရာမရှိလောက်တဲ့အထိ ချမ်းသာခဲ့ကြတယ်လေ...။

Friday, October 19, 2012

Naypyi Taw and US relation


နေပြည်တော်၊ Air Force One ၊Aircraft Carrier နှစ်စင်း နှင့် သမိုင်းဝင်မည့် နေ့စွဲများ

ပြီးခဲ့သည့် ရက်သတ္တပါတ် နှစ်ပါတ်ခန့်အတွင်းက အမေရိကန်ရေတပ်မှ USS George Washington နှင့် USS John C.Stennis လေယာဉ်တင်သင်္ဘောနှစ်စင်း သည် အကြောင်းတိုက်ဆိုင်စွာပင် အရှေ့တောင်အာရှဒေသရှိ မလေးရှားနိုင်ငံ Port Klang ဆိပ်ကမ်း နှင့် ထိုင်းနိုင်ငံ Phuket ဆိပ်ကမ်းသို့ အသီးသီးရောက်ရှိလာခဲ့ကြသည်။ ယင်း၏ နောက်ဆက်တွဲသတင်းတစ်ခုအဖြစ်
ဖော်ပြပါ လေယာဉ်တင်သင်္ဘော နှစ်စင်းသည် (၁၃-၁၀-၂၀၁၂)ရက်နေ့တွင် မြန်မာ့ရေပြင်
ပိုင်နက်အနီး Andaman ကျွန်းနှင့် Nicobar ကျွန်းတစ်ဝိုက် ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်လျက်ရှိကြောင်း ၄င်းတို့၏ facebook စာမျက်နှာများတွင် ဓါတ်ပုံများနှင့် ဝေေ၀ဆာဆာ ဖော်ပြထားသည်ကိုလည်း တွေ့ရပြန်သည်။ထို့ပြင် ဘင်္ဂလားဒေ့ရှ်၏ BD News Internet စာမျက်နှာတွင် အမေရိကန်စစ်ရေယာဉ်နှစ်စင်း နှင့် ဘင်္ဂလားဒေ့ရှ်စစ်ရေယာဉ်များ ဘင်္ဂလားပင်လယ်အော်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်နေကြောင်း ဖော်ပြထားပါသည်။ ဤသတင်းများအရဆိုပါက ယခုရက်ပိုင်းအတွင်း အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု ခန့်မှန်းအရေအတွက် စစ်ရေယာဉ် (၁၅)စီးကျော်ခန့်သည် မြန်မာ့ရေပိုင်နက်အနီး Andaman Sea ထဲတွင် ရောက်ရှိနေကြောင်း တွေ့ရသည်။

တစ်ချိန်တည်းမှာပင် ယခုကာလတိုရက်ပိုင်းအတွင်း မြန်မာနှင့် အမေရိကန်တို့သည် သံတမန်ရေးရာအပါအဝင် ကဏ္ဍအချို့၌ နီးနီးကပ်ကပ် ကူးလူးဆက်ဆံမူများကို ထင်ထင်ရှားရှား တွေ့နေရသည်။ထင်ရှားမူတစ်ခုသည် လူ့အခွင့်အရေးဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Posner ဦးဆောင်သောအဖွဲ့သည် ယခုအပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း၊၎င်းနှင့်အတူ အရှေ့အာရှရေးရာ အမေရိကန်ဒုလက်ထောက်ကာကွယ်ရေးဝန်ကြီး Vikoom Singn၊ အမေရိကန်စစ်တပ်၏ ပစိဖိတ်ဒေသဆိုင်ရာအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Froncu Wier Cinski တို့အပြင် သမ္မတအိမ်ဖြူတော်နှင့် ဒုသမ္မတရုံးမှ အကြီးတန်းအရာရှိများ၊ အမျိုးသားလုံခြုံရေးဌာန နှင့် အမိမြေလုံခြုံရေးဌာနမှ တာဝန်ရှိသူများ လိုက်ပါလာသည်ကို ထူးထူးခြားခြား သတိပြုမိပါသည်။

တစ်ဖက်တွင်လည်း သမ္မတ ဦးသိန်းစိန်မှ အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့စဉ် အမေရိကန်သမ္မတ အိုဘားမားအား မြန်မာနိုင်ငံသို့လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း၊သမ္မတ အိုဘားမားမှလည်း ပထမသက်တမ်းမကုန်ခင် လာရောက်လည်ပတ်မည်ဟု ဆိုထားကြောင်း၊သမ္မတ အိုဘားမား၏ မဲဆွယ် Speechများတွင် မြန်မာနှင့်အမေရိကန်ကြား နိုင်ငံရေးဆက်ဆံမူ ပုံစံသစ်ကြောင့် ရလာဒ်ကောင်းများ ရရှိသည်ဟု ခေါင်းစဉ်တစ်ခုအဖြစ် ပြောဆိုဆွေးနွေးလျက်ရှိကြောင်း၊မြန်မာ့အရေးသည် အမျိုးမျိုးသော အကြောင်းအချက်များကြောင့် အမေရိကန်တို့၏ နိုင်ငံရေး Agenda တွင် ရှေ့တန်းမှ ပါဝင်လျက်ရှိကြောင်း စသည့် အခြေအနေများကိုလည်း ကြားသိနေရပါသည်။၎င်းအပြင် ယခုလ (၁၆)ရက်နေ့က ပြုလုပ်သည့် အမေရိကန်သမ္မတလောင်း စကားစစ်ထိုးပွဲတွင် လက်ရှိသမ္မတ အိုဘားမားက ပြိုင်ဖက်သမ္မတလောင်း ရွန်နီကို ၄၆%၊ ၃၉%နှင့် အသားစီးရယူနိုင်ခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် ကာလတိုတစ်ခုအတွင်း စိတ်အေးလက်အေး ခရီးသွားနိုင်မည့် အနေအထားဟု ခန့်မှန်းရသည်။ ထို့ကြောင့် မိမိတို့မြန်မာနိုင်ငံတော်၏ အစိုးရသစ်၊နိုင်ငံရေးစနစ်သစ် အခါသမယတွင် နေပြည်တော်မြို့တော်သစ်ကြီး၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်၌ မကြာမီကာလတိုအတွင်း အမေရိကန်တို့၏ Air Force One လေယာဉ်ကို တွေ့မြင်ရဖွယ် ရှိကြောင်း နှင့် အရှေ့တောင်အာရှနိုင်ငံ အချို့သို့လည်း သွားရောက်ဖွယ်ရှိကြောင်း တင်ပြလိုက်ရပါသည်။

မောင်ဝါဆို

မူရင်းသတင်း----Myanmar NAVY

What is the Parliament in Myanmar?


ဒီနေ.တွေးမိသမျှ--
တော်ဝင် အပြာရောင်ဝတ်စုံကို ၀တ်ထားပြီး ၊ သူမ ပြောသင်.ပြောပြထိုက်သမျှကို ၊ (အတိုက်အခံလစ်ဘရဲယ်ပါတီ က foul ဖေါင်းထားတာ မှန်သမျှကို) တချက်စီ ခြေပ စိမ်ခေါ် ပြောသွားတဲ. အော်စထေးလီးယား ၀န်ကြီး ချုပ် ဂေးလာ.တ် ရဲ. လွှတ်တော် က မိန်.ခွန်းကို ခု ကျမ ယူကျူ. က ထိုင် ကြည်.ပြီးသွားပါပြီ၊

သူမ စပိခ်ျ က တော်တော်ကောင်းပါတယ်။ သူမစကားလုံးတွေထက် သူမ၏မခံတဲ. စိတ်ဓါတ် ကို သွားတွေ.ပါတယ်။ ကြောင်သူတော်သမားတွေကို လွှတ်တော်ရင်ပြင် တွင်းက
ဝန်ကြီးချုပ် အမျိုးသမီး၏ တုန်.ပြန်မှု ဆိုတာထက် လွှတ်တော်တွင်းရှိလေ.ရှိတဲ. ကြောင်သူတော်ဝါဒနဲ.ဒီအလေ.အထကြောင်. လူတွေကို စံနှုန်း ၂ ခု ဒပ်ဘဲလ် စတန်းဒတ် နဲ. ဆက်ဆံတာ၊ နိုင်ငံရေးမှာ စည်းကျော်တာတွေကို သူမ အဓိကထားပြီး သွား စိမ်ခေါ်မှု တာ ကများတယ် လို.ပဲ သတိပြုမိပါတယ်။

ထုံးစံအရဆို- သူများတွေပါလီမန်မှာ ဒီိလို ပြောပေါက်တွေက ထုံးစံဖြစ်နေပါပြီ။ သို.သော် ပြောလို.ဆိုလို. ခြဲလို. ဖြဲလို. ရ တဲ. နိုင်ငံတကာ က လွှတ်တော် ကြားနာပွဲတွေ က ဟန်ပန် လုပ်နေကြ မြင်နေကြ အရာတွေမှာ ( မြန်မာ လွှတ်တော် ၏ အလေ.အထတွေ စံဝင်လာတော.မယ် ၊ဦးမှာ၊ မှတ်သားစရာဖြစ်လာတော.မယ်လို. အများကြီး မမျှော်လင်.ရဲသေးပါ။ ) မြန်မာ လွှတ်တော်မှာ ဘာတွေဖြစ်တတ်ပါသလဲ။ ဘာတွေပြောကြပါသလဲ။ ဘာတွေကို စိမ်ခေါ်ကြပါသလဲ။ (အာဏာ ရှိ ပါတီိကြီးကပဲ လက်မဲ. လုပ်ပိုင်ခွင်.မဲ.အခြားတဖက်ကိုစိမ်ခေါ်နေတာချည်းပဲ မဟုတ်ပါလား။)

နိုင်ငံခြား ပါလီမန်တွေမှာ မိန်.ခွန်း (သို.) ဒီဘိတ်ထုံးစံတွေ ထက် ကျော်ပြီး ဘက် ၂ဘက် လွန်ဆွဲ ခြေပ စကားစစ်ဆင်တတ်တဲ. ယဉ် ကျေးမှု မျိုး ကို အတိုက်အခံပါတီကြီးတွေ နဲ. ပင်မ ပါတီ ကြီးတွေ ကြားမှာတွေ.နိုင်ပါတယ်။ တခါတရံ ပါတီသို. နိုင်ငံရှိလူတွေအားလုံး ရဲ. အခြေခံစံ တန်ဘိုးတွေ၊ အခြေခံ ဖေါင်ဒေးရှင်းတွေကို ဘက်တဘက်က သိသိသာသာကြီး ပမာမခန်.ပြုနေပြီဆိုရင်တော.- ဒါ မျိုးကို ခုခံကာကွယ် ရမှာ- အဲဒီ.ပါတီ ၏ အကြီး အကဲသာဖြစ်ပါတယ်။ အဲဒီ. အခါမှာ ပြောသူ ခြေပသူတွေ ရဲ.စကားတွေ အမူအယာတွေက ၀င်းလက်တောက်ပလာကြတယ်။ အားမာန်တေါပါလာတတ်တယ်။ မှတ်သားလောက်စရာ ဖြစ်လာတယ်။

ဒီ မိန်.ခွန်းကို သေသေချာချာ နားထောင်ကြည်.ရင်-ပါတီ ခေါင်းဆောင်တဦးက သူ.ပါတီ အကျိုးစီးပွားကာကွယ်တယ် ဆိုတဲ. သာမန်ယဉ်ကျေးမှု တွေ ထက် အများကြီး ပို တဲ.အဓိပ္ပါယ်ပါဝင်ပါတယ်။
       
ယဉ်ကျေးတဲ. လူ.အဖွဲ.အစည်းနိုင်ငံတိုင်းက လက်ခံ စောင်.လျှောက်လိုတဲ. တန်ဘိုး မှန်သမျှကို ကာကွယ်တာ- ပါတီ တရပ် အကျိုးစီးပွားထက် သာလွန်ပါတယ်။ စာနာစိတ်နဲ.နားလည်ပေးရမှာတွေ၊ ကိုယ် ရှုံးရှုံး သူနိုင်နိုင် မဖြစ်မနေ ဇောင်းတင်ပြောဆိုရမဲ. လူသားဝါဒအချင်းအရာတွေ အကျုံးဝင်ပါတယ်။ ဒီလို ပါတီတရပ်အကျိုးစီးပွားထက်ပိုပြီး တဆင်. မြင်.တဲ. အထူးပြုမှု မျိုးကို ဘယ်နိုင်ငံမှာမဆို ပြည်သူ.ကိုယ်စာလှယ်ဆိုပြီး ခံယူထားကြသူတွေ၊ တစစ တိုးကြံ ၊ မဖြစ်သေးရင်တောင်ဖြစ်လာအောင်-ခုကတည်းကစပြီး အလေ.အထလုပ်လာကြရင် မကောင်းပေဘူးလား လို. မြန်မာ လွှတ်တော်ကို မှန်းးမြင်ပြီး နဲနဲ စိတ်ကူးယဉ်မိပါတယ်။

တိုးတက်ပါတယ်ဆိုတဲ. အမေရိကမှာတောင်-အိမ်ထောင်မပြုသေးပဲ ရီးစားနှင်.သာ တရားဝင်နေသည်. ဂေးလာ.တ် လို ဘာသာမဲ. အမျိုးသမီးတဦး၊ ၀န်ကြီးချုပ် (သို.) သမ္မတ ဖြစ်လာဖို. နောက် ထပ် နှစ် ၅၀ စောင်.တောင် ရနိုင် ပါ.မလား။

အလားတူပဲ မိမိကို ၀န်ကြီးချုပ်လဲ မိန်းမ တယောက်ပဲ၊ ပြောချင်ရာပြောလို. ရတယ် ဆိုတဲ. ယောင်္ကျာံးကြမ်းဝါဒ နဲ. စော်ကားတိုက် ခိုက်တဲ. တဖက် ပါတီခေါင်းဆောင်ကို စိမ်ခေါ်ခံရတဲ. အမျိုးသမီးက ကျူးလွန်သူရဲ. မျက်နှာစေ.စေ.ကြည်.ပြန်စိမ်ခေါ်.ပြောလို.ရ မဲ. အခွင်.အရေးမျိုး တွေရော မြန်မာပြည်မှာ ဘယ်တော.ရမလဲ။ ဒီမိုကရေစီ သို. အသွင် ပြောင်းလဲတိုးတက်ရေး လို. အားလုံးက ဆိုနေတဲ. အချိန်မှာ-ကြံစည်စိတ်ကူး မှုတွေ၊ နိုင်ငံတော်၏ ကတိတွေနဲ. အတူ--တယ်လို.ဆိုရမဲ.လုပ်ပုံလုပ်နည်း တွေ တိုင်းတာနည်းတွေ progressive means and measures ဖြစ်လေသမျှကို ဘယ်သူစစ (မိန်းမ ကပဲ စစ၊ ယောင်္ကျာံးကြီးတွေကပဲစစ) လက်မခံသင်.ပေဘူးလား။

အာဏာ ရှိသူတွေ အကြိုက်လိုက်ရေး လိုက်ပြော လုပ်နေကြတဲ. မီဒီယာနယ်ပယ် က ခွဲထွက်တဲ. လါတ်လါတ်လပ်လပ် သတင်းသမားတွေကလည်း ထွက်လာတဲ.သတင်းတွေကို ချက်ချင်းပြန်သတင်းသုံးသပ်ရေးတွေ လုပ်ပေးနေကြရင် မြန်မာ လွှတ်တော်မှာ အများ က လိုက်မော.နေကြရပေမဲ.--နဲနဲပါးပါးတော.မေါ.ရကျိုးနပ်ပါပေမယ်။

အချိန်ရရင် ဒီ စပိခ်ျကိုကြည်.ပါ။ ဂေးလာ.တ်ရဲ.စတိုင်ကို သဘောကျတယ်။ လေဘာပါတီခေါင်းဆောင် အနေနဲ.၊ ၀န်ကြီးချုပ်အနေနဲ.၊ အတိုက်အခံပါတီကို ပြန်ခြေပရမဲ. အနိုင်ရပါတီ အတွက် စိမ်ခေါ်ခြေပတယ် ဆိုတာထက်၊ သူမယုံကြည်တာ၊ တန်ဖိုးအရ လက်မခံ နိုင်တာတွေကို တချက်စီ ၀က်ဝက်ကွဲအောင် ပြန်ပြောသွားပါတယ်။

တဖက်ပါတီ ခေါင်းဆောင်အက်ဘာတ်စ် က သူမအပေါ် ( မူဝါဒ အားဖြင်.၊ စိတ်ဓါတ် ရေး ရာ အား ဖြင်. မနိုင် လေတော.) ဘာသာမဲ.၀န်ကြီးချုပ် ကို စုန်းမတဲ.၊ ဟောင်တဲ. ခွေးမတဲ.၊ စသဖြင်. ထိုးနှက်မှုတွေ--ပါတီဈေး လုံးဝမကျစေပဲ-ပြန်တီးနှက်ခဲ.ပါတယ်။ ပါတီ နဲ. လွှတ်တော် မိန်. ခွန်းတွေမှာ ပြောသူ speaker က ဘာပြောသလဲဆိုတာထက်--ပြောသူရဲ. စိတ်နေစိတ်ထား၊ သဘောထား အထုံ၊ စိတ်ညွှတ်ရာ စိတ်ဦးစီး ရာ တွေ spirit and temperamentကို ပါ ထည်. ကြည်.တတ်ရပါမယ်။ မဟုတ် ရင် မိန်. ခွန်း ချို ချိုမြမြ လေး တစ် ခု ၂ ခု ပြောနေကြရုံ နဲ. ၂၀၁၂ နိုဘယ်ဆုတွေ ရနိုင်လောက်တဲ.သူတွေနားမှာပဲ ကို ပဲ နတ်ကရာ ကျီး မော.နေရတဲ. အဖြစ်က လွတ်မှာ မဟုတ်ပါ။

လေဘာ နဲ. လစ်ဘရယ် ( သြဇီမှာ လစ်ဘရယ် ပါတီဆိုတာ အမေရိကန်က ရီပါဘလစ်ကန်ထက် ဆိုးပါတယ်) ဒီ ပါတီ ၂ ရပ် တန်ဘိုး အခြေခံအားဖြင်.လွဲ နေတာ၊ ဒါပေမဲ. ၀န်ကြီးချုပ် အမျိုးသမီးကို ခပ်နိမ်.နိမ်.နည်းတွေ သုံးပြီးအတိုက်အခံပြုတဲ.
လေဘာပါတီ ခေါင်း ဆောင်အက်ဘာ.တ်စ် ကို ပါလီမန်ရင်ပြင်မှာ သူမ ဖက်က ကပြန်ပြီး ခွေးအ တကောင် လို. မခေါ်သော်လည်း- သူ ခွေးအ တကောင်ဖြစ်ခဲ.ပါတယ်။

အနည်းနဲ.အများ ဒီမိုကရေစီ ရှိတဲ. လွှတ်တော်ရင်ပြင်တွေကိုကြည်.လိုက်ရင်-ဒီနေရာတွေက ခေါင်းဆောင်ဆိုသူများဟာ--သူတို. ဆိုရေး ရှိရာ ဆိုကြရင်း၊ ငြင်းကြရင်း၊ တုန်.ပြန်စိမ်ခေါ်ကြရင်းကြရင်းနဲ.ပဲ--ရေများ ရေနိုင် မီးများ မီးနိုင်ဆိုသလို ဒီလိုပဲ သက်ဆိုင်ရာကြိုးပမ်းမှုတွေနဲ. အချိုးညီမျှတဲ. ရလဒ်တွေ ဖေါ်ဆောင်သွားကြတာတွေ.ရပါတယ်။

စဉ်းစားကြည်.ကြပါ။ မြန်မာပြည်ကလွှတ်တော်မှာ ဘယ်သူ. အခင်းအကျင်းနဲ.၊ ဘယ်သူ.လက်အောက်မှာ ဘယ် ဓါတ်ကသာ ကြီးစိုးနေပါသလဲ။ ပြည်သူလူထုတောင်းဆိုမှုမှန်သမျှဆို နိုး နိုး နိုး---သူတို.လူများဒီလို ညီကြတယ်။ ဒီလို နဲ. မြန်မာလွှတ်တော်မှာ သူ.သဘောသူဆောင်တဲ. သတ္တိကပိုပြင်းနေလို. ဘာမှ မဖြစ်သေး လို.ဆိုလျှင်-----လွှတ်တော်ပြင်ပက ပြည်သူ တရပ် လုံး ရဲ. ကံမသတ္တိကို ပဲ အားကိုးရတော.မယ် ထင်ပါ ရဲ.။ Stay ahead of the culture by creating the culture. Cheers!

Wednesday, October 17, 2012

The story behind Viber


 
လက်ရှိခေတ်စားနေသော Viber Application အား မြန်မာ့ဆက်သွယ်ရေးမှ
 ပိတ်ပင်သွားမည် ဆိုသည်နှင့် ဆက်လျင်း၍ နောက်ကွယ်မှ တရားခံမှာြ
မန်မာမော်ဒယ် မင်းသမီးဟောင်း Smile ၏ အမျိုးသားပိုင် ကုမ္ပဏီ မှဖြစ်ကြောင်း။

ထို့အပြင် ၄င်းတို့စီးနေသော ကားအား ကညန နံပါတ်ပြား တပ်ဆင်ခြင်းမရှိဘဲ မောင်းနှင်နေသည်ကို တွေ့ရှိရကြောင်း၊ ယနေ့အထိ မည်သည့် ဂျာနယ်ကမှ ဖော်ပြခြင်းမရှိသေးကြောင်း တင်ပြလိုက်ရပါသည်။
 

Viber ကိုထွင်တဲ့လူတွေက ဘာအကျိုးအမြတ်မှ မရဘဲ ထွင်ပေးလိုက်တာ။
 သူတို့အနေနဲ့ ဒါကိုပေးသုံးတာ ဘာမှအကုန်အကျလဲ မရှိဘူး။ ဘာလို့လဲ ဆိုတော့ ရှိပြီးသားအင်တာနက်လိုင်းတွေကို သုံးပြီး ဆက်သွယ်တာဖြစ်လို့ ပိုက်ဆံအကုန်ခံ 
အင်တာနက်ဆက်သွယ်မှု (ဝိုင်ဖိုင်၊ သရီးဂျီ) လိုင်းတွေ ယူထားရင် ပြီးပြီ။ 
 ဖုံးနဲ့အင်တာနက်လုပ်တာကို ခွင့်ပြုထားရင် Viber လုပ်တာကို ဘာမှပြောစရာမလိုဘူး။
 လူ (၆၂) သန်းရဲ့ ဘ၀တွေကို မိမိမကယ်နိုင်ရင်တောင်
နိုင်ငံခြားမှာကျွန်ခံပြီး ပြည်ပက သားသမီးတွေရဲ့ အသက်စွန့် ပြီး ရှာနေတဲ့ ချွေးနည်းစာငွေလေးနဲ့ အသက်ရှင်ရပ်တည်နေရတဲ့
မြန်မာပြည်က မိသားစုဘ၀တွေကို သည့်ထက်ပိုပြီး မဖျက်ကြ
ပါနဲ့  ...

ကမ္ဘာကြီးမှာ တလောကလုံး free အလကားသုံးလို့ ရတဲ့ ဆက်သွယ်ရေး
စံနစ်တွေကို ဥပဒေထုတ်ပြီး ပိတ်နေတာ မြန်မာတနိုင်ငံပဲရှိပါတယ်။
ခင်ဗျားတို့  ရှက်ကြောပြတ်နေတာက ဘယ်သူကမှ အရေးမလုပ်ဘူး။
ဒါပေမဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုးစီးပွါးထိခိုက်တဲ့အထိ ရှက်ကြော
မပြတ်ကြပါနဲ့  -

Viber ပိတ်မယ် ....... ဟုတ်လား
တခြား ဆက်သွယ်စရာ Viber လို အရာတွေ အများကြီးရှိပါသေးတယ်။
ဒါပေမဲ့ ပြည်သူအပေါ်ထားတဲ့ ခင်ဗျားတို့ ရဲ့ စေတနာကို ပြင်စေလိုတယ်။

အခြားနိုင်ငံက telephone companies တွေလည်း အင်တာနက် free
calls တွေကြောင့် နစ်နာတာပဲဗျ။ ဒါပေမဲ့ သူတို့ ပြည်သူတွေရဲ့ အကျိုး
စီးပွါးအတွက် ဘယ်အစိုးရကမှ ခင်ဗျားတို့ လို အောက်တန်းမကျဘူး။
ဇီဇာမကြောင်ဘူး။

တကမ္ဘာလုံးမှာ Free ရတဲ့ Sim Card ကို (၂) သိန်းနဲ့ မရောင်းဘူး။
အင်တာနက် free links တွေကိုမဖြတ်ဘူး။
ခင်ဗျားတို့ မရှက်ရင်နေပါ။
ဒုက္ခရောက်နေတဲ့ တိုင်းပြည်နဲ့ လူမျိုးမျက်နှာကိုတော့ပြန်ကြည့်ပါ ဟု ပြည်သူများဝေဖန်မည်တွန်နေကြကြောင်း.........

Man dies under road roller

 









ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ဘောလုံးအကယ်ဒမီ
 ကျောင်းအနီး ၇၂လမ်းနှင့် ငုဝါလမ်းထောင့်တွင်
လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဦး ငုဝါလမ်းမှ လမ်းပြုပြင်နေသော
၇၂လမ်းသို့ ဆိုင်ကယ်နှင့်အကွေ့တွင် ဆိုင်ကယ်လဲသွားခဲ့ကာ ဦးခေါင်းမှာ
လမ်းလုပ်ငန်းဆောင်ရွက်နေသော လမ်းကြိတ်စက် နောက်ဘီးအောက်သို့

ရောက်သွားခဲ့သည်။ မျက်နှာကို လမ်းကြိတ်စက်ကြိတ်မိရာမှ ပြင်းထန်စွာ
ဒဏ်ရာရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
ယာဉ်ထိန်းရဲများနှင့်စည်ပင်တာဝန်ရှိသူများရောက်ရှိလာခဲ့ပြီး
၎င်းအမျိုးသားခန္ဓာကိုယ်ကို ချမ်းမြသုခနာမှုကူညီရေးအသင်းက
သယ်ဆောင်သွားခဲ့သည်။ 
ဓာတ်ပုံ-ညီညီဇော်

Tuesday, October 16, 2012

Authorities try to block Lapandaung Mountain conference




"ပြည်သူ့ညီလာခံကို ညညစ်နည်းအသွယ်သွယ်နဲ့ အာဏာပိုင်များ စတင်ပြီ"

တောက်....ပြည်သူ့အကျိုးဆောင်တွေကို စစ်ကိုင်းတိုင်းမှာ ပြည်သူ့ညီလာခံ မတက်ရောက်နိင်အောင် ကားတွေမှာရှာဖွေစစ်ဆေးနေကြသတဲ့ဗျာ။

ဟားဟားဟား.....တားကြစမ်း...ပြည်သူ့ခင်းတဲ့လမ်းကို ပြည်သူပြည်သားတိုင်းလျှောက်ခွင့်ရှိတယ်။သွားခွင့်ရှိတယ်။မတရား ဥပဒေပုဒ်မတွေတပ်ပြီး လွတ်လပ်ခွင့်တွေကို ဖျက်ဆီးချင်သူတွေ...

သတိပေးမယ်....၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန

်ပြီး လုပ်နေတာတွေ ရပ်တမ်းကရပ်ပါ။

...ဒါမှမဟုတ်ရင်...ဖွဲ့စည်းပုံအခြေခံ ဥပဒေအရရော...နိင်ငံတကာ ကမ္ဘာ့ဥပဒေတွေနဲ့ပါ တုန့်ပြန်မှုတွေ ကြုံရမယ်။

ပြည်သူ့အကျိုးဆောင်များ ၁၈/၁၉ ရက်နေ့ နံနက် (၇)နာရီမှ ည(၇)နာရီထိ ကျင်းပမည့် လက်ပံတောင်းတောင် ပြည်သူ့ညီလာခံ အရောက်လာမည်။

Lapandaung Mountain conference


လေးစားလျှက်
ကိုဝေဠု
ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်
Kowai Lu