Monday, October 22, 2012

Who win for civil war?


လက်အောက်ငယ်သား တပ်မတော်သားများနဲ့ ပြည်သူတွေ ဆင်းရဲသလောက် လူလက်တစ်ဆုပ်စာလောက်ကတော့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်ခဲ့ကြပါတယ်။ လက်အောက်ငယ်သား တပ်မတော်သားများ အပင်ပန်းခံ၊ အငြိုငြင်ခံပြီးအသုံးချခံခဲ့ရသလို ပြည်သူတွေဘက်က ကြည့်တော့လဲ အသက်သွေးချွေးတွေဆ
ုံးရှုံးခဲ့ကြရပြီး ယုံကြည်ချက်အတွက် ထောင်နန်းစံခဲ့ကြသူတွေလည်းရှိခဲ့တာ အားလုံးအမြင်ပါပဲ။ အောက်ခြေမှာ နှစ်ဘက်စလုံး အကျိုးမရှိဘဲ အထိနာခဲ့ကြရပါတယ်။



“အာဏာရှင်ဇာတ်တော်ကြီး” က တရားဝင်နိုင်ငံရေး ဇာတ်ခုံမှာ ကန့်လန့်ကာချပြီးသွားပြီ ဆိုပါစို့...။ ပွဲသိမ်းသွားပြီပေါ့..။ သိမ်းသွားပြီးတဲ့ ဇာတ်ခုံနံဘေးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ငုတ်တုတ်ကျန်ခဲ့သူ နှစ်ဦးကတော့ “တပ်မတော်” နဲ့ “ပြည်သူ” နှစ်ဦးပါပဲ...။ ပြည်သူလည်း ဆင်းရဲ.. တပ်မတော်လည်းမွဲ...။ ပြည်သူတွေလည်း အဘက်ဘက်ကနောက်ကျ.. 
 တပ်မတော်ကလည်း နည်းစနစ်တွေနိမ့်ကျပြီး နှစ်ဦးစလုံး မပြောင်ရောင်ကြတော့ပါဘူး...။ နှစ် ၅၀ အကျပ်အတည်းထဲမှာ ပြည်သူအများဆင်းရဲပြီး လက်တစ်ဆုပ်စာလောက်သာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းတွေဝင်ခဲ့သလို... တပ်မတော်သား အများစုဟာလည်း ဆင်းရဲပြီး လက်တစ်ဆုပ်စာ တပ်မတော်ခေါင်းဆောင်တွေနဲ့ ကြံရာပါ အပေါင်းအပါအချို့ ထားစရာနေရာမရှိလောက်တဲ့အထိ ချမ်းသာခဲ့ကြတယ်လေ...။

No comments:

Post a Comment