Monday, October 29, 2012

The whole internationla community should help Latpan Daung Mountain's movement

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းလုံးဝရပ်ဆိုင်းရေး
အတွက် ပြည်သူများအနေဖြင့် ပြည်တွင်း ပြည်ပမှဝိုင်းဝန်း
ကူညီကြပါရန်ဒေသခံများမှ မေတ္တာရပ်ခံ တိုက်တွန်းချက်
---------------------------------------------------------


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး ပြည်သူ့လှုပ်ရှားမှု၂၆.၁ဝ.၂ဝ၁၂.ရက်နေ့တွင် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းအတွက် ပြည်သူ့မြေယာ
များကို ဦးပိုင်ကုမ္ပဏီနှင့် မြန်မာဝမ်ပေါင် တရုတ်ကုမ္ပဏီတို့
ပူးပေါင်းသိမ်းပိုက်နေခြင်းအား ဒေသခံတို့ကန့်ကွက်ရာ
လုံထိန်းတပ်ဖွဲ့ဝင်တို့ရောက်ရှိလာပြီး ဒုရဲအုပ်ထွဋ်ထွဋ်မှ
ဝင်ရောက်အကြမ်းဖက်ရာ ဆည်တည်းရွာသူ မဝင်းမာ
မစန်းလှိုင်ဝင်း၊ မအဲ တို့ဒဏ်ရာရရှိခဲ့သည်။ အထက်ပါ
အကြမ်းဖက်မှုအား ထိုနေ့မှာပင် ဆားလင်းကြီးမြို့နယ်
ရဲစခန်း၌ တိုင်ကြားခဲ့ရာ ပြင်းထန်စွာထိခိုက်နာကျင်စေမှု
ပုဒ်မ-၃၂၅ ဖြင့် လက်ခံပါသည်ဟု ပြောကြားပြီး ၂၉-ရက်
နေ့တွင် တိတိကျကျအကြောင်းပြန်မည်ဟု ပြောကြားခဲ့ပါ
သည်။ ယနေ့ ၂၉-ရက်နေ့တွင် ပြည်သူ ၅ဝဝကျော်က
သွားရောက်၍ ရဲလုံထိန်း၏ပြည်သူများအား ကာအိနြေ္ဒ
ပျက်ပြားစေမှုတို့ဖြင့် ရဲစခန်း၏ချိန်းဆိုမှု အတိုင်း သွား
ရောက်အမှုဖွင့်ရာ စခန်းမှူး-ဦးလှငွေ နေပြည်တော်သွား
နေ၍ အမှုကိုလက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့သည်။

၈.၁ဝ.၂ဝ၁၂.ရက်နေ့တွင် မြေသိမ်းခံ ယာသိမ်းခံနေရ
သော ပြည်သူများမှ ဦးပိုင်ကုမ္ပဏီနှင့် မြန်မာဝမ်ပေါင်တရုတ်
ကုမ္ပဏီတို့အား ပြည်သူ့မြေယာများအား အတင်းအဓမ္မသိမ်း
ပိုက်မှု ၊ ပြည်သူလူထုကြီးအား ခြိမ်းခြောက်မှုတို့ဖြင့်ရဲစခန်း၌ တိုင်ကြအားထားခဲ့သည့် ကိစ္စအား မေးမြန်းရာ ၎င်းအမှုအား အမှုကိုင်အရာရှိတဦးမှ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်
ရွက်နေ ကြောင်း သိချင်လျှင် ဖုန်း(ဝ၉-၄ဝဝ၄၅၉၂၅ဝ)ကိုမေး
ပါဟု ရဲစခန်းမှ ပြောကြားခဲ့သည်။

၂၉.၁ဝ.၂ဝ၁၂. ယနေ့တွင် လက်ပန်းတောင်းတောင်ဒေသ
အား ပုဒ်မ၁၄၄ ထုတ်ပြန်၍ အာဏာ အလွဲသုံးစားလုပ်မှုအဖြစ်
ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်အား ဆားလင်းကြီးမြို့နယ် တရားရုံး၌ ပြည်သူများက ဦးတိုက်လျှောက်-သွားရောက်တိုင်ကြားရာ တရားရုံးကိစ္စမဟုတ်ကြောင်း အုပ်ချုပ်
ရေးမှူးဖြစ်သဖြင့်အုပ်ချုပ်ရေးရုံးအထက်အဆင့်ဆင့်သို့တိုင်ကြားပါ
ဟု ပြောကြားခဲ့သည်။၂၉.၁ဝ.၂ဝ၁၂. ယနေ့ညနေတွင် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကိစ္စ ဒေသခံများနှင့်
ဆွေးနွေးချင်ပါသည်ဟု အာဏာပိုင်များ၏ အကြောင်းကြားချက်
အရ ဒေသခံပြည်သူ ၅ဝဝကျော်ခန့်က သွားရောက်ဆွေးနွေးရာ ဦးပိုင်ကုမ္ပဏီ၏ ကောင်းမွန်သောလုပ်ဆောင်ချက်များကို
ပထမပိုင်းတွင် ရှင်းလင်းခဲ့ပြီး ဆွေးနွေးမှုအပိုင်းတွင် တရွာလျှင် တယောက်နှုံးကိုယ်စားပြု၍ ရွာ၂၆-ရွာအားပြောကြား ခိုင်းခဲ့သည်။ ပြည်သူများမှ ဆွေးနွေးနေစဉ်အတောအတွင်း -ကြေးနီစီမံကိန်းလုပ်ငန်းအား ရပ်ဆိုင်းထားရန် ။
-ပုဒ်မ ၁၄၄-ထုတ်ပြန်ထားမှုအား ရုပ်သိမ်းပေးရန် ။

ရဲဝန်ထမ်းတို့၏ အကြမ်းဖက်မှုအား အရေးယူပေးရန်။
ဆွေးနွေးမှုတွင် နိုင်ငံတော်၏ဂုဏ်သရေရှိလူကြီးလူကောင်း
များနှင့် ပြည်ထောင်စုလွှတ်တော်အဆင့်ဝန်ကြီး များပါ
ပါဝင်ဆွေးနွေးရန်-လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း
ကိစ္စအား ပြည်သူလူထုဆန္ဒဖြင့်သာ အဆုံးအဖြတ်ပေးရန် ။ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရန်။ ဒေသခံများက
ပြောကြားခဲ့သည်။ အာဏာပိုင် များဘက်မှ စစ်ကိုင်းတိုင်း
လွှတ်တော် ဒုဥက္ကဋ္ဌ ဦးသောင်းစိန် ၊ သတ္တုတွင်းဝန်ကြီးဦးသန်းထိုက်၊ ဦးပိုင်ကုမ္ပဏီ မှ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းတာဝန်ခံ ဦးမြင့်အောင် နှင့် ဦးဝင်းကြည် ၊ ဦးမောင်မောင်တင့်တို့ ပါဝင်သည်။ ထိုဆွေးနွေးပွဲသည် ၂၂.၉.၂ဝ၁၂.ရက်က ပြုလုပ်ခဲ့သောပုံစံနှင့် ထပ်တူဖြစ်ပြီး လူထုကို လိမ်လည်အမြတ်ထုတ်မှုသာ ဖြစ်သည်။

ကုမ္ပဏီဘက်မှ စီမံကိန်းကို မရပ်တန့်နိုင်ကြောင်းနှင့် စီမံကိန်းကိစ္စ သည် ပြည်ထောင်စုအစိုးရအဆင့်ကသာ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း
ပြောဆိုသည့်အတွက် ဒေသခံ သံဃာ တော်များနှင့် ပြည်သူလူထု
ကြီးမှ လုံးဝလက်မခံဟု ပြောဆို၍ ဆွေးနွေးပဲါကို သပိတ်မှောက်ပြီး
ထွက်ခွါခဲ့ကြ ပါသည်။ ဒေသခံများအနေဖြင့် အာဏာပိုင်များပြော
ဆိုသလို ပြည်ထောင်စုအစိုးရအဆင့်ကသာဆုံးဖြတ်နိုင် မည်ဆိုလျှင် စစ်ကိုင်းတိုင်းအစိုးရအဆင့်အား နောင်လက်ခံဆွေးနွေး
တော့မည်မဟုတ်ဟု ပြောကြားသည်။

မှတ်ချက်။ ။ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းလုံးဝရပ်ဆိုင်းရေး
အတွက် ပြည်သူများအနေဖြင့်ပြည်တွင်းပြည်ပဝိုင်းဝန်းကူညီကြပါရန်
ဒေသခံများမှ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါသည်။
Send by: Black Angle
 
" အမိယုတ်တော့ နှုတ်ကြမ်း ..အဖ ယုတ်တော့ ကိုယ်ကြမ်း "


.နှုတ်လဲကြမ်းကိုယ်လည်းကြမ်းတော့ အမိအဖနှစ်ယောက်စလုံး ယုတ် ညံ့ လို့ ပေါ့ဗျာ ..

.စစ်တပ် ဦးပိုင်က ဖွတ် ကြီး တွေ ပါ ..

ကြေးနီစီမံကိန်း တာဝန်ခံ ဦးမြင့်အောင်မှ နင့်တို့ရေကို ခွေးတောင်မသောက်ဘူး

ဟု ပြန်လည်ဖြေကြောင်း။

ယင်းဖြေကြားချက်ကို မသွဲ့သွဲ့ဝင်းမှ ဟုတ်တယ် မှန်ပါတယ် ခွေးတောက်မသောက်ရေကို

ကျမတို့ သောက်နေရတယ် ဟု ပြန်လည် ဖြေကြားခြင်းဖြင့် အဆုံးသတ်ခံရ......................


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်
၂၆ ရွာမှ ရွာသူရွာသားများနှင့် တွေ့ဆုံဆွေးနွေးညှိုင်း။
-------------------------------------------------------------------------

အထက်ပါ တွေ့ဆုံညှိနှိုင်းပွဲတွင် ကျေးရွာပေါင်း ၂၆ ရွာမှ တစ်ရွာလျှင် ၂ ယောက်နှုန်းဖြင့် ကိုယ်စားတက်ရောက်လာသည့် ကျေးရွာသားများနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တာဝန်ခံ ဦးမြင့်အောင်၊ ဦးပိုင် ကုမ္မဏီမှ လာများနှင့် တွေ့ဆုံပွဲတွင် ကြေးနီစီမံကိန်းဘက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အပြောအဆိုမိုက်ရိုင်းခက်ထန်သည်
စကားလုံးများကြောင့် ဆွေးနွေးပွဲ ပျက်ပြားခဲ့ရ။

ဝက်မှေးကျေးရွာသူ မသွဲ့သွဲ့ဝင်းမှ စံပယ်တောင်ကြေးစီမံကိန်းကြောင့် ဆိုးကျိုးခံစားရသည့်အနီးဝန်ကျင်ရွာများတွင် သောက်ရေတွင်းများ
သောက်မရအောင် အက်ဆစ်ဓါတ်ပျော်ဝင်နေသည့်ကြောင့် အချဉ်ဓါတ်များပြီ သောက်မရအောင် ဖြစ်နေသည့်ကို တင်ပြရာ မယုံရင် လိုက်သောက်ကြည့်ပါအမှန်တကယ့်ကို တွေ့ရလိမ့်မည်ဟု
ဆွေးနွေးပြောဆိုခြင်းပေါ် ကြေးနီစီမံကိန်း တာဝန်ခံ ဦးမြင့်အောင်မှ နင့်တို့ရေကို ခွေးတောင်မသောက်ဘူး ဟု ပြန်လည်ဖြေကြောင်း။ ယင်းဖြေကြားချက်ကို မသွဲ့သွဲ့ဝင်းမှ ဟုတ်တယ် မှန်ပါတယ်
ခွေးတောင်မသောက်ရေကို ကျမတို့ သောက်နေရတယ် ဟု ပြန်လည် ဖြေကြားခြင်းဖြင့် အဆုံးသတ်ခံရ။

FNG. မှ တဆင့်ကူးယူတင်ပြပါသည်။

( ဖီလော်ဆိုဖာမောင်မြသာ )

No comments:

Post a Comment