Monday, October 22, 2012

ွှThe biggest aircraft carrier of US enters South China Sea


အမေရိကန် လေယာဉ်တင် သင်္ဘော ယူအက်စ်အက်စ် ဂျော့ဝါရှင်တန် တောင်တရုတ် ပင်လယ်တွင်း ဖြတ်သန်း ဝင်ရောက်


Monday, 22 October 2012

အမေရိကန် မဟာဗျူဟာ၏ အချက်အချာ နေရာ တစ်ခု ဖြစ်လာသော တောင် တရုတ် ပင်လယ်ပြင်အား အမေရိကန် လေယာဉ်တင် သင်္ဘော ယူအက်စ် အက်စ် ဂျော့ဝါ ရှင်တန် ဦးဆောင်သော သင်္ဘောအုပ်စု တစ်စုက အောက်တိုဘာ ၂ဝ ရက်တွင် ဖြတ်သန်းဝင် ရောက်ခဲ့ကြောင်း အင်တာနက် သတင်းအရ သိရသည်။

အမေရိကန် နျူကလီး ယားစွမ်း အင်သုံး လေယာဉ်တင် သင်္ဘော ယူအက်စ် အက်စ် ဂျော့ဝါရှင်တန် သင်္ဘောပေါ်သို့ ဗီယက်နမ် လုံခြုံရေးနှင့် အစိုးရ တာဝန်ရှိ သူများ လာရောက် လည်ပတ်ခဲ့ ကြသည်။ ထို့အပြင် သတင်းထောက် အချို့ကို လည်း ပင်လယ် ရေကြောင်း သွားလာမှုအား ပြသရန် ဖိတ်ခေါ်ခဲ့သည်။

အမေရိကန် လေယာဉ်တင် သင်္ဘော ခရီးစဉ်သည် အမေရိကန် ထောက်ခံသော ဗီယက်နမ်နှင့် ဖိလစ်ပိုင် နိုင်ငံတို့၏ စိုးရိမ်နေမှုများကို လျှော့ချ ပေးနိုင်လိမ့် မည် ဖြစ်သော်လည်း တရုတ်နိုင်ငံက နှစ် သက်မည့်ပုံ မပေါ်ပေ။

အမေရိကန်သည် ဗီယက်နမ်နှင့် ဒေသတွင်း အခြားနိုင်ငံများ စစ်ရေးဆိုင်ရာ မဟာမိတ် ဖွဲ့ခြင်းနှင့် စီးပွားရေး အရ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ ယခုကဲ့သို့ လေယာဉ်တင် သင်္ဘောအုပ်စု ပြောင်းရွှေ့မှု သည် တရုတ် နိုင်ငံ၏ လွှမ်းမိုးမှုကို တန်ပြန် လုပ်ဆောင်ခြင်း သာဖြစ်သည်။

ဗီယက်နမ် တာဝန်ရှိသူ များသည် ပေ ၁ဝဝဝ ရှည်လျားသည့် လေယာဉ်တင် သင်္ဘောကုန်း ပတ်ပေါ်တွင်F -18 ဂျက် တိုက်လေယာဉ်များ ပျံတက်ခြင်းနှင့် သင်္ဘောပေါ်သို့ ဆင်းသက်ခြင်း ပြုလုပ်နေမှုကို ဓာတ်ပုံများ ရိုက်ယူကြပြီး အမေရိ ကန် အရာရှိများနှင့် တွေ့ဆုံကာ လေယာဉ်တင် သင်္ဘောကြီးအား လေ့လာ ကြည့်ရှု ခဲ့ကြသည်။

ယခုခရီးစဉ်သည် ဂျပန်နှင့် အငြင်းပွား နေသော အရှေ့တရုတ် ပင်လယ် အနီးရှိ ကျွန်းများ အနီးအနားတွင် တရုတ်က စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီးနောက် တစ်ရက် အကြာတွင် ထွက်ပေါ်လာခဲ့သည်။

အမေရိကန် ရေတပ်က မဟာဗျူဟာ ကျသော ဒေသအတွင်း ၄င်း၏ မဟာ မိတ် နိုင်ငံများနှင့်ပူးတွဲ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်လျက် အာရှ-ပစိဖိတ် ဒေသ အတွင်း ပုံမှန် ကင်းလှည့်မှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
 The biggest aircraft carrier of US enters South China Sea

No comments:

Post a Comment