Tuesday, October 23, 2012

Disorder for village admin

Posted by khonumthung on October 23rd, 2012
မတူပီမြို့နယ်အတွင်း စခိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် ပြည်သူမဲ အများဆုံး မရရှိသူ ကြံ့ဖွံ့ ကိုယ်စားလှယ် တဦးအား ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်ထားမည့်အပေါ် ဒေသခံများ မကျေနပ်သောကြောင့် ရပ်ရွာ အုပ်ချုပ်ရေး မလည် ပတ်နိုင်တော့ကြောင်း သိရသည်။
မတူပီမြို့နယ်၊ စခိုင်းကျေးရွာတွင် ကျေးရွာအဆင့် ကြားဖြတ်ရွေးကောက်ပွဲ ကို ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း ပြု လုပ်ကြ သော်လည်း ဒုတိယ မဲ အများဆုံး ရရှိသူ ယူအက်စ်ဒီပီ ပါတီကိုယ်စားလှယ်အား ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ် လိုက်ကြသည်။
“ အုပ်ချုပ်ရေးမှူးမရှိတော့ ရပ်ရွာအုပ်ချုပ်ရေး ပရမ်း ပတာဖြစ်ကုန်တယ်၊ မိုးတွင်းဆိုတော့ တရွာနဲ့ တရွာ လမ်းပေါင်း ရှင်းဖို့တောင် ဦးဆောင်မည့်လူ မရှိ တော့ဘူး၊ တခြား ပညာရေး၊ ကျန်းမာရေးကိစ္စတွေ အားလုံးပေါ့” ဟု ဒေသခံ တဦး က ပြောသည်။
စခိုင်းကျေးရွာသည် ပတ်ဝန်းကျင်ရွာများဖြစ်သည့် ဆုံဆင်း၊ ပါမိုင်း၊ တောင်ဘူ၊ ပါခိုင်း ကျေးရွာများစု ဆုံရာလမ်း ကြောင်း ပေါ် တွင် ရှိသည်။
အဆိုပါ စက်တင်ဘာလ ရွေးကောက်ပွဲတွင် ဆယ်အိမ်မှူးအဆင့် မှ စေလွှတ်ထားသော ကိုယ်စားလှယ်အသီးသီးအနက် ENDP ကိုယ်စားလှယ် Vantling က ၆ မဲ၊ ယူအက်စ်ဒီပီ ကိုယ်စားလှယ် Rihlo က ၄ မဲ နှင့် Victor က တမဲ အသီး သီး ရရှိခဲ့ကြသည်။
ဆယ်အိမ်မှူးအတွက် ရွေးကောက်ရာမှ စေလွှတ်လာကြသည့် ကိုယ်စားလှယ်များအား အချင်းချင်း မဲထည့်ကြရာ ဒုတိယ မဲအများဆုံးရရှိသည့် ယူအက်စ်ဒီပီပါတီမှ ကိုယ်စားလှယ်အား အုပ်ချုပ်ရေး မှူးအဖြစ် ပြည်နယ်အစိုးရမှ တိုက်ရိုက်ခန့် အပ် ရန်ဖြစ်ကြောင်း ယူအက်စ်ဒီပီပါတီဝင်တဦးက ဆို သည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး ဖြစ်စဉ်အားလုံးကို မြို့နယ်ကနေတဆင့် ခရိုင် အစိုးရက ပြည်နယ်သို့ သတင်းပို့ပြီး ဆက် လက်ဆောင်ရွက်လျက် ရှိကြောင်း ပြောကြသည်။
“ အဖြစ်သဘောရွေးကောက်ပွဲပါပဲ၊ ယူအက်စ်ဒီပီ ပါတီကိုယ်စားလှယ်ကို တိုက်ရိုက်ခန့်ထား တယ်ဆိုတာက ရွေးကောက်ပွဲ လုပ်စရာတောင်မလိုဘူး” ဟု စခိုင်းရွာမှ ရပ်ရွာလူကြီး မောင်ကဲ က ဆက်ပြောသည်။
 

No comments:

Post a Comment