Saturday, October 13, 2012

Who trace behind us?

ဘယ်သူလက်ထောက်ချလိုက်သလဲ


မြန်မာနိုင်ငံရှိ သဌေးတစ်ဦးသည် ထောင်ကျတဲ့ဒုတ်က္ခ ဆိုတာ ဘယ်လိုမျိုးပါလိမ့်ဟု အတွေးပေါက်ကာ....

ကိုယ်တိုင် လေ့လာခံစား လိုသည့် ဆန္ဒ ထူးထူးဆန်းဆန်းပေါ်လေ၏။


သို့နှင့် အရက်သမားတဦးကိုချဉ်းကပ်ပီးထောင်ကျအောင်ဘယ်လိုလုပ်ရမလဲဗျ ဟုမေးလေသည်။

အရက်သမားက လည်း......

ပထမဆုံး အရက်သမားတစ်ယောက်ဆီ သွားပီး သူ့အရက်ပုလင်း ကို ခွဲကြည့်ပါ။

အဲဒါမှ မရရင် ရဲသား ဆီ ချဉ်းကပ်ပီး ကျုပ်နှစ်လုံးထီ လောင်းကစားသမားပါ လို့ ပြောကြည့်ပါ၊

နောက်ဆုံး.. မရရင်တော့ နိုင်ငံခေါင်းဆောင်၊၀န်ကြီး..တယောက်ယောက်အိမ်ရှေ့သွားပီး မဟုတ်တာတွေအော်ဗျာ..ကဲစမ်းသာကြည့်တော့ ဟုပြော၏။

ဒါနဲ့ သဌေးလဲ နောက်အရက်သမား တဦးနား ကပ်ပီး ၄င်း၏ အရက်ပုလင်းအား ရိုက်ခွဲလိုက်သည်။

အရက်သမားကလည်း မူးရစ်စွာဖြင့် ကွဲသွားသော ပုလင်းကိုကြည့်ကာ အေးအေး ဆေးဆေးပြန်ပြောလိုက်တာက....

" နောက် တစ်ပုလင်းဝယ်ရတော့မှာပေါ့ "...တဲ့။

ပထမ ခြေလှမ်း မအောင်မြင်သဖြင့် သူဌေး လည်းလမ်းတွင် တွေ့သော ရဲသား အနားကပ်ကာ...ကျုပ်နှစ်လုံးထီ လောင်းကစားသမားဗျ ဖမ်းပါ ဟုပြောသည်။

ရဲသားက " အဲဒါဘာဖြစ်လဲ၊ကျုပ်လဲ နှစ်လုံးထီထိုးတာပဲ " ဟုပြန်ဖြေသည်။

ဒုတိယ ခြေလှမ်းလည်းမအောင်မြင်သဖြင့် ၀န်ကြီးတဦးနေထိုင်သည်ဟု ကြားသော လမ်းအတွင်းသို့ဝင်လေ၏။

ထို့နောက် ၀န်ကြီး အိမ်ရှေ့ တဲ့တဲ့ အပေါက်မှနေ ၍........

" ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းဟာ မွတ်စလင်ကုလား လို့သတင်းစာထဲမှာ တမင်ထည့်ခိုင်းခဲ့ပါတယ်....

တိုင်းပြည်ဆူအောင် ၊ကုလား-ဗမာ အဓိကရုဏ်းဖြစ်အောင် ဆွပေးနေပါတယ်။

MRTV 5 ကနေ တစ်လကို ကျပ် သိန်း၈၀၀ အတင်း ယူပါတယ်။

ဦးအောင်သောင်းနဲ့ ပေါင်းပီး ကချင်ငြိမ်းချမ်းရေးအကြောင်းပြကာ

လိုင်စင်မဲ့ ကားအစီး ၇၀၀....ခိုးသွင်းပါတယ် " လို့ လမ်းမပေါ်မှ အသံကုန် အော်လေတော့သည်။

အဲဒီချိန်မှာ.... အိမ်အထဲရှိ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း( ယခင်)က.....အိပ်ယာထဲမှနေ၍ သူ့မိန်းမအားပြောလိုက်တာက...

" တောက်....တို့ကို ဘယ်ကောင်များ လက်ထောက်ချလိုက်လဲမသိဖူး....."..တဲ့

No comments:

Post a Comment