Wednesday, October 24, 2012

Petrolium employees ask for rights


 IMG_20121023_105722



အောက်တိုဘာ ၁၀ရက်နေ့ တွင် ကလေးမြို့နတ်မြောင်းကျေး ရွာမြစ်သာမြင်းတစ်ဖက်ကမ်း၌ ကလေးမြို့ (၈၈) အင်အားစု၊ အထက်ချင်းတွင်းဒေသလူငယ်များ အဖွဲ့(ယာယီ)နှင့် ကလေးတောင် ပိုင်းရှိသဒွတ်ချောက်၊ရွှေပြည်သာ၊ ရေနံချောင်း၊ကျောက်ခွက်၊ ဘိုင်းဘင်၊ကြိမ်ချောင်းစသည့်ရေနံ မှော်များမှ ရေနံလုပ်သားတို့ တွေ့ဆုံခဲ့ကြပါသည်။ ထိုတွေ့ ဆုံမှုတွင် ရေနံလုပ်သားများမှ ချယ်ရီရိုးမကုမ္ပဏီမှမတရားဥပဒေ မဲ့အနိုင်အထက်ပြုမှုများကို ရင်ဖွင့်ခဲ့ကြပြီး ချယ်ရီရိုးမကုမ္ပဏီ အားငြိမ်းချမ်းစွာစုဝေးလှည့်လည် ဆန္ဒဖော်ထုတ်ရန် စီစဉ်ခဲ့ကြ ပါသည်။ သို့သော်ရေနံလုပ်သား များ၏ ဆန္ဒဖော်ထုတ်ခွင့် ခွင့်ပြု ချက်အားမြို့နယ်ရဲမှူးမှအကြောင်း ရင်း(၃)ချက်ပြကာငြင်းပယ်ခဲ့ ကြောင်း သိရပါသည်။ အဆိုပါ
ငြင်းပယ်ခြင်းအကြောင်း(၃)ချက်မှာ
(က) ရေနံတူးဖော်သောလုပ်သား များနှင့် ချယ်ရီရိုးမကုမ္ပဏီတို့၏
ပုဂ္ဂလိကဖြစ်စဉ်များဖြစ်ခြင်း(ခ) နစ်နာမှုများရှိပါက တရားဥပဒေ နှင့် အညီတရားစွဲဆိုနိုင်သည့် အခွင့်အရေးရှိခြင်း(ဂ) နိုင်ငံတော် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး တို့ကိုထိခိုက်ပျက်ပြားစေနိုင်ပြီး နောင်တွင် မလိုလားအပ်သော ဖြစ်စဉ်များဖြစ်ပေါ်လာနိုင်ခြင်း တို့ဖြစ်ကြောင်းဖြစ်ပြီးမကျေနပ်ပါက
ရေနံလုပ်သားများ အနေဖြင့် စီတန်းခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၉) အရအယူခံဝင်နိုင်ကြောင်းကိုပါ အသိပေးခဲ့ပါသည်။၎င်းကိစ္စနှင့် ပတ်သက်၍ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊မြို့နယ်ရဲမှူးတို့ပါဝင်သော
အဖွဲ့သည်စီတန်းလှည့်လည် ဆန္ဒ ပြခွင့်ကိုပိတ်ပင်ခဲ့သော်လည်းရေနံ လုပ်သားများဆန္ဒပြမညအောက်တိုဘာ ၂၃ရက်နေ့တွင်ရေနံလုပ်သားများ၏
တင်ပြတောင်းဆိုမှုများကိုချယ်ရီရိုး မကုမ္ပဏီယာယီတာဝန်ခံဦးစိုင်းခမ်း လှိုင်နှင့် မီဒီယာသတင်းထောက် များရှေ့တွင် ညှိနှိုင်းပေးခဲ့ကြပြီး တာဝန်ခံဦးစိုင်းခမ်းလှိုင်အနေဖြင့် လက်ရှိသူ၏အနေအထားအရ ဘာမှ ဆုံးဖြတ်ပေးနိုင်ခြင်းမရှိ သေးကြောင်းပြောကြားခဲ့ပြီးချယ်ရီ ရိုးမကုမ္ပဏီ၏ဆုံးဖြတ်ပေးနိုင်သူနှင့် အောက်တိုဘာ၂၇ရက်နေ့တွင်ပြန်လည် တွေ့ဆုံပေးမည်ဖြစ်ကြောင်းခရိုင်အုပ် ချုပ်ရေးမှူးမှတာဝန်ယူပြောကြားခဲ့ ပြီး ချယ်ရီရိုးမကုမ္ပဏီဆုံးဖြတ်နိုင် သူနှင့် ရေနံလုပ်သားထုမတွေ့ဆုံ သေးမီကာလတွင်လည်းရေနံဖမ်း ဆီးခြင်း၊ရိုက်နှက်ခြင်း၊ရေနံသယ်ရာ တွင်အသုံးပြုသောပလပ်စတစ်ပုံး များအားဓားဖြင့်ထိုးဖောက်ဖျက်စီး ခြင်းမလုပ်စေရေးတာဝန်ယူကြောင်း လည်း တာဝန်ခံဦးစိုင်းခမ်းလှိုင်မှ ၀န်ခံကတိပေးခဲ့ပါသည်။ ရေနံ လုပ်သားများသည် အဆိုပါပွဲတွင် အချက်(၁၀)ချက်ပါ တောင်းဆိုမှု များကို အဓိကထားတောင်းဆို ခဲ့ကြပါသည်။ ထိုရေနံလုပ်သား တို့၏တောင်းဆိုချက်(၁၀)ချက်မှာ
၁။ မတရားဖမ်းဆီး ရိုက်နှက်မှု ရပ်တန်ပါ။
၂။ ရေနံစိမ်းဝယ်ယူရာတွင် လက်ငင်းငွေချေစနစ်ဖြင့် ၀ယ်ယူ နိုင်ခြင်းမရှိပါက လွတ်လပ်စွာ ရောင်းချခွင့်ပြုရန်။
၃။ ကုမ္ပဏီပိုင် မြေဧရိယာအား အများပြည်သူသိရှိစေရန်ကုမ္ပဏီ မှ ဖော်ပြပေးရန်။
၎။ ချယ်ရီရိုးမကုမ္ပဏီမှ ဖွဲ့စည်း ထားသောတရားမ၀င်ဖမ်းဆီးရေး အဖွဲ့ဝင်များအားဥပဒေနှင့်အရေး ယူပေးပြီးဖျက်သိမ်းပေးရန်။
၅။ ရေနံမြေလုပ်သားထုအား စာနာရန်။
၆။ ရေနံမှော်စမ်းသပ်ရှာဖွေရာ တွင် ကုမ္ပဏီမှ ပြည့်စုံစွာပံ့ပိုးခြင်း
မရှိပါကလွတ်လပ်စွာရောင်းချခွင့် ပြုပေးရန်။
၇။ ရေနံမှော်သစ်စမ်းသပ်ရှာဖေ အောင်မြင်သူကို ခံစားပိုင်ခွင့် အပြည့်အ၀ပေးရန်။
၈။ ဒေသဖွံ့ဖြိုးမှုအား ချယ်ရီရိုးမ ကုမ္ပဏီမှ ကူညီပေးရန်။
၉။ ရေနံစိမ်းတစ်ပေပါလျှင် မှန်ကန်တိကျသော ဂါလန် (၅၀) ဖြင့် သတ်မှတ်ပေးရန်။
၁၀။ ရေနံစိမ်းတစ်ပေပါလျှင် ဒေသန္တရချောဆီဈေး၏၇၅ရာခိုင် နှုန်းဖြင့် ၀ယ်ယူရန်တို့ဖြစ်ကြောင်း သိရပါသည်။

Petrolium employees ask for rights
မင်းရဲစစ်နိုင်

No comments:

Post a Comment