Monday, October 8, 2012

GSM CARD PHONE IN TROUBLE IN MYANMAR


မြန်မာနိုင်ငံတွင် လူ ၁၀၀ လျှင် ၇ ဦးသာ မိုဘိုင်းဖုန်း အသုံးပြုနိုင်၊ ကျေးလက်နေပြည်သူများအား GSM မိုဘိုင်းဖုန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းမည့်အစီအစဉ်အား ဝေဖန်မှုများရှိနေ




တော်ဝင်မိသားစု ကုမ္ပဏီပိုင် ဝါးတစ်ရာ သစ်အချောထည်စက်ရုံ မှအလုပ်သမား ၃၀၀ ခန့်သည် ယနေ့နံနက် ၉ နာရီဝန်းကျင်မှ စတင်ကာ ၎င်းတို့၏ တောင်းဆိုချက်များကို တင်ပြရန် ဦးဝိ
စာရလမ်းပေါ်ရှိ တော်ဝင်မိသားစု ကုမ္ပဏီ ရုံးချုပ်ရှေ့တွင် ကုမ္ပဏီပိုင်ရှင်အား တွေ့ဆုံရန် စုရုံးစောင့်ဆိုင်းမှု ပြုလုပ်နေကြကြောင်း သိရှိရပါသည်။ အလုပ်သမားများအနေဖြင့် ဥပဒေနှင့်အညီ တင်ပြထားသော EC စာချုပ်အား အပြီးချုပ်ဆိုပေးရန် ၊ စက်ရုံတွင် အလုပ်သမားများအား ခွဲခြားဆက်ဆံမှုများရှိနေသဖြင့် အလုပ်သမားအားလုံး၏ ဆန္ဒအရ တန်းတူအခွင့်အရေး ပေးရန်၊ တန်းတူညီတူ ဆက်ဆံရန် စသည့် အချက် များအပါအဝင် ၎င်းတို့တောင်းဆိုလိုသည့် အချက် ၉ ချက်ကို တင်ပြနိုင်ရန် ယခုအချိန်ထိ စောင့်ဆိုင်းနေကြကြောင်း သတင်းရရှိပါသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ကျေးလက်နေ ပြည်သူများအား ဂျီအက်စ်အမ် ၂.၇၅ မိုဘိုင်းဖုန်းများ နိုင်ငံ့ဝန်ထမ်းများအား ရောင်းခ

ျပေးသကဲ့သို့ အရစ်ကျငွေပေးချေသည့် စနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ သို့ သော်မကြာမီကာလများအတွင်း နိုင်ငံ တကာနည်းတူ ဖုန်း Sim card တန်ဖိုးများ လျှော့ချရတော့မည် ဖြစ်ရာ ယခုကဲ့သို့ ဈေးနှုန်းလျှော့ချခြင်း မရှိဘဲ ရောင်းချသည့်အပေါ် ဝေဖန်မှုများထွက်ပေါ် ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိ အချိန်တွင် လူ၁၀၀ဦးလျှင် ခုနစ်ဦးသာ မိုဘိုင်းဖုန်း အသုံးပြုနိုင်ကြောင်းလည်း စာရင်းဇယားများအရ သိရှိရပါသည်။

“ကျေးလက်နေပြည်သူတွေကတော့ ဒီလိုအရစ်ကျစနစ်နဲ့ ရောင်းပေးတဲ့အတွက် ပျော်နေမှာပဲ။ ဒါပေမယ့်လည်း သူတို့တွေက မိုဘိုင်းဖုန်းတစ်လုံးကို အဲလောက်တန်ဖိုးမပေးရဘူး ဆိုတာကိုတော့ သူတို့သိချင်မှ သိမယ်။ သူတို့ကတော့ အားပေးကြမှာပါ။သူတို့အတွက် ဆက်သွယ်ရေး အဆင်ပြေသွားတာတော့ အမှန်ပါပဲ။ ၀မ်းနည်းစရာကောင်းတာက သူတို့တွေ ဖုန်းတစ်လုံးကို ဈေးကြီးပေး ၀ယ်လိုက်ရတာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ညာချခံလိုက်ရတာပေါ့ဗျာ။ နယ်ကလူ တွေကတော့ ဆက်သွယ်ရေးက ဒီလိုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်နေကြမှာပါ။ နောက်ဆုံး မိုဘိုင်းဖုန်းတွေကို လတ်တလောမှာ ဈေးမလျှော့ပေးနိုင်ရင် တောင်မှပဲ ခေါ်ဆိုခတွေကို လျှော့ပေးစေချင်တယ်။ လူအိပ်တဲ့အချိန်တွေ တော့မဟုတ်ဘူးပေါ့ဗျာ။” ဟု ကိုထက်လင်းစိုး(Mr. Htet Computer Virus Lab)က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆသည် ၂၀၁၁ ခုနှစ် မတ်လကုန်တွင် ၃.၈ သာရှိခဲ့ရာမှ လက်ရှိ အချိန်တွင် မိုဘိုင်းတယ်လီဖုန်း သိပ်သည်းဆမှာ ၇.၅ အထိရှိလာပြီဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများအား မီရန်ဆောင်ရွက်ရဦးမည် ဖြစ်ကြောင်း သိရသည်။

GSM/ UMTS မိုဘိုင်းတယ်လီဖုန်းများအား လွှမ်းခြုံဧရိယာအတွင်း ရှိ ကျေးလက်ဒေသများမှ ပြည်သူများ အတွက် အရစ်ကျရောင်းချပေးရာတွင် သတ်မှတ်ချက်များအတိုင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သတ်မှတ်ချက်များမှာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ အာမခံသော ပုဂ္ဂိုလ်များဖြစ်ရန်၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အနီးကပ်ကြီးကြပ်ကွပ်ကဲရန်၊ သက်ဆိုင်ရာမြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တိုင်းဒေသကြီးပြည်နယ် မန်နေဂျာများမှ ကြီးကြပ်ရောင်းချရန်၊ GSM(2.75G) မိုဘိုင်းတယ်လီဖုန်းများ အား နိုင်ငံဝန်ထမ်းများ ရောင်းချပေး နေသည့်အတိုင်း ပထမအရစ် ၄၀၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်ပြီး လစဉ် ၁၀၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်သည်။ တယ်လီဖုန်းများ ရောင်းချရငွေမှ ၂ ရာခိုင် နှုန်းကို ကြီးကြပ်မှုစရိတ်အဖြစ် ကျေးရွာနှင့်မြို့နယ်များသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ထည့်ဝင်သွားမည် စသည့်အချက်များပါဝင်ကြောင်း သိရသည်။

“သူတို့ရဲ့ ပထမနှစ် စီမံကိန်းက ဖုန်းအလုံးရေ လေးသန်းမှာတစ်သန်း ကျော်လောက်ပဲ ရောင်းရသေးတယ်လို့တော့ ကြားရပါတယ်။ ဒီအတွက်ပစ္စည်းတွေ အကုန်လုံးလည်း တပ်ထားပြီး သွားပြီလို့တော့လည်း ကြားတယ်။ ဒီကုန်ကျစရိတ်တွေကြောင့် သူတို့ဘက်က ဈေးလျှော့ရောင်းပေးလို့ မရ သေးဘူးလို့ ပြောပါတယ်။ သူတို့တွေ ဘယ်လောက်ရင်းထားရတယ် ဆိုတာကို သူတို့ တွက်ပြထားတာတွေတော့ ရှိတယ်။ အခုကျွန်တော့ အမြင်ကတော့ အခုသူတို့ အရစ်ကျစနစ်နဲ့ ရောင်း ကြည့်လို့ဝယ်လိုအားရှိနေသေးတယ် နောက်ပြီး ၀ယ်လိုအားမရှိတော့ဘူး ဆိုရင်တော့ သူတို့တဖြည်းဖြည်းနဲ့ လျှော့ပေးမှာပါ။”ဟုလည်း ဦးဇော်မင်းဦး (မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်များအသင်း - အတွင်းရေးမှုး) ကလည်း ရှင်းပြခဲ့သည်။

“မကြာခင် ‘သုည’ တန်ဖိုးဖြစ်ရတော့မယ့် Sim card ကို ဆင်းရဲပြီးရင်း ဆင်းရဲ၊ မွဲပြီးရင်းမွဲနေတဲ့ ကျေးလက်နေလူထုကို ညာရောင်းသလို မျိုးဖြစ်နေတာကိုရော မြန်မာ့ဆက်သွယ်ရေးက စဉ်းစားမိရဲ့လား မသိဘူး။ ဒါဟာမလုပ်သင့်ဘူးလို့ မြင်ပါတယ်။ ဒီအစီအစဉ် ကို ကန့်ကွက်ပါတယ်။ မ၀ယ်ကျပါနဲ့ အားလုံးသပိတ်မှောက်ကြပါ”ဟု IT ပညာရှင်တစ်ဦးက ပြောပါသည်။

 

No comments:

Post a Comment