Wednesday, October 10, 2012

Where is the law to rule the criminal



တစ်လကျော်ကြာမြင့်နေပြီဖြစ်သော်လည်း အမှုမှန် မပေါ်ပေါက်သည့် အတွက် မိသားစုဝင်များ စိတ်မကောင်းဖြစ်နေရ

ကိုရဲ
ပဲခူး အောက်တိုဘာ ၁၁




အခင်းဖြစ်ပွားချိန်တွင် ထော်လာဂျီယာဉ်ပေါ်တွင် ယာဉ်မောင်းနှင့်အတူ လူအချို့ လိုက်ပါစီးနင်းလာခဲ့ကြောင်း မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။

ထိုသို့တိုက်မိခဲ့ပြီးနောက် ဦးစိုးလွင်ဦး၏အလောင်းအား ဒုရဲအုပ်မျိုးလွင်၊ ဒုရဲအုပ်ဇေယျာထွန်း၊ တပ်ကြပ်ကြီးချစ်ဝင်း၊ တပ်ကြပ်သိန်းအောင်တို့က သွားရောက်သယ်ယူခဲ့ကြောင်း၊ ဇနီးဖြစ်သူဒေါ်----က ဖဒိုရဲစခန်းတွင် အမှုဖွင့်ရန် သွားရောက်ပြောဆိုရာ အဆိုပါရဲစခန်းမှ တာဝန်ရှိသူက ယခုအမှုသည် ရဲအရေးပိုင်သော အမှုဖြစ်ကြောင်း၊ ထို့ကြောင့် ရဲစခန်းမှသာ အမှုဖွင့်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယာဉ်မောင်းသူမှာ ထွက်ပြေးတိမ်းရှောင်နေသေးကြောင်းနှင့် ဆရာဝန်ဆေးစာ မထွက်သေးကြောင်း၊ ပ/၅၄ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်းတို့ကိုသာ ပြန်လည်ဖြေကြားသည်။

“ရဲစခန်းကတော့ အမှုဖွင့်ထားတယ်ပြောတာပ။ဲ ဒါပေမဲ့ ဒီနေ့ထက်ထိ ဘာမှလည်းမထူးဘူး။ ဘာမှလည်းလာပြီး အကြောင်းမကြားတော့ဘူး။ အဲ့ဒီ့ကားပေါ်မှာ ထွက်ပြေးနေတဲ့ ယာဉ်မောင်းအပါအ၀င် တခြားသူတွေပါသေးတယ်။ သူတို့ကို ခေါ်စစ်တယ်လို့ တစ်ခါမှ မကြားမိဘူး”ဟု မိသားစုဝင်များကပြောသည်။

ထိုကဲ့သို့ ယာဉ်မောင်းသူအား ဖမ်းမိခြင်းမရှိသကဲ့သို့ အခင်းဖြစ်ပွားစဉ် အဆိုပါထော်လာဂျီယာဉ်ပေါ် လိုက်ပါလာသူများကိုလည်း ခေါ်ယူစစ်ဆေးခြင်း မရှိသဖြင့် မိသားစု အနေဖြင့် နစ်နာနေသောကြောင့် အမှုမှန် အမြန်ပေါ်ပေါက်စေလိုကြောင်း မိသားစုဝင်များကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဖဒိုရဲစခန်းသို့ အောက်တိုဘာ ၉ရက်က စုံစမ်းမေးမြန်းရာတွင် “အဲ့ဒါက လောလောဆယ် တရားခံကတော့ပြေးနေတယ်။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတော့ ပြုလုပ်ထားပါတယ်။ တရားခံကတော့ မဖမ်းမိသေးဘူး။ အခင်းဖြစ်တဲ့နေ့က ကားပေါ်မှာပါလာတဲ့သူတွေကိုလည်း ခေါ်ယူစစ်ဆေးပြီးပါပြီ။ အမှုပေါ်အောင်အမြန်ဆုံး လုပ်နေပါတယ်ခင်ဗျာ”ဟု ဖဒိုရဲစခန်းမှူးက ရဲအုပ်တင်စိန်က ပြန်လည်ဖြေကြားသည်

 

No comments:

Post a Comment