Monday, October 1, 2012

Residents discontent on the inquiry commission for lands confiscation


လယ်မြေသိမ်းကိစ္စ စုံစမ်းကော်မရှင်ကို ပေါက်မြို့ဒေသခံများ မကျေနပ်

Filed under Home, သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်ထံမှာ အစိုးရတပ်က ရွာသားပိုင်လယ်ယာမြေတွေ သိမ်းယူခဲ့တာ နှင့် ပတ်သက်ပြီး စုံစမ်းမှုကော်မရှင်အဖွဲ့ က ကွင်းဆင်းစစ်ဆေးရာမှ အချိန်အနည်းငယ်သာပေးပြီး လူနည်းစု နဲ့ လုပ်သွားတဲ့အတွက်ဒေသခံ တွေမကျေမနပ်ဖြစ်နေကြောင်းသိရသည်။ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေသိမ်းဆည်းရေး စုံစမ်းမှုကော်မရှင်အဖွဲ့က သူတို့ဒေသကိုရောက်လာခဲ့ပြီး မိနစ်(၃၀)အတွင်း ပြန်သွားတဲ့အတွက်ဒေ သခံတွေတင်ပြချင်တာတွေ မပြောလိုက်ရတဲ့အတွက် မကျေမနပ်ဖြစ်နေကြောင်း မကျည်းပင်ပုရွာသားတစ်ဦးကပြောဆိုသည်။ “ကျွန်တော်က ဆိုင်ကယ် နဲ့ သွားတော့ မီလိုက်တယ် ၊ ကျန်တဲ့ လူတွေက ကုန်းကြောင်းလာတော့သူတို့ မမှီလိုက်ဘူး ၊ လမ်းလျှောက်တာ ၂ နာရီလောက်ကြာတယ် ၊ အလုပ်အကိုင်ပျက်တာပေါ့ ၊ လုပ်ငန်းသဘောမျိုးပဲ မေးသွားတယ် ၊ ရွာထဲထိ ဆင်းမလာဘူး ၊ တောင်သူလယ်သမားတွေကလည်း ဘာမှန်းမသိတော့ မကျေနပ်တာတွေ အများကြီးရှိတာပေါ့´´ဟုဒေသခံလယ်သမားတစ်ဦးကပြောဆိုသည်။ မြေသိမ်းကိစ္စလာ စစ်ဆေးတာမှာ အသိမ်းခံရတဲ့ ရွာတွေအထိလိုက်မကြည့်ဘဲ ကားလမ်းနံဘေးက မကျည်းပင်တန်းဘုန်းကြီးကျောင်းမှာ အဖြစ်သဘောကြည့် သွားတယ်လို့ဆိုပါတယ်။ လယ်ယာမြေဟာ အသိမ်းခံထားရတဲ့ရွာပေါင်း(၁၃) ရွာရှိတဲ့ အထဲက မကျဉ်းပင်ပုရွာ နဲ့ ဘော်မြင်းရွာက လူစုစုပေါင်း ၁၀ ဦး လောက်ပဲ မီလိုက်တယ်လို့ ဒေသခံလယ်သမားတစ်ဦးက ပြောဆိုသည်။ ကော်မရှင် က စစ်ဆေးေ၇းတွေလုပ်ပြီးရင် အသိမ်းခံရတဲ့မြေတွေ အတွက် ထိုက်သင့်တဲ့လျှော်ကြေးငွေတွေ သာတူညီမျှလိုချင်ကြောင်း ၊ များတဲ့သူများပြီး နည်းတဲ့သူနည်း ၊ ရတဲ့သူက ရပြီး မရတဲ့သူက မရ တာကို မလိုချင်ဘူးလို့လည်းဆိုပါသည်။ မုံရွာအခြေစိုက် စစ်ဌာနချုပ်လက်အောက်ခံ ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ်(၂၄)တပ် လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကစပြီး မကျည်းပင် ၊ ဘော်မြင်း ၊ ရေဖြူ ၊ ပျဉ်းမ ၊ ချောင်းကူး ၊ တလောင်း ၊ ယာဉ်ကောင်း ၊ မိုးကောင်း ၊ အုန်ပင် ၊ လေးပင်အိုင်စတဲ့ ကျေးရွာပေါင်း ၁၀ ရွာက လယ်သမားများပိုင် လယ်ယာမြေဧက ပေါင်းသုံးသောင်းကျော်ကို တပ်မြေအဖြစ် သိမ်းယူခဲ့တာပါ။ သိမ်းယူခဲ့တဲ့ မြေနေရာအချို့က တပ်အဆောက်အဦး တည်ဆောက်ပြီး အချို့ကို အဌား နဲ့ သီးစားပြန်ချထားကြောင်းသတင်းရရှိသည်။

HOT NEWS ကြယ်စင်အောင်

 

No comments:

Post a Comment