Tuesday, October 9, 2012

Students' parents have to go to jail



·         မူလတန်းကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် အရေးဆိုသူ ကျောင်းသားမိဘအချို့ အမှုဖွင့်အရေးယူခံရ

လှိုင်သာယာမြို့နယ်တွင် မူလ တန်းကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာရေးအတွက် တင်ပြတောင်း ဆိုရာမှ ကျောင်းသားမိဘကိုယ်စား လှယ် ၆ ဦး ဖမ်းဆီးတရားစွဲဆိုခြင်း ခံရမှုကို ပဲခူးမြို့လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့်က အခမဲ့ရှေ့နေလိုက်ပေး မည်ဖြစ်ကြောင်းသတင်းရရှိသည်။ ''အများအကျိုးလုပ်တဲ့သူတွေ အခုလို ဖြစ်ရင် ကူညီသင့်တယ်။ ကူညီဆောင်ရွက်ပေးတဲ့ ရှေ့နေတွေ ရှိဖို့လိုအပ်ပါတယ်။ ပဲခူးကလာရင် လမ်းစရိတ်ရှိပါတယ်။ အများအကျိုး အတွက်ဆောင်ရွက်တဲ့သူဟာ ဒုက္ခ ရောက်ပြီးရုံးမှာထောင်ကျသွားမယ်။ ပြစ်ဒဏ်ပေးခံရမယ်ဆိုရင် အများ အကျိုးအတွက် ဘယ်သူမှ လုပ်ရဲ တော့မှာ မဟုတ်ဘူး။ ဒါကြောင့် အများအကျိုးအတွက်လုပ်ရင် ကူညီ ပေးတဲ့သူရှိပါလားဆိုပြီး ကူညီမယ့် သူတွေပေါ်လာအောင်လို့ပါ'' ဟု ဦးအေးမြင့်က ဆိုသည်။
အဆိုပါ တရားရင်ဆိုင်မှုတွင် မူလက ရှေ့နေအကျိုးဆောင်များရှိ
သော်လည်း အကျိုးဆောင်ခများ တိုးမြှင့်တောင်းခံခြင်းကြောင့် ရှေ့နေ မငှားနိုင်တော့ဘဲ ခက်ခဲစွာဖြင့် အမှု ရင်ဆိုင်နေရသည်။ ရန်ကုန်မြို့ရှိ အလုပ်သမားအရေး လယ်သမားရေး အကူအညီပေးနေသော နာမည်ကြီး ရှေ့နေအဖွဲ့အစည်းတစ်ခုအား အကူ အညီတောင်းခံခဲ့သော်လည်း ကူညီ ခြင်းမရှိသည့်အပြင် ရိုင်းပြစွာဖြင့် ပြောဆို ဆက်ဆံခြင်းခံခဲ့ရကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးနေသူ သက်ကြီးစောင့်ရှောက်ရေးအဖွဲ့မှ ကိုလွမ်းခိုင်က ဆိုသည်။
ထိုကြောင့် ပဲခူးမြို့ရှိ လမ်းပြ ကြယ်မှဦးအေးမြင့်အား ရှေ့နေလိုက် ပေးရန် သွားရောက်အကူအညီတောင်း ခံရာတွင် ဦးအေးမြင့်က လက်ခံကူ ညီပေးခဲ့ခြင်းဖြစ်သည်။
''ကျွန်မတို့ ကျောင်းရှေ့က ဆိုင်ခန်းတွေ ဖျက်သိမ်းပေးဖို့ မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးကို သွားတင်ပြ ကြတာ။ ဒါကို ရဲကတားပြီး ရပ်ခိုင်း တယ်။ ပြီးတော့ ဒီကိစ္စကို ဆွေးနွေး ဖို့အတွက် ကျောင်းသားမိဘ ကိုယ် စားလှယ်ခြောက်ဦးခေါ်တယ်။ ဒါပေမဲ့ ခြောက်ဦးစလုံးကို ဆွေးနွေးခြင်းမရှိ ဘဲ ရဲစခန်းမှာ ၂၄ နာရီ ဖမ်းချုပ်ပြီး အမှုဖွင့်ခံခဲ့ရတာပါ''ဟု အမှုရင်ဆိုင် နေရသော ကျောင်းသားမိဘတစ်ဦး ဖြစ်သူဒေါ်ချိုချိုမြင့်က ဆိုသည်။
အမှုမှာ လှိုင်သာယာမြို့နယ် ရေအုတ်ကန်ကျေးရွာရှိ အမက ၁၆ စာသင်ကျောင်း မျက်နှာစာတွင် ဆိုင် ခန်းပေါင်း ၂၃ ခန်း ဖွင့်လှစ်ထား ရှိပြီး အညစ်အကြေးမစင်များ စွန့် ပစ်ခြင်း၊ လမ်းပိတ်ဆို့မှုဖြစ်ပေါ် ခြင်းနှင့် ယင်းဆိုင်များမှ မွေးမြူထား သော ခွေးများက ကျောင်းသား များကို ကိုက်ခြင်းကြောင့် ကျောင်း သားမိဘများက ယင်းဆိုင်ခန်းများ ဖျက်သိမ်းရန် စာပို့တိုင်တန်းခြင်းများ ပြုလုပ်ခဲ့ရာမှ အစပြုခဲ့ခြင်းဖြစ်သည်။
''ကျောင်းကမိုးရာသီဆိုရင် ရေ ကအပြည့်ပဲ။ ကျောင်းသားလေးတွေမှာ သွားစရာလမ်းမရှိဘူး။ ရေထဲက ဖြတ်သွားရတာ။ ဈေးဆိုင်တွေက အိမ်သာမရှိဘူး။ သူတို့စွန့်ပစ်တဲ့ မစင်တွေ၊ စားကြင်းစားကျန်တွေက ကျောင်းဝန်းထဲကိုသွားတာ။
ကလေး တွေမှာ ကျန်းမာရေးစိုးရိမ်ရတယ်။ ဒါကြောင့် စာတင်တိုင်တော့ဆိုင်ခန်း တွေကို ဖျက်မိန့်ကျလာတယ်။ ဒါကို သက်ဆိုင်ရာကလာဖျက်တော့ အဖွဲ့ အစည်းတစ်ခုကဝင်တားလို့ မဖျက်ရဲ ဘူးဖြစ်နေတာ''ဟု အမှုရင်ဆိုင်နေရ သည့် ကျောင်းသားမိဘကိုယ်စားလှယ် တစ်ဦးဖြစ်သူ ကိုဇော်ဦးကဆိုသည်။
ထိုကြောင့် ယင်းဆိုင်ခန်းများ ဖျက်သိမ်းရန် လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ၂ဝ၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ကျောင်းသား မိဘ ၃၉ ဦးက သွားရောက်တင်ပြ ရာတွင် တားမြစ်ခြင်းခံရပြီး အများ သူငါ အသုံးပြုသော လမ်းတွင် ပိတ်ဆို့ခြင်းပြုသည်ဆိုသော ပုဒ်မ ၁၄၃/ ၁၄၅ ဖြင့် ကျောင်းသားမိဘ ကိုယ်စားလှယ်ခြောက်ဦးအား လှိုင် သာယာရဲစခန်းကအမှုဖွင့် တရား စွဲဆိုခဲ့ခြင်းဖြစ်သည်။
MJ NEWSBottom of Form

No comments:

Post a Comment