Tuesday, October 30, 2012

2000 RESIDENT CALL FOR DEMONSTRATION FOR LAPAN DAUNG MOUNTAIN


လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိစ္စ ညှိနှိုင်းမှုပြက်ပျက်ကာ ဒေသခံ ၂၀၀၀ သပိတ်မှောက် -

အောက်တိုဘာလ ၃၀ရက် ၂၀၁၂ခုနှစ် ၊ သတင်း - The Hot News Weekly

လက်ပံတောင်းတောင်ကြေး နီစီမံကိန်းနှင့်ပတ်သက်ပြီး ဦးပိုင် ကုမ္ပဏီဘက်မှ သက်ဆိုင်ရာ တာ ၀န်ရှိသူများက ဆားလင်းကြီးမြို့ နယ် ရွာ(၂၆)ရွာရှိ ရွာသူရွာသားများနှင့် တွေ့ဆုံပြီးညှိနှိုင်းရာကျေး ရွာနေသူ လူပေါင်း(၂၀၀၀)ကျော် ခန့်က လက်မခံဘဲ သပိတ်မှောက် ခဲ့ကြကြောင်း ရန်ကုန
် ပြည်သူ့ အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုး၏ ပြောပြချက်အရ သိရသည်။
““ဦးပိုင်ကုမ္ပဏီဘက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရွာသူ၊ ရွာသားတွေကို အောက် တိုဘာ (၂၉)ရက်က ခေါ်ယူညှိ နှိုင်းခဲ့တယ်။ ဦးပိုင်ကုမ္ပဏီဘက် က တာဝန်ရှိသူတွေက လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း ဟာ နိုင်ငံတော် စီမံကိန်းဖြစ်တဲ့ အတွက် ဆက်လက်လုပ်ဆောင် မယ်ဆိုပြီး ပြောဆိုတဲ့အတွက် သွားရောက်ညှိနှိုင်းတဲ့ ရွာသူ၊ ရွာ သား (၂၀၀၀)ကျော်ခန့်က လုံး ၀လက်မခံပါဘူး””ဆိုပြီး အကျိုး ဆောင်ကွန်ရက်မှ ကိုအောင်စိုး က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံ ရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံ ပြည်သူများနှင့် မြန်မာ့စီးပွားရေး ဦးပိုင်၊ တရုတ်ဝမ်ဘိုကုမ္ပဏီတို့ ပဋိပက္ခ ဖြစ်နေသည်မှာ ယခု အချိန်အထိ ပြေလည်ခြင်းမရှိ သေးကြောင်း၊ နေ့စဉ် ဆန္ဒပြမှု များဖြစ်ပွားလျက် ရှိကြောင်း သိရ သည်။


မျိုးမြင့်၊တူးတူး

No comments:

Post a Comment