Wednesday, October 10, 2012

Recently losing girl






လျှပ်တစ်ပြက်သတင်းဂျာနယ်နှင့် မော်နီတာဂျာနယ်တွင် တာဝန်ထမ်းဆောင်နေသောယဉ်မောင်း ကိုသူရိန်၏ သမီးကြီးဖြစ်သူ မ၀တ်မှုံဖြူသည် ယနေ့ (၁၀.၁၀.၂၀၁၂) ရက်နေ့ညနေ (၄) နာရီကျော်တွင် အင်းစိန်ကြို့ကုန်းအနောက်ရပ်ကွက်တွင် ကျူရှင်မှအပြန် ပျောက်ဆုံးသွားပါသည်။မ၀တ်မှုံဖြူသည် အသက် (၁၆) နှစ်အရွယ်ရှိပြီး၊မှတ်ပုံတင်အမှတ် ၁၂/အစန(နိုင်)၂၂၉၁၉၆ ကိုင်ဆောင်ထားပါသည်။သို့အတွက် ၀ိုင်းဝန်း ပြီးကူညီပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။

တိုင်းပြည်တွင်း ဘယ်လောက် လုံခြုံရေးကောင်းတယ်ဆိုတာ လက်တွေ့ သိမြင်နိုင်ကြပါပြီ။ ဘီဒီအန်မှ တွေ့ကြုံဘူးသော အဖြစ်ပျက်တခုနှင့် ဆင်တူမှာကို စိုးရိမ်ပါသည်။ အကြောင်းမှာ 2011 ခုနှစ်က ရန်ကုန်မြို့ တာမွေမြို့နယ် တွင်နေထိုင်သော ၁၀ တန်းကျောင်းသူလေတဦး ထိုကဲ့သို့ပင် ကျူရှင်မှ ပြန်ရာ လမ်းတွင် ပြောက်ဆုံးသွားခဲ့ရပြီး ၂၀၁၂ ခုနှစ် မေလတွင် တရုတ်မြန်မာ နယ်စပ်ဖြစ်သောရွှေလီမြို့ ရှိ တရုတ်သူဌေးအိမ်တွင် အပျော်မယားပြုလုပ်၇န်ေ၇ာင်းစားခြင်းခံထားရသည်ကို သူမ၏ တရပ်ကွက်ထဲနေသူ ကုန်သယ်တဦးမှ တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားသော်လည်း ၄င်းသူဌေးအိမ်မှတဆင် မည်သို့ ထပ်မံ ပျောက်ဆုံးသွားသည်ကို မသိရပဲ ယနေ့တိုင် မိဘများမှ စုံစမ်းနေဆဲပင်ဖြစ်သည်။၎င်း၏ ပျောက်ဆုံးသွားသောအဖြစ်ပျက်မှာ ကျောင်းသူလေးအား မသမာသော ဂိုင်းတခုမှ မေ့ဆေးဖြင့် ထိုးသွင်း သယ်ဆောင်သွားခဲ့ပြီး ရောင်းစားခဲ့ကြောင်း အကြမ်းမြင်း ကောက်ချက်ချ နိုင်ယုံမျှသာရှိပါသည်။ ထိုကြောင့် ယခု နေပြည်တော် တွင် ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေသည်ဟု အသံကောင်းဟစ်နေကြသော တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒေါ်အောင်ဆန်စုကြည်အပါဝင် ကြားဖြတ်ရွေးကောက်ပွဲမှ အမတ်ဖြစ်လာကြပြီး လွတ်တော်ထဲတွင် ကြားညှပ်နေကြသော အမတ်မင်းတို့အား ပြည်သူလူထုလုံခြုံရေးကို အထူးဂရုပြု စဉ်းစားဆင်ချင်ပြီး လုပ်ကိုင်ဆောင်ရွက်ပေးပါရန် ဘီဒီအန်မှ တင်ပြအပ်ပါသည်။ူသ

 


 












No comments:

Post a Comment