Wednesday, August 15, 2012

အမျိုးသမီးငယ် ၁၃ ဦးကို စင်ကာပူတွင် အိမ်အကူလုပ်ရန် ပို့ဆောင်ပေးမည့် အကျိုးဆောင်ကို ဖမ်းဆီး


·         အမျိုးသမီးငယ် ၁၃ ဦးကို စင်ကာပူတွင် အိမ်အကူလုပ်ရန် ပို့ဆောင်ပေးမည့် အကျိုးဆောင်ကို ဖမ်းဆီး

ရန်ကုန်၊ သြဂုတ် - ၁၃

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှ အမျိုးသမီးငယ် ၁၃ ဦးအား စင်ကာပူနိုင်ငံသို့ အိမ်အကူလုပ်ရန် တစ်လလျှင် စင်ကာပူဒေါ်လာ ၄၀၀ (မြန်မာငွေ ၂၆၀,၀၀၀ ကျပ်)ဖြင့် ဆက်သွယ် ပို့ဆောင်ပေးမည့်သူကို သန်လျင်ရဲစခန်းက ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။

အဆိုပါ အမျိုးသမီးငယ် ၁၃ ဦးအား ဗိုလ်ချုပ်ကျေးရွာ အုပ်ချုပ်ရေးမှူးထံ ဧည့်စာရင်းတိုင်ရာမှ ၎င်းအုပ်ချုပ်ရေးမှူးက မသင်္ကာသဖြင့် မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးထံ သတင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။

FMI CITY လှိုင်သာယာမြို့နယ်နေသူ မအေးအေးချို၏ ဆက်သွယ်မှုဖြင့် အဆိုပါ အမျိုးသမီးငယ်များ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်း၏မိခင် ဒေါ်ကြည်ဌေးက နေအိမ်တွင် လက်ခံထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှတ်တမ်းများအရ သိရသည်။

ယင်းကိစ္စအား လူကုန်ကူးအထူးအဖွဲ့မှ ရဲအုပ်ဌေးအောင်က သြဂုတ် ၉ ရက်တွင် ဆက်လက်စစ်ဆေးခဲ့ရာ မစန္ဒာလွင်(ကောင်းခန့်ဟိန်း အထွေထွေအကျိုးဆောင်လုပ်ငန်း၏ မန်နေဂျာ)နှင့် တစ်ဦးက စင်ကာပူနိုင်ငံ၌ တစ်လလျှင် စင်ကာပူဒေါ်လာ ၄၀၀ ဖြင့် အိမ်အကူလုပ်ငန်း လုပ်ကိုင်ရန် သုံးသုတ်ခွဲကာ ပေးပို့မည်ဖြစ်ပြီး မအေးအေးချိုက အိမ်အကူလုပ်ငန်းအတွက် အဆိုပါ အမျိုးသမီးငယ်များအား သင်ကြားပေးနေကြောင်း စစ်ဆေးတွေ့ရှိရသည်။

မစန္ဒာလွင်ပါ လေးဦးအား အရေးယူပေးရန် ရဲအုပ်ဌေးအောင်က တရားလိုပြုလုပ် တိုင်တန်းမှုကို သန်လျင်ရဲစခန်းက (ပ) ၉၉၁/ ၁၂၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဥပဒေပုဒ်မ-၂၆ ဖြင့် သြဂုတ် ၉ ရက်၌ အမှုဖွင့်ပြီး အမှုစစ်ဒုရဲအုပ်ထွန်းထွန်းဝေက တရားခံများအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ၎င်းထံမှသိရသည်။

ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် ပို့ဆောင်သည့် အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးတွင် လူတင်ပို့ခွင့် မှတ်ပုံတင်ရပြီး မှတ်ပုံတင်မရှိသည့် ကုမ္ပဏီများအား နိုင်ငံတော်အစိုးရက ပြည်ပအက်ဥပဒေပုဒ်မ ၂၆ (အထူးနှင့်အထွေထွေ)ဖြင့် ဖမ်းဆီးနိုင်သည်ဟု တရားဝင် ထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။

Top of Form



o    Thithi Zaw, Swe Zin Han, Ko Minn and 107 others like this.

o   

o     

§ 

Sue Winne ဂျက်ကီချမ်း ပြောသွားသလိုပဲ လူကုန်ကူးတဲ့ သတင်းတွေကို အထူးရေးဖို့ကောင်းတယ်။ မြန်မာပြည်က လူတွေကို အသိကလေး ၀င်သွားစေချင်တယ်။



§ 

Steve Lann Sann များများသာဖမ်း singapore airport arrival hall myanmar maid တွေ မတွေ့ချင်တော့ဘူး


§ 

Zin Zin Win It'd better not allow any girls to work as a maid in other countries. The wages is too low compared with other nationals n too risky as well.



§Maung Ko Oo များများဖမ်းဗျိုစင်ကာပူမှာမြန်အိမ်ဖော်မတွေအများကြီးရှိနေတယ်


§  လူကြမ်းလေး ပါ ဟေ့ ကောင် ရစ်ချက်ထွန်း မင်းညီမ ကို ဒီစလုးံတို့  မလေးရှားတို့  ကို အိမ်အကူလုပ်ဖို့  လွတ်လိုပ်ပါလား ထမင်းစား ကျွန်ခံ လူညွန့် တုံးတဲ့ အပြင် နိုင်ငံလ ည်း အရှက်ကွဲ တ

လူကြမ်းလေး ပါ ခုနကစာမပြီးသေးဘူး စာပြန်ဆက်ရ ရင် ဒီံ လို အိမ်အကူအလုပ်က လူတရာ လာရင် တစ်ယောက်စ နှစ်ယောက်စ ပဲ အကောင်းကျန်တော့ တာ အားလုံးက မကောင်းတဲ့ မိန်းမသာသာပဲ အကျင့်တွေ ပျက်ရော မင်းသိချင်ရင်. မင်းအမျိုးတွေ မင်းညီမ တွေသာ လွတ် လိုက်ပါ



§  
Saw Kalo Htoo ကိုယ့်နိုင်ငံသားတွေko နှိမ်ပြီး တဖက်လူတွေဆီက ငွေရှာတဲ့အလုပ်က အောက်တန်းအကျဆုံး အလုပ်လို့ ကျနော်တော့Htinမြင်ယူဆပါတယ် ..ဒီလူလူတန်းစားပွဲစား မျိုးကို ထိရောက်စွာ အရေးယူခြင်းဖြင့် ကိုယ့်အမျိုးသားရေး အဆင့်အတန်းကို မြင့်တင်ပေးပါလို့ အကြံပြုချင်ပါတယ် ..



§ 

Phyo Myint Thu အဲလိုအောက်တန်းစားအကောင်တွေကို သေဒဏ်ပေးပါ လို့တောင်းဆိုပါတယ်။



§ 

M Zar NI Tg Katoung shopping mall မှာ myanmar maid specialist ဆိုတဲ agents.တွေလေးငါးခု ရှိတယ် ဆိုက်နဲ.နီးလို့ ထမင်း သွားစားရင်တွေ.နေရတာ so many girls sitting down there and waiting employer.



§  Smt Win အရင်တုန်းက စင်္ကာပူမှာ မြန်မာအိမ်ဖော်ဆိုတာမှ မရှိဘဲ အခုတော့စာလုံးအကြီးကြီးတွေနဲ့ကို ကြော်ငြာနေကြတာ အိမ်ဖော်တောင်မှ ဘွဲ့ရတဲ့အိမ်ဖော်တဲ့ အရမ်းကို စိတ်ဆင်းရဲစရာကောင်းပါတယ် ဘယ်သူ့ကို အပြစ်တင်ရမှန်းတောင် မသိတော့ပါဘူး




Wynne Mfl မလေးတို့ ယူအေအီးတို့ ထက် စာရင် စလုံးက safe ဖြစ်ပါတယ်။ ဥပဒေ ပြင်းထန်ပြီး လာဘ်စားခြင်း မရှိသလောက်ပါဘဲ။တလောက အသက်မပြည့်တဲ့ ဗီယက်နမ် ပြည့်တန်စာ ကို အားပေးမိလို့  နာမည်ကြီး လူကြီး နဲ့ သူဌေး စုစုပေါင်း ၅၀လောက် အမှူဆိုင်နေရတယ်။
မြန်မာပြည်တွင့်းက ၁၀ နှစ်ကျော် နဲ့ အိမ်ဖော် စာပွဲထိုး လုပ်နေရတဲ့ ကလေးတွေကို ရော မကာကွယ်ကြတော့ဘူးလား။



§ 

No comments:

Post a Comment