Monday, August 6, 2012

အင်းစိန်ပန်းခြံအနီး ဆန္ဒထုတ်ဖော်သောဈေးသည်အချို့ခေါ်ယူစစ်ဆေးခံရ


အင်းစိန်ပန်းခြံအနီးတစ်ဝိုက်ရှိ ပျံကျဈေးသည်များ ဈေးရောင်းချခွင့် တားဆီးခံရသောကြောင့် အဆိုပါနေရာတွင် ဈေးသည်နှစ်ဆယ်ကျော် ယနေ့(သြဂုတ် ၆ ရက်) မွန်းလွဲ ၃ နာရီမှ ၅ နာရီထိ နှစ်နာရီခန့်အကြာ ဆန္ဒဖော်ထုတ်ခဲ့ရာ ဈေးသည် ၁၁ ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ စစ်ဆေးနေကြောင်း အင်းစိန်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
``ယောက်ျားနှစ်ယောက်နဲ့ အမျိုးသမီးကိုးယောက်ကို ခေါ်စစ်နေပါတယ်။ သူတို့ကို စစ်ဆေးနေဆဲပါ။ စစ်ဆေးပေါ်ပေါက်ချက်အရ ဗိုလ်ကြီးတို့ စခန်းမှူးတို့က အရေးယူပါလိမ့်မယ်´´ဟု ယနေ့ည ၈ နာရီ ၁၅ မိနစ်တွင် ၄င်းကပြောသည်။
ပျံကျဈေးသည် ၃၉ ဦးအနက် ၂၀ ကျော်သည် ``ဈေးသည် ဈေးမရောင်းရ၍ အလှူခံနေသည်၊ စေတနာရှင်များ ကူညီပါ´´ စာတန်းအား ကတ်ထူစက္ကူများပေါ်တွင် ရေးသားကိုင်ဆောင်ကာ ပလက်ဖောင်းပေါ်တွင် တောင်းခံနေကြခြင်းဖြစ်သည်။ မိမိတို့သည် ဆန္ဒပြခြင်းမဟုတ်၍ ဆန္ဒပြခွင့် တောင်းမထားကြောင်း ပြောဆိုသည်။
ဓာတ်ပုံ-ဥက္ကာကိုကို
7DAY NEWS

No comments:

Post a Comment