Monday, August 6, 2012

88 stands for Media

DSC_0801
စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာများအပေါ်အစိုးရ၏ ကန့်သတ်ချုပ်ချယ်မှုများ ၊ ထင်သလို တရားစွဲဆိုမှုများ အပြင်အချို့သော ဂျာနယ်များအားထုတ်ဝေခွင့်ပါ ပိတ်ခဲ့သည့်အတွက် သြဂုတ်လဆန်းပိုင်းမှစတင်ကာ သတင်းမီဒီယာများအနေဖြင့် မိမိတို့၏ လွတ်လပ်ခွင့်အတွက် နိုင်ငံတော် သမ္မတကြီးထံ လက်မှတ်များထိုးကာ တင်ပြတောင်းဆိုရန် လှုပ်ရှား မှုများ ပြုလုပ်ခဲ့ပြီး အဆိုပါသတင်းမီဒီယာ များ၏ လှုပ်ရှားမှုများ နှင့် ထုတ်ဝေခွင့်ပိတ်ခံရသော သတင်း ဂျာနယ်များသို့ ကျန်သတင်းဂျာနယ်များမှ သွားရောက်အားပေးစကားပြောကြရာတွင် ၈၈ ကျောင်းသားခေါင်းဆောင်များ ဖြစ်သော ကိုမင်းကိုနိုင် ၊ ကိုပြုံးချို ၊ ကိုဌေးကြွယ် တို့မှလည်း ပါဝင်ကူညီကြပြီး ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ လည်း သတင်းမီဒီယာများ ဘက်မှ အပြည့်အ၀ ရပ်တည်ပေးသွားမည်ဖြစ်ကြောင်း သတင်းထောက်များအား အားပေးစကားပြောကြားခဲ့သည်။ “ခင်များတို့ သတင်းမီဒီယာတွေက တစ်ချိန်တုန်းက ကျွန်တော်တို့ ကျောင်းသားတွေဘက်က အပြည့်အ၀ရပ်တည်ပေးခဲ့တာ ခုခင်များတို့ရဲလွတ်လပ်မှုအတွက်ဆိုတဲ့ အခါမှာလည်း ကျွန်တော်တို့ ကျောင်းသားတွေ အနေနဲ့ ခင်များတို့ ဘက်ကနေ အပြည့်အ၀ရပ်တည်ပေးသွားမှာပါ ခင်များတို့ အနေနဲ့ လိုအပ်တဲ့အချိန် ၊ ကြိုက်တဲ့အချိန်ခေါ် ကျွန်တော်တို့ ခင်များတို့ နဲ့ လိုက်ပြီး အပြည့်အ၀ ရပ်တည်သွားမှာပါ´´ဟု ကိုမင်းကိုနိုင်မှ သတင်းမီဒီယာများအပေါ်အားပေးစကားပြော ကြားသွားခဲ့သည်။ ထို့အတူ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုပြုံးချို မှလည်း “ဘယ်အချိန်ပဲဖြစ်ဖြစ် သတင်းမီဒီယာသမားတွေ အတွက် ကျွန်တော်တို့ ကျောင်းသားတွေ အသင့်ရှိနေပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေ အပေါ်ရပ်တည်ပေးခဲ့တဲ့ သတင်းမီဒီယာတွေ ရဲ့လွတ်လပ်ခွင့်လှုပ်ရှားမှုတွေမှာ အပြည်အ၀ပါဝင် ကူညီပေးသွားမှာပါ´´ဟုပြောကြားသွားခဲ့သည်။သြဂုတ်လဆန်း စပိုင်းထဲမှ စတင်ကာ ပြည်တွင်းရှိ သတင်းမီဒီယာများအနေဖြင့် မိမိတို့လွတ်လပ်ခွင့်အတွက်“မီဒီယာဖိနှိပ်မှုရပ်´´ဟုရိုက်နှိပ်ထားသော အင်္ကျီများဆင်တူဝတ်ဆင်ကာ အချို့မှာမူ ပါးစပ်နှင့်နား စသည့်တို့အား ပိတ်ကာ သတင်းသမားများသည် ဆင်တူအင်္ကျီများ အားဝတ်ဆင်ကာ ၈၈ ကျောင်းသားခေါင်းဆောင်များ အပါအ၀င် ထုတ်ဝေခွင့်ပိတ်ခံရသော သတင်းဂျာနယ်များသို့ သွားရောက် အားပေးစကားပြောကြားခဲ့သည်။ထုတ်ဝေခွင့်ပိတ်ခံရသော ဂျာနယ်များ အနေဖြင့်လည်း ၀န်ထမ်းများစွာ ဖြင့်ရပ်တည်နေရလျက်ရှိသည် ဖြစ်ရာ ယခုကဲ့သို့ပိတ်ဆို့မှုများကြောင့် အခက်အခဲဖြစ်လျက်ရှိကြောင်းသိရှိရသည်။“စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာတွေနဲ့ နိုင်ငံတော် အစိုးရတို့ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ပြီး တရားရုံးရောက်တယ်ဆိုတာ ယခုလိုအသွင်ကူးပြောင်းကာလအတွက်ကို ရုပ်ပျက်ဆင်းပျက်နိုင်စေပါသည်။ ပိတ်ခံရတဲ့ The Voice တို့လျှပ်တပြတ်တို့ နဲ့ ကျန်သတင်းဂျာနယ်တွေဟာ ၂၀၁၀ ပါတီစုံရွေးကောက်ပွဲကြီးကာလ အတွက် အများကြီးအကျိုးဖြစ်စေခဲ့တဲ့သူတွေပါ´´ဟု ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မှ သုံသပ်ပြောကြားသွားခဲ့သည်။
HOT NEWS

No comments:

Post a Comment