မြန်မာသမ္မတရုံးအနေနဲ့ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲများ သွက်သွက်လက်လက် ဖြစ်ပေါ်လာရန် ကြိုးစားနေတဲ့ တချိန်ထဲမှာပဲ လွှတ်တော်အကြီးအကဲ ဦးရွှေမန်းအား တိုက်ခိုက်တဲ့ လက်တုန့်ပြန်မှု စာတွေ ဖေ့စ်ဘွတ် လူမှုကွန်ယက်အတွင်း ပေါ်ထွက်လာတာကို တွေ့ရပါတယ်။ လက်ရှိ အခြေအနေအရ မြန်မာအစိုးရနဲ့ လွှတ်တော်များရဲ့သတင်းများကို ပုံနှိပ်နဲ့ ရုပ်သံမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် လျှင်လျှင်မြန်မြန် အသိမပေးနိုင်သေးတာကို သတိထားမိပြီး ဖေ့စ်ဘွတ် လူမှုကွန်ယက်ဟာ မြန်မာအာဏာပိုင်တွေ၊ အတိုက်အခံတွေနဲ့ နိုင်ငံရေးအဖွဲ့တွေရဲ့ သတင်းထုတ်ပြန်ရာနေရာတခု ဖြစ်မှန်းမသိ ဖြစ်လာတာကို တွေ့ရပါတယ်။ သတင်းများ အလွယ်တကူ သိနိုင်ဖို့အတွက် ဖေ့စ်ဘွတ်ကို ပြည်တွင်းပြည်ပမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြတဲ့ အခုအချိန်မှာ မကောင်းသတင်း ၀ါဒဖြန့်သူများကလည်း ဖေ့စ်ဘွတ်ကို စနစ်တကျ သုံးစွဲနေကြပါတယ်။ မြန်မာအစိုးရအတွင်း ပြောင်းလဲမှုသတင်းများ ဆက်တိုက် ထွက်ပေါ်လာချိန်မှာ သြဂုတ် ၃၀ ရက်နေ့ထုတ် အစိုးရအာဘော်သတင်းစာတွင် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ဖော်ပြထားတာကို သတိထားမိပါတယ်။ ထို ဥပဒေကြမ်းဟာ တရုပ်မီဒီယာတခုကို အစိုးရသဘောထားနဲ့ မလျှော်ညီတဲ့ ပြောကြားမှုတွေ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ် ဦးအောင်သိန်းလင်းကိစ္စနဲ့များ ဆက်စပ်လေမလားလို့ တွေးတောသူများ ရှိနေပါတယ်။
Transparency in Myanmar (Burma) is being sure of what we hope for and certain of what we do not see
Friday, August 31, 2012
Change to be continued
မြန်မာသမ္မတရုံးအနေနဲ့ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲများ သွက်သွက်လက်လက် ဖြစ်ပေါ်လာရန် ကြိုးစားနေတဲ့ တချိန်ထဲမှာပဲ လွှတ်တော်အကြီးအကဲ ဦးရွှေမန်းအား တိုက်ခိုက်တဲ့ လက်တုန့်ပြန်မှု စာတွေ ဖေ့စ်ဘွတ် လူမှုကွန်ယက်အတွင်း ပေါ်ထွက်လာတာကို တွေ့ရပါတယ်။ လက်ရှိ အခြေအနေအရ မြန်မာအစိုးရနဲ့ လွှတ်တော်များရဲ့သတင်းများကို ပုံနှိပ်နဲ့ ရုပ်သံမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် လျှင်လျှင်မြန်မြန် အသိမပေးနိုင်သေးတာကို သတိထားမိပြီး ဖေ့စ်ဘွတ် လူမှုကွန်ယက်ဟာ မြန်မာအာဏာပိုင်တွေ၊ အတိုက်အခံတွေနဲ့ နိုင်ငံရေးအဖွဲ့တွေရဲ့ သတင်းထုတ်ပြန်ရာနေရာတခု ဖြစ်မှန်းမသိ ဖြစ်လာတာကို တွေ့ရပါတယ်။ သတင်းများ အလွယ်တကူ သိနိုင်ဖို့အတွက် ဖေ့စ်ဘွတ်ကို ပြည်တွင်းပြည်ပမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြတဲ့ အခုအချိန်မှာ မကောင်းသတင်း ၀ါဒဖြန့်သူများကလည်း ဖေ့စ်ဘွတ်ကို စနစ်တကျ သုံးစွဲနေကြပါတယ်။ မြန်မာအစိုးရအတွင်း ပြောင်းလဲမှုသတင်းများ ဆက်တိုက် ထွက်ပေါ်လာချိန်မှာ သြဂုတ် ၃၀ ရက်နေ့ထုတ် အစိုးရအာဘော်သတင်းစာတွင် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ဖော်ပြထားတာကို သတိထားမိပါတယ်။ ထို ဥပဒေကြမ်းဟာ တရုပ်မီဒီယာတခုကို အစိုးရသဘောထားနဲ့ မလျှော်ညီတဲ့ ပြောကြားမှုတွေ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ် ဦးအောင်သိန်းလင်းကိစ္စနဲ့များ ဆက်စပ်လေမလားလို့ တွေးတောသူများ ရှိနေပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment