Monday, August 13, 2012

Bomb explodes in Mandalay



မန္တလေးတွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့သော နေရာအား
တွေ့ရစဉ်

Sai Htet ယနေ့နံနက် ၈း၁၅ နာရီခန့်က မန္တလေး အောင်မြေသာဇံမြို့နယ် ဧရာဝတီမြစ်ကမ်းပါးရှိ ညောင်ကွဲအရပ်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မန္တလေး သတင်းထောက်က သတင်းပေးပို့သည်။
ပေါက်ကွဲမှုကြောင့် အသက် လေးနှစ်ခန့် ကလေးတစ်ဦးနှင့် လူလတ်ပိုင်းအရွယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေးနှစ် ခန့် ကလေးမှာ ဆေးရုံသို့ပို့ဆောင်ထားရကြောင်းသိရသည်။
ယင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ အတည်ပြုပြောကြားခြင်းမရှိသေးပေ။

No comments:

Post a Comment