Wednesday, August 22, 2012

It is against the law for 25% of military representatives in Perliment

လွတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ယူထားခြင်းသည် ဥပဒေနှင့်မညီညွတ်ဟု ဦးပီတာလင်းပင် ဆို


ရန်ကုန်၊ သြဂုတ် ၂၂
လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ယူထားခြင်းသည် ဥပဒေနှင့် လုံးဝကိုက်ညီမှုမရှိကြောင်း ဦးပီတာလင်းပင်က သြဂုတ် ၂၂ ရက်နေ့က ပြောသည်။
“စစ်တပ်က အခြားလွှတ်တော်ကိုယ်စားလှယ်တွေလို ရွေးချယ်ခံပြီး စစ်မှန်တဲ့ ပြည်သူ့အစိုးရကို ၂၀၁၅ မှာ ပြန်ဖွဲ့စည်းနိုင်ဖို့ လူတိုင်းလူတိုင်းမှာ တာဝန်ရှိတယ်။ ကြိုးလည်း ကြိုးစားကြရမယ်။ တရားမျှတစွာ လုပ်ဖို့ ဒေါ်စုပြောတာ အပြည့်အ၀ ထောက်ခံတယ်”ဟု ၄င်းက ပြောသည်။
ထို့အပြင် ယခုလက်ရှိ သမ္မတကြီး ဦးသိန်းစိန်၏ လုပ်ရပ်များကိုလည်း ထောက်ခံကြောင်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့ဆန္ဒကို တာဝန်သိသိ လုပ်ဆောင်ရန် တိုက်တွန်းနှိုးဆော်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
“၄င်းတို့သာလျှင် စစ်မှန်သော ပြည်သူများက ရွေးထားတဲ့ စစ်မှန်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်တယ်။ တရားဥပဒေအုပ်ချုပ်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီရေးကို သတ္တိရှိရှိနဲ့ အနစ်နာခံပြီး ဆက်လက် ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်”ဟု ဦးပီတာလင်းပင်က ဆိုသည်။
ယခုလက်ရှိအချိန်တွင် ဦးပီတာလင်းပင်သည် ပဉ္စဗလဖောင်ဒေးရှင်း၌ ဥက္ကဋ္ဌအဖြစ် တာဝန်ဆောင်ရွက်နေပြီး မော်လမြိုင်တွင် အခြေစိုက်ထားသော ပဉ္စဗလဖောင်ဒေးရှင်းဌာနချုပ်ကို ရန်ကုန်သို့ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း သိရသည်။
“အမှုဆောင်တွေ တိုးချဲ့ အသစ် ပြန်ရွေးမယ်။ အခုလက်ရှိ အမှုဆောင် ၁၇ ဦး ရှိတယ်။ နောက်ထပ် ၅ ဦး တိုးမယ်”ဟု ဦးပီတာလင်းပင်က ပြောသည်။
အဆိုပါ ပဉ္စဗလဖောင်ဒေးရှင်းမှ မော်လမြိုင်နှင့် သထုံမြို့တို့တွင် စာကြည့်တိုက် ၁ ခုစီ ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ လူငယ်များအတွက် ကွန်ပျူတာသင်တန်းများကို ဖွင့်လှစ်သင်တန်းပို့ချမည်ဖြစ်ကြောင်း သိရသည်။
“မော်လမြိုင်နဲ့ သထုံမှာပဲ ကွန်ပျူတာသင်တန်းတွေ ပေးမယ်။ အခု သထုံမှာ ကွန်ပျူတာသင်တန်း ပေးနေပြီ”ဟု ၄င်းက ပြောသည်။
လာမည့် စက်တင်ဘာလ၌လည်း အဆိုပါ ကွန်ပျူတာသင်တန်းများ ဖြစ်မြောက်ရန်အတွက် နိုင်ငံခြား သားများက လာရောက်ပို့ချမည့်အစီအစဉ်ရှိကြောင်းလည်း သိရသည်။
ပဉ္စဗလဖောင်ဒေးရှင်းကို ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။
ဦးပီတာလင်းပင်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအမတ်အဖြစ်ဝင်ရောက်အရွေးချယ်ခံခဲ့ရာ ပြင်ဦးလွင် မြို့နယ်မှ အနိုင်ရခဲ့ပြီးနောက် ၂၁ နှစ်ကြာ မြန်မာနိုင်ငံကို စွန့်ခွာ၍ မိမိယုံကြည်ရာလမ်းကိုလျှောက်လှမ်းခဲ့ပြီးနောက်၊ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ သို့ ပြန်လာခဲ့သူ ဖြစ်သည်။


Top of Form
ASIAN MEDIA GROUP

No comments:

Post a Comment