Wednesday, August 15, 2012

Bangali Boats arrest

ယမန်နေ့ ညည့် (၁၂း၀၀ နာရီ နှင့် ၃း၀၀ နာရီခန့်) တွင် ဘင်္ဂလီဘုတ် ၂-စီးသည် ဘင်္ဂလီအလံများစိုက်ထူပြီး ရသေ့တောင်မြို့နယ် ကုလားချောင်းရွာ (ရခိုင်ရွာ) သို့ ချဉ်းကပ်လာခဲ့ပါသည်။ ယင်းဘုတ်၂-စီးတွင် ဘင်္ဂလီ ၂၀ ခန့် လိုက်ပါလာပြီး၊ သေနတ်များလည်း ပါလာခဲ့သည်။ ကုလားချောင်းရွာသို့ အရောက်တွင် ကုလားချောင်းကျေးရွာ ကင်းအဖွဲ့နှင့် တိုးပြီး ဘင်္ဂလီများက စတင်ပစ်ခတ်ခဲ့ပါသည်။ ကုလားချောင်းကျေးရွာရှိ မုဆိုးများမှလည်
း ယမ်းထောင်းသေနပ်ဖြင့် ခုခံ ပစ်ခတ်ခဲ့ပါသည်။ အသေအပျောက် လုံးဝ မရှိခဲ့ပါ။
သို့သော် ယင်းဘုတ် ၂-စီးအနက် တစ်စီ (လူမပါ) ကို ဒေသခံ ကျေးရွာသားများမှ ဖမ်းဆီး၍ ၁၅-၈-၂၀၁၂ နေ့ နံနက်တွင် ရသေ့တောင် ရဲစခန်းသို့ ပို့ဆောင်ပေးခဲပြီး၊ ကျန်ဘုတ် တစ်စီးမှာလွတ်မြောက်သွားခဲ့
ပါသည်။ ထွက်ပြေးသွားခဲ့သော ဘင်္ဂလီအချို့ မှာ သေနတ်များဖြင့် မေယုတောင်ပေါ်သို့ တက်ပြေးသွားကြောင်း သိရှိရပါသည်။(သတင်းနှင့်ဓာတ်ပုံ-အမ်စီ ရခိုင်)

No comments:

Post a Comment