Monday, May 7, 2012

DEBATE FOR VICE PRESIDENT IN NAYPYI DAW ဒေါ်အောင်ဆန်းစုကြည်အား ဒုသမ္မတ ခန့်အပ်ရန် နေပြည်တော်တွင် အကြီးအကျယ် ငြင်းခုံနေကြ


ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး အမှန်ပင် နုတ်ထွက်စာကို မေလ ၃ ရက်နေ့နေ့စွဲဖြင့် နေပြည်တော် သမ္မတရုံးသို့ တင်သွင်းထားခဲ့ပြီးဖြစ်ကြောင်း နေပြည်တော်၏ ခိုင်လုံသောသတင်းရပ်ကွက်မှ သတင်းရ ရှိပါသည်။ 
ဦးတင်အောင်မြင့်ဦးသည် သွေးအကြိတ်ကင်ဆာရောဂါကို လက်ရှိခံစားနေရပြီးကျန်းမာရေးအရ နုတ်ထွက်ခြင်းဖြစ်သည်ဟု ကြံ့ခိုင်ရေးပါတီသတင်းရပ်ကွက်မှ ခိုင်လုံသောသတင်းရရှိသည်။
ထူးခြားစွာ ထွက်ပေါ်လာသော ယခုနောက်ဆုံးသတင်းမှာ တပ်မတော်သား အမတ်ဦးရေ ၂၅ ရာနုံး ကို စည်းရုံးပေးရန် ကာချုပ် မင်းအောင်လှိုင်အား နေပြည်တော် သမ္မတရုံးမှ ကြိုးပမ်းနေသော သတင်းတခု ထပ်မံရရှိပါသည်။ အကြောင်းမှာ လစ်လပ်သွားသော ဒုသမ္မတ နေရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ဒုသမ္မတအဖြစ် ရွေးချယ်တင်မြောက်ကြရန်ဖြစ်သည်ဟုဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အား ဒုသမ္မတ အဖြစ်ရွေးချယ်တင်မြောက်ပါက လက်ရှိအကြပ်တည်းအားလုံး အမြန်ဆုံးပြေလည်ပြီး သိက္ခါရှိရှိ တိုင်းပြည်ကို ပြန်လည်ပြုပြင်ရာတွင် ဆထက်တံပိုးအကြိုးများနိုင်ပြီး ယခင် စစ်အုပ်ချုပ်မှုအောက်တွင် ခံစားနေကြရသော ပြည်သူတို့လည်း ချက်ခြင်း ၄င်းတို့နာကျဉ်းချက်များပြောက်ပျက်သွားနိုင်သည်ဟု သမ္မတရုံးမှ အဆိုပြုလွှာကို ကာချုပ် မင်းအောင်လှိုင်ထံသို့ အကြံပြုတင်သွင်းထားသည်ဟု ခိုင်မာစွာ သတင်းရရှိသည်။ သို့သော် လွတ်တော်ထဲတွင်း အမတ်ဦးရေးအများဆုံးဖြင့် ထိုင်ခုံနေရာ ရရှိထားကြသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီအမတ်များ အရေးပေါ် တွေ့ဆုံဆွေးနွေးနေဆဲဟုသိရသည်။

3 comments:

  1. လူကိုခင်ယင် မူကိုပြင်လို့ ရပါတယ်
    အောင်ဆန်းစုကြည်ကို ဒုသမတခန့် လိုက်ပါ
    အကောင်းဆုံး အမ်ြန်ဆုံးဖြတ်လမ်းပဲ ။

    ReplyDelete
  2. တင်အောင်မြင်ဦး ထွက်စာတင်တယ်ဆိုတဲ့သတင်းကို စဖြန့်တာက VOA မြန်မာပိုင်းဖြစ်တယ်။


    VOA သတင်းကိုကြည့်ရင် ထင်ရှားတဲ့ high profile တဦး နှုတ်ထွက်တာကို ခိုင်မာတဲ့ ဘယ် source က ရတယ်လို့ အတိအကျ မပြောနိုင်သလို ရတဲ့သတင်းကို ထပ်မံအတည်ပြုမဲ့ additional source လဲ မပါတာ တွေ့ရတယ်။ သမတအကြံပေး ကိုကိုလှိုင်ကလဲ တင်အောင်မြင်ဦးနှုတ်ထွက်တဲ့သတင်းကို အတည်မပြုနိုင်ဘူးလို့ VOA ကို ပြောတယ်။ ဒါကြောင့် VOA မြန်မာပိုင်းကလွှင့်တဲ့ တင်အောင်မြင်ဦးသတင်းက စကထဲက မခိုင်မာတဲ့ ယိုင်တိုင်တိုင် သတင်း ဖြစ်နေတယ်။


    နောက်တခါ VOA မြန်မာပိုင်းကလွှင့်တဲ့ သတင်းတခုထဲကို ကိုးကားပီး ရန်ကုန် Reuters သတင်းကလဲ တင်အောင်မြင်ဦး နှုတ်ထွက်စာတင်တဲ့သတင်းရေးတယ်။ Reuters သတင်းမှာလဲ VOA သတင်းကို အတည်ပြုနိုင်တဲ့ တခြား additional source ကို မရှာနိုင်ဘဲ သီးခြားအတည်မပြုနိုင်ဘူးလို့သာ ရေးထားတယ်။ ဒါကြောင့် တင်အောင်မြင်ဦးနှုတ်ထွက်စာတင်တယ်ဆိုတဲ့ Reuters သတင်းကလဲ VOA ကို recycle လုပ်ထားတဲ့ သတင်းသာဖြစ်နေတာ တွေ့ရတယ်။


    -အထက်ပါ အချက်တွေကိုကြည့်ရင် ဒုသမတ တင်အောင်မြင်ဦးနှုတ်ထွက်တယ်ဆိုတဲ့ သတင်းရေးတဲ့ VOA ရော Reuters ပါ ခိုင်ခိုင်မာမာ မရှိတာ ထင်ရှားတယ်။-ဒုသမတတဦး နှုတ်ထွက်စာတင်တာကို သိန်းစိန်အစိုးရအနေနဲ့ ဖုံးကွယ်ထားစရာ အကြောင်းမရှိပါ။ ဖုံးဖိထားတဲ့အတွက် အစိုးရမှာ ဘာအကျိုးအမြတ်မှ ရစရာမရှိပါ။-တင်အောင်မြင်ဦးဟာ ထူးချွန်တဲ့ ဒုသမတ တဦးမဟုတ်သလို စစ်ဗိုလ် ၂၅% က ရွေးချယ်တင်မြှောက်ထားတဲ့ ဒုသမတဖြစ်တာမို့ သူ့နေရာအစားထိုးဘို့ စစ်ဗိုလ်တွေ ရိုက်သတ်မကုန်အောင် ရှိပါတယ်။


    -ဒါကြောင့် ဒီသတင်းဟာ အစိုးရဘက်ကနေ VOA မြန်မာပိုင်း ကို disinformation ထဲ့ပီး ပိပိယိယိ လိမ်လိုက်တဲ့သတင်းဖြစ်ဘို့ များတယ်လို့ ယူဆနိုင်တယ်။


    ကဲ-တင်အောင်မြင်ဦး နှုတ်ထွက်စာတင်လိုက်ပီဘဲထား။ ဘာဆက်ဖြစ်မလဲ။


    -အခြေခံဥပဒေ ပုဒ်မ ၇၃ အရ ဒုသမတတဦး နှုတ်ထွက်စာတင်တဲ့အချိန်ဟာ ပြည်ထောင်စုလွှတ်တော်ကျင်းပနေချိန်ဖြစ်ရင် ၇ ရက်အတွင်း ဒုသမတတဦး ရွေးချယ်တင်မြှောက်ရမယ်။ -တင်အောင်မြင်ဦးဟာ စစ်ဗိုလ်လွှတ်တော်ကိုယ်စားလှယ် ၂၅% က တင်မြှောက်ထားသူမို့ စစ်ဗိုလ်လွှတ်တော်ကိုယ်စားလှယ် ၂၅% အစုအဖွဲ့ကဘဲ နောက်ထပ် ဒုသမတ တဦး ရွေးချယ်ပေးရမှာဖြစ်တယ်။ -တကယ်လို့ ဒုသမတတဦး နှုတ်ထွက်စာတင်တဲ့အချိန်ဟာ ပြည်ထောင်စုလွှတ်တော်ကျင်းပနေချိန်မဟုတ်ရင် ၂၁ ရက်အတွင်း ပြည်ထောင်စုလွှတ်တော်ခေါ်ပီး ဒုသမတသစ်တဦး ရွေးရမယ်လို့ ပြဌာန်းထားတယ်။


    -ဒါကြောင့် တင်အောင်မြင်ဦးနေရာအတွက် ဒုသမတသစ်တဦးကို စစ်ဗိုလ်လွှတ်တော်ကိုယ်စားလှယ် ၂၅% အစုအဖွဲ့က ရွေးချယ်ပေးရမယ်။ ဒုသမတရွေးရာမှာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူကိုဖြစ်စေ ရွေးချယ်ခွင့်ရှိတယ်လို့ ပြဌာန်းထားတယ်။


    -ဒေါ်စု ထမိန်နားခိုတဲ့ အချောင်သမားတချို့ကတော့ သူတို့အမေစုကို အလကားနေရင်း ဒုသမတဖြစ်လိမ့်မယ် ထင်ချင်ထင်ပေလိမ့်မယ်။ အခြေခံဥပဒေက သမတနဲ့ ဒုသမတဖြစ်နိုင်သူတွေရဲ့ အရည်အချင်းတွေထဲမှာ ဒေါ်စုနဲ့ မကိုက်ညီတာတွေကို စကထဲက တမင် ပြဌာန်းထားတဲ့အတွက် ဒေါ်စုဟာ ၂၀၀၈ အခြေခံဥပဒေ တည်နေသ၍ ဘယ်တော့မှ သမတဖြစ်စေ ဒုသမတဖြစ်စေ ဖြစ်ခွင့် မရှိတော့ဆိုတာ မှတ်ထားကြပါ။

    ReplyDelete
  3. ဒီသတင်းကတော့ယုံရခက်ခက်ဘဲ၊အခြေခံဥပဒေကတော့လူကဆွဲတာပဲ၊လူကပြင်ချင်ရင်ပြင်လို့ရပါတယ်၊ငါအပြင်မခံဘူးလို့ငြင်းလဲပြည်သူကမကြိုက်ရင်တစ်နေ့အမှိုက်ပုံရောက်မှာပါဘဲ၊လူသည်သာပဒါန၊လူသည်သာအခြေခံဥပဒေရဲ့အရှင်သခင်......

    ReplyDelete