ပရဟိတမူလတန်းလွန် ဘုန်းတော်ကြီးသင်ပညာရေး
ကျောင်း တွင် မိဘမဲ့ ဆင်းရဲ နွမ်း ပါး ကလေးငယ်များကို ကျွေးမွေး စောင့်ရှောက်၊ ပညာသင်ကြားပေး
ရန်အတွက် တစ်နှစ်လျှင် ပျမ်းမျှငွေ ကျပ် (၁၈)သိန်းခန့်သုံးစွဲနေရသဖြင့် စေတနာရှင်များ
ပါဝင် လှူဒါန်း နိုင်ကြောင်း သိရသည်။
အဆိုပါဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ဇေယျသုခ(ကိုယ်ထူကိုယ်ထ)ပရဟိတ၏ဦးစီးပဓာန နာယကဆရာတော်အရှင်ဒေဝိန္ဒသာရမှ ကျောင်းနေ
အရွယ်ကလေးသူငယ်တိုင်း အခမဲ့ပညာသင်ကြား
ခွင့်ရရှိစေရန်ယဉ်ကျေးလိမ္မာ၍ တတ်သိ
နားလည်သောလူရည်ချွန်၊လူရည်မွန်များ ဖြစ်ထွန်းပေါ်ပေါက် လာစေရန်၊ ဘာသာ၊ သာသနာ၊ စာပေနှင့်ရိုးရာယဉ်ကျေးမှုဓလေ့ထုံး တမ်းစဉ်လာများကိုထိန်းသိမ်း ကာကွယ်စောင့်
ရှောက်တတ်ရန်ရည်ရွယ်ချက်များဖြင့် မိဘမဲ့ကလေး များနှင့်ဆင်းရဲနွမ်းပါးပြီးပညာသင် ကြားခွင့်မရကြသည့်
ကလေးငယ်များအတွက်၂ဝဝ၄/၂ဝဝ၅ပညာသင်နှစ်
မှစ၍ဖွင့်လှစ်ခဲ့ပြီးဆရာတော်နှင့်သံဃာတော်များ၊ဆရာ၊ဆရာမများကပညာရေး သင်ရိုးညွှန်းတမ်းများအပြင်
နွေရာသီ ကျောင်းပိတ်ရက်များတွင်အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာများကို
သင်ကြားပေးခဲ့ကြောင်းသိရသည်။” ဒီကျောင်းမှာပတ်ဝန်းကျင်မြို့၊ရွာ၊ရပ်ကွက်တွေကရင်သွေးငယ်တွေသာမက ရပ်ဝေးနယ်ခြား
တိုင်းရင်းသားရင်သွေးငယ်တွေလည်းလာရောက်မှီခိုနေထိုင်ပြီးပညာသင်ကြားနေကြပါတယ်။ ကလေးတွေကလည်းတစ်နှစ်ထက်တစ်နှစ်တိုးတက်များပြားလာတဲ့အတွက်သူတို့ကို
အေးအေးချမ်းချမ်းပညာသင်ကြားပေးနိုင်ဖို့နဲ့စားဝတ်နေရေး၊မူလတန်းလွန်ကျောင်းကနေအလယ်တန်းခွဲ အထက်တန်း ခွဲတွေအထိ လက်ခံသင်ကြားနိုင် ရေးအတွက်စာသင်ဆောင်တွေနဲ့ငွေကြေးလို
အပ်ချက်တွေရှိနေပါတယ်။ဒါ့ကြောင့်ကလေးငယ်တွေအတွက်ဘက်စုံထောက်ပံ့စောင့်ရှောက်နိုင်ဖို့ထာဝရ
ပညာဒါနပါရမီကုသိုလ်ရှင်တွေအဖြစ်ခံယူပြီးပါဝင်လှူဒါန်းကြပါလို့နှိုးဆော်ချင်ပါတယ်လို.
ဆရာတော်ဘုရားကြိးမျမိန်.ကြားခဲ.ပါသည်။

မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှဆရာတော်ကြီးထံလိုအပ်ချက်များကိုလျှောက်ထားမေးမြန်းပြိးမျှ
ဝေလှုဒါန်သမှုပြုလုပ်နိုင်ရန်အလို.ငှာရေးသားတင်ပြလိုက်ပါသည်။
မှတ်ချက်။။
ယခုကဲ.သို.သောမြန်မာနိုင်ငံပညာရေးအခြေအနေမှာအင်မတန်မှစိတ်မကောင်းစရာများနှင်.ရင်ဆိုင်နေကြရ
သည်ကိုတွေ.ရှိနေရပြိးမြန်မာပြည်ဧသယံဇာတများမှရ၇ှိသောဝင်ငွေများသည်ပညာရေးကျမ်းမာရေးအတွက်အသုံးစ၇ိတ်မှာမဖြစ်စလောက်သာအသုံးပြုနေပြိးစစ်အင်အားတိုးချဲ.နိုင်ေ၇းအတွက်သာအဓိကအားထားအသုံးပြုလုပ်နေလျှပ်ရှိသည်ကိုနိုင်ငံတကာမိသားစုများအနေနှင်.သိရှိနိုင်၇န်အတွက်အင်မတန်မှအရေးကြိးသောအ
ချက်ဖြစ်ပါသည်။
မြန်မာပြည်ဖွံ့ဖြိုးတို.တက်ရေးကွန်ယက်
BURMA DEVELOPMENT NETWORK (BDN)
မှတ်ချက်၊
ကျနော်တို့တင်ပြသောဓါတ်ပုံနှင့်စာသားများကိုအသုံးပြုလိုပါကကျနော်တို့ကွန်ယက်မှ
ခွင့်ပြုချက်ကိုတောင်းခံရမည်။
ဆက်သွယ်ရန်
ကိုအောင်နိုင်ထွေး 630 456 6517 (အမေရိကန်ပြည်ထောင်စု)
No comments:
Post a Comment