Saturday, May 12, 2012

နေပြည်တော်က အငြင်းခုံနှင့် ဖြစ်၇ပ်စုံ



ဒုတိယ သမ္မတ တင်အောင်မြင့်ဦး နုတ်ထွက်သွားကြောင်းကို ဘီဒီအန်မှ တင်ပြ ခဲ့ပြီးဖြစ်ပါသည်။
နေပြည်တော်သမ္မတရုံးမဒုသမ္မတဦးတင်အောင်မြင့်ဦးနုတ်ထွက်သွားသောကြောင့်လစ်လပ်သွားသောဒုသမ္မတနေရာအား ဖြည့်စွက်အစားထိုးပြီး တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်ရေးကိုအလျှင်အမြန်ရရှိဖြစ်ပ်ါလာနိုင်စေရန်အတွက်ဒေါ်အောင်ဆန်းစုကြည်အားဒုတိယသမ္မတ နေရာသို့ ဥပဒေပြင်ဆင်ချက်များအဆောတလျှင်ပြုလုပ်ပြီးခန့်အပ်ရန်နိုင်ငံတော်ကာချုပ်ရုံးသို့တင်ပြအကြံပေးခဲ့ရာကာချုပ်ရုံးမှရာနုန်းပြည့်ကန့်ကွက်ပယ်ချလိုက်ပြီးကာချုပ်ရုံးမှရွေးချယ်ခန့်အပ်ရန်လျာထားပြီးသောလူပုဂ္ဂိုလ်၏အမည်ကို သောကြာနေ့ မေလ11ရက် 2012ရက်စွဲဖြင့်အကြောင်းကြားလာသည့်သတင်းတပုဒ်ကိုမြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှတိကျခိုင်မာစွာသတင်းရရှိပါသည်။
လက်ရှိနေပြည်တော်အတွင်းရှိကျင်းပနေသောလွတ်တော်နှင့်အစိုးရဖွဲ့စည်းပုံအားလုံးသောအစီမံအခင်းကျင်းတို့သည်၂၂ နှစ်ကျော်အကြာ အာဏာသိမ်းခဲသော မြန်မာ စစ်အာဏာပိုင်များ၏စနစ်တကျ ခင်းကျင်းဆောင်ရွက်နေသော နိုင်ငံရေး အစီမံများဖြစ်ကာ ယခု ဒုသမ္မတနေရာတွင် ပြန်လည်ဖြည့်စွက်အစားထိုးလာမည်ဖြစ်သော ပုဂ္ဂိုလ်အား လွတ်တော်အတွင်းဝယ် ၂၀၀၈ အခြေခံဖွဲ့စည်းပုံအရ အလိုအလျောက်အမတ်များအဖြစ်ရောက်ရှိဝင်ရောက်နေရာယူထားကြသောတပ်မတော်သားဦးရေ၂၅ရာနုန်းနှင့် ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးကိုယ်စာလှပေါင်း ၆၆ ရာနုန်းတို့အသာစီးရရှိနေကြပြီး ယခု ၄င်းတို့ ဘက်မှ တင်သွင်းလာမည်ဖြစ်သော ဒုသမ္မတရာထူးအတွက် အခြားသောတိုင်းရင်းသားနှင့်ဒီမိုကရေစီကိုယ်စားပြုမဟာမိတ်ပါတီဝင်များမှပြည်သူ့ကိုယ်စာလှယ်များအားလုံးမရှူမလှရှူံ့းနိမ့်ဖွယ်ရာသို့ရောက်ရှိနေသည်။
ယခုဒုသမ္မတ၏နေရာတွင်အစားထိုးဝင်ရောက်လုပ်ကိုင်ဆောင်ရွက်နိုင်သောအရည်ချင်းပြည့်မှီသူမှာကာချုပ်ရုံးမှသမ္မရုံးသို့တင်သွင်း ထားသော အကြောင်းပြန်ညှိနိုင်မှုအရဆိုလျှင် ယခင် စက်မှုဝန်ကြီး ဦးအောင်သောင်း ဟု ခိုင်မာစွာ သတင်းရရှိသည်။
နေပြည်တော်ရှိ အောက်ခြေ၀န်ထမ်းများနှင့် အချို့သော အရပ်သားများက ထိုသတင်းကို သိရသောကြောင့် အထိတ်တလန့်ဖြစ်ပြီး စိတ်ပျက်နေကြသည်ဟု သိရသည်။
ဦးအောင်သောင်းမှ အများက အနားယူသွားပြီဟု ယူဆနေကြသော ယခင်စစ်အာဏာရှင် ၂ ဦးလုံးနှင့်အလွန် အဆင်ပြေပြီး ၄င်းစစ်အာဏာရှင်ဟောင်းများ၏ စီးပွါးရေး စစ်အာဏာရှင် မိသားစုနှင့်ဆွေမျိုးများ၏စီပွါးရေးများကို လက်ရှိ ပို၍ခိုင်မာလာအောင်ဆောင်၇ွက်လုပ်ကိုင်ပေးနေသူဖြစ်ပြီး တရုတ်ပြည်မှ စီးပွါးရေးသမားများအားလုံးနီးပါကို ဦးအောင်သောင်းတဦးတည်မှ ကိုယ်စားလှယ်ပုံစံမျိုးဖြစ် ဆက်စပ် ဖက်စပ် ကိုင်တွယ်လုပ်ကိုင်နေသူတဦး ဟု အများက ယူဆထားကြသည်၊

ဦးအောင်သောင်းသည်၂၀၀၃ခုနှစ်မေလအကုန်တွင်ဒီပဲရင်း၌လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ယာဉ်တန်းအား စနစ်တကျစီမံတိုက်ခိုက်၍ အစုလိုက်အပြုံလိုက် လူသတ်ပွဲကြီးကို အဓိကဦးဆောင်ညွန်ကြားကိုင်တွယ်ခဲ့သူဟုလည်း လူအများက သိနေကြသည့်အပြင် ၂၀၀၇ ခုနှစ်ရွှေဝါရောင်အရေးခင်းတွင် သံယာတော်များအား တိုက်ရိုက်အကြမ်းဖက် နှိမ်နှင်း သတ်ဖြတ် ဖမ်းဆီးရန် စစ်တပ်အား နောက်မှနေ၍ ဒုေိုလ်မှုးကြီး အောင်ကျော်အား အမိန့်ပေးစေးခိုင်နေခဲ့သူဟုလည်းသိကြသည်။ ထို့အပြင် ၂၀၀၈ခုနှစ်မေလတွင်ဖြစ်ခဲ့သောနာဂစ်မုန်တိုင်းတိုက်ဖတ်ဖျက်ဆီးမှုကိုခံစားနေကြခဲ့ရသော ပြည်သူ၅သိန်းခန့်ထံသို့ နိုင်ငံတကာ
အကူညီများ အချိန်မှီရောက်ရှိကူညီနိုင်ခြင်းမရှိအောင် အနောက်မှနေ၍ အကြံပေးကိုင်တွယ်နေခဲ့သူဟုလည်းသိကြသည်။
ယခုနောက်ဆုံးပြန့်နှံ့နေသောတတင်းအရဆိုလျှင်ဦးအောင်သောင်းသည်ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများတွင် စစ်မှန်သော ငြိမ်းချမ်းရေး တိုင်းပြည်အတွင်းပေါ်ပေါက်လာမည်ကို အကြီးအကျယ် အဟန့်တားများပြုလုပ်နေသောသူ ဟုနေပြည်တော် အတွင်းပိုင်းတွင် လုပ်ကိုင်နေသော အရာရှိဝန်ထမ်းတဦးက ဘီဒီအန်သို့ပြောပြသည်။
မှတ်ချက်  ဘီဒီအန်မှရရှိသောတင်းပေါ်တွင်သာစီစစ်၍တင်ပြခြင်းသာဖြစ်ပါသည်။ `ည်ေသည်တော်များအနေဖြင့်မိမိဘာသာချင့်ချိန်ဝေဖန်ပိုင်းခြားဖတ်ရှု့ယူဆနိုင်ပါကြောင်း မေတ္တာရပ်ခံပါ
သည်။ မိမိတို့၏အယူဆများကိုကျနော်တို့၏ ကွန့်မန့်ထဲတွင် ရေးထားခဲ့နိုင်ပါသည်။
ကျေးဇူးတင်ပါသည်။
ဆက်သွယ်ရန်   ကိုအောင်နိုင်ထွေး  အမေရိကန်ပြည်ထောင်စု        (ဖုန်း 630 456 6517)

No comments:

Post a Comment