
ကိုကိုလှိုင် သမ္မတ အကြံပေးတက်လုပ်နေပြီး လျှပ်စစ်မီးမလာလို့ ဆန္ဒပြကြတဲ့ ပြည်သူတွေကို အကြံ ပေးတဲ့ စကားမှာ “ဂျပန်မှာ နူကလီးယားဓါတ်ပေါင်းဖိုတွေ Nuclear Facility တွေ ပြတ်သွားတယ်။ အဲ့ဒါနဲ့ ကြောက်လန့်ပြီး Nuclear Plant တွေ အကုန် ပိတ်ထားတယ်။ အခု စက်ရုံ ၄၀ မှာ၂ ရုံပဲ ကျန်တယ်။ ဒါပေမယ့် ဂျပန်မှာ မီးမပျက်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူက ခြိုးခြံချွေတာသုံးစွဲကြတယ်။ အဲ့ဒီတော့ စေတနာနဲ့ ပြောချင်တာက ကျနော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာ ကိုယ် ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။” လို့ ပြောသွားပါတယ်။ ဒီနေ့ နိုင်ငံတော် သမတ အကြံပေးအဖွဲ့ရုံးခန်းတွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါသည်။
ပြည်သူအပေါ်မှာ စာနာတရား လုံးဝမရှိတဲ့ ကိုကိုလှိုင် ရဲ့ ဖြုတ်ဦးနှောက်က ထွက်လာတဲ့ အကြံ၊ ပြည်သူ့မျက်နှာကို ငဲ့ ညှာကြည့်ဖေါ်မရတဲ့ ကိုကိုလှိုင် ရဲ့ ပါးစပ်ကထွက်ဆိုရဲတဲ့စကားတွေကို လက်ခံကြတဲ့သူတွေ အကြံပေးတဲ့သူရော အကြံ ယူတဲ့ရော အတူတူနဲ့အနူနူကြီးပဲလို့ ယဉ်ယဉ်ကျေးကျေးပဲ ပြောလို့ရပါတယ်။သမ္မျတကြီးကလည်း တကယ့်ဖြုတ်ကောင်ဖြစ်နေတာကိုတွေ့ရပြန်သည်။ ကိုကိုလှိုင်ပြောသမျှ အကုန်အမှန်ထင်ပြီး ဒီကနေ့ အေအက်ဖ်ပီသတင်းထောက်ကို ကိုကိုလှိုင်ပြောသလိုပဲ ထပ်ပြောလိုက်လို့ သတင်းထောက် ထပ်မေးရမယ့်မေးခွန်းတောင် မရှိတော့ပဲ ပါစပ်အဟောင်းသားကလေးနဲ့ နေပြည်တော်မှ အပြေးကလေး တိုင်စီပေါ်ပြေးတက်ပြီး ဒီကနေ့ ဆန္ဒထပ်ပြကြဦးမယ်လို သတင်းရထားတဲ့ စစ်ကိုင်းဘက်ကို သွားလေတော့သည်။
No comments:
Post a Comment