Friday, August 17, 2012

Hospital of Myanmar (Burma)


ဆရာဝန်ကြီးတွေရဲ့ခွင့်ပြုချက် မရဘဲ ကျွန်တော်တို့ဆေးရုံကြီးရဲ့ တာဝန်ကျဆရာဝန်တွေဘာမှလုပ် ခွင့်မရှိဘူးလို့ ကျွန်မကိုပြောတယ်။ ကျွန်တော်တို့ဆေးရုံရဲ့ ရည်တည် မှုဟာ ဒီဆရာဝန်ကြီးတွေအပေါ် မှီခို နေရတဲ့အတွက် သူတို့အငြိုအငြင် မခံနိုင်ရတဲ့အဖြစ်မျိုး ရောက်နေ တယ်။
အထက်ဖော်ပြပါ မှတ်ချက် လေးကို သြဂုတ်လ (၁၅)ရက် ထုတ်The Hot News Weekly ဂျာနယ်တွင် ဖတ်လိုက်မိပြီးနောက် ကျွန်တော့စိတ်တွေ ဇဝေဇ၀ါဖြစ် သွားခဲ့ပါသည်။ ကျွန်တော်တို့ အများနားလည်သည်က ဆေးရုံ ဆိုသည်မှာ ဝေဒနာရှင်လူနာများ ကို သက်သာပျောက်ကင်းအောင် ကုသပေးသည့်နေရာ၊ လူနာ၏ အသက်ကိုရအောင်ယူပေးနိုင်သည့် ခေတ်မီစက်ကိရိယာများ ထားရှိ ပြီး သေမင်းခံတွင်းဝမှ ဆွဲထုတ်ကူ ညီပေးနိုင်သည့် နေရာတစ်ခုပါ။
လူနာနှင့် လူနာရှင်အများစု မှာလည်း လူနာကို ဆေးပညာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်သည့် ဆရာဝန်ကြီးများနှင့် ကုသချင် ကြသည်။ ခေတ်မီကိရိယာစုံလင် သည့် ဆေးရုံတွင်ကုသလျှင် မိမိ တို့ခံစားနေရသော ရောဂါဝေဒနာ များ အမြန်ပျောက်င်းနိုင်မည်။ သေဘေးကြုံနေရလျှင်တောင်မှ အချိန်မီသေမင်းလက်မှ လုယူပေး နိုင်မည်ဟု ယုံကြည်စိတ်ဖြင့် ငွေ ကြေးချို့တဲ့သူများပင်ဖြစ်လင့်က စားရှာကြံ၍ ကောင်းကောင်းမှာ တက်ရောက်ကုသကြသည်။ ခေတ် မီဆေးရုံများကို အားကိုးကြသည် ကိုတွေ့နေရပါသည်။
လူနာများအားကိုးနိုင်အောင် ထိုကဲ့သို့ ဆေးရုံကောင်းများတွင် အလွန်ကျွမ်းကျင်သော ဆရာဝန် ကြီးများကို ငှားရမ်းပြီး ရောဂါကို ချက်ချင်း စစ်ဆေးပေးနိုင်သော စက်ကိရိယာများ၊ အသက်ကယ် ကိရိယာများထားရှိကာ လူနာ များအား ထိုက်တန်သည့် အခ ကြေးငွေယူ၍ ကုသပေးနေသည် ဟုနားလည်ထားပါသည်။ ဆရာ ၀န်ကြီးများ၏ ကျွမ်းကျင်သော ပညာ၊ ခေတ်မီဆေးဝါး၊ စက်ကိရိ ယာများကျန်းမာရေးဝန်ထမ်းများ နှင့် သက်တောင့်သက်သာနေ ထိုင်ရသည့် အခင်းအကျင်းများ အတွက် ထိုက်ထိုက်တန်တန် ပေး ၍ ကုသရမည်မှာ မလွဲပေ။
သမားတော်ကြီးတစ်ဦးဖြစ်ရန် သင်ကြားခဲ့ရသည့်ပညာ၊ ယူခဲ့ရ သည့်အတွေ့အကြုံနှင့် ရင်းနှီးခဲ့ ရသော အချိန်များမှာ အလွန် တန်ဖိုးကြီးမားလှပါသည်။ ၎င်း သမားတော်ကြီး ပါရဂူကြီးများ၏ ကုသမှုကိုခံယူပြီး ကျေးဇူးတုံ့ပြန် ကန်တော့ရသည့် ငွေကြေးကို လည်း လူနာဖက်မှ နှမြောတသ ခြင်းမရှိ၊ လိုလိုချင်ချင်ပေးကြပါ သည်။ ရောဂါပျောက်ကင်းသွား ပြန်တော့ ကျေးဇူးတင်ဝမ်းမြောက် စွာဖြင့်လက်အုပ်ချီကန်တော့သွား သူများ၊ လက်ဆောင်ပစ္စည်းများ ပေး၍ ကျေးဇူးတုန့်ပြန်သွားကြ သူများကိုလည်း အများအပြား တွေ့ခဲ့ဖူးပါသည်။
ခံစားရသူဘက်က တနင့် တပိုးကြီးပါဆိုသည့် ဆောင်းပါး ကိုဖတ်လိုက်ရချိန်မှာတော့ ကျွန် တော့်ရင်ထဲသို့လည်း ခံစားရမှုများ ကူးစက်ခဲ့ရပါသည်။ သေလောက် သည့်ရောဂါမဟုတ်သော်လည်း ခေတ်မီဆေးရုံကြီးပေါ်တွင် ခေတ်မီဆေးဝါး၊ စက်ကိရိယာ များ၊ ပါရဂူကြီးများ၏ အထောက် အပံ့များမရှိမရရှိပဲ အသက်ဆုံးရှုံး ခဲ့ရသည်ဆိုတော့လည်း လူနာ ရှင်ဖက်မှ တနင့်တပိုးကြီးခံစားရ မှာပါ။
အမှားသောရှေ့နေ မသေ သော ဆေးသမားဟု ဆိုစကား အမှန်ပင်ဖြစ်သော်လည်း မသေ သင့်ပဲသေဆုံးရသည့် လူနာများ များပြားလာသဖြင့် တနင့်တပိုး ကြီးခံစားရမည့် လူနာရှင်များ ထပ်မံပေါ်ပေါက်လာမည်ကိုလည်း စိုးရိမ်မိပါသည်။
ပထမဦးဆုံး စာပိုဒ်တွင်ဖော် ပြထားသော ဆေးရုံအုပ်ချုပ်ရေး ပိုင်းမှ တာဝန်ရှိသူ၏ ပြောပြချက် ကို ဖတ်ရတော့ ကျွန်တော့်စိတ် ထဲတစ်ခုခုတော့ လွဲနေပြီဟုထင် မိပါသည်။ ကျွန်တော်တို့နားလည် ထားသည်မှာ ဆေးရုံထူထောင် သူများသည် မိမိဆေးရုံကို ခေတ် မီဆေးဝါး၊ စက်ကိရိယာများဖြည့် ဆည်းထားပြီး ပညာရှင်ဆရာကြီး များကို ပညာရှင်စရိတ်ပေးပြီး ဆေးရုံမှ ပန့်ပိုးဆောင်ရွက်မှု အဖိုးအခများကို ယူကြသည်ဟု ထင်မိသည်။
ကောက်နုတ်ဖော်ပြချက်အရ ဆိုလျှင် ဆရာဝန်ကြီးများ အလုပ် လုပ်ရန် နေရာ အခန်းငှားစား သောနေရာလေးသာဖြစ်နေတော့ သည်။ လာရောက်သောသူတို့၏ အရေးမှာသူတို့နှင့်မဆိုင်၊ ပြန်သွား လျှင် နေထိုင်စဉ်သုံးစွဲသွားသမျှ ကျသင့်ငွေတွက်ချက်ငှားရမ်းခ တောင်းခံရန်သာဖြစ်နေသည်။ ဤကဲ့သို့ ဆေးရုံကြီးသို့တက် ရောက်ရသည့်လူနာများအဖို့ရေ တိမ်နစ်ရသည်ကို လူနာရှင်များ တနင့်တပိုးကြီးခံစားကြရဦးမည် ကို စိုးရိမ်မိပါသည်။
ပြည်သူ့ဆေးရုံကြီးများ၏ အရေးပေါ်ဌာနကိုရောက်ရှိသည့် အခါ ဆေးရုံနှင်တူသည့် မြင်ကွင်း များကိုတွေ့ရပါသည်။ လူနာ ရောက်လာလျှင် အလုပ်သင်ဆရာ ၀န်လေးများရောက်လာပြီး တက် စွမ်းသမဆ လုပ်တတ်သမျှလုပ် ကိုင်ပေးကြသည်။ နောက်တာဝန် ကျဆရာဝန်ကြီးရောက်လာပြီး လိုအပ်သည်များကို ထပ်မံညွှန် ကြား၊ ပို့သင့်သည့်ဌာနကို လွှဲ ပြောင်းကုသစေကြသည်ကိုတွေ့ ရသည်။ သမားတော်ကြိးများလို အတွေ့အကြုံမရှိသေးပေမယ့် ဆရာဝန်ပီသသည့်စိတ်ဓာတ်လေး များဖြင့် လူနာအားစမ်းသပ်ကုသ ကြသည်။ ဤစိတ်ဓာတ်လေးများ သမားတော်ကြီး၊ ပါရဂူကြီးများ ဖြစ်လာသည့်တိုင်အောင် စွဲညိခိုင် မာပါစေဟု ဆုတောင်းမိပါသည်။
သက်ဆိုင်ရာကျန်းမာရေး ဌာန တာဝန်ရှိသူ အကြီအကဲများ အနေဖြင့်လည်း ခေတ်မီဆေးရုံ များ၊ သမားတော်ကြီးများ၏ တာဝန်ယူမှုများကို စီစစ်ပြီး တက် ရောက်လာသော လူနာများကို အားကိုးလောက်သည့် ဆေးရုံများ ဆရာဝန်များပေါ်ပေါက်လာရေး ကို ရှေ့ရှုဖြေရှင်းပေးသင့်ပါကြောင်း အပြုသဘောဖြင့် တင်ပြအပ်ပါ သည်။

မောင်သစ်

No comments:

Post a Comment