Monday, August 6, 2012

Letter to president

ss

နိုင်ငံတော်သမ္မတကြီးနှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန် ကြီးများသိစေရန်။
ဥပဒေမဲ့ရွှေတူးဖော်နေသော လုပ်ငန်းရှင်များအား စီစစ်အရေး ယူပေးပါရန် တင်ပြလိုက်ရပါ သည်။
ကျွန်တော်တို့ စစ်ကိုင်းတိုင်း ဒေသကြီးကောလင်းမြို့နယ်အ တွင်း အနောက်ဘက်ခြမ်းဒေသ ရှိ ဥက္ကံ ချောင်းနား၊ မိုးနှံ၊ သရက် ချဉ်၊ မူးတိန်၊ ကြာအင်း၊ နတ်အင်း၊ ဇမ္ဗူရာဇ်၊ ဂေါင်းဖြူကျေးရွာများ တွင် ဥပဒေမဲ့ ရွှေသတ္တုတူးဖော် ခြင်းလုပ်ငန်းများကို လုပ်ကိုင်နေ ကြသည်မှာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပါသည်။
၎င်းရွှေသတ္တုတူးဖော်သော လုပ်ငန်းရှင်များကြောင့်သစ်တော မျာပြုန်းတီးခြင်း၊ သဘာဝအင်း အိုင်ချောင်းမြောင်းများ တိမ်ကော ပျောက်ကွယ်ခြင်း သဖန်းဆိပ်ကြီး အတွင်းသို့ သဲနုန်းများကျဆင်း ခြင်းကြောင့် သဘာဝပတ်ဝန်း ကျင်ကို များစွာထိခိုက်လျက်ရှိပါ သည်။
ထို့အပြင် နိုင်ငံတော်မှ ရသင့် ရထိုက်သော ရွှေသတ္တုများ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ရသင့်ရထိုက်သော ကုန်သွယ်ခွန် စည်းကျပ်ခွန်များမှာ မရရှိနိုင်ဘဲ နိုင်ငံတော်အတွက်များစွာထိခိုက် ဆုံးရှုံးနစ်နာနေပါသည်။
ထို့အပြင် သတ္တုတွင်းဝန်ကြီး ဌာနမှ စည်းကမ်းချက်များအရ ရွှေသတ္တုတူးဖော်ရာတွင်ဘက်ဟိုး ခေါ် မြေကော်စက်ယန္တယားစက် ကြီးများနှင့် ရွှေသတ္တုတူးဖော်ခြင်း လုပ်ငန်းများ မလုပ်ရဟု ထုတ် ပြန်ထားသော်ငြားလည်း ကော လင်းမြို့နယ် အာဏာပိုင်များနှင့် သတ္တုဝန်ထမ်းများမှာ လစဉ်ဆက် ကြေးများယူ၍ မမြင်ချင်ယောင်၊ မကြားချင်ယောင်ဆောင်နေသည် မှာ ကာလအတော်ကြာနေပါ သည်။
အထက်ပါ အကြောင်းအ ရာများနှင့် ပတ်သက်၍ တာဝန် ရှိသူများကို အဆင့်ဆင့်တိုင်ကြား သော်လည်း အရေးယူဆောင်ရွက် ခြင်းများမရှိသည့်အပြင် အမှတ် (၂)သတ္တုတွင်း ၀န်ကြီးဌာန နေပြည်တော်မှ ပုဂ္ဂိုလ်များလာ ရောက် ကြည့်ရှုစစ်ဆေးတော့ မည်ဟုသတင်းကြားသည့်အခါ တရားမ၀င် ရွှေသတ္တုတူးဖော်ခြင်း လုပ်ငန်းမှ လုပ်ငန်းရှင်များဟာ ဘက်ဟိုးခေါ်မြေကော်စက်ကြီး များ ဗြုံးစုပ်စက်ယန္တရားကြီးများ နှင့် အသုံးအဆောင် ကိရိယာ တန်ဆာပလာများကို တောတောင် ရှိုမြောင်ကြီးများအတွင်းသို့ဖွက်နှံ ထားပါသည်။
၎င်းပုဂ္ဂိုလ်များ ပြန်သွား သည့်အခါ လုပ်မြဲတိုင်းတရားမ ၀င်ပြန်လည်လုပ်ကိုင်နေကြပါ သည်။
ယခုအချိန်တွင် ပြန်လည် လုပ်ကိုင်နေသည်ဖြစ်၍ ဓာတ်ပုံ နှင့်တကွ နိုင်ငံတော်သမ္မကြီးနှင့် နိုင်ငံတော်အကြီးအကဲများ သိစေ ရန် အယ်ဒီတာမှ တစ်ဆင့် တင် ပြလိုက်ရပါသည်။

မောင်မဲ

 Letter to president

No comments:

Post a Comment