
““ဆရာလေးတို့ မျက်မြင်က တော့ လူ(၂၅)ယောက်လောက်ပါ လာတယ်။ရဲကားလည်း ရပ်ထား တယ်၊ရဲမှူးလည်း ပါလာတယ်။ ခရိုင်မှူးပါလာတယ်။သူတို့ပြော တာက တပည့်တော်တို့လည်း ဗုဒ္ဓဘာသာပါပဲ။တပတ်အတွင်း ဖျက်သိမ်းပေးပါလို့ပြောပြီး ဆရာ လေးတို့ရဲ့ကိုယ်ရေးရာဇ၀င်တွေ၊ မှတ်တမ်းတွေယူသွားပါတယ်။ နောက်ပိတ်ဆုံးက လက်မှတ်ထိုး ပါလို့ ဆရာလေးတို့ကိုခိုင်းပါတယ်။ ဆရာလေးတို့က ထိုးမပေးနိုင် ပါဘူး။ဆရာလေးတို့ရဲ့ သံဃာ ဆရာတော်တွေကို လျှောက်ပေး ပါ့မယ်ဟုပြန်ပြောခဲ့သည်ဆို၏။
ဒီလ(၁၂)ရက်နေ့မှာ မဖယ် ပေးရင် ထောင်(၁)လချမယ်လို့ လည်း အာဏာပိုင်တွေက ပြော ဆိုခဲ့သည်ဟု ဆရာလေးသုဓမ္မစာရီ က မိန့်ပါသည်။
သံဃာတော်တွေအနေနှင့်ဝါ တွင်းကာလအတွင်း ခရီးသွားလာ ခွင့် မရှိသလို တခြားကျောင်းတွေ ကလည်း လက်မခံကြောင်း၊၀ါဆို ထားတဲ့ကျောင်းတွေမှသာ နေထိုင် ရသည့်အတွက် ဖယ်ရှားခိုင်းတာ သည် အရမ်းအခက်အခဲဖြစ်ကြောင်း ပြောင်းရွှေ့ပေးရမယ့် ကျောင်း ထိုင်ဆရာတော် ဦးသုမနကပြော ပါသည်။
ဘုန်းကြီးကျောင်းတွေနှင့် သီလရှင်ကျောင်းတွေကို အာဏာ ပိုင်တွေက ပြောင်းရွှေ့ခိုင်းတာနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးက ယခုလိုပြောပါသည်။ ““ရဟန်း တွေကို အခုလို ဖယ်ရှားခိုင်းတာ ကျွန်တော်တို့က လုံးဝမနှစ်သက် ပါဘူး။စိတ်လည်းမချမ်းသာဘူး။ သက်ကြီးရဟန်းတွေအများကြီး ရှိတယ်။ဝိပဿနာအားထုတ်နေတဲ့ တောရဆောက်တည်နေတဲ့ ရဟန်း တွေလည်း အများကြီးရှိပါတယ်။ှဗုဒ္ဓဘာသာနိုင်ငံဖြစ်နေပြီးတော့ အာဏာပိုင်တွေကလည်း ဗုဒ္ဓဘာ သာဝင်ဖြစ်နေပြီး ရဟန်းတွေကို ၀ါတွင်းကာလမှာ ဖယ်ရှားခိုင်းတာ ကို လုံးဝကို စိတ်ထဲမကောင်းစွာ နဲ့ လက်ပိုက်ကြည့်နေရတယ်။ဘယ် လိုမှ မနှစ်မြို့ပါဘူး။””ဟုဆိုပါ သည်။
ဥယျာဉ်မှူး
HOT NEWS
HOT NEWS
No comments:
Post a Comment