Thursday, October 4, 2012

Farmers in Dala are in trouble


ဒလ လယ်သမားများအခက်တွေ့


 

 
 
 
 
 
 
 
 
 
 
ဒလလယ်သမားများ ဧရာဝတီရေတပ်စခန်းဌာနချုပ် မှညွှန်ကြားချက်ကြောင့် အခက်တွေ့နေ

ရန်ကုန် အောက်တိုဘာ ၎

ရန်ကုန်တိုင်းဒေသကြီး ၊ ဒလမြို့နယ် ရခိုင်ချောင်ဒေသ၌ လယ်ဧက ၅၀၀တွင် နေထိုင်လုပ်ကိုင်နေကြသူများကို ၂၀၁၃ ဇန်န၀ါရီ အပြီး ပြောင်းရွှေ့ပေးရမည်ဟု ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ ညွှန်ကြားလာသောကြောင့် လယ်သမားများ အခက်တွေ့နေကြောင်းသိရသည်။
“ကျွန်တော်တို့ကလယ်ထဲမှာပဲနေကြတာ။လယ်ထဲကထွက်ပေးရမယ်ဆိုရင် နေစရာလည်းမရှိဘူး၊လုပ်ကိုင်စားစရာလည်းမရှိတော့ဘူး၊လယ်ပြန်ရရင်ရ မရရင် နစ်နာကြေးပေးမှ ထွက်ပေးမည်” ဟုလယ် ၁၆ဧက ကျော်လုပ်ကိုင်သည့် တုံကင်ကန်မြောင်ကျေးရွာ အုပ်စုမှ ကိုထွန်းကိုကိုဦးကပြောသည်။

အဆိုပါယ်လယ်မြေများကို ၁၉၉၀ ခုနှစ်ကတည်းက ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ သိမ်းယူထားခြင်းဖြစ်ပြီးအဆောက်အဦးများ ဆောက်လုပ်ထားခြင်းမရှိထားသောမြေပေါ်များတွင် လယ်သမားများအား ဆက်လက်လုပ်ကိုင်ခွင့်ပေးခဲ့သောကြောင့် ၁၉၉၁ စိုက်ပျိုးရာသီတွင် ပြန်လည်စိုက်ပျိုးခွင့်ရရှိခဲ့ပြီး ၁၉၉၂ ခုနှစ်မှစ၍ လက်ရှိအချိန်ထိ တဧကလျှင် စပါး ၁၁တင်းနှုန်းဖြင့် ဧရာဝတီရေတပ်စခန်းဌာနချုပ်သို့ သီးစားပေးသွင်းခဲ့ရကြောင်း သိရသည်။

Bottom of Form
 AFM

No comments:

Post a Comment