Wednesday, October 3, 2012

Open letter to president, U Thein Sein




သို့ -

ဦးသိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုမြန်မာနိုင်ငံတော်။

နေ့ စွဲ။ သက္ကရာဇ် ၁၃၇၄-ခု၊ တော်သလင်းလဆန်း(၁၄)ရက်။

၂၀၁၂-ခု၊ စက်တင်ဘာလ(၂၉)ရက်။

အကြောင်းအရာ။ နံမည်မဲစာရင်း (Black List) မှ ပယ်ဖျက်ခြင်းကိစ္စ။

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ၂၀၁၂-ခု၊ သြဂုတ်လ(၃၀)ရက်နေ့ တွင် လူကြီးမင်းများ၏

သမ္မတရုံးဝက်ဘ်ဆိုဒ်မှထုတ်ပြန်ကြေညာခဲ့သော နံမည်မဲစာရင်း(Black List) မှပယ်ဖျက်ခဲ့သူများ စာရင်းတွင်ပါရှိသည့်

ကျနုပ်၏အမည်အား ပြန်လည်ရုပ်သိမ်းပေးပါရန် အကြောင်းကြားပါသည်။

ဦးသိန်းစိန်၏ ဒီမိုကရေစီအင်အားစုများအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် အချင်းချင်းကွဲပြားအောင် စံနစ်တကျ

လုပ်ဆောင်လေ့ရှိသည်ကို ကျနုပ်အနေဖြင့်လုံးဝလက်မခံနိုင်ပါ။

အမှန်တကယ်သဘောရိုးနှင့် စေတနာရှိပါက -

၁။ နံမည်မဲစာရင်းကို လုံးဝချက်ချင်းရုပ်သိမ်းပေးပါ။

၂။ နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးပါ။

၃။ ထာဝစဉ် ငြိမ်းချမ်းရေးကိုရည်မှန်း၍ ပြည်တွင်းစစ်ကိုလုံဝရပ်ပေးပါ။

၎။ တရားဥပဒေ စိုးမိုးရေးကို အာမခံ၍ အမြန်ဆုံးအကောင်အထည်ဖေါ်ပေးပါ။

၅။ NDSC (National Defence and Security Council) ခေါ်

ကာလုံ (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ)ကို ချက်ချင်းဖျက်သိမ်းပေးပါ။

နွယ်အောင် (ဂျာမဏီ)။

အမှတ်စဉ် (၅၄၅)။

(545 Nwe Aung – Ex-Myanmar)

eMail: NweAung@aol.com

 

No comments:

Post a Comment