Friday, October 19, 2012

What is the Parliament in Myanmar?


ဒီနေ.တွေးမိသမျှ--
တော်ဝင် အပြာရောင်ဝတ်စုံကို ၀တ်ထားပြီး ၊ သူမ ပြောသင်.ပြောပြထိုက်သမျှကို ၊ (အတိုက်အခံလစ်ဘရဲယ်ပါတီ က foul ဖေါင်းထားတာ မှန်သမျှကို) တချက်စီ ခြေပ စိမ်ခေါ် ပြောသွားတဲ. အော်စထေးလီးယား ၀န်ကြီး ချုပ် ဂေးလာ.တ် ရဲ. လွှတ်တော် က မိန်.ခွန်းကို ခု ကျမ ယူကျူ. က ထိုင် ကြည်.ပြီးသွားပါပြီ၊

သူမ စပိခ်ျ က တော်တော်ကောင်းပါတယ်။ သူမစကားလုံးတွေထက် သူမ၏မခံတဲ. စိတ်ဓါတ် ကို သွားတွေ.ပါတယ်။ ကြောင်သူတော်သမားတွေကို လွှတ်တော်ရင်ပြင် တွင်းက
ဝန်ကြီးချုပ် အမျိုးသမီး၏ တုန်.ပြန်မှု ဆိုတာထက် လွှတ်တော်တွင်းရှိလေ.ရှိတဲ. ကြောင်သူတော်ဝါဒနဲ.ဒီအလေ.အထကြောင်. လူတွေကို စံနှုန်း ၂ ခု ဒပ်ဘဲလ် စတန်းဒတ် နဲ. ဆက်ဆံတာ၊ နိုင်ငံရေးမှာ စည်းကျော်တာတွေကို သူမ အဓိကထားပြီး သွား စိမ်ခေါ်မှု တာ ကများတယ် လို.ပဲ သတိပြုမိပါတယ်။

ထုံးစံအရဆို- သူများတွေပါလီမန်မှာ ဒီိလို ပြောပေါက်တွေက ထုံးစံဖြစ်နေပါပြီ။ သို.သော် ပြောလို.ဆိုလို. ခြဲလို. ဖြဲလို. ရ တဲ. နိုင်ငံတကာ က လွှတ်တော် ကြားနာပွဲတွေ က ဟန်ပန် လုပ်နေကြ မြင်နေကြ အရာတွေမှာ ( မြန်မာ လွှတ်တော် ၏ အလေ.အထတွေ စံဝင်လာတော.မယ် ၊ဦးမှာ၊ မှတ်သားစရာဖြစ်လာတော.မယ်လို. အများကြီး မမျှော်လင်.ရဲသေးပါ။ ) မြန်မာ လွှတ်တော်မှာ ဘာတွေဖြစ်တတ်ပါသလဲ။ ဘာတွေပြောကြပါသလဲ။ ဘာတွေကို စိမ်ခေါ်ကြပါသလဲ။ (အာဏာ ရှိ ပါတီိကြီးကပဲ လက်မဲ. လုပ်ပိုင်ခွင်.မဲ.အခြားတဖက်ကိုစိမ်ခေါ်နေတာချည်းပဲ မဟုတ်ပါလား။)

နိုင်ငံခြား ပါလီမန်တွေမှာ မိန်.ခွန်း (သို.) ဒီဘိတ်ထုံးစံတွေ ထက် ကျော်ပြီး ဘက် ၂ဘက် လွန်ဆွဲ ခြေပ စကားစစ်ဆင်တတ်တဲ. ယဉ် ကျေးမှု မျိုး ကို အတိုက်အခံပါတီကြီးတွေ နဲ. ပင်မ ပါတီ ကြီးတွေ ကြားမှာတွေ.နိုင်ပါတယ်။ တခါတရံ ပါတီသို. နိုင်ငံရှိလူတွေအားလုံး ရဲ. အခြေခံစံ တန်ဘိုးတွေ၊ အခြေခံ ဖေါင်ဒေးရှင်းတွေကို ဘက်တဘက်က သိသိသာသာကြီး ပမာမခန်.ပြုနေပြီဆိုရင်တော.- ဒါ မျိုးကို ခုခံကာကွယ် ရမှာ- အဲဒီ.ပါတီ ၏ အကြီး အကဲသာဖြစ်ပါတယ်။ အဲဒီ. အခါမှာ ပြောသူ ခြေပသူတွေ ရဲ.စကားတွေ အမူအယာတွေက ၀င်းလက်တောက်ပလာကြတယ်။ အားမာန်တေါပါလာတတ်တယ်။ မှတ်သားလောက်စရာ ဖြစ်လာတယ်။

ဒီ မိန်.ခွန်းကို သေသေချာချာ နားထောင်ကြည်.ရင်-ပါတီ ခေါင်းဆောင်တဦးက သူ.ပါတီ အကျိုးစီးပွားကာကွယ်တယ် ဆိုတဲ. သာမန်ယဉ်ကျေးမှု တွေ ထက် အများကြီး ပို တဲ.အဓိပ္ပါယ်ပါဝင်ပါတယ်။
       
ယဉ်ကျေးတဲ. လူ.အဖွဲ.အစည်းနိုင်ငံတိုင်းက လက်ခံ စောင်.လျှောက်လိုတဲ. တန်ဘိုး မှန်သမျှကို ကာကွယ်တာ- ပါတီ တရပ် အကျိုးစီးပွားထက် သာလွန်ပါတယ်။ စာနာစိတ်နဲ.နားလည်ပေးရမှာတွေ၊ ကိုယ် ရှုံးရှုံး သူနိုင်နိုင် မဖြစ်မနေ ဇောင်းတင်ပြောဆိုရမဲ. လူသားဝါဒအချင်းအရာတွေ အကျုံးဝင်ပါတယ်။ ဒီလို ပါတီတရပ်အကျိုးစီးပွားထက်ပိုပြီး တဆင်. မြင်.တဲ. အထူးပြုမှု မျိုးကို ဘယ်နိုင်ငံမှာမဆို ပြည်သူ.ကိုယ်စာလှယ်ဆိုပြီး ခံယူထားကြသူတွေ၊ တစစ တိုးကြံ ၊ မဖြစ်သေးရင်တောင်ဖြစ်လာအောင်-ခုကတည်းကစပြီး အလေ.အထလုပ်လာကြရင် မကောင်းပေဘူးလား လို. မြန်မာ လွှတ်တော်ကို မှန်းးမြင်ပြီး နဲနဲ စိတ်ကူးယဉ်မိပါတယ်။

တိုးတက်ပါတယ်ဆိုတဲ. အမေရိကမှာတောင်-အိမ်ထောင်မပြုသေးပဲ ရီးစားနှင်.သာ တရားဝင်နေသည်. ဂေးလာ.တ် လို ဘာသာမဲ. အမျိုးသမီးတဦး၊ ၀န်ကြီးချုပ် (သို.) သမ္မတ ဖြစ်လာဖို. နောက် ထပ် နှစ် ၅၀ စောင်.တောင် ရနိုင် ပါ.မလား။

အလားတူပဲ မိမိကို ၀န်ကြီးချုပ်လဲ မိန်းမ တယောက်ပဲ၊ ပြောချင်ရာပြောလို. ရတယ် ဆိုတဲ. ယောင်္ကျာံးကြမ်းဝါဒ နဲ. စော်ကားတိုက် ခိုက်တဲ. တဖက် ပါတီခေါင်းဆောင်ကို စိမ်ခေါ်ခံရတဲ. အမျိုးသမီးက ကျူးလွန်သူရဲ. မျက်နှာစေ.စေ.ကြည်.ပြန်စိမ်ခေါ်.ပြောလို.ရ မဲ. အခွင်.အရေးမျိုး တွေရော မြန်မာပြည်မှာ ဘယ်တော.ရမလဲ။ ဒီမိုကရေစီ သို. အသွင် ပြောင်းလဲတိုးတက်ရေး လို. အားလုံးက ဆိုနေတဲ. အချိန်မှာ-ကြံစည်စိတ်ကူး မှုတွေ၊ နိုင်ငံတော်၏ ကတိတွေနဲ. အတူ--တယ်လို.ဆိုရမဲ.လုပ်ပုံလုပ်နည်း တွေ တိုင်းတာနည်းတွေ progressive means and measures ဖြစ်လေသမျှကို ဘယ်သူစစ (မိန်းမ ကပဲ စစ၊ ယောင်္ကျာံးကြီးတွေကပဲစစ) လက်မခံသင်.ပေဘူးလား။

အာဏာ ရှိသူတွေ အကြိုက်လိုက်ရေး လိုက်ပြော လုပ်နေကြတဲ. မီဒီယာနယ်ပယ် က ခွဲထွက်တဲ. လါတ်လါတ်လပ်လပ် သတင်းသမားတွေကလည်း ထွက်လာတဲ.သတင်းတွေကို ချက်ချင်းပြန်သတင်းသုံးသပ်ရေးတွေ လုပ်ပေးနေကြရင် မြန်မာ လွှတ်တော်မှာ အများ က လိုက်မော.နေကြရပေမဲ.--နဲနဲပါးပါးတော.မေါ.ရကျိုးနပ်ပါပေမယ်။

အချိန်ရရင် ဒီ စပိခ်ျကိုကြည်.ပါ။ ဂေးလာ.တ်ရဲ.စတိုင်ကို သဘောကျတယ်။ လေဘာပါတီခေါင်းဆောင် အနေနဲ.၊ ၀န်ကြီးချုပ်အနေနဲ.၊ အတိုက်အခံပါတီကို ပြန်ခြေပရမဲ. အနိုင်ရပါတီ အတွက် စိမ်ခေါ်ခြေပတယ် ဆိုတာထက်၊ သူမယုံကြည်တာ၊ တန်ဖိုးအရ လက်မခံ နိုင်တာတွေကို တချက်စီ ၀က်ဝက်ကွဲအောင် ပြန်ပြောသွားပါတယ်။

တဖက်ပါတီ ခေါင်းဆောင်အက်ဘာတ်စ် က သူမအပေါ် ( မူဝါဒ အားဖြင်.၊ စိတ်ဓါတ် ရေး ရာ အား ဖြင်. မနိုင် လေတော.) ဘာသာမဲ.၀န်ကြီးချုပ် ကို စုန်းမတဲ.၊ ဟောင်တဲ. ခွေးမတဲ.၊ စသဖြင်. ထိုးနှက်မှုတွေ--ပါတီဈေး လုံးဝမကျစေပဲ-ပြန်တီးနှက်ခဲ.ပါတယ်။ ပါတီ နဲ. လွှတ်တော် မိန်. ခွန်းတွေမှာ ပြောသူ speaker က ဘာပြောသလဲဆိုတာထက်--ပြောသူရဲ. စိတ်နေစိတ်ထား၊ သဘောထား အထုံ၊ စိတ်ညွှတ်ရာ စိတ်ဦးစီး ရာ တွေ spirit and temperamentကို ပါ ထည်. ကြည်.တတ်ရပါမယ်။ မဟုတ် ရင် မိန်. ခွန်း ချို ချိုမြမြ လေး တစ် ခု ၂ ခု ပြောနေကြရုံ နဲ. ၂၀၁၂ နိုဘယ်ဆုတွေ ရနိုင်လောက်တဲ.သူတွေနားမှာပဲ ကို ပဲ နတ်ကရာ ကျီး မော.နေရတဲ. အဖြစ်က လွတ်မှာ မဟုတ်ပါ။

လေဘာ နဲ. လစ်ဘရယ် ( သြဇီမှာ လစ်ဘရယ် ပါတီဆိုတာ အမေရိကန်က ရီပါဘလစ်ကန်ထက် ဆိုးပါတယ်) ဒီ ပါတီ ၂ ရပ် တန်ဘိုး အခြေခံအားဖြင်.လွဲ နေတာ၊ ဒါပေမဲ. ၀န်ကြီးချုပ် အမျိုးသမီးကို ခပ်နိမ်.နိမ်.နည်းတွေ သုံးပြီးအတိုက်အခံပြုတဲ.
လေဘာပါတီ ခေါင်း ဆောင်အက်ဘာ.တ်စ် ကို ပါလီမန်ရင်ပြင်မှာ သူမ ဖက်က ကပြန်ပြီး ခွေးအ တကောင် လို. မခေါ်သော်လည်း- သူ ခွေးအ တကောင်ဖြစ်ခဲ.ပါတယ်။

အနည်းနဲ.အများ ဒီမိုကရေစီ ရှိတဲ. လွှတ်တော်ရင်ပြင်တွေကိုကြည်.လိုက်ရင်-ဒီနေရာတွေက ခေါင်းဆောင်ဆိုသူများဟာ--သူတို. ဆိုရေး ရှိရာ ဆိုကြရင်း၊ ငြင်းကြရင်း၊ တုန်.ပြန်စိမ်ခေါ်ကြရင်းကြရင်းနဲ.ပဲ--ရေများ ရေနိုင် မီးများ မီးနိုင်ဆိုသလို ဒီလိုပဲ သက်ဆိုင်ရာကြိုးပမ်းမှုတွေနဲ. အချိုးညီမျှတဲ. ရလဒ်တွေ ဖေါ်ဆောင်သွားကြတာတွေ.ရပါတယ်။

စဉ်းစားကြည်.ကြပါ။ မြန်မာပြည်ကလွှတ်တော်မှာ ဘယ်သူ. အခင်းအကျင်းနဲ.၊ ဘယ်သူ.လက်အောက်မှာ ဘယ် ဓါတ်ကသာ ကြီးစိုးနေပါသလဲ။ ပြည်သူလူထုတောင်းဆိုမှုမှန်သမျှဆို နိုး နိုး နိုး---သူတို.လူများဒီလို ညီကြတယ်။ ဒီလို နဲ. မြန်မာလွှတ်တော်မှာ သူ.သဘောသူဆောင်တဲ. သတ္တိကပိုပြင်းနေလို. ဘာမှ မဖြစ်သေး လို.ဆိုလျှင်-----လွှတ်တော်ပြင်ပက ပြည်သူ တရပ် လုံး ရဲ. ကံမသတ္တိကို ပဲ အားကိုးရတော.မယ် ထင်ပါ ရဲ.။ Stay ahead of the culture by creating the culture. Cheers!

No comments:

Post a Comment