Wednesday, June 27, 2012

ဒေသတွင်းစစ်ပွဲများကြောင်ဘိန်းစိုက်ပျိုးမှုမြင့်တက်လာ Poppy plantation business is going up because of civil war







“ဇစ်မြစ်ကို သွားရှာလိုက်လို့ရှိရင် နိုင်ငံရေးကိုပဲ ကျွန်တော်တို့ တွေ့ရမှာပေါ့နော်။ ကျွန်တော်တို့ တိုင်းပြည်မှာကြတော့ အမြင်မတူရင် ရန်သူဆိုတဲ့အမြင်က ရှိနေတဲ့အခါကြတော့ အဲ့ဒီအမြင်နဲ့ သူတို့ရဲ့ နိုင်ငံရေးရန်သူတွေကို သူတို့တိုက်ဖျက်ဖို့ ဒါကို ပိုပြီးတော့ အလေးထားလာတယ်၊ဒီလိုမျိုး အလေးထားလာတဲ့အခါကြတော့ မူးယစ်ဆေးဝါးက သူတို့ကအရင်ဦးစားပေးပြသာနာ မဟုတ်တော့ဘူး တတိယ စတ္တုထ ဦးစားပေးလောက်ပဲဖြစ်နေတယ်၊ အဲ့ဒါကြောင့်မိုလို့ အခုထိ မဖြေရှင်းနိုင်ဘူးဖြစ်တယ်”ဟု ဦးခွန်ဆိုင်းက လက်ရှိအစိုးရသစ်အနေနှင့်လည်း ဘိန်းစိုက်ပျိုးမှု ပပျောက်ရန် နိုင်ငံရေးဖြေရှင်းမှုများအမြန်ဆုံးလုပ်ဆောင်ကာ ပထမ ဦးစားပေးအနေဖြင့်ဖြေရှင်း သင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။



လက်ရှိအစိုးရသစ်အနေနှင့်လည်း ဘိန်းစိုက်ပျိုးမှုတွေ လုံးဝပပျောက်စေရန် လက်နက်ကိုင်တစ်ဖက် နှင့်တစ်ဖက်ရန်သူလို သဘောမထားကြပဲ နိုင်ငံရေးဖြေရှင်းမှုများအမြန်းဆုံးလုပ်ဆောင်၍ မူးယစ်ဆေး
ဝါးပပျောက်ရေးအား ပထမ ဦးစားပေးအနေဖြင့် လုပ်ဆောင်သင့်ကြောင်းကိုလည်း ဦးခွန်ဆိုင်းက ပြောသည်။
ဦးခွန်ဆိုင်သည် ရှမ်းပြည်နယ်အတွင်းက မူးယစ်ဆေးဝါးအရေးကို နှစ်ပေါင်း (၃၀)ကျော်လေ့လာ မှတ်တမ်းပြုစုခဲ့သူ တစ်ဦးဖြစ်ပြီး နှစ်စဉ် စစ်တမ်းကောက်ယူ၍အစီရင်ခံစာထုတ်ပြန်ခဲ့သူဖြစ်သည်။
မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့မှ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်သျှမ်းပြည်နယ်အတွင်းစစ်တမ်းကောက် ချက်အရအစိုးရ၏ (၁၅)နှစ် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးစီမံကိန်းသည် အောင်မြင်မှုမရှိကြောင်း ကိုလည်း အစီရင်ခံစာတွင် ဖော်ပြရေးသားထားသည်။


No comments:

Post a Comment